ခွေးပိုင်ရှင်များ တစ်နေ့ ၂ ကြိမ် ခွေးကျောင်းပေးရန် ဂျာမနီတွင် ဥပဒေပြဌာန်းမည်

ခွေးပိုင်ရှင်များ တစ်နေ့ ၂ ကြိမ် ခွေးကျောင်းပေးရန် ဂျာမနီတွင် ဥပဒေပြဌာန်းမည် - Property News in Myanmar from iMyanmarHouse.com
21 Aug 2020 12:12 pm တွင် တင်ခဲ့သည်
1071 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျာမနီနိုင်ငံတွင် ခွေးမွေးထားသည့် ခွေးပိုင်ရှင်များသည် တစ်ရက်လျှင် ၂ ကြိမ် နာရီနှင့်ချီ၍ ကြာမြင့်သော လမ်းလျှောက်ထွက်ပေး ခြင်းများ ပြုလုပ်ရန် ဥပဒေဖြင့် အမိန့်ပေးခံရတော့မည် ဖြစ်သည်။

ပြည်သူများအနေဖြင့် ၎င်းတို့မွေးမြူထားသော တိရ စ္ဆာန်များကို အိမ်နီးဝန်းကျင် ခရီးတိုများ လမ်းလျှောက်ထွက်ပေးခြင်းထက် ပိုမိုကြာရှည်သည့် လမ်းလျှောက်ထွက်ပေးခြင်းများ ပြုလုပ်စေရန် စိုက်ပျိုးရေးဝန်ကြီး Julia Klockner က ဥပဒေသစ်တစ်ရပ် တင်သွင်းမည် ဖြစ်သည်။

ဂျာမနီတွင် ခွေးပေါင်းများစွာသည် နေ့စဉ်လုံလောက်သည့် လေ့ကျင့်ခန်း ရရှိခြင်းမရှိသည်ကို တွေ့နေရသည့်အထောက်အထားများပေါ် အခြေခံပြီး ယခုဥပဒေကို ပြဌာန်းရန် စီစဉ်ရခြင်းဖြစ်ကြောင်း သူမက ပြောကြားသည်။

Ms Klockner က ခွေးများသည် နေ့စဉ် လုံလောက်သည့် ကိုယ်လက်လှုပ်ရှားမှုနှင့် သဘာဝပတ်ဝန်းကျင်ဖြင့် ထိတွေ့မှုများ လိုအပ်ကြောင်း ပြောကြားသည်။

ခွေးများသည် ပွေ့ဖက်ထားရန်သာဖြစ်သည့် အရုပ်များမဟုတ်ကြောင်း၊ ၎င်းတို့တွင်လည်း ကိုယ်ပိုင်လိုအပ်ချက်များရှိကြောင်း သူမက ပြောကြားသည်။

ယခုရေးဆွဲထားသည့် ဥပဒေအရဆိုလျှင် အိမ်မွေးခွေးကောင်ရေ ၉ ဒသမ ၄ သန်းကျော်ရှိနေသည့် ဂျာမနီတွင် ပိုင်ရှင်များသည် ခွေးများကို ကာလကြာမြင့်စွာ တစ်ကောင်တည်း အထီးကျန်စွာ ထားခဲ့ခြင်းကိုလည်း ခွင့်မပြုချေ။

ထို့အပြင် ခွေးများကို အချိန်ကြာမြင့်စွာ ကြိုးဖြင့်လှန်ထားခြင်းကိုလည်း တားမြစ်ထားသည်။

၅ နှစ်အရွယ် ယော့ရှိုင်းယား တယ်ရီယာတစ်ကောင် ပိုင်ဆိုင်ထားသည့် Barbel Kleid က ပြောကြားရာတွင် ခွေးကို အချိန်မည်မျှ ကျောင်းရမည်ဟုဆိုခြင်းမှာ အထက်စီးဆန်လှကြောင်း ပြောကြားသည်။

Christian Democratic Union ပါတီမှ လွှတ်တော်အမတ် Saskia Ludwig က ပြောကြားရာတွင် မကြာသေးမီက ဖြစ်ပေါ်လာနေသော အပူလှိုင်းအရဆိုလျှင် ခွေးများကို ထိုမျှအချိန်ကြာကြာ အပြင်ဘက်တွင် ရှိနေစေရန်မှာ မဖြစ်နိုင်ကြောင်း ပြောကြားသည်။

သူမက တွစ်တာအကောင့်တွင် ရေးသားခဲ့ရာတွင် “ကျွန်မကတော့ ကျွန်မရဲ့ Rhodesian Ridgeback ကို ၃၂ ဒီဂရီလောက်ရှိတဲ့ အပူရှိန်အောက်မှာ တစ်ရက် ၂ ကြိမ် အပြင်ခေါ်မှာ မဟုတ်ပါဘူး။ အဲ့လိုလုပ်မယ့်အစား လန်းဆန်းပြီးအေးသွားအောင် မြစ်ထဲပဲ ခုန်ချလိုက်ပါမယ်” ဟု ရေးသားခဲ့သည်။

စိုက်ပျိုးရေးဝန်ကြီးက ထုတ်ပြန်ရာတွင် အဆိုပါဥပဒေကို ပြည်သူများလိုက်နာအောင် ကြပ်မတ်ရေးမှာ ဂျာမနီ၏ ပြည်နယ်အသီးသီးရှိ ဒေသတွင်း အာဏာပိုင်များတွင် တာဝန်ရှိကြောင်း ပြောကြားသည်။

လာမည့်နှစ်တွင် အဆိုပါဥပဒေ အသက်ဝင်လာမည်ဟု ခန့်မှန်းရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: German dog owners will be ordered by LAW to take their pets on hour-long walks twice a day under new regulations (Dailymail)

[Zawgyi]

ေခြးပိုင္ရွင္မ်ား တစ္ေန႔ ၂ ၾကိမ္ ေခြးေက်ာင္းေပးရန္ ဂ်ာမနီတြင္ ဥပေဒျပဌာန္းမည္

ဂ်ာမနီႏိုင္ငံတြင္ ေခြးေမြးထားသည့္ ေခြးပိုင္ရွင္မ်ားသည္ တစ္ရက္လွ်င္ ၂ ၾကိမ္ နာရီႏွင့္ခ်ီ၍ ၾကာျမင့္ေသာ လမ္းေလွ်ာက္ထြက္ေပး ျခင္းမ်ား ျပဳလုပ္ရန္ ဥပေဒျဖင့္ အမိန္႔ေပးခံရေတာ့မည္ ျဖစ္သည္။

ျပည္သူမ်ားအေနျဖင့္ ၎တို႔ေမြးျမဴထားေသာ တိရ စၦာန္မ်ားကို အိမ္နီးဝန္းက်င္ ခရီးတိုမ်ား လမ္းေလွ်ာက္ထြက္ေပးျခင္းထက္ ပိုမိုၾကာရွည္သည့္ လမ္းေလွ်ာက္ထြက္ေပးျခင္းမ်ား ျပဳလုပ္ေစရန္ စိုက္ပ်ဳိးေရးဝန္ၾကီး Julia Klockner က ဥပေဒသစ္တစ္ရပ္ တင္သြင္းမည္ ျဖစ္သည္။

ဂ်ာမနီတြင္ ေခြးေပါင္းမ်ားစြာသည္ ေန႔စဥ္လံုေလာက္သည့္ ေလ့က်င့္ခန္း ရရွိျခင္းမရွိသည္ကို ေတြ႔ေနရသည့္အေထာက္အထားမ်ားေပၚ အေျခခံျပီး ယခုဥပေဒကို ျပဌာန္းရန္ စီစဥ္ရျခင္းျဖစ္ေၾကာင္း သူမက ေျပာၾကားသည္။

