သဘာ၀ဘေးအန္တရာယ်နှင့် အိမ်ငှားတို့၏ အခွင့်အရေး

သဘာ၀ဘေးအန္တရာယ်နှင့် အိမ်ငှားတို့၏ အခွင့်အရေး - Property Knowledge in Myanmar from iMyanmarHouse.com
23 Aug 2020 1:44 pm တွင် တင်ခဲ့သည်
967 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

သဘာဝဘေးတွေက မကြာခဏဖြစ်နေတော့ ရေကြီးလို့ အိမ်ပါသွားတယ်၊ လေပြင်းတိုက်လို့ အိမ်ပြိုကျသွားတယ် အိမ်မီးလောင်သွားတယ်၊ စတဲ့ သဘာဝဘေးတွေနဲ့ တွေ့ရင် အိမ်ငှားနေသူတွေမှာ ဘယ်လို အခွင့်အရေးရရှိနိုင်သလဲ'' ဟု မိတ်ဆွေတစ်ဦးက ဆွေးနွေးမေးမြန်းလာပါသည်။ ထိုကြောင့် ဗဟုသုတအဖြစ် ဤဆောင်းပါးကို ရေးသားလိုက်ပါသည်။

အိမ်ငှားများ

အိမ်ငှားနေထိုင်သူများကို လေ့လာကြည့်သော် (၄)မျိုး တွေ့ရပါသည်။

၁။ လစဉ်အိမ်ငှားရမ်းခ မှန်မှန်ပေး၍ ငှားရမ်းနေထိုင်ခြင်း။

၂။ နှစ်ချုပ်စနစ်ဖြင့် အိမ်ငှားရမ်းခပေး၍ ငှားရမ်းနေထိုင်ခြင်း။

၃။ စပေါ်ငွေပေးစနစ်ဖြင့် အိမ်ငှားရမ်းခပေး၍ ငှားရမ်းနေထိုင်ခြင်း။

၄။ အပျောက်ငွေပေးစနစ်ဖြင့် အိမ်ငှားရမ်းခပေး၍ ငှားရမ်းနေထိုင်ခြင်းတို့ ဖြစ်ပေသည်။

ဤတွင် အပျောက်ငွေပေးစနစ်ဖြင့် ငှားရမ်းနေထိုင်သည့် အဆောက်အအုံ ပျက်စီးသွားပါက အပျောက်ငွေဖြင့် ဝယ်ယူထားသော တိုက်ခန်းပိုင်ရှင်တို့သည် မူလမြေကွက်ပေါ်တွင် စုပေါင်းငွေ စိုက်ထုတ်၍ အဆောက်အအုံသစ် ဆောက်လုပ်ခွင့်ရှိပေသည်။

သို့သော် အခြားသောစနစ်ဖြင့် ငှားရမ်းနေထိုင်သူတို့မှာ မိမိငှားရမ်းနေထိုင်သော အဆောက်အအုံ ပျက်စီးပြိုကျ မီးလောင်သွားခဲ့သော် အပျောက်စနစ်ဖြင့် ငှားရမ်းနေထိုင်သူတို့ကဲ့သို့ အခွင့်အရေးရရှိမည် မဟုတ်ပေ။

ဤသည်နှင့် ပတ်သက်၍ တရားရုံးမှ ဆုံးဖြတ်ထားသည့် စီရင်ထုံးတစ်ခုကို တင်ပြလိုပါသည်။

''ဒေါ်ကျင်မှုံနှင့် ဒေါ်ကျင်ရီ ၁၉၈ဝ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၈၆'' အမှုမှာ ဒေါ်ကျင်ရီက ဒေါ်ကျင်မှုံအပေါ် ငှားရမ်းထားသည့် ဥပစာကို ပြန်လည်ပေးအပ်စေရန် တရားစွဲဆိုခဲ့ရာ အနိုင်ဒီကရီရသဖြင့် ဒေါ်ကျင်မှုံမှ မြို့နယ်တရားရုံး၏ အမိန့်အပေါ် တရားရုံးအဆင့်ဆင့်သို့ ပြင်ဆင်မှုလျှောက်ထားခဲ့ရာ ဗဟိုတရားရုံးသို့ ပြင်ဆင်မှု တင်သွင်းခဲ့သော အမှုဖြစ်သည်။

