ဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားရမလဲ ? - Property Knowledge in Myanmar | iMyanmarHouse.com

ဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားရမလဲ ?

ဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားရမလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
22 Aug 2020 11:34 am တွင် တင်ခဲ့သည်
810 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မကြာခင် ဝါလကင်းလွတ်ပြီး ဝါကျွတ်တဲ့အခါ နေအိမ်တစ်လုံး ပိုင်ဆိုင်နိုင်ဖို့ ယခုလို ဝါတွင်းကာလတည်းက ဘာတွေ ပြင်ဆင်ထားသင့်လဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

နေရာထိုင်ခင်း အိုးအိမ်အသစ်ပြောင်းရွှေ့ဖို့ စီစဉ်ထားတဲ့သူတွေလည်း ကြိုတင်ပြီးတော့ နေထိုင်မယ့် အိုးအိမ်နေရာအသစ်ကိုလည်း ယခုလို ဝါတွင်းကာလတည်းက ရွေးချယ်ထားဖို့ လိုအပ်ပါတယ်။

ဒီတစ်နှစ်ဝါကျွတ်မှာတော့ ဇနီးမောင်နှံ၊ မိသားစုတွေရဲ့ ဝင်ငွေကောင်းလာပြီး စုဆောင်းထားတဲ့ ငွေကြေးစု ဆောင်းငွေလေးနဲ့ နေအိမ်အသစ်တစ်လုံးကို ပိုင်ဆိုင်ဝယ်ယူကြမယ့် သူတွေလည်း ရှိမှာပါ။ ဒီလိုမျိုး နေအိမ်သစ်တစ်လုံးကိုဝယ်ယူပိုင်ဆိုင်တော့မယ်ဆိုရင် သိထားသင့်စရာအချက်အလက် ဗဟုသုတလေးကိုသတိထားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်….…..

၁။ မိမိတို့ရဲ့ငွေကြေးနဲ့တတ်နိုင်တဲ့ နေအိမ်သစ်တစ်လုံးကိုပဲဝယ် ယူသင့်ပါတယ်။ လက်ထဲမှာရှိနေတဲ့ ငွေကြေးပမာဏထက်များ လွန်းတဲ့ အိမ်မျိုးကိုဝယ်ယူဖို့ဆိုတာ သိပ်ပြီးတော့ အဆင်မပြေ နိုင်ပါဘူး။ ငွေကြေးများလွန်းလို့ ချေးငှားတာပဲဖြစ်ဖြစ်၊ အရစ်ကျဝယ်ယူလိုက်ရတာမျိုးက သင့်အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်ပါတယ်။

အဆင်ပြေမှ ပြန်ပြီးပေးသွင်းသွားမယ့် ငွေကြေးတွေအတွက် စိုးရိမ်ပူပန်နေရလို့ သင့်အိမ်ကလေးမှာ စိတ်အေးအေးနေနိုင် မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်မို့လို့ မိမိတို့ရဲ့ငွေကြေးလေးနဲ့တတ်နိုင်တဲ့ အိမ်သစ်ကလေးတစ်ကိုပဲအသေအချာရွေးချယ်ပြီး နေထိုင်ပါ။ နောက်နောင် ငွေကြေးအဆင်ပြေလာတဲ့အခါမှ မိမိနေချင်တဲ့အိမ်သစ်ကလေးကို ဝယ်ယူလို့ရနိုင်ပါသေးတယ်။

၂။ စိတ်ချယုံကြည်ရတဲ့ အိမ်ခြံမြေအကျိုးဆောင်နဲ့ တိုင်ပင်ဆွေးနွေးပါ။ မေးမြန်းပါ။ အကူအညီယူပါ။ သင်တို့ရဲ့ အိမ်ခြံမြေဈေးကွက်ထဲဝါရင့်ပြီးတော့ စိတ်ချယုံကြည်ရတဲ့ ပွဲစား၊ အကျိုးဆောင်ကိုပဲ သင့်အိမ်အဝယ်အလုပ်ကိုအပ်နှံပါ။ အကျိုးဆောင်၊ ပွဲစားအလုပ်ဆိုတာ မျိုးက ယုံကြည်ရတစ်ဝက်၊ မယုံကြည်ရတစ်ဝက် အလုပ်မျိုးပါ။ ဈေး ကွက်ထဲမှာ ပွဲတစ်ပွဲစာလောက်နဲ့ ပညာပြသွားတတ်တဲ့ ပွဲစားတွေများပါတယ်။ ဒါ့ကြောင့်မို့လို့ စိတ်ချယုံကြည်ရပြီး အလုပ်အကြောင်းကိုလည်း ကောင်းကောင်းနားလည်တဲ့အကျိုးဆောင်ကိုပဲဝယ်ယူဖို့ အိမ်ရှာခိုင်းတာတု့ိ၊ ဈေးစကားပြောအရောင်းအဝယ် ညှိနှိုင်းဆောင် ရွက်စေတာတို့ကို ပြုလုပ်သင့်ပါတယ်။