Ms Klockner က ေခြးမ်ားသည္ ေန႔စဥ္ လံုေလာက္သည့္ ကိုယ္လက္လႈပ္ရွားမႈႏွင့္ သဘာဝပတ္ဝန္းက်င္ျဖင့္ ထိေတြ႔မႈမ်ား လိုအပ္ေၾကာင္း ေျပာၾကားသည္။

ေခြးမ်ားသည္ ေပြ႔ဖက္ထားရန္သာျဖစ္သည့္ အရုပ္မ်ားမဟုတ္ေၾကာင္း၊ ၎တို႔တြင္လည္း ကိုယ္ပိုင္လိုအပ္ခ်က္မ်ားရွိေၾကာင္း သူမက ေျပာၾကားသည္။

ယခုေရးဆြဲထားသည့္ ဥပေဒအရဆိုလွ်င္ အိမ္ေမြးေခြးေကာင္ေရ ၉ ဒသမ ၄ သန္းေက်ာ္ရွိေနသည့္ ဂ်ာမနီတြင္ ပိုင္ရွင္မ်ားသည္ ေခြးမ်ားကို ကာလၾကာျမင့္စြာ တစ္ေကာင္တည္း အထီးက်န္စြာ ထားခဲ့ျခင္းကိုလည္း ခြင့္မျပဳေခ်။

ထို႔အျပင္ ေခြးမ်ားကို အခ်ိန္ၾကာျမင့္စြာ ၾကိဳးျဖင့္လွန္ထားျခင္းကိုလည္း တားျမစ္ထားသည္။

၅ ႏွစ္အရြယ္ ေယာ့ရႈိင္းယား တယ္ရီယာတစ္ေကာင္ ပိုင္ဆိုင္ထားသည့္ Barbel Kleid က ေျပာၾကားရာတြင္ ေခြးကို အခ်ိန္မည္မွ် ေက်ာင္းရမည္ဟုဆိုျခင္းမွာ အထက္စီးဆန္လွေၾကာင္း ေျပာၾကားသည္။

Christian Democratic Union ပါတီမွ လႊတ္ေတာ္အမတ္ Saskia Ludwig က ေျပာၾကားရာတြင္ မၾကာေသးမီက ျဖစ္ေပၚလာေနေသာ အပူလႈိင္းအရဆိုလွ်င္ ေခြးမ်ားကို ထိုမွ်အခ်ိန္ၾကာၾကာ အျပင္ဘက္တြင္ ရွိေနေစရန္မွာ မျဖစ္ႏိုင္ေၾကာင္း ေျပာၾကားသည္။

သူမက တြစ္တာအေကာင့္တြင္ ေရးသားခဲ့ရာတြင္ “ကၽြန္မကေတာ့ ကၽြန္မရဲ ႔ Rhodesian Ridgeback ကို ၃၂ ဒီဂရီေလာက္ရွိတဲ့ အပူရွိန္ေအာက္မွာ တစ္ရက္ ၂ ၾကိမ္ အျပင္ေခၚမွာ မဟုတ္ပါဘူး။ အဲ့လိုလုပ္မယ့္အစား လန္းဆန္းျပီးေအးသြားေအာင္ ျမစ္ထဲပဲ ခုန္ခ်လိုက္ပါမယ္” ဟု ေရးသားခဲ့သည္။

စိုက္ပ်ဳိးေရးဝန္ၾကီးက ထုတ္ျပန္ရာတြင္ အဆိုပါဥပေဒကို ျပည္သူမ်ားလိုက္နာေအာင္ ၾကပ္မတ္ေရးမွာ ဂ်ာမနီ၏ ျပည္နယ္အသီးသီးရွိ ေဒသတြင္း အာဏာပိုင္မ်ားတြင္ တာဝန္ရွိေၾကာင္း ေျပာၾကားသည္။

လာမည့္ႏွစ္တြင္ အဆိုပါဥပေဒ အသက္ဝင္လာမည္ဟု ခန္႔မွန္းရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: German dog owners will be ordered by LAW to take their pets on hour-long walks twice a day under new regulations (Dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
Shwe Wutt Hmone
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service