ဘေးအိမ်က အနှောက်အယှက်တွေပေးနေသော်

ဘေးအိမ်က အနှောက်အယှက်တွေပေးနေသော် - Property Knowledge in Myanmar from iMyanmarHouse.com
23 Aug 2020 1:15 pm တွင် တင်ခဲ့သည်
34265 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

တစ်နေ့၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏ကျောင်းနေဘက်သူငယ်ချင်းဖြစ်ကြကုန်သော အောင်ဇော်လင်း၊ခင်ငြိမ်းဦး၊မိုးကျော် စသူတို့ရောက်ရှိလာကြလေ၏။

ကျွန်ုပ်လည်း ၎င်းတို့အား မနောမယလ္ဘက်ရည်ကိုဖျော်၍ဧည့်ခံရလေ၏။ ကျွန်ုပ်သည်လ္ဘက်ရည်ကိုအလွန်ကြိုက်နှစ်သက်သည့်အကြောင်းသိနေသောခင်ငြိမ်းဦးက…

” နင်အဲဒီလောက်လ္ဘက်ရည်တွေသောက်တာ ဆီးချိုတွေဘာတွေလည်း သတိထားဦး… ဟု” ပြော၏။ ကျွန်ုပ်က……

” ငါ့ကိုဆရာကြီးပြောသွားတာကတော့ ဒီခေတ်ကြီးမှာ သူသူကိုယ်ကိုယ်ဆိုသလိုဘဲ အသက်လေးဆယ် တန်းလောက်များရောက်လာပြီဆိုရင် ဆီးချို၊သွေးချိုဆိုပြီး အနည်းနဲ့အများရှိလာကြတော့တာပဲ။ လူတိုင်းမဖြစ် ပေမယ့်၊ လူတိုင်းနီးပါးဖြစ်လာကြတယ်ပေါ့ဟယ်။ အဲ့ဒါဆိုရင် ဆီးချိုဆိုတာဟာရောဂါမဟုတ်တော့ဘူး။ ဖြစ် တတ်တဲ့သဘာဝတစ်ခုဖြစ်လာနေပြီ။

ဥပမာဆိုပါတော့…… လူတွေအသက်ကြီးလာရင် ဆံပင်တွေဖြူလာတယ်။ သွားတွေမကောင်းတော့ဘူး။ လူတိုင်းမဖြစ်ပေမယ့် အများစုကြုံလာရတဲ့ကိစ္စပေါ့။ ပျောက်ကင်းအောင်ကုဖို့လည်း မရတဲ့အရာတွေဖြစ်တယ်။ ဆံပင်ဖြူ ဖြူတဲ့အတိုင်း၊ သွားတွေမကောင်းရင် မကောင်းတဲ့အတိုင်း၊ အဆင်ပြေအောင်နေသွားဖို့ပါပဲ။

ဆီးချိုဆိုတာကလည်း လူအများစုဖြစ်လာကြတယ်။ ဖြစ်ပြီဆိုရင်လည်း မပျောက်တော့ဘူးဆိုတော့ သူလည်း ရောဂါတစ်ခုအဖြစ် မြင်နေလို့မရတော့ဘူး။ အသက်ကြီးလာရင်ဖြစ်လေ့ဖြစ်ထရှိသော သဘာဝတစ်ခုလိုပဲ အောက်မေ့ရတော့မှာပဲ။ အခုထိတော့ ငါ့မှာဆီးချိုမရှိသေးဘူး ဟ။ ရှိလာခဲ့ရင်လည်း ရှိတဲ့အတိုင်းကလေး အဆင်ပြေအောင်နေသွားဖို့ပဲပေါ့ဟာ…”ဟု ပြောလိုက်ရာ ခင်ငြိမ်းဦးလည်း’ နင်ကတော့လုပ်ပြီ’ ဟူသော မျက်နှာကလေးဖြင့် မျက်စောင်းထိုးလေ၏။ ထိုအခါအောင်ဇော်လင်းက………

” သူငယ်ချင်း မင်းကတော်တော်တော့ ကျန်းမာတာပဲကွနော် …” ။ ဟုဝင်ပြောရာ ကျွန်ုပ်က….