၃။ ပြီးပြည့်စုံလွန်းတဲ့ အိမ်တွေဆိုတာ ဈေးကွက်ထဲမှာ မရှိဘူးဆိုတာ သင့်အနေနဲ့ သိထားသင့်ပါတယ်။ သင့်ရဲ့ ပထမဆုံးဝယ်ယူနေထိုင်မယ့်အိမ်က သင့်စိတ်ကူးအိမ်မက်ထဲကအတိုင်းလည်း ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ အိမ်တစ်လုံးစာဈေးနှုန်း၊ အိမ်အကျယ်၊ နေရာအစရှိသ ဖြင့် အချက်အလက်တွေအားလုံးက သင်လိုချင်သလိုတော့ဖြစ်လာမှာမဟုတ်ပါဘူး။ သင့်ငွေကြေးနဲ့ တန်ဖိုးမျှတဲ့နေအိမ်တစ်လုံးတော့ စီစစ်ပြီးတော့ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

၄။ သင့်မိသားစုနဲ့ သင့်တော်ကိုက်ညီမယ့် နေအိမ်တစ်လုံးကို ရွေးချယ်ဝယ်ယူပါ။ အကယ်၍ သင်ကော၊ သင့်အိမ်က မိသားစုဝင် တွေထဲမှာလမ်းသိပ်မသွားလာနိုင်တဲ့ အသက်ကြီးသူတွေ၊ ကလေးငယ်လေးတွေပါလာရင် အထပ်မြင့်အိမ်တွေက အဆင်မပြေနိုင်ဆိုတာမျိုးပါ။ နောက်ပြီး အိမ်ရဲ့ပြင်ဆင်မှုတွေ၊အလုပ်ကိစ္စအဝဝအတွက် တာဝန်ယူလုပ်ပေးမယ့်သူမရှိတဲ့ အခါမျိုးတွေအတွက်လည်း အရမ်းကြီးပြင်ဆင်ပြုပြင်ပေးနေရမယ့် အိမ်မျိုးကို မရွေးချယ်တာပိုကောင်းပါတယ်။ အိမ်ရဲ့အမိုး၊ ရေနုတ်မြောင်း၊ ခြံဝင်း၊ အစရှိ သဖြင့်တွေက ပြင်ဆင်ဖို့ဆိုရင် နည်းနည်းလေးအားစိုက်ပင်ပန်းရနိုင်ပါတယ်။

၅။ အိမ်နဲ့ပတ်သက်တဲ့ အခွန်တွေ၊ ဆောင်ရမယ့် အဖိုးအခ၊ အခွန်အခနဲ့ စာရင်းတွေနဲ့ပတ်သက်ပြီးတော့အတိအကျ သိရှိထားဖို့လိုပါလိမ့်မယ်။ မြေခွန်၊ ရေခွန်၊ မီးခွန်နဲ့ တခြားအဖိုးအခ ပေးဆောင်ရမယ့်ပမာဏနဲ့ အချိန်၊ ဌာနဆိုင်ရာတွေမှာ သွားရောက်မှတ်ပုံတင်ရမယ့် ကိစ္စအဝဝအတွက်ကိုလည်း ကြိုတင်လေ့လာသိရှိထားဖို့ လိုပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

[Zawgyi]

ဝါကြၽတ္မွာ ေနအိမ္သစ္တစ္လုံးဝယ္ယူေနထိုင္ဖို႔အတြက္ ဘာေတြ ျပင္ဆင္ထားရမလဲ ?

