ဝန်ထမ်းအိမ်ရာဆောက်လုပ်မှုတွေကို တိုးမြှင့်မည်

ဝန်ထမ်းအိမ်ရာဆောက်လုပ်မှုတွေကို တိုးမြှင့်မည် - Property News in Myanmar from iMyanmarHouse.com
24 Aug 2020 12:36 pm တွင် တင်ခဲ့သည်
1874 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လာမည့်ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းရရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ပြည် သူ့ကျန်းမာရေး၊ ကုသရေး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်၊ ဆေးသုတေသန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး၊ တိုင်းရင်းဆေးပညာနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန စသဖြင့် ဦးစီးဌာနခုနစ်ခုတို့၏ ဝန်ထမ်းများအတွက် ၂၀၁၆ က စတင်၍ အိမ်ရာများ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်ထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝန်ထမ်းများ နေထိုင်မှုအဆင်ပြေစေရေးအတွက် အဆောက်အအုံစုစုပေါင်း ၄,၇၄၅ လုံး၊ အခန်း စုစုပေါင်း ၂၃,၅၂၂ ခန်း ဆောက်လုပ်ပေးခဲ့ရာ လာမည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ဆက်လက် ဆောက်လုပ်မည်ဖြစ်သည်။

ထို့အပြင် ပြည်သူများအတွက် ကုသရေးဝန်ဆောင်မှုပေးနေသော ပြည်သူ့ဆေးရုံများနှင့် ကျန်းမာရေးဌာန၊ ဌာနခွဲများကိုလည်း လာမည့်ဘဏ္ဍာနှစ်တွင် ဆက်လက် တိုးချဲ့ဆောင်ရွက်မည်ဖြစ်သည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်းလုံး၌ တိုက်နယ်ဆေးရုံမှစ၍ ဗဟိုအဆင့်ဆေးရုံစုစုပေါင်း ၁,၁၆၈ ရုံတွင် လူနာခုတင် စုစုပေါင်း ငါးသောင်းကျော်ထားရှိကာ ကုသပေးနေသည်။

ထို့အပြင် ကျန်းမာရေးဌာန၊ ဌာနခွဲစုစုပေါင်း ၁၀,၉၉၀ ခု၌ ကျန်းမာရေးဝန်ထမ်း သုံးသောင်းနီးပါးက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ထမ်းအင်အား ၁၁၃,၇၇၁ ဦး ခန့်အပ်ထား ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရှိရသည်။ လာမည့်ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းရရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ပြည် သူ့ကျန်းမာရေး၊ ကုသရေး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်၊ ဆေးသုတေသန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး၊ တိုင်းရင်းဆေးပညာနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန စသဖြင့် ဦးစီးဌာနခုနစ်ခုတို့၏ ဝန်ထမ်းများအတွက် ၂၀၁၆ က စတင်၍ အိမ်ရာများ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်ထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝန်ထမ်းများ နေထိုင်မှုအဆင်ပြေစေရေးအတွက် အဆောက်အအုံ စုစုပေါင်း ၄,၇၄၅ လုံး၊ အခန်း စုစုပေါင်း ၂၃,၅၂၂ ခန်း ဆောက် လုပ်ပေးခဲ့ရာ လာမည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ဆက်လက် ဆောက်လုပ်မည်ဖြစ်သည်။

အငြိမ်းစားယူ မည့်ဝန်ထမ်းများအတွက် အငှား ဝန်ထမ်းအိမ်ရာများကို ထပ်မံ ဖော်ဆောင်နေပြီး အိမ်ခန်းပေါင်း ၁၀,၀၀၀ အတွက် ဘတ်ဂျက်များ တောင်းခံဆောင်ရွက်နေသည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

‘‘ဒီအရေအတွက်က လုံလောက်လားဆိုတော့ မလုံလောက်ဘူး။ ဘတ်ဂျက်တောင်း တည်ဆောက်သွားဖို့ စီမံကိန်း တွေရှိတယ်’’ဟု ဇွန်လ ၁၉ ရက်က ပြုလုပ်သည့် သမ္မအိမ်တော်သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသွားခဲ့ခြင်းဖြစ်သည်။

အငြိမ်းစားယူမည့်ဝန်ထမ်းများ နောင်ရေးမပူပင်ရစေရေးအတွက်ကိုလည်း နိုင်ငံအကြီးအကဲများက အခြားနည်းလမ်းကို စဉ်းစားသုံးသပ်နေသည်ဟု ဦးဇော်ဌေးက ဖြည့်စွက်ပြောသည်။

‘‘ဒီစဉ်းစားသုံးသပ်ချက်တွေ မပြီးပြတ်သေးတဲ့အတွက် ကျွန် တော်တို့ ပြောလို့မရသေးဘူး။ မကြာခင်မှာတော့ ထွက်လာပါ လိမ့်မယ်’’ ဟု ၎င်းကဆက်လက် ပြောကြားသည်။

ထပ်မံဆောက်လုပ်နေသည့် အိမ်ခန်းပေါင်း ၁၀,၀၀၀ စီမံကိန်း မှ လာမည့် စက်တင်ဘာတွင် အခန်းပေါင်း ၁၀၀ ပြီးစီးနိုင်ခြေရှိနေ ပြီး နေထိုင်ရန်အဆင်သင့်ဖြစ်ပါက ဆက်လက်မဲဖောက်ချထားပေးသွားမည်ဟု ဦးဇော်ဌေးက ပြောသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူတည်ဆောက်နေသည့် အငြိမ်းစားဝန် ထမ်းအိမ်ရာတိုက်ခန်းများ ဝယ်ယူရန် လျှောက်လွှာပေါင်း ၉၀၀ ကျော်ကိုလည်း လက်ခံရရှိထားသည်ဟု ဦးဇော်ဌေးက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၆ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်နှင့် ယခု ဘဏ္ဍာနှစ်များတွင် အငြိမ်းစားယူမည့်ဝန်ထမ်းများအတွက် အိမ်ခန်းပေါင်း ၃၀၀ ကို မဲနှိုက်ရွေးချယ်ပေးခဲ့သည်။

မဲနှိုက်ရွေးချယ်မှုကို ဝန်ကြီးဌာနဝါစဉ်အလိုက် ဆောင်ရွက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ နှစ်ဦး၊ သမ္မတရုံးဝန်ကြီးဌာနမှ လေးဦး၊ ပြည်ထောင်စုအစိုးရအ ဖွဲ့ရုံးမှ ခုနစ်ဦး၊ ပြည်ထဲရေးဝန် ကြီးဌာနမှ ၁၃ဦး၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ လေးဦး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန မှ ၂၆ ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တစ်ဦး၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ငါးဦး၊ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာနမှ ၁၀ ဦး၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်၊ ဆည်မြောင်း ဝန်ကြီးဌာနမှ ၃၁ ဦးပါဝင်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]





















နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
Aung Theikdi Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service