“အင်း… အဲဒါကတော့ ဘယ်လိုပြောရမလဲဆိုတော့ ငါ့မှာက အလုပ်တွေအရမ်းများပြီးမကျန်းမာခွင့်ကို မရှိတာလို့ ပြောရမလိုဖြစ်နေတယ် သူငယ်ချင်းရေ။ ဥပမာဆိုပါတော့ … မင်းတို့ငါတို့ အရွယ်တွေဆိုရင် သွေး လေးဘာလေးစတိုးလာကြပြီ။ အချို့များဆိုရင် သွေးပေါင်ချိန်လေးနည်းနည်းတက်လိုက်တာနဲ့ အမေကယ်ပါ အဖေကယ်ပါဆိုပြီး ကျွမ်းပစ်နေတော့တာပဲဟေ့။ ငါ့ရဲ့သွေးပေါင်ချိန်က ၂၂၀-၁၄၀ ဆိုပြီး ရှိတယ်ကိုယ့်လူရေ။ ဘာလက္ခဏာမှတော့မပြဘူး။ ချိန်ကြည့်လိုက်ရင်တော့ ဒီလောက်နဲ့နေနေတာကိုယ့်လူရေ...” ဟုပြောလိုက်ရာ ကျွန်ုပ်၏သူငယ်ချင်းများသည်မျက်လုံးကြီးများပြုး၍ ရင်ဘတ်ကိုလက်ဖြင့်ဖိကြလေ၏။

ထို့နောက် မိုးကျော်သည်လ္ဘက်ရည်ခွက်ကိုကောက်၍ မော့လိုက်ပြီးလျှင်.... “အခုမင်းဆီရောက်လာ ကြတာက မင်းကိုသတိရလို့လာကြတာကွ။ မင်းကိုသတိရတယ်ဆိုတာ ငါတို့အတွက်သတိရတာကွ…..။

ခင်ငြိမ်းဦးကတော့ မင်းနဲ့နီးပါတယ်။ ရန်ကုန်မှာ စာသင်တဲ့ဆရာမကြီးလုပ်နေတယ်။ အောင်ဇော်လင်းက ကသာမှာ စိုက်ပျိုးရေးသမားကြီးလုပ်နေတယ်။ ငါကတော့ မင်းသိတဲ့အတိုင်း တောင်တွင်းကြီးနားက “ကုက္ကိုလ်ခွ”မှာ စတိုးဆိုင်ဖွင့်ပြီး ကုန်သည်လုပ်နေတယ်ပေါ့ကွာ။

အဲ့ဒါ မင်းပြောပြနေတဲ့ ကံ၊ ညဏ်၊ ဝီရိယဆိုတဲ့ သုံးချက်မှာ ညဏ်ပိုင်း၊ ဝီရိယပိုင်းကတော့ ငါတို့ဟာငါ တို့ ကြိုးစားနေပါတယ်။ ကံနဲ့ပက်သက်လာရင်တော့ မင်းကိုသတိရမိကြတယ်ပေါ့ကွာ ဟု…….” ပြောလေ၏။ ကျွန်ုပ်လည်း……

” အင်... တော်တော်ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းပဲဟု” ရေရွတ်မိလေ၏။ ထို့နောက် ကျွန်ုပ်က..

“ပြောစမ်းပါအုံး....” ဟုစကားကိုထောက်ပေးလိုက်ရာ မိုးကျော်က...

” ဒီလိုပါကွာ၊ ငါတို့လည်း ငါတို့အတိုင်းအတာနဲ့ငါတို့အစွမ်းကုန်ကြိုးစားနေကြတာ ပင်ပန်းပေမယ့် ပင်ပန်းရကျိုးနပ်ကြပါတယ်။ ပျော်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ဘေးပတ်ဝန်းကျင်ကြောင့် စိတ်ညစ်ရတာမျိုးတွေဘာတွေတော့ ရှိတတ်တယ်ကွ။

အိမ်နီးချင်းက ကိုယ့်ကိုစောင်းမြောင်းနေတာတို့၊ ဆိုင်နီးချင်းက ကိုယ့်ကိုဒုက္ခပေးဖို့အတွက်ရှာနေတာတို့၊ ဘာမဟုတ်တာလေးတွေနဲ့ ရပ်ကွက်လူကြီးကိုသွားပြီး တို့တာထောင်တာတို့ အဲဒါမျိုးလေးတွေတော့ ကြုံလာတတ်တာပေါ့ကွာ.....”ဟု ခပ်ညည်းညည်းကလေးပြောလေ၏။ ထိုအခါ ကျွန်ုပ်ကရယ်၍ ....

” မင်းတို့ကဘာမို့လို့လဲကွာ၊ မြတ်စွာဘုရားကြီးမှာတောင် မလိုမုန်းထားသူဆိုတာတွေက ရှိခဲ့သေးတာပဲ ဟာ.... အေးပေါ့လေဘယ်အခြေအနေပဲရောက်ရောက် အကောင်းဆုံးတော့ကြိုးစားရုန်းကန်ရမှာ ပေါ့။

ငါတို့ဆရာကြီးအဘမင်းသိင်္ခ သင်ပေးသွားခဲ့တာကတော့ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ကို မနာလိုဝန်တို တွေဖြစ်ပြီး စိတ်ဆင်းရဲခြင်း၊ ကိုယ်၏စိတ်ဆင်းရဲခြင်းတွေဖြစ်အောင်၊ ငြူစူစောင်းမြောင်း ဒုက္ခပေးတာမျိုးတွေလုပ် နေမယ်ဆိုရင် အဲဒီလို အနှောင့်အယှက်ပေးနေတဲ့ဘက်မှာ (ကိုယ့်အိမ်မှာကိုယ်ပေါ့ကွာ) ဇွန်းကြီးကြီးတစ်ချောင်း ကို ကြိုးလေးနဲ့တွဲလောင်းချိတ်ထားလိုက်ရတယ်ကွ။ အဲ့ဒီဇွန်းလေးကိုမကြာမကြာ ကိုင်ကိုင်ပြီးလှုပ်ရင်း ဆုတောင်းရတယ်ကွ။ အဲ့ဒါဆိုရင် ကိုယ့်ကို ဘေးပတ်ဝန်းကျင်ကနေ အနှောင့်အယှက်ပေးနေတဲ့ကိစ္စဟာတစ် နည်းမဟုတ်တစ်နည်း ပြေပျောက်သွားပါလိမ့်မယ်တဲ့ဗျာ…” ဟုပြောလိုက်ရာ ကျွန်ုပ်၏သူငယ်ချင်းများလည်း လ္ဘက်ရည်ခွက်ထဲမှ လက်ကျန်လ္ဘက်ရည်များကိုပြိုင်တူမော့ချလိုက်ကြရင်း…

“ဒီနေ့တော့ သူငယ်ချင်းဆီကိုလာရတာတန်သွားပြန်ပြီဟေ့………”ပြောလိုက်ပါလေတော့သတည်း။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ဆရာဇင်ယော်နီ

 

[Zawgyi]

ေဘးအိမ္က အေႏွာက္အယွက္ေတြေပးေနေသာ္

တစ္ေန႔၌ ကၽြႏ္ုပ္ထံသို႔ ကၽြႏု္ပ္၏ေက်ာင္းေနဘက္သူငယ္ခ်င္းျဖစ္ၾကကုန္ေသာ ေအာင္ေဇာ္လင္း၊ခင္ျငိမ္းဦး၊မိုးေက်ာ္ စသူတို႔ေရာက္ရွိလာၾကေလ၏။