မၾကာခင္ ဝါလကင္းလြတ္ၿပီး ဝါကြၽတ္တဲ့အခါ ေနအိမ္တစ္လုံး ပိုင္ဆိုင္ႏိုင္ဖို႔ ယခုလို ဝါတြင္းကာလတည္းက ဘာေတြ ျပင္ဆင္ထားသင့္လဲဆိုတာကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

ေနရာထိုင္ခင္း အိုးအိမ္အသစ္ေျပာင္းေ႐ႊ႕ဖို႔ စီစဥ္ထားတဲ့သူေတြလည္း ႀကိဳတင္ၿပီးေတာ့ ေနထိုင္မယ့္ အိုးအိမ္ေနရာအသစ္ကိုလည္း ယခုလို ဝါတြင္းကာလတည္းက ေ႐ြးခ်ယ္ထားဖို႔ လိုအပ္ပါတယ္။

ဒီတစ္ႏွစ္ဝါကြၽတ္မွာေတာ့ ဇနီးေမာင္ႏွံ၊ မိသားစုေတြရဲ႕ ဝင္ေငြေကာင္းလာၿပီး စုေဆာင္းထားတဲ့ ေငြေၾကးစု ေဆာင္းေငြေလးနဲ႔ ေနအိမ္အသစ္တစ္လုံးကို ပိုင္ဆိုင္ဝယ္ယူၾကမယ့္ သူေတြလည္း ရွိမွာပါ။ ဒီလိုမ်ိဳး ေနအိမ္သစ္တစ္လုံးကိုဝယ္ယူပိုင္ဆိုင္ေတာ့မယ္ဆိုရင္ သိထားသင့္စရာအခ်က္အလက္ ဗဟုသုတေလးကိုသတိထားႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္…..

…..

၁။ မိမိတို႔ရဲ႕ေငြေၾကးနဲ႔တတ္ႏိုင္တဲ့ ေနအိမ္သစ္တစ္လုံးကိုပဲဝယ္ ယူသင့္ပါတယ္။ လက္ထဲမွာရွိေနတဲ့ ေငြေၾကးပမာဏထက္မ်ား လြန္းတဲ့ အိမ္မ်ိဳးကိုဝယ္ယူဖို႔ဆိုတာ သိပ္ၿပီးေတာ့ အဆင္မေျပ ႏိုင္ပါဘူး။ ေငြေၾကးမ်ားလြန္းလို႔ ေခ်းငွားတာပဲျဖစ္ျဖစ္၊ အရစ္က်ဝယ္ယူလိုက္ရတာမ်ိဳးက သင့္အတြက္ဝန္ထုပ္ဝန္ပိုးျဖစ္လာႏိုင္ပါတယ္။

အဆင္ေျပမွ ျပန္ၿပီးေပးသြင္းသြားမယ့္ ေငြေၾကးေတြအတြက္ စိုးရိမ္ပူပန္ေနရလို႔ သင့္အိမ္ကေလးမွာ စိတ္ေအးေအးေနႏိုင္ မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္မို႔လို႔ မိမိတို႔ရဲ႕ေငြေၾကးေလးနဲ႔တတ္ႏိုင္တဲ့ အိမ္သစ္ကေလးတစ္ကိုပဲအေသအခ်ာေ႐ြးခ်ယ္ၿပီး ေနထိုင္ပါ။ ေနာက္ေနာင္ ေငြေၾကးအဆင္ေျပလာတဲ့အခါမွ မိမိေနခ်င္တဲ့အိမ္သစ္ကေလးကို ဝယ္ယူလို႔ရႏိုင္ပါေသးတယ္။

၂။ စိတ္ခ်ယုံၾကည္ရတဲ့ အိမ္ၿခံေျမအက်ိဳးေဆာင္နဲ႔ တိုင္ပင္ေဆြးေႏြးပါ။ ေမးျမန္းပါ။ အကူအညီယူပါ။ သင္တို႔ရဲ႕ အိမ္ၿခံေျမေဈးကြက္ထဲဝါရင့္ၿပီးေတာ့ စိတ္ခ်ယုံၾကည္ရတဲ့ ပြဲစား၊ အက်ိဳးေဆာင္ကိုပဲ သင့္အိမ္အဝယ္အလုပ္ကိုအပ္ႏွံပါ။ အက်ိဳးေဆာင္၊ ပြဲစားအလုပ္ဆိုတာ မ်ိဳးက ယုံၾကည္ရတစ္ဝက္၊ မယုံၾကည္ရတစ္ဝက္ အလုပ္မ်ိဳးပါ။ ေဈး ကြက္ထဲမွာ ပြဲတစ္ပြဲစာေလာက္နဲ႔ ပညာျပသြားတတ္တဲ့ ပြဲစားေတြမ်ားပါတယ္။ ဒါ့ေၾကာင့္မို႔လို႔ စိတ္ခ်ယုံၾကည္ရၿပီး အလုပ္အေၾကာင္းကိုလည္း ေကာင္းေကာင္းနားလည္တဲ့အက်ိဳးေဆာင္ကိုပဲဝယ္ယူဖို႔ အိမ္ရွာခိုင္းတာတု႔ိ၊ ေဈးစကားေျပာအေရာင္းအဝယ္ ညႇိႏႈိင္းေဆာင္ ႐ြက္ေစတာတို႔ကို ျပဳလုပ္သင့္ပါတယ္။

၃။ ၿပီးျပည့္စုံလြန္းတဲ့ အိမ္ေတြဆိုတာ ေဈးကြက္ထဲမွာ မရွိဘူးဆိုတာ သင့္အေနနဲ႔ သိထားသင့္ပါတယ္။ သင့္ရဲ႕ ပထမဆုံးဝယ္ယူေနထိုင္မယ့္အိမ္က သင့္စိတ္ကူးအိမ္မက္ထဲကအတိုင္းလည္း ျဖစ္ခ်င္မွျဖစ္ပါလိမ့္မယ္။ အိမ္တစ္လုံးစာေဈးႏႈန္း၊ အိမ္အက်ယ္၊ ေနရာအစရွိသ ျဖင့္ အခ်က္အလက္ေတြအားလုံးက သင္လိုခ်င္သလိုေတာ့ျဖစ္လာမွာမဟုတ္ပါဘူး။ သင့္ေငြေၾကးနဲ႔ တန္ဖိုးမွ်တဲ့ေနအိမ္တစ္လုံးေတာ့ စီစစ္ၿပီးေတာ့ ေ႐ြးခ်ယ္ဝယ္ယူသင့္ပါတယ္။

၄။ သင့္မိသားစုနဲ႔ သင့္ေတာ္ကိုက္ညီမယ့္ ေနအိမ္တစ္လုံးကို ေ႐ြးခ်ယ္ဝယ္ယူပါ။ အကယ္၍ သင္ေကာ၊ သင့္အိမ္က မိသားစုဝင္ ေတြထဲမွာလမ္းသိပ္မသြားလာႏိုင္တဲ့ အသက္ႀကီးသူေတြ၊ ကေလးငယ္ေလးေတြပါလာရင္ အထပ္ျမင့္အိမ္ေတြက အဆင္မေျပႏိုင္ဆိုတာမ်ိဳးပါ။ ေနာက္ၿပီး အိမ္ရဲ႕ျပင္ဆင္မႈေတြ၊အလုပ္ကိစၥအဝဝအတြက္ တာဝန္ယူလုပ္ေပးမယ့္သူမရွိတဲ့ အခါမ်ိဳးေတြအတြက္လည္း အရမ္းႀကီးျပင္ဆင္ျပဳျပင္ေပးေနရမယ့္ အိမ္မ်ိဳးကို မေ႐ြးခ်ယ္တာပိုေကာင္းပါတယ္။ အိမ္ရဲ႕အမိုး၊ ေရႏုတ္ေျမာင္း၊ ၿခံဝင္း၊ အစရွိ သျဖင့္ေတြက ျပင္ဆင္ဖို႔ဆိုရင္ နည္းနည္းေလးအားစိုက္ပင္ပန္းရႏိုင္ပါတယ္။

၅။ အိမ္နဲ႔ပတ္သက္တဲ့ အခြန္ေတြ၊ ေဆာင္ရမယ့္ အဖိုးအခ၊ အခြန္အခနဲ႔ စာရင္းေတြနဲ႔ပတ္သက္ၿပီးေတာ့အတိအက် သိရွိထားဖို႔လိုပါလိမ့္မယ္။ ေျမခြန္၊ ေရခြန္၊ မီးခြန္နဲ႔ တျခားအဖိုးအခ ေပးေဆာင္ရမယ့္ပမာဏနဲ႔ အခ်ိန္၊ ဌာနဆိုင္ရာေတြမွာ သြားေရာက္မွတ္ပုံတင္ရမယ့္ ကိစၥအဝဝအတြက္ကိုလည္း ႀကိဳတင္ေလ့လာသိရွိထားဖို႔ လိုပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
မဟာနန္ဒိယ၏ ဆန်းကြယ်သော ဖူးစာရှင် (သို့) ချစ်သူနှင့် တွေ့ခွင့်ရရန် အိန္ဒိယမှ ဥရောပအထိ စက်ဘီးနင်းကာ သွားရောက်ခဲ့သော အိန္ဒိယ ပန်းချီဆရာ...
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရွာသားများ၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် တစ်ဦးလျှင် ဒေါ်လာ ၁၄၀၀ စီအပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အိမ...

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်ရာ နေထိုင်မည့်သူများ ခေါ်ယူလျက်ရှိ...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service