ဗဟိုတရားရုံးက သုံးသပ်ဆုံးဖြတ်သည်မှာ ယခုအမှုတွင် ဒေါ်ကျင်မှုံသည် အဆောက်အအုံ ပိုင်ရှင်ဖြစ်ပြီး၊ အဆိုပါ အမှတ် ၃၂ (က)နှင့် (ခ) အဆောက်အအုံမှ ၃၂(ခ)ဟု အမည်ပေါက်သော အိမ်ခန်းကို တစ်ချိန်က ဒေါ်ကျင်ရီအား ငှားရမ်းခဲ့သည်။ ယင်းအဆောက်အအုံတစ်ခုလုံးမှာ မီးလောင်ခြင်းခံရသဖြင့် လုံးဝပျက်စီးသွားသည်။ ဒေါ်ကျင်မှုံက မီးသင့်သော နေရာဟောင်းတွင် အဆောက်အအုံသစ် ပြန်လည်ဆောက်လုပ်ပြီးသောအခါ မူလအိမ်ငှား ဒေါ်ကျင်ရီက မူလငှားရမ်းသည့်အတိုင်း အိမ်ခန်းကို ပြန်လည်ငှားရန် အရေးဆိုရာ ဒေါ်ကျင်မှုံက ငြင်းဆန်သဖြင့် ဒေါ်ကျင်ရီက ဥပစာငှားရမ်းခြင်းကို ပြန်လည်ပေးအပ်စေရန် တရားစွဲဆိုခြင်းဖြစ်သည်။

ဒေါ်ကျင်မှုံက မူလငှားရမ်းခဲ့သည့် အိမ်ခန်းမှာမီးသင့်လောင်၍ လုံးဝပျက်စီးသွားပြီဖြစ်သည်။ ဤအခြေအနေတွင် အဆောက်အအုံသစ်၌ ပြန်လည်ငှားရမ်းရန် ဒေါ်ကျင်ရီမှ အရေးဆိုခွင့်မရှိတော့ကြောင်း ထုချေသည်။

ဤအမှုတွင် အငြင်းမပွားသည့်အချက်မှာ မူလငှားရမ်းခဲ့သည့် အိမ်ခန်းသည် မီးသင့်လောင်၍ လုံးဝပျက်စီးခဲ့ပေသည်။ ဤအခြေအနေတွင် မူလကနဦးက ဒေါ်ကျင်ရီအားငှားရမ်းထားသည့် အိမ်ခန်း မရှိတော့သည့်အလျောက် ဒေါ်ကျင်မှုံအနေဖြင့် ကွယ်ပျောက်ပျက်စီးသွားပြီးဖြစ်သော ယင်းအိမ်ခန်းကို ပေးအပ်ရန် မုချမဖြစ်နိုင်သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်ဟု ဆိုရမည်။

သို့ဖြစ်၍ ဒေါ်ကျင်မှုံနှင့် ဒေါ်ကျင်ရီတို့ ပြုလုပ်ခဲ့ကြသည့် အိမ်ငှားရမ်းခြင်းဆိုင်ရာ ပဋိညာဉ်မှာ ပဋိညာဉ်အက်ဥပဒေ ပုဒ်မ ၅၆ အရ ပျက်ပြယ်သွားပြီဟု ကောက်ယူသင့်ပေသည်။ ပစ္စည်းလွှဲပြောင်းရေးဥပဒေ ပုဒ်မ ၁ဝ၈ (င)တွင် ငှားရမ်းသည့် ပစ္စည်း၏ ''အဓိက အစိတ်အပိုင်း''မှာ မီးဘေး၊ ရေဘေး၊ လေဘေး အစရှိသည့် ဘေးအန္တရာယ်တစ်ရပ်ရပ် ကျရောက်သောကြောင့် လုံးဝပျက်စီးသွားလျှင်ဖြစ်စေ (သို့မဟုတ်) ငှားရမ်းသည့် ရည်ရွယ်ချက်အတိုင်း အသုံးပြုမရသည့် အခြေသို့ ဆိုက်ရောက်ခဲ့သည်ဖြစ်စေ၊ ဖြစ်ပေါ်လာပါက ငှားရမ်းမှုကို ငှားယူသူက ပယ်ဖျက်နိုင်ကြောင်း ပြဆိုထားသည်။