ကၽြႏ္ုပ္လည္း ၄င္းတို႔အား မေနာမယလၻက္ရည္ကိုေဖ်ာ္၍ဧည့္ခံရေလ၏။ ကၽြႏု္ပ္သည္လၻက္ရည္ကိုအလြန္ႀကိဳက္ႏွစ္သက္သည့္အေၾကာင္းသိေနေသာခင္ျငိမ္းဦးက…

” နင္အဲဒီေလာက္လၻက္ရည္ေတြေသာက္တာ ဆီးခ်ိဳေတြဘာေတြလည္း သတိထားဦး… ဟု” ေျပာ၏။ ကၽြႏု္ပ္က……

” ငါ့ကိုဆရာႀကီးေျပာသြားတာကေတာ့ ဒီေခတ္ႀကီးမွာ သူသူကိုယ္ကုိယ္ဆိုသလိုဘဲ အသက္ေလးဆယ္ တန္းေလာက္မ်ားေရာက္လာၿပီဆိုရင္ ဆီးခ်ိဳ၊ေသြးခ်ိဳဆိုၿပီး အနည္းနဲ႔အမ်ားရွိလာၾကေတာ့တာပဲ။ လူတိုင္းမျဖစ္ ေပမယ့္၊ လူတိုင္းနီးပါးျဖစ္လာၾကတယ္ေပါ့ဟယ္။ အဲ့ဒါဆိုရင္ ဆီးခ်ိဳဆိုတာဟာေရာဂါမဟုတ္ေတာ့ဘူး။ ျဖစ္ တတ္တဲ့သဘာ၀တစ္ခုျဖစ္လာေနၿပီ။

ဥပမာဆိုပါေတာ့…… လူေတြအသက္ႀကီးလာရင္ ဆံပင္ေတြျဖဴလာတယ္။ သြားေတြမေကာင္းေတာ့ဘူး။ လူတိုင္းမျဖစ္ေပမယ့္ အမ်ားစုႀကံဳလာရတဲ့ကိစၥေပါ့။ ေပ်ာက္ကင္းေအာင္ကုဖို႔လည္း မရတဲ့အရာေတြျဖစ္တယ္။ ဆံပင္ျဖဴ ျဖဴတဲ့အတိုင္း၊ သြားေတြမေကာင္းရင္ မေကာင္းတဲ့အတိုင္း၊ အဆင္ေျပေအာင္ေနသြားဖို႔ပါပဲ။

ဆီးခ်ိဳဆိုတာကလည္း လူအမ်ားစုျဖစ္လာႀကတယ္။ ျဖစ္ၿပီဆိုရင္လည္း မေပ်ာက္ေတာ့ဘူးဆိုေတာ့ သူလည္း ေရာဂါတစ္ခုအျဖစ္ ျမင္ေနလို႔မရေတာ့ဘူး။ အသက္ႀကီးလာရင္ျဖစ္ေလ့့ျဖစ္ထရွိေသာ သဘာ၀တစ္ခုလိုပဲ ေအာက္ေမ့ရေတာ့မွာပဲ။ အခုထိေတာ့ ငါ့မွာဆီးခ်ိဳမရွိေသးဘူး ဟ။ ရွိလာခဲ့ရင္လည္း ရွိတဲ့အတိုင္းကေလး အဆင္ေျပေအာင္ေနသြားဖို႔ပဲေပါ့ဟာ…”ဟု ေျပာလိုက္ရာ ခင္ျငိမ္းဦးလည္း’ နင္ကေတာ့လုပ္ၿပီ’ ဟူေသာ မ်က္ႏွာကေလးျဖင့္ မ်က္ေစာင္းထိုးေလ၏။ ထိုအခါေအာင္ေဇာ္လင္းက………

” သူငယ္ခ်င္း မင္းကေတာ္ေတာ္ေတာ့ က်န္းမာတာပဲကြေနာ္ …” ။ ဟု၀င္ေျပာရာ ကၽြႏ္ုပ္က….

