အိမ်မှာ သောင်းကျန်းနေတဲ့ ကြမ်းပိုးတွေကို ငွေကုန်သက်သာစွာနဲ့ အမျိုးပြုတ်အောင်လုပ်နည်း

အိမ်မှာ သောင်းကျန်းနေတဲ့ ကြမ်းပိုးတွေကို ငွေကုန်သက်သာစွာနဲ့ အမျိုးပြုတ်အောင်လုပ်နည်း - Property Knowledge in Myanmar from iMyanmarHouse.com
21 Aug 2020 2:37 pm တွင် တင်ခဲ့သည်
16162 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မိဘများက မိမိတို့ရဲ့ ရင်သွေးကလေးများကို ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် လူဖြစ်လာကတည်းက ဝါးဖတ်တော် ကစီဓာတ်နဲ့လူဖြစ်အောင် ကျွေးမွေးလာခဲ့ကြတဲ့အပြင် ခြင်၊ ကြမ်းပိုး မထိုးရအောင် ဂရုစိုက်ခဲ့ကြပါတယ်။

ညကျရင် ကလေးအိပ်ရာထဲမှာ ကြမ်းပိုးရှာပေးရတာနဲ့ မအိပ်ရတဲ့ မိဘတွေရှိကြပါတယ်။ မေတ္တာပို့တဲ့အထဲမှာ ကြွက်၊ ခြင် ၊ ယင်၊ ကြမ်းပိုး ဤလေးမျိုး မပါဘူးလို့ ဆိုကြသူတွေလဲရှိကြပါတယ်။

လူများများ နေကြရတဲ့ဆေးရုံ၊ အချုပ်ခန်း၊ စာသင်ကျောင်း၊ ဘော်ဒါ၊ စာသင်တိုက်၊ မီးရထား၊ ထောင် စတာတွေမှာ ကြမ်းပိုးရန်ကြောင့် စိတ်ညစ်နေရပါတယ်။

အဲဒီလောက်တောင် ဒုက္ခပေးနေတဲ့ ကြမ်းပိုးကို အမျိုးမျိုးသောနည်း၊ အမျိုးမျိုးသော ဆေးဝါးတွေနဲ့ အကြိမ်ကြိမ်နှိမ်နင်းခဲ့ကြပါတယ်။ ခေါင်းမူးတာပဲ အဖတ်တင်ပါတယ်။ ကြမ်းပိုးသတ်ဆေးရောင်းသူတွေက တိုက်ဆောက်ပြီး ကြမ်းပိုးတွေကသာ ပိုဝလာကြပါတယ်။

ခုတော့ နည်းကောင်းရပါပြီ။ တစ်နေ့မှာတော့ ပုဂံကုန်းရွာက လူငယ် ကိုရွှေမောင် ရောက်လာပါတယ်။ ကျွန်တော့်ဧည့်ခန်းမှာ ဖင်တကြွကြွ။ ဆရာ့အိမ်က ကြမ်းပိုး ကိုက်တယ်ဗျာတဲ့။ အေးကွာ။

ငါစိတ်ညစ်နေတာ နှစ်ပေါင်း ၃၀ ရှိပြီ။ ဘယ်လိုမှ နိမ်နင်းလို့မရဘူး ဆိုတော့ ကိုရွှေမောင်က လွယ်လွယ်လေးလုပ်ပြသွားပါတယ်။

ဖူဂျီခရင်ဆပ်ပြာကို နဲနဲကော်ပြီး ရေနဲ့ဖျော်ပါတယ်။ ပြီးတော့ ဆေးထိုးပိုက် တစ်ချောင်းရှာပြီး ကြမ်းကြားတွေထဲ ထိုးပန်းလိုက်ရာ ကြမ်းပိုးတွေ ကြမ်းပေါ်တက်လာပြီး ဖင်ကြီးတွေထောင် သေလိုက်ကြတာ တစ်စက္ကန့်လောက်အတွင်းမှာ အတုံးအရုန်းပဲ။

တကယ်လို့ ပိုက်ရှာမရရင် ဖလားထဲ အဝတ်နှစ်ပြီး အဝတ်ကိုကြမ်းကြားထဲ ညှစ်ချရင်လဲရပါတယ်။ တစ်အိမ်လုံး တစ်ကျောင်းလုံး ဖျန်းမယ်ဆိုရင်တော့ ဆေးဖျန်းပုံးနဲ့ ကြမ်းကြားပေါ်ရော ကြမ်းအောက်က ဆင့်ကြားတွေပါ ဖျန်းပက်ပါ။

လွယ်လွယ်ကူကူ ငွေကုန်သက်သာစွာနဲ့ ကြမ်းပိုးမျိုးပြုတ်သွားမှာပါ။ ကဲ ကြမ်းပိုးကိုက်လို့ စိတ်ညစ်နေကြသူများ ခုလက်တွေ့စမ်းကြည့်လိုက်ပါ။ အဆင်ပြေရင်ပြေကြောင်းလေး တစ်ခြားသူများကိုလဲ မျှဝေပေးပါဗျာ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Cေredit: မောင်ဘို

 

 

[Zawgyi]

အိမ္မွာ ေသာင္းက်န္းေနတဲ့ ၾကမ္းပိုးေတြကို ေငြကုန္သက္သာစြာနဲ႔ အမ်ိဳးျပဳတ္ေအာင္လုပ္နည္း

မိဘမ်ားက မိမိတို႔ရဲ႕ ရင္ေသြးကေလးမ်ားကို ဖဝါးလက္ႏွစ္လုံး ပခုံးလက္ႏွစ္သစ္ လူျဖစ္လာကတည္းက ဝါးဖတ္ေတာ္ ကစီဓာတ္နဲ႔လူျဖစ္ေအာင္ ေကြၽးေမြးလာခဲ့ၾကတဲ့အျပင္ ျခင္၊ ၾကမ္းပိုး မထိုးရေအာင္ ဂ႐ုစိုက္ခဲ့ၾကပါတယ္။

ညက်ရင္ ကေလးအိပ္ရာထဲမွာ ၾကမ္းပိုးရွာေပးရတာနဲ႔ မအိပ္ရတဲ့ မိဘေတြရွိၾကပါတယ္။ ေမတၱာပို႔တဲ့အထဲမွာ ႂကြက္၊ ျခင္ ၊ ယင္၊ ၾကမ္းပိုး ဤေလးမ်ိဳး မပါဘူးလို႔ ဆိုၾကသူေတြလဲရွိၾကပါတယ္။

လူမ်ားမ်ား ေနၾကရတဲ့ေဆး႐ုံ၊ အခ်ဳပ္ခန္း၊ စာသင္ေက်ာင္း၊ ေဘာ္ဒါ၊ စာသင္တိုက္၊ မီးရထား၊ ေထာင္ စတာေတြမွာ ၾကမ္းပိုးရန္ေၾကာင့္ စိတ္ညစ္ေနရပါတယ္။

အဲဒီေလာက္ေတာင္ ဒုကၡေပးေနတဲ့ ၾကမ္းပိုးကို အမ်ိဳးမ်ိဳးေသာနည္း၊ အမ်ိဳးမ်ိဳးေသာ ေဆးဝါးေတြနဲ႔ အႀကိမ္ႀကိမ္ႏွိမ္နင္းခဲ့ၾကပါတယ္။ ေခါင္းမူးတာပဲ အဖတ္တင္ပါတယ္။ ၾကမ္းပိုးသတ္ေဆးေရာင္းသူေတြက တိုက္ေဆာက္ၿပီး ၾကမ္းပိုးေတြကသာ ပိုဝလာၾကပါတယ္။

ခုေတာ့ နည္းေကာင္းရပါၿပီ။ တစ္ေန႔မွာေတာ့ ပုဂံကုန္း႐ြာက လူငယ္ ကိုေ႐ႊေမာင္ ေရာက္လာပါတယ္။ ကြၽန္ေတာ့္ဧည့္ခန္းမွာ ဖင္တႂကြႂကြ။ ဆရာ့အိမ္က ၾကမ္းပိုး ကိုက္တယ္ဗ်ာတဲ့။ ေအးကြာ။

ငါစိတ္ညစ္ေနတာ ႏွစ္ေပါင္း ၃၀ ရွိၿပီ။ ဘယ္လိုမွ နိမ္နင္းလို႔မရဘူး ဆိုေတာ့ ကိုေ႐ႊေမာင္က လြယ္လြယ္ေလးလုပ္ျပသြားပါတယ္။

ဖူဂ်ီခရင္ဆပ္ျပာကို နဲနဲေကာ္ၿပီး ေရနဲ႔ေဖ်ာ္ပါတယ္။ ၿပီးေတာ့ ေဆးထိုးပိုက္ တစ္ေခ်ာင္းရွာၿပီး ၾကမ္းၾကားေတြထဲ ထိုးပန္းလိုက္ရာ ၾကမ္းပိုးေတြ ၾကမ္းေပၚတက္လာၿပီး ဖင္ႀကီးေတြေထာင္ ေသလိုက္ၾကတာ တစ္စကၠန႔္ေလာက္အတြင္းမွာ အတုံးအ႐ုန္းပဲ။

တကယ္လို႔ ပိုက္ရွာမရရင္ ဖလားထဲ အဝတ္ႏွစ္ၿပီး အဝတ္ကိုၾကမ္းၾကားထဲ ညႇစ္ခ်ရင္လဲရပါတယ္။ တစ္အိမ္လုံး တစ္ေက်ာင္းလုံး ဖ်န္းမယ္ဆိုရင္ေတာ့ ေဆးဖ်န္းပုံးနဲ႔ ၾကမ္းၾကားေပၚေရာ ၾကမ္းေအာက္က ဆင့္ၾကားေတြပါ ဖ်န္းပက္ပါ။

လြယ္လြယ္ကူကူ ေငြကုန္သက္သာစြာနဲ႔ ၾကမ္းပိုးမ်ိဳးျပဳတ္သြားမွာပါ။ ကဲ ၾကမ္းပိုးကိုက္လို႔ စိတ္ညစ္ေနၾကသူမ်ား ခုလက္ေတြ႕စမ္းၾကည့္လိုက္ပါ။ အဆင္ေျပရင္ေျပေၾကာင္းေလး တစ္ျခားသူမ်ားကိုလဲ မွ်ေဝေပးပါဗ်ာ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Cေredit: ေမာင္ဘို

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service