ယခုအမှုတွင် ငှားရမ်းထားသည့် 'အဓိက အစိတ်အပိုင်း'မျှ မက၊ အိမ်တစ်ခုလုံး လောင်ကျွမ်းပျက်စီး ကွယ်ပျောက်သွားပြီဖြစ်သဖြင့် ဤအမှုသည် ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေ ပုဒ်မ ၁ဝ၈ (င)ပါ ပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်သည်ဟု ယူဆရန် မသင့်ချေ။

ထို့ပြင် ဒေါ်ကျင်မှုံနှင့် ဒေါ်ကျင်ရီတို့သည် နောက်ထပ် ပြန်လည်တည်ဆောက်ထားသည့် အဆောက်အအုံသစ်နှင့် စပ်လျဉ်း၍ အိမ်ရှင်-အိမ်ငှား ဆက်သွယ်မှု မရှိချေ။ သို့ဖြစ်၍ ဒေါ်ကျင်ရီသည် ယင်းအဆောက်အအုံသစ်ကို ၎င်းအား ငှားရမ်းရန်အတွက် အရေးဆိုခွင့်တစ်စုံတစ်ရာ မရှိကြောင်း ဆုံးဖြတ်ခဲ့ပေသည်။

ထို့ကြောင့် အထက်ဖော်ပြပါ စီရင်ထုံးတွင် ပစ္စည်းလွှဲပြောင်းရေးဥပဒေ ပုဒ်မ ၁ဝ၈ (င) အရ ငှားရမ်းထားသည့် အဆောက်အအုံ၏ အဓိကအစိတ်အပိုင်း ပျက်စီးသွားသည့်တိုင် ငှားရမ်းနေထိုင်သူအနေဖြင့် အဆောက်အအုံမှ ဆင်းပေးရန် ဆန္ဒမရှိလျှင် အိမ်ရှင်-အိမ်ငှားအဖြစ် ဆက်လက်နေထိုင်ခွင့် ရှိမည်ဖြစ်သည်။

သို့သော် သဘာဝဘေးအန္တရာယ် တစ်ခုခုကြောင့် ငှားရမ်းနေထိုင်သည့် အဆောက်အအုံ တစ်ခုလုံး ပျောက်ဆုံး ပျက်စီး၊ ပြိုကျသွားပါက အိမ်ရှင်-အိမ်ငှား အဖြစ်မှ ပြတ်တောက်သွားပြီဖြစ်သဖြင့် ပြန်လည်တည်ဆောက်သည့် အဆောက်အအုံအသစ်တွင် အိမ်ငှားအဖြစ် ပြန်လည်ရပိုင်ခွင့်ရှိမည် မဟုတ်ကြောင်း ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေ အတိုင်ပင်ခံ)

 

[Zawgyi]

သဘာ၀ေဘးအႏၲရာယ္ႏွင့္ အိမ္ငွားတုိ႔၏ အခြင့္အေရး

သဘာဝေဘးေတြက မၾကာခဏျဖစ္ေနေတာ့ ေရႀကီးလုိ႔ အိမ္ပါသြားတယ္၊ ေလျပင္းတုိက္လုိ႔ အိမ္ၿပိဳက်သြားတယ္ အိမ္မီးေလာင္သြားတယ္၊ စတဲ့ သဘာဝေဘးေတြနဲ႔ ေတြ႕ရင္ အိမ္ငွားေနသူေတြမွာ ဘယ္လုိ အခြင့္အေရးရရွိႏုိင္သလဲ'' ဟု မိတ္ေဆြတစ္ဦးက ေဆြးေႏြးေမးျမန္းလာပါသည္။ ထုိေၾကာင့္ ဗဟုသုတအျဖစ္ ဤေဆာင္းပါးကုိ ေရးသားလုိက္ပါသည္။

အိမ္ငွားမ်ား

အိမ္ငွားေနထုိင္သူမ်ားကို ေလ့လာၾကည့္ေသာ္ (၄)မ်ဳိး ေတြ႕ရပါသည္။

၁။ လစဥ္အိမ္ငွားရမ္းခ မွန္မွန္ေပး၍ ငွားရမ္းေနထုိင္ျခင္း။

၂။ ႏွစ္ခ်ဳပ္စနစ္ျဖင့္ အိမ္ငွားရမ္းခေပး၍ ငွားရမ္းေနထုိင္ျခင္း။

၃။ စေပၚေငြေပးစနစ္ျဖင့္ အိမ္ငွားရမ္းခေပး၍ ငွားရမ္းေနထုိင္ျခင္း။

၄။ အေပ်ာက္ေငြေပးစနစ္ျဖင့္ အိမ္ငွားရမ္းခေပး၍ ငွားရမ္းေနထိုင္ျခင္းတုိ႔ ျဖစ္ေပသည္။

ဤတြင္ အေပ်ာက္ေငြေပးစနစ္ျဖင့္ ငွားရမ္းေနထုိင္သည့္ အေဆာက္အအုံ ပ်က္စီးသြားပါက အေပ်ာက္ေငြျဖင့္ ဝယ္ယူထားေသာ တုိက္ခန္းပုိင္ရွင္တုိ႔သည္ မူလေျမကြက္ေပၚတြင္ စုေပါင္းေငြ စုိက္ထုတ္၍ အေဆာက္အအုံသစ္ ေဆာက္လုပ္ခြင့္ရွိေပသည္။

သို႔ေသာ္ အျခားေသာစနစ္ျဖင့္ ငွားရမ္းေနထုိင္သူတုိ႔မွာ မိမိငွားရမ္းေနထုိင္ေသာ အေဆာက္အအုံ ပ်က္စီးၿပိဳက် မီးေလာင္သြားခဲ့ေသာ္ အေပ်ာက္စနစ္ျဖင့္ ငွားရမ္းေနထုိင္သူတုိ႔ကဲ့သို႔ အခြင့္အေရးရရွိမည္ မဟုတ္ေပ။

ဤသည္ႏွင့္ ပတ္သက္၍ တရား႐ုံးမွ ဆုံးျဖတ္ထားသည့္ စီရင္ထုံးတစ္ခုကုိ တင္ျပလုိပါသည္။

''ေဒၚက်င္မႈံႏွင့္ ေဒၚက်င္ရီ ၁၉၈ဝ ခုႏွစ္၊ ျမန္မာႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ ၈၆'' အမႈမွာ ေဒၚက်င္ရီက ေဒၚက်င္မႈံအေပၚ ငွားရမ္းထားသည့္ ဥပစာကုိ ျပန္လည္ေပးအပ္ေစရန္ တရားစြဲဆုိခဲ့ရာ အႏုိင္ဒီကရီရသျဖင့္ ေဒၚက်င္မႈံမွ ၿမိဳ႕နယ္တရား႐ုံး၏ အမိန္႔အေပၚ တရား႐ုံးအဆင့္ဆင့္သို႔ ျပင္ဆင္မႈေလွ်ာက္ထားခဲ့ရာ ဗဟုိတရား႐ုံးသို႔ ျပင္ဆင္မႈ တင္သြင္းခဲ့ေသာ အမႈျဖစ္သည္။

ဗဟုိတရား႐ုံးက သုံးသပ္ဆုံးျဖတ္သည္မွာ ယခုအမႈတြင္ ေဒၚက်င္မႈံသည္ အေဆာက္အအုံ ပုိင္ရွင္ျဖစ္ၿပီး၊ အဆုိပါ အမွတ္ ၃၂ (က)ႏွင့္ (ခ) အေဆာက္အအုံမွ ၃၂(ခ)ဟု အမည္ေပါက္ေသာ အိမ္ခန္းကို တစ္ခ်ိန္က ေဒၚက်င္ရီအား ငွားရမ္းခဲ့သည္။ ယင္းအေဆာက္အအုံတစ္ခုလုံးမွာ မီးေလာင္ျခင္းခံရသျဖင့္ လုံးဝပ်က္စီးသြားသည္။ ေဒၚက်င္မႈံက မီးသင့္ေသာ ေနရာေဟာင္းတြင္ အေဆာက္အအုံသစ္ ျပန္လည္ေဆာက္လုပ္ၿပီးေသာအခါ မူလအိမ္ငွား ေဒၚက်င္ရီက မူလငွားရမ္းသည့္အတုိင္း အိမ္ခန္းကို ျပန္လည္ငွားရန္ အေရးဆုိရာ ေဒၚက်င္မႈံက ျငင္းဆန္သျဖင့္ ေဒၚက်င္ရီက ဥပစာငွားရမ္းျခင္းကို ျပန္လည္ေပးအပ္ေစရန္ တရားစြဲဆုိျခင္းျဖစ္သည္။

ေဒၚက်င္မႈံက မူလငွားရမ္းခဲ့သည့္ အိမ္ခန္းမွာမီးသင့္ေလာင္၍ လုံးဝပ်က္စီးသြားၿပီျဖစ္သည္။ ဤအေျခအေနတြင္ အေဆာက္အအုံသစ္၌ ျပန္လည္ငွားရမ္းရန္ ေဒၚက်င္ရီမွ အေရးဆုိခြင့္မရွိေတာ့ေၾကာင္း ထုေခ်သည္။

ဤအမႈတြင္ အျငင္းမပြားသည့္အခ်က္မွာ မူလငွားရမ္းခဲ့သည့္ အိမ္ခန္းသည္ မီးသင့္ေလာင္၍ လုံးဝပ်က္စီးခဲ့ေပသည္။ ဤအေျခအေနတြင္ မူလကနဦးက ေဒၚက်င္ရီအားငွားရမ္းထားသည့္ အိမ္ခန္း မရွိေတာ့သည့္အေလ်ာက္ ေဒၚက်င္မႈံအေနျဖင့္ ကြယ္ေပ်ာက္ပ်က္စီးသြားၿပီးျဖစ္ေသာ ယင္းအိမ္ခန္းကို ေပးအပ္ရန္ မုခ်မျဖစ္ႏုိင္သည့္ အေျခအေနသို႔ ဆုိက္ေရာက္ခဲ့သည္ဟု ဆုိရမည္။

သို႔ျဖစ္၍ ေဒၚက်င္မႈံႏွင့္ ေဒၚက်င္ရီတုိ႔ ျပဳလုပ္ခဲ့ၾကသည့္ အိမ္ငွားရမ္းျခင္းဆုိင္ရာ ပဋိညာဥ္မွာ ပဋိညာဥ္အက္ဥပေဒ ပုဒ္မ ၅၆ အရ ပ်က္ျပယ္သြားၿပီဟု ေကာက္ယူသင့္ေပသည္။ ပစၥည္းလႊဲေျပာင္းေရးဥပေဒ ပုဒ္မ ၁ဝ၈ (င)တြင္ ငွားရမ္းသည့္ ပစၥည္း၏ ''အဓိက အစိတ္အပုိင္း''မွာ မီးေဘး၊ ေရေဘး၊ ေလေဘး အစရွိသည့္ ေဘးအႏၲရာယ္တစ္ရပ္ရပ္ က်ေရာက္ေသာေၾကာင့္ လုံးဝပ်က္စီးသြားလွ်င္ျဖစ္ေစ (သို႔မဟုတ္) ငွားရမ္းသည့္ ရည္ရြယ္ခ်က္အတုိင္း အသုံးျပဳမရသည့္ အေျခသို႔ ဆုိက္ေရာက္ခဲ့သည္ျဖစ္ေစ၊ ျဖစ္ေပၚလာပါက ငွားရမ္းမႈကို ငွားယူသူက ပယ္ဖ်က္ႏုိင္ေၾကာင္း ျပဆုိထားသည္။

ယခုအမႈတြင္ ငွားရမ္းထားသည့္ 'အဓိက အစိတ္အပုိင္း'မွ် မက၊ အိမ္တစ္ခုလုံး ေလာင္ကြၽမ္းပ်က္စီး ကြယ္ေပ်ာက္သြားၿပီျဖစ္သျဖင့္ ဤအမႈသည္ ပစၥည္းလႊဲေျပာင္းေရးအက္ဥပေဒ ပုဒ္မ ၁ဝ၈ (င)ပါ ျပ႒ာန္းခ်က္မ်ားႏွင့္ အက်ဳံးဝင္သည္ဟု ယူဆရန္ မသင့္ေခ်။

ထုိ႔ျပင္ ေဒၚက်င္မႈံႏွင့္ ေဒၚက်င္ရီတုိ႔သည္ ေနာက္ထပ္ ျပန္လည္တည္ေဆာက္ထားသည့္ အေဆာက္အအုံသစ္ႏွင့္ စပ္လ်ဥ္း၍ အိမ္ရွင္-အိမ္ငွား ဆက္သြယ္မႈ မရွိေခ်။ သို႔ျဖစ္၍ ေဒၚက်င္ရီသည္ ယင္းအေဆာက္အအုံသစ္ကို ၄င္းအား ငွားရမ္းရန္အတြက္ အေရးဆုိခြင့္တစ္စုံတစ္ရာ မရွိေၾကာင္း ဆုံးျဖတ္ခဲ့ေပသည္။

ထုိ႔ေၾကာင့္ အထက္ေဖာ္ျပပါ စီရင္ထုံးတြင္ ပစၥည္းလႊဲေျပာင္းေရးဥပေဒ ပုဒ္မ ၁ဝ၈ (င) အရ ငွားရမ္းထားသည့္ အေဆာက္အအုံ၏ အဓိကအစိတ္အပိုင္း ပ်က္စီးသြားသည့္တုိင္ ငွားရမ္းေနထုိင္သူအေနျဖင့္ အေဆာက္အအုံမွ ဆင္းေပးရန္ ဆႏၵမရွိလွ်င္ အိမ္ရွင္-အိမ္ငွားအျဖစ္ ဆက္လက္ေနထုိင္ခြင့္ ရွိမည္ျဖစ္သည္။

သို႔ေသာ္ သဘာဝေဘးအႏၲရာယ္ တစ္ခုခုေၾကာင့္ ငွားရမ္းေနထုိင္သည့္ အေဆာက္အအုံ တစ္ခုလုံး ေပ်ာက္ဆုံး ပ်က္စီး၊ ၿပိဳက်သြားပါက အိမ္ရွင္-အိမ္ငွား အျဖစ္မွ ျပတ္ေတာက္သြားၿပီျဖစ္သျဖင့္ ျပန္လည္တည္ေဆာက္သည့္ အေဆာက္အအုံအသစ္တြင္ အိမ္ငွားအျဖစ္ ျပန္လည္ရပိုင္ခြင့္ရွိမည္ မဟုတ္ေၾကာင္း ဗဟုသုတအျဖစ္ ေရးသားလုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒ အတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
MIngalardon Garden City
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service