နေပြည်တော်စက်မှုဇုန်ရှိ မြေကွက် (၂၉) ကွက်ရောင်းချမည်

နေပြည်တော်စက်မှုဇုန်ရှိ မြေကွက် (၂၉) ကွက်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
24 Aug 2020 10:44 am တွင် တင်ခဲ့သည်
1260 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နေပြည်တော်စက်မှုဇုန်တွင် နှစ်ဧကကျော်စီကျယ်ဝန်းသည့် မြေကွက် ၂၉ ကွက်ကို ရောင်းချမည်ဟု နေပြည်တော်အသေးစားနှင့် အလတ်စားစက်မှုဇုန်ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည်။

ထိုသိုရောင်းချရာတွင် လက်ငင်းငွေချေစနစ်ဖြင့် နေပြည်တော်တွင်ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များကို ရောင်းချမည်ဟုဆိုသည်။

ထိုမြေကွက်များသည် မြေ ၂ ဧက မှ ၂ ဧကခွဲအထိဖြစ်ပြီး စက်တင်ဘာ ၁ ရက်တွင် စတင်လျှောက်ထားနိုင်မည်ဖြစ်သည်။

နေပြည်တော် ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စားစက်မှုဇုန်တွင် အကောင်အထည်ဖော်ထားသည့် မြေကွက် ၁၀၀ကျော်အနက်မှ ရောင်းချရန်ကျန်ရှိသည့် မြေကွက်များကိုရောင်းချခြင်းဖြစ်သည်။

ယခင်က မြေကွက်တကွက်ကို ကျပ် သိန်း ၈၂၀ဖြင့်ရောင်းချခဲ့ခြင်းဖြစ်သည်။

နေပြည်တော်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့်နေ ပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေ စီမံခန့်ခွဲမှု ဦးစီးဌာနတို့တွင် လျှောက်ထားရမည် ဖြစ်သည်။

လျှောက်ထားရာတွင် မြေတစ်ဧကလျှင် ကျပ်သိန်း ၃၂၀ နှင့် အခြေခံအဆောက်အအုံ ဆောက်လုပ်ပေးခကျပ်သိန်း ၅၃၀ ဖြင့် စုစုပေါင်း ကုန်ကျစရိတ် သိန်း ၈၅၀ ကျပ် ကုန်ကျမည်ဖြစ်သည်။ ထိုမြေကွက်များသည် နေပြည်တော် ဒက္ခိဏသီရိအသေးစားနှင့်အလတ်စားစက်မှုဇုန်တွင် ဖြစ်ပြီး မြေကွက်တန်ဖိုးကိုအကျေပေးသွင်းရမည်ဟု နေပြည်တော် အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်မှုကော်မတီကထုတ်ပြန်ထားသည်။

အဆိုပါစက်မှုဇုန်သည် ၂၀၁၃ ကတည်းက ဆောင်ရွက်နေသည့် စက်မှုဇုန်ဖြစ်ပြီး ယခင်ကတည်းကပင် မြေကွက်များ ရောင်းချနေသည်ဟု နေပြည်တော်ကောင်စီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

‘‘နဂိုခေါ်ကတည်းက အသေးစားအလတ်စားအတွက်ခေါ်ထားတာရှိပါတယ်။ သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ လုပ်ငန်းဆိုရင်အကုန်လုံးခွင့်ပြုပေးပါတယ်’’ ဟု ၎င်းကဆိုသည်။

မြေကွက်ရောင်းချရေးကို ဩဂုတ် ၁၈ ရက်က နေပြည်တော် အသေးစားနှင့်အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ မြေနေရာချထားပေးနိုင်ရေး၊ Infrastructure ကြေးပြင်ဆင်သတ်မှတ်ရေး၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီရုံး တည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့သည်။