“အင္း… အဲဒါကေတာ့ ဘယ္လုိေျပာရမလဲဆိုေတာ့ ငါ့မွာက အလုပ္ေတြအရမ္းမ်ားၿပီးမက်န္းမာခြင့္ကို မရွိတာလို႔ ေျပာရမလိုျဖစ္ေနတယ္ သူငယ္ခ်င္းေရ။ ဥပမာဆိုပါေတာ့ … မင္းတို႔ငါတို႔ အရြယ္ေတြဆိုရင္ ေသြး ေလးဘာေလးစတိုးလာၾကၿပီ။ အခ်ိဳ႕မ်ားဆိုရင္ ေသြးေပါင္ခ်ိန္ေလးနည္းနည္းတက္လိုက္တာနဲ႔ အေမကယ္ပါ အေဖကယ္ပါဆုိၿပီး ကၽြမ္းပစ္ေနေတာ့တာပဲေဟ့။ ငါ့ရဲ႕ေသြးေပါင္ခ်ိန္က ၂၂၀-၁၄၀ ဆိုၿပီး ရွိတယ္ကုိယ့္လူေရ။ ဘာလကၡဏာမွေတာ့မျပဘူး။ ခ်ိန္ၾကည့္လုိက္ရင္ေတာ့ ဒီေလာက္နဲ႔ေနေနတာကိုယ့္လူေရ...” ဟုေျပာလိုက္ရာ ကၽြႏ္ုပ္၏သူငယ္ခ်င္းမ်ားသည္မ်က္လံုးႀကီးမ်ားျပဳး၍ ရင္ဘတ္ကိုလက္ျဖင့္ဖိၾကေလ၏။

ထို႔ေနာက္ မိုးေက်ာ္သည္လၻက္ရည္ခြက္ကိုေကာက္၍ ေမာ့လိုက္ၿပီးလ်ွင္.... “အခုမင္းဆီေရာက္လာ ၾကတာက မင္းကိုသတိရလို႔လာၾကတာကြ။ မင္းကိုသတိရတယ္ဆိုတာ ငါတို႔အတြက္သတိရတာကြ…..။

ခင္ျငိမ္းဦးကေတာ့ မင္းနဲ႔နီးပါတယ္။ ရန္ကုန္မွာ စာသင္တဲ့ဆရာမႀကီးလုပ္ေနတယ္။ ေအာင္ေဇာ္လင္းက ကသာမွာ စုိက္ပ်ိဳးေရးသမားႀကီးလုပ္ေနတယ္။ ငါကေတာ့ မင္းသိတဲ့အတိုင္း ေတာင္တြင္းႀကီးနားက “ကုကိၠဳလ္ခြ”မွာ စတိုးဆိုင္ဖြင့္ၿပီး ကုန္သည္လုပ္ေနတယ္ေပါ့ကြာ။

အဲ့ဒါ မင္းေျပာျပေနတဲ့ ကံ၊ ညဏ္၊ ၀ီရိယဆုိတဲ့ သံုးခ်က္မွာ ညဏ္ပိုင္း၊ ၀ီရိယပိုင္းကေတာ့ ငါတို႔ဟာငါ တို႔ ႀကိဳးစားေနပါတယ္။ ကံနဲ႔ပက္သက္လာရင္ေတာ့ မင္းကိုသတိရမိၾကတယ္ေပါ့ကြာ ဟု…….” ေျပာေလ၏။ ကၽြႏ္ုပ္လည္း……

” အင္... ေတာ္ေတာ္ခ်စ္ဖို႔ေကာင္းတဲ့သူငယ္ခ်င္းပဲဟု” ေရရြတ္မိေလ၏။ ထို႔ေနာက္ ကၽြႏု္ပ္က..

“ေျပာစမ္းပါအံုး....” ဟုစကားကိုေထာက္ေပးလိုက္ရာ မိုးေက်ာ္က...

” ဒီလိုပါကြာ၊ ငါတို႔လည္း ငါတို႔အတိုင္းအတာနဲ႔ငါတို႔အစြမ္းကုန္ႀကိဳးစားေနၾကတာ ပင္ပန္းေပမယ့္ ပင္ပန္းရက်ိဳးနပ္ၾကပါတယ္။ ေပ်ာ္ပါတယ္။ ဒါေပမယ့္ တစ္ခါတစ္ေလမွာ ေဘးပတ္၀န္းက်င္ေၾကာင့္ စိတ္ညစ္ရတာမ်ိုးေတြဘာေတြေတာ့ ရွိတတ္တယ္ကြ။

အိမ္နီးခ်င္းက ကိုယ့္ကိုေစာင္းေျမာင္းေနတာတို႔၊ ဆိုင္နီးခ်င္းက ကိုယ့္ကိုဒုကၡေပးဖို႔အတြက္ရွာေနတာတို႔၊ ဘာမဟုတ္တာေလးေတြနဲ႔ ရပ္ကြက္လူႀကီးကိုသြားၿပီး တို႔တာေထာင္တာတုိ႔ အဲဒါမ်ိဳးေလးေတြေတာ့ ႀကံဳလာတတ္တာေပါ့ကြာ.....”ဟု ခပ္ညည္းညည္းကေလးေျပာေလ၏။ ထိုအခါ ကၽြႏ္ုပ္ကရယ္၍ ....

” မင္းတို႔ကဘာမို႔လို႔လဲကြာ၊ ျမတ္စြာဘုရားႀကီးမွာေတာင္ မလိုမုန္းထားသူဆိုတာေတြက ရွိခဲ့ေသးတာပဲ ဟာ.... ေအးေပါ့ေလဘယ္အေျခအေနပဲေရာက္ေရာက္ အေကာင္းဆံုးေတာ့ႀကိဳးစားရုန္းကန္ရမွာ ေပါ့။

ငါတို႔ဆရာႀကီးအဘမင္းသိခၤ သင္ေပးသြားခဲ့တာကေတာ့ ကိုယ့္ပတ္၀န္းက်င္က ကိုယ့္ကို မနာလို၀န္တို ေတြျဖစ္ၿပီး စိတ္ဆင္းရဲျခင္း၊ ကိုယ္၏စိတ္ဆင္းရဲျခင္းေတြျဖစ္ေအာင္၊ ျငဴစူေစာင္းေျမာင္း ဒုကၡေပးတာမ်ိဳးေတြလုပ္ ေနမယ္ဆိုရင္ အဲဒီလို အေႏွာင့္အယွက္ေပးေနတဲ့ဘက္မွာ (ကိုယ့္အိမ္မွာကိုယ္ေပ့ါကြာ) ဇြန္းႀကီးႀကီးတစ္ေခ်ာင္း ကို ႀကိဳးေလးနဲ႕တြဲေလာင္းခ်ိတ္ထားလိုက္ရတယ္ကြ။ အဲ့ဒီဇြန္းေလးကိုမၾကာမၾကာ ကိုင္ကိုင္ၿပီးလႈပ္ရင္း ဆုေတာင္းရတယ္ကြ။ အဲ့ဒါဆိုရင္ ကိုယ့္ကို ေဘးပတ္၀န္းက်င္ကေန အေႏွာင့္အယွက္ေပးေနတဲ့ကိစၥဟာတစ္ နည္းမဟုတ္တစ္နည္း ေျပေပ်ာက္သြားပါလိမ့္မယ္တဲ့ဗ်ာ…” ဟုေျပာလိုက္ရာ ကၽြႏ္ုပ္၏သူငယ္ခ်င္းမ်ားလည္း လၻက္ရည္ခြက္ထဲမွ လက္က်န္လၻက္ရည္မ်ားကုိၿပိဳင္တူေမာ့ခ်လိုက္ၾကရင္း…

“ဒီေန႔ေတာ့ သူငယ္ခ်င္းဆီကိုလာရတာတန္သြားျပန္ၿပီေဟ့………”ေျပာလိုက္ပါေလေတာ့သတည္း။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ဆရာဇင္ေယာ္နီ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service