Gas မီးဖို သုံးစွဲသူများ သတိထား ဂရုပြုသင့်သော အချက်များ

Gas မီးဖို သုံးစွဲသူများ သတိထား ဂရုပြုသင့်သော အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
21 Aug 2020 11:53 am တွင် တင်ခဲ့သည်
26451 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

Gas မီးဖိုသုံးရင်ဘာတွေသတိထားသင့်သလဲ…

(၁) အိုး အထွက် valve ၊ pressure regulator valve ၊ မီးဖို spark and gas valve တွေ ကောင်း မကောင်း အမြဲစစ်ဆေးရပါမယ်။ အိုး အထွက် valve ကိုပိတ်တဲ့အခါမှာ လက်တအားပဲပိတ်ရမှာဖြစ်ပါတယ်။ ထုရိုက်ပြီးပိတ်မျိုးတွေမလုပ်ရပါဘူး။ Gas အိုးကို ရွေ့တဲ့အခါ စောင့်ချတာ ၊ ပစ်ချတာ ၊ တလိမ့်တုံးလို လှိမ့်တာတွေမလုပ်ရပါဘူး။ အိုး အထွက် valve ကို pressure regulator valve နဲ့ လှည့်တပ်တဲ့အခါ အိုး အထွက် valve အမခေါင်းက အရစ်က ဘယ်ရစ်ဖြစ်သလို pressure regulator valve အဖိုခေါင်း ကလဲ ဘယ်ရစ်ပဲဖြစ်ပါတယ်။ pressure regulator valve အဖိုခေါင်းထိပ်မှာ rubber seal တပ်ထားပါတယ်။ အဲ့ဒိ့ rubber seal ပြတ်နေရင် ပဲ့နေရင် မကောင်းရင် pressure regulator valve ကိုဆက်မသုံးသင့်ပါဘူး။ အိုး အထွက် valve နဲ့ pressure regulator valve တွေရဲ့ အရစ်တွေကို အမဲဆီ လုံးဝသုတ်လိမ်းခြင်းမပြုလုပ်ရပါ။

(၂) Pressure regulator valve ကို အတွင်းမှာ diaphragm ၊ spring တို့နဲ့ပြုလုပ်ထားတဲ့အတွက် pressure regulator valve ထိပ်က ဘုလုံး (knob) လေးကို တွန်းလိုက်ရင် valve ပွင့်ပြီး မီးဖိုဆီ Gas ရောက်ပါတယ်။ ဒါ့ကြောင့် အဲ့ဒိ ဘုလုံး (knob) လေး ဟာ တွန်းလို့ ဖိလို့ရ ရပါမယ်။ ဘုလုံး (knob) လေးကို တွန်းမှ Gas က မီးဖိုက ထွက်လာရမှာဖြစ်ပါတယ်။ ဒီလိုအလုပ်မလုပ်ရင် pressure regulator valve အသစ်လဲဖို့လိုပါတယ်။

(၃) ပိုက်လိုင်း ကောင်း မကောင်းအခါအားလျော်စွာစစ်ဆေးရမှာဖြစ်ပါတယ်။ အလွယ်တကူစစ်ဆေးနိုင်တဲ့နည်းလမ်းကတော့ Gas အိုး အထွက် valve နဲ့ pressure regulator valve ဖွင့်ထားချိန် (ဘုလုံး (knob) လေးကို ဖိပြီးဖွင့်ထားပြီးတဲ့အခါ) ဆပ်ပြာရည်ဖျော်ကို အမြုပ်ထအောင်မွေပြီး ဆပ်ပြာရည်မြုပ်တွေကို ပိုက်လိုင်းတလျောက်ဖြစ်စေ ၊ Gas ယိုစိမ့်နေတယ်လို့သံသယရှိတဲ့နေရာကိုဖြစ်စေ ၊ ပိုက်ဆက်တွေကိုဖြစ်စေ သုတ်ကြည့်ရင် ဘူစီပေါင်းလေးတွေထလာတဲ့နေရာမှာ Gas ယိုစိမ့်နေပါတယ်။