နေပြည်တော်အတွင်း ဒက္ခိဏသီရိအသေးစား၊ အလတ်စားစက်မှုဇုန်ကို ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနှင့် ရန်ကုန်-မန္တလေးလမ်းဟောင်းကြားရှိ မြေဧရိယာ ၃၄၆.၅၃၂ ဧကပေါ်တွင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

၂၀၁၃ တွင် မြေဧကကွက်ပေါင်း ၁၀၀ ကွက်ကို ဖော်ထုတ်ခဲ့ပြီး ကနဦးဖော်ထုတ်စဉ်က ကျောက်မျက်အလုပ်ရုံများ ဖော်ထုတ်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မြန်မာစည်သူကျောက်မျက်ကုမ္ပဏီကို ၂ဧကခွဲ အကွက် ၁၀ ကွက်သာ ရောင်းချနိုင်ခဲ့ပြီးကျန်မြေကွက်များကို ရောင်းချနိုင်ခြင်းမရှိခဲ့ပေ။

ကျန်မြေဧရိယာများကို ကျူးကျော်မှု၊ ဝင်ရောက်မှုမရှိစေရန် နေပြည်တော်အတွင်း စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်ရည်ရွယ်၍ ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စား စက်မှုဇုန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေနျပည္ေတာ္စက္မႈဇုန္႐ွိ ေျမကြက္ (၂၉) ကြက္ေရာင္းခ်မည္

ေနျပည္ေတာ္စက္မႈဇုန္တြင္ ႏွစ္ဧကေက်ာ္စီက်ယ္ဝန္းသည့္ ေျမကြက္ ၂၉ ကြက္ကို ေရာင္းခ်မည္ဟု ေနျပည္ေတာ္အေသးစားႏွင့္ အလတ္စားစက္မႈဇုန္ႀကီးၾကပ္ေရးေကာ္မတီက ထုတ္ျပန္သည္။

ထိုသိုေရာင္းခ်ရာတြင္ လက္ငင္းေငြေခ်စနစ္ျဖင့္ ေနျပည္ေတာ္တြင္ရင္းႏွီးျမႇဳပ္ႏွံလိုသည့္ လုပ္ငန္း႐ွင္မ်ားကို ေရာင္းခ်မည္ဟုဆိုသည္။

ထိုေျမကြက္မ်ားသည္ ေျမ ၂ ဧက မွ ၂ ဧကခြဲအထိျဖစ္ၿပီး စက္တင္ဘာ ၁ ရက္တြင္ စတင္ေလွ်ာက္ထားႏိုင္မည္ျဖစ္သည္။

ေနျပည္ေတာ္ ဒကၡိဏသီရိ အေသးစားႏွင့္အလတ္စားစက္မႈဇုန္တြင္ အေကာင္အထည္ေဖာ္ထားသည့္ ေျမကြက္ ၁၀၀ေက်ာ္အနက္မွ ေရာင္းခ်ရန္က်န္႐ွိသည့္ ေျမကြက္မ်ားကိုေရာင္းခ်ျခင္းျဖစ္သည္။

ယခင္က ေျမကြက္တကြက္ကို က်ပ္ သိန္း ၈၂၀ျဖင့္ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။

ေနျပည္ေတာ္စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာနႏွင့္ေန ျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပစီမံကိန္းႏွင့္ေျမ စီမံခန္႔ခြဲမႈ ဦးစီးဌာနတို႔တြင္ ေလွ်ာက္ထားရမည္ ျဖစ္သည္။

ေလွ်ာက္ထားရာတြင္ ေျမတစ္ဧကလွ်င္ က်ပ္သိန္း ၃၂၀ ႏွင့္ အေျခခံအေဆာက္အအုံ ေဆာက္လုပ္ေပးခက်ပ္သိန္း ၅၃၀ ျဖင့္ စုစုေပါင္း ကုန္က်စရိတ္ သိန္း ၈၅၀ က်ပ္ ကုန္က်မည္ျဖစ္သည္။ ထိုေျမကြက္မ်ားသည္ ေနျပည္ေတာ္ ဒကၡိဏသီရိအေသးစားႏွင့္အလတ္စားစက္မႈဇုန္တြင္ ျဖစ္ၿပီး ေျမကြက္တန္ဖိုးကိုအေက်ေပးသြင္းရမည္ဟု ေနျပည္ေတာ္ အေသးစားႏွင့္အလတ္စား စက္မႈဇုန္ႀကီးၾကပ္မႈေကာ္မတီကထုတ္ျပန္ထားသည္။

အဆိုပါစက္မႈဇုန္သည္ ၂၀၁၃ ကတည္းက ေဆာင္႐ြက္ေနသည့္ စက္မႈဇုန္ျဖစ္ၿပီး ယခင္ကတည္းကပင္ ေျမကြက္မ်ား ေရာင္းခ်ေနသည္ဟု ေနျပည္ေတာ္ေကာင္စီ အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္က ေျပာသည္။

‘‘နဂိုေခၚကတည္းက အေသးစားအလတ္စားအတြက္ေခၚထားတာ႐ွိပါတယ္။ သဘာဝပတ္ဝန္းက်င္မထိခိုက္တဲ့ လုပ္ငန္းဆိုရင္အကုန္လုံးခြင့္ျပဳေပးပါတယ္’’ ဟု ၎ကဆိုသည္။

ေျမကြက္ေရာင္းခ်ေရးကို ဩဂုတ္ ၁၈ ရက္က ေနျပည္ေတာ္ အေသးစားႏွင့္အလတ္စား စက္မႈဇုန္ႀကီးၾကပ္ေရးေကာ္မတီ လုပ္ငန္းညႇိႏိႈင္းအစည္းအေဝးက်င္းပျပီးေနာက္ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ ထိုေဆြးေႏြးပြဲတြင္ ဒကၡိဏသီရိ အေသးစားႏွင့္ အလတ္စား စက္မႈဇုန္ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ေျမေနရာခ်ထားေပးႏိုင္ေရး၊ Infrastructure ေၾကးျပင္ဆင္သတ္မွတ္ေရး၊ စက္မႈဇုန္စီမံခန္႔ခြဲေရး ေကာ္မတီ႐ုံး တည္ေဆာက္ေရးတို႔ကို ေဆြးေႏြးခဲ့သည္။

ေနျပည္ေတာ္အတြင္း ဒကၡိဏသီရိအေသးစား၊ အလတ္စားစက္မႈဇုန္ကို ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးႏွင့္ ရန္ကုန္-မႏၲေလးလမ္းေဟာင္းၾကား႐ွိ ေျမဧရိယာ ၃၄၆.၅၃၂ ဧကေပၚတြင္ အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္သည္။

၂၀၁၃ တြင္ ေျမဧကကြက္ေပါင္း ၁၀၀ ကြက္ကို ေဖာ္ထုတ္ခဲ့ၿပီး ကနဦးေဖာ္ထုတ္စဥ္က ေက်ာက္မ်က္အလုပ္႐ုံမ်ား ေဖာ္ထုတ္ရန္ သတ္မွတ္ခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္လည္း ျမန္မာစည္သူေက်ာက္မ်က္ကုမၸဏီကို ၂ဧကခြဲ အကြက္ ၁၀ ကြက္သာ ေရာင္းခ်ႏိုင္ခဲ့ၿပီးက်န္ေျမကြက္မ်ားကို ေရာင္းခ်ႏိုင္ျခင္းမ႐ွိခဲ့ေပ။

က်န္ေျမဧရိယာမ်ားကို က်ဴးေက်ာ္မႈ၊ ဝင္ေရာက္မႈမ႐ွိေစရန္ ေနျပည္ေတာ္အတြင္း စက္မႈလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ရန္ႏွင့္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးႏိုင္ရန္ရည္႐ြယ္၍ ဒကၡိဏသီရိ အေသးစားႏွင့္အလတ္စား စက္မႈဇုန္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service