ပိုက်လိုင်းတလျောက် ပူစီပေါင်း (bubbles) လေးတွေ မထဖူးဆိုရင်တော့ ပိုက်လိုင်းကောင်းတယ်လို့ပဲယူဆရမှာဖြစ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ အိုးနဲ့မီးဖိုက ပိုက်ဆက်ကိုဖြုတ်ပြီး တဖက်ကပိတ် ၊ အခြားတဖက်ကနေ စက်ဘီးလေထိုးတံနဲ့ထိုး ၊ ဆပ်ပြာရည် (သို့မဟုတ်) ရေဇလုံထဲနှစ်ကြည့်လို့ ပူစီပေါင်း (bubbles) လေးတွေ ထတာတွေ့ရရင် အဲ့ဒိနေရာဟာ Gas ယိုစိမ့်နေပါတယ်။ ဒါဆိုရင်တော့ ဒီပိုက်ကိုအသစ်လဲဖို့လိုအပ်ပါတယ်။ ပိုက်တွေဟာ ရာသီဥတုဒါဏ်ကြောင့်မာသွားရင် အသစ်လဲပေးဖို့လိုပါတယ်။

(၄) ထို့အတူ မီးဖိုမှာကပ်ငြိနေတဲ့ ဆီခိုးဆီငွေ့များနဲ့အညစ်အကြေးများ ၊ အမှိုက်များဟာလဲ မီးလောင်လွယ်တာမို့ အခါအားလျော်စွာသန့်ရှင်းပေးဖို့လိုအပ်ပါတယ်။ မီးဖိုက ဓါတ်ငွေ့ထွက်ပေါက်လေးများ (outlet nozzles) ကိုလဲ အခါအားလျော်စွာသန့်ရှင်းပေးဖို့လိုအပ်ပါတယ်။

(၅) Gas ယိုစိမ့်ရင် အနံရပါတယ်။ Gas အနံက အလွန်အနံပြင်းပြီး သိသာထင်ရှားလှပါတယ်။ Gas ယိုစိမ့်နေတယ်လို့သံသယရှိနေရင် လျပ်စစ်မီးခလုပ်တောင်မဖွင့်သင့်ပါ။ Gas ယိုစိမ့်နေကြောင်းသံသယရှိပါက မီးဖိုက switch valve ကိုအရင်ပိတ်ပါ။ ပြီးရင် အိုး အထွက် valve ကိုပိတ်ပြီး Gas ယိုစိမ့်မှုကိုသေချာစွာ စစ်ဆေးရမှာဖြစ်ပါတယ်။ ထိုအခါ Gas ယိုစိမ့်နေပါက ပိုက်လိုင်းလက်ကျန်သာ ယိုစိမ့်နိုင်မှာဖြစ်သလို Gas ယိုစိမ့်မှုကိုလဲ (ပထမ Gas နံ့ နံမယ် ၊ valve တွေပိတ်ထားတာကြောင့် နောက်တော့မနံတော့ဘူး) ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Gas ယိုစိမ့်မှုမစစ်ဆေးပဲ လုံးဝအသုံးမပြုသင့်ပါဘူး။

(၆) ချက်ပြုတ်တဲ့အခါ တံခါးများဖွင့်ထားခြင်း ၊ လေဝင်လေထွက်ကောင်းမွန်အောင် လေမှုတ်စက် (blower) များ ၊ အပူငွေ့နှင့်မီးခိုးထုတ်စက် (exhaust fans) များဖွင့်ထားခြင်းတွေလဲပြုလုပ်သင့်ပါတယ်။

(၇) ရေနံဓါတ်ငွေ့ရည် (LPG) ဟာ လေထက်လေးတာကြောင့် အောက်ခြေပိုင်းမှာပဲ (ကြမ်းပြင်နား) ရှိနေတတ်ပြီး ထိုနေရာတွေမှာ လျှပ်စစ်မီးခလုပ်တွေ ၊ extention wire ကြိုးခွေတွေ စတဲ့ မီးလောင်နိုင်တဲ့ ပစ္စည်းတွေနဲ့ရှုပ်ထွေးမနေသင့်ပါဘူး။ ရှင်းလင်းနေရမှာဖြစ်ပါတယ်။

(၈) Gas အိုး နားမှာ အခြားမီးဖိုများရှိမနေသင့်ပါ။ Gas အိုးကို နေရောင်တိုက်ရိုက်ထိတွေ့ခြင်းများ ၊ အပူချိန်မြင့်မားတဲ့နေရာများ ၊ Gas အိုးအနီးသို့ လွယ်လွယ်ကူကူသွားလာလို့မရတဲ့နေရာတွေမှာမထားသင့်ပါ။ နွေရာသီလိုပူပြင်းတဲ့ကာလမျိုးမှာ Gas အိုးကို ဂုံနီအိတ် (သို့မဟုတ်) စောင်ကဲ့သို့ အဝတ်စထူထူကို ရေစွတ်ပြီးအုပ်ထားသင့်ပါတယ်။

(၉) ချက်ပြုတ်ပြီးတဲ့အခါမှာ အိုး အထွက် valve ကို ဦးစွာပိတ်ပြီး မီးဖိုပေါ်ကမီးငြိမ်းသွားတော့မှ မီးဖိုမှ switch valve ကိုပိတ်ပါ။ သို့မှသာ ပိုက်လိုင်းထဲမှာ Gas များကျန်ရှိနေမှာမဟုတ်ပါ။

(၁၀) Gas အိုးနဲ့ မီးဖိုရှိတဲ့နေရာဟာ လေဝင်လေထွက်ကောင်းဖို့ အလွန်အရေးကြီးပါတယ်။ (အကယ်၍ Gas ယိုစိမ့်သည်ရှိသော်) စုပ်ထုတ်နိုင်ရန် exhaust fans များလဲတပ်ဆင်ထားသင့်ပါတယ်။ Gas အိုး နဲ့ မီးဖိုကို ကလေးများလက်လှမ်းမှီနိုင်တဲ့နေရာမှာ မထားဖို့လဲဂရုပြုသင့်ပါတယ်။

(၁၁) ပိန်ရှုံနေတဲ့ အိုးများ ၊ သံချေးကိုက်နေတဲ့အိုးများ ၊ အထွက် valve မကောင်းတဲ့အိုးများကို မသုံးသင့်ပါ။

(၁၂) မီးဖို အနီးနားမှာ အလွယ်တကူအသုံးပြုနိုင်တဲ့ ပေါင်ဒါ (သို့မဟုတ်) အမြုပ်မီးသတ်ဆေးဗူး (Dry powder type or Foam type fire extinguisher) ဆောင်ထားသင့်ပါတယ်။ အကယ်၍ပိုက်လိုင်းအနီ။အနားမှာမီးလောင်ပါက စောင်ကဲ့သို့ ခပ်ထူထူအဝတ်စ (fire blanket) မျိုးကို ရေစွတ်ပြီး မီးလောင်တဲ့နေရာပေါ်ကိုပစ်တင်ခြင်းဖြင့် မီးငြိမ်းသတ်နိုင်ပါတယ်။

(၁၃) မီးဖိုနဲ့ပါတ်သက်ပြီးသံသယတခုခုရှိရင် နားလည်တတ်ကျွမ်းသူများနဲ့သာခေါ်ယူဆွေးနွေးပါ။

ယနေ့အချိန်အခါမှာ မြန်မာပြည်အရပ်ရပ်ရှိ နေအိမ်များ ၊ တိုက်ခန်းများ ၊ စားသောက်ဆိုင်များမှာ Gas မီးဖိုကိုတွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်ပါတယ်။ Gas မီးဖိုဟာ သုံးတတ်ရင်တော့ ချက်ပြုတ် ကြော်လှော်တဲ့နေရာမှာ လွယ်ကူ လျှင်မြန်စွာချက်ပြုတ်နိုင်ခြင်း ၊ ချက်ပြုတ်သုံးစွဲတဲ့အိုးများညစ်ပါတ်မှုမရှိခြင်း ၊ ပါတ်ဝန်းကျင်လေထုညစ်ညမ်းမှုမရှိခြင်း ၊ အလွယ်တကူသယ်ဆောင်သွားနိုင်ခြင်း စတဲ့ အင်မတန်ကောင်းတဲ့အကျိုးကျေးဇူးများကိုရရှိမှာဖြစ်ပါတယ်။

သို့သော် ဂရုမပြု မသုံးစွဲတတ်လျင်တော့ အလွန်ကြောက်စရာကောင်းတဲ့ဘေးဒုက္ခဆိုးများကို သုံးစွဲသူသာမက သုံးစွဲသူ၏အနီးနားပါတ်ဝန်းကျင်ကိုပါထိခိုက်စေမှာဖြစ်ပါတယ်။

ဒါ့ကြောင့် Gas မီးဖိုဟာ ကြောက်စရာကောင်းပေမဲ့ ဂရုစိုက်သုံးစွဲပါက အလွန်အသုံးဝင်သော အိမ်သုံး လုပ်ငန်းသုံးအရေးကြီးပစ္စည်းဖြစ်လို့ လုံခြုံစိတ်ချစွာ အန္တရာယ်ကင်းစွာအသုံးပြုနိုင်ဖို့အတွက် မျှဝေခြင်းဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit : Original Writer

 

[Zawgyi]

Gas မီးဖို သုံးစြဲသူမ်ား သတိထား ဂ႐ုျပဳသင့္ေသာ အခ်က္မ်ား

Gas မီးဖိုသုံးရင္ဘာေတြသတိထားသင့္သလဲ…

(၁) အိုး အထြက္ valve ၊ pressure regulator valve ၊ မီးဖို spark and gas valve ေတြ ေကာင္း မေကာင္း အၿမဲစစ္ေဆးရပါမယ္။ အိုး အထြက္ valve ကိုပိတ္တဲ့အခါမွာ လက္တအားပဲပိတ္ရမွာျဖစ္ပါတယ္။ ထု႐ိုက္ၿပီးပိတ္မ်ိဳးေတြမလုပ္ရပါဘူး။ Gas အိုးကို ေ႐ြ႕တဲ့အခါ ေစာင့္ခ်တာ ၊ ပစ္ခ်တာ ၊ တလိမ့္တုံးလို လွိမ့္တာေတြမလုပ္ရပါဘူး။ အိုး အထြက္ valve ကို pressure regulator valve နဲ႔ လွည့္တပ္တဲ့အခါ အိုး အထြက္ valve အမေခါင္းက အရစ္က ဘယ္ရစ္ျဖစ္သလို pressure regulator valve အဖိုေခါင္း ကလဲ ဘယ္ရစ္ပဲျဖစ္ပါတယ္။ pressure regulator valve အဖိုေခါင္းထိပ္မွာ rubber seal တပ္ထားပါတယ္။ အဲ့ဒိ့ rubber seal ျပတ္ေနရင္ ပဲ့ေနရင္ မေကာင္းရင္ pressure regulator valve ကိုဆက္မသုံးသင့္ပါဘူး။ အိုး အထြက္ valve နဲ႔ pressure regulator valve ေတြရဲ႕ အရစ္ေတြကို အမဲဆီ လုံး၀သုတ္လိမ္းျခင္းမျပဳလုပ္ရပါ။

(၂) Pressure regulator valve ကို အတြင္းမွာ diaphragm ၊ spring တို႔နဲ႔ျပဳလုပ္ထားတဲ့အတြက္ pressure regulator valve ထိပ္က ဘုလုံး (knob) ေလးကို တြန္းလိုက္ရင္ valve ပြင့္ၿပီး မီးဖိုဆီ Gas ေရာက္ပါတယ္။ ဒါ့ေၾကာင့္ အဲ့ဒိ ဘုလုံး (knob) ေလး ဟာ တြန္းလို႔ ဖိလို႔ရ ရပါမယ္။ ဘုလုံး (knob) ေလးကို တြန္းမွ Gas က မီးဖိုက ထြက္လာရမွာျဖစ္ပါတယ္။ ဒီလိုအလုပ္မလုပ္ရင္ pressure regulator valve အသစ္လဲဖို႔လိုပါတယ္။

(၃) ပိုက္လိုင္း ေကာင္း မေကာင္းအခါအားေလ်ာ္စြာစစ္ေဆးရမွာျဖစ္ပါတယ္။ အလြယ္တကူစစ္ေဆးႏိုင္တဲ့နည္းလမ္းကေတာ့ Gas အိုး အထြက္ valve နဲ႔ pressure regulator valve ဖြင့္ထားခ်ိန္ (ဘုလုံး (knob) ေလးကို ဖိၿပီးဖြင့္ထားၿပီးတဲ့အခါ) ဆပ္ျပာရည္ေဖ်ာ္ကို အျမဳပ္ထေအာင္ေမြၿပီး ဆပ္ျပာရည္ျမဳပ္ေတြကို ပိုက္လိုင္းတေလ်ာက္ျဖစ္ေစ ၊ Gas ယိုစိမ့္ေနတယ္လို႔သံသယ႐ွိတဲ့ေနရာကိုျဖစ္ေစ ၊ ပိုက္ဆက္ေတြကိုျဖစ္ေစ သုတ္ၾကည့္ရင္ ဘူစီေပါင္းေလးေတြထလာတဲ့ေနရာမွာ Gas ယိုစိမ့္ေနပါတယ္။

ပိုက္လိုင္းတေလ်ာက္ ပူစီေပါင္း (bubbles) ေလးေတြ မထဖူးဆိုရင္ေတာ့ ပိုက္လိုင္းေကာင္းတယ္လို႔ပဲယူဆရမွာျဖစ္ပါတယ္။ အေကာင္းဆုံးနည္းလမ္းကေတာ့ အိုးနဲ႔မီးဖိုက ပိုက္ဆက္ကိုျဖဳတ္ၿပီး တဖက္ကပိတ္ ၊ အျခားတဖက္ကေန စက္ဘီးေလထိုးတံနဲ႔ထိုး ၊ ဆပ္ျပာရည္ (သို႔မဟုတ္) ေရဇလုံထဲႏွစ္ၾကည့္လို႔ ပူစီေပါင္း (bubbles) ေလးေတြ ထတာေတြ႕ရရင္ အဲ့ဒိေနရာဟာ Gas ယိုစိမ့္ေနပါတယ္။ ဒါဆိုရင္ေတာ့ ဒီပိုက္ကိုအသစ္လဲဖို႔လိုအပ္ပါတယ္။ ပိုက္ေတြဟာ ရာသီဥတုဒါဏ္ေၾကာင့္မာသြားရင္ အသစ္လဲေပးဖို႔လိုပါတယ္။

(၄) ထို႔အတူ မီးဖိုမွာကပ္ၿငိေနတဲ့ ဆီခိုးဆီေငြ႕မ်ားနဲ႔အညစ္အေၾကးမ်ား ၊ အမိႈက္မ်ားဟာလဲ မီးေလာင္လြယ္တာမို႔ အခါအားေလ်ာ္စြာသန္႔႐ွင္းေပးဖို႔လိုအပ္ပါတယ္။ မီးဖိုက ဓါတ္ေငြ႕ထြက္ေပါက္ေလးမ်ား (outlet nozzles) ကိုလဲ အခါအားေလ်ာ္စြာသန္႔႐ွင္းေပးဖို႔လိုအပ္ပါတယ္။

(၅) Gas ယိုစိမ့္ရင္ အနံရပါတယ္။ Gas အနံက အလြန္အနံျပင္းၿပီး သိသာထင္႐ွားလွပါတယ္။ Gas ယိုစိမ့္ေနတယ္လို႔သံသယ႐ွိေနရင္ လ်ပ္စစ္မီးခလုပ္ေတာင္မဖြင့္သင့္ပါ။ Gas ယိုစိမ့္ေနေၾကာင္းသံသယ႐ွိပါက မီးဖိုက switch valve ကိုအရင္ပိတ္ပါ။ ၿပီးရင္ အိုး အထြက္ valve ကိုပိတ္ၿပီး Gas ယိုစိမ့္မႈကိုေသခ်ာစြာ စစ္ေဆးရမွာျဖစ္ပါတယ္။ ထိုအခါ Gas ယိုစိမ့္ေနပါက ပိုက္လိုင္းလက္က်န္သာ ယိုစိမ့္ႏိုင္မွာျဖစ္သလို Gas ယိုစိမ့္မႈကိုလဲ (ပထမ Gas နံ႔ နံမယ္ ၊ valve ေတြပိတ္ထားတာေၾကာင့္ ေနာက္ေတာ့မနံေတာ့ဘူး) ႐ွာေဖြႏိုင္မွာျဖစ္ပါတယ္။ Gas ယိုစိမ့္မႈမစစ္ေဆးပဲ လုံး၀အသုံးမျပဳသင့္ပါဘူး။

(၆) ခ်က္ျပဳတ္တဲ့အခါ တံခါးမ်ားဖြင့္ထားျခင္း ၊ ေလ၀င္ေလထြက္ေကာင္းမြန္ေအာင္ ေလမႈတ္စက္ (blower) မ်ား ၊ အပူေငြ႕ႏွင့္မီးခိုးထုတ္စက္ (exhaust fans) မ်ားဖြင့္ထားျခင္းေတြလဲျပဳလုပ္သင့္ပါတယ္။

(၇) ေရနံဓါတ္ေငြ႕ရည္ (LPG) ဟာ ေလထက္ေလးတာေၾကာင့္ ေအာက္ေျခပိုင္းမွာပဲ (ၾကမ္းျပင္နား) ႐ွိေနတတ္ၿပီး ထိုေနရာေတြမွာ လွ်ပ္စစ္မီးခလုပ္ေတြ ၊ extention wire ႀကိဳးေခြေတြ စတဲ့ မီးေလာင္ႏိုင္တဲ့ ပစၥည္းေတြနဲ႔႐ႈပ္ေထြးမေနသင့္ပါဘူး။ ႐ွင္းလင္းေနရမွာျဖစ္ပါတယ္။

(၈) Gas အိုး နားမွာ အျခားမီးဖိုမ်ား႐ွိမေနသင့္ပါ။ Gas အိုးကို ေနေရာင္တိုက္႐ိုက္ထိေတြ႕ျခင္းမ်ား ၊ အပူခ်ိန္ျမင့္မားတဲ့ေနရာမ်ား ၊ Gas အိုးအနီးသို႔ လြယ္လြယ္ကူကူသြားလာလို႔မရတဲ့ေနရာေတြမွာမထားသင့္ပါ။ ေႏြရာသီလိုပူျပင္းတဲ့ကာလမ်ိဳးမွာ Gas အိုးကို ဂုံနီအိတ္ (သို႔မဟုတ္) ေစာင္ကဲ့သို႔ အ၀တ္စထူထူကို ေရစြတ္ၿပီးအုပ္ထားသင့္ပါတယ္။

(၉) ခ်က္ျပဳတ္ၿပီးတဲ့အခါမွာ အိုး အထြက္ valve ကို ဦးစြာပိတ္ၿပီး မီးဖိုေပၚကမီးၿငိမ္းသြားေတာ့မွ မီးဖိုမွ switch valve ကိုပိတ္ပါ။ သို႔မွသာ ပိုက္လိုင္းထဲမွာ Gas မ်ားက်န္႐ွိေနမွာမဟုတ္ပါ။

(၁၀) Gas အိုးနဲ႔ မီးဖို႐ွိတဲ့ေနရာဟာ ေလ၀င္ေလထြက္ေကာင္းဖို႔ အလြန္အေရးႀကီးပါတယ္။ (အကယ္၍ Gas ယိုစိမ့္သည္႐ွိေသာ္) စုပ္ထုတ္ႏိုင္ရန္ exhaust fans မ်ားလဲတပ္ဆင္ထားသင့္ပါတယ္။ Gas အိုး နဲ႔ မီးဖိုကို ကေလးမ်ားလက္လွမ္းမွီႏိုင္တဲ့ေနရာမွာ မထားဖို႔လဲဂ႐ုျပဳသင့္ပါတယ္။

(၁၁) ပိန္႐ႈံေနတဲ့ အိုးမ်ား ၊ သံေခ်းကိုက္ေနတဲ့အိုးမ်ား ၊ အထြက္ valve မေကာင္းတဲ့အိုးမ်ားကို မသုံးသင့္ပါ။

(၁၂) မီးဖို အနီးနားမွာ အလြယ္တကူအသုံးျပဳႏိုင္တဲ့ ေပါင္ဒါ (သို႔မဟုတ္) အျမဳပ္မီးသတ္ေဆးဗူး (Dry powder type or Foam type fire extinguisher) ေဆာင္ထားသင့္ပါတယ္။ အကယ္၍ပိုက္လိုင္းအနီ။အနားမွာမီးေလာင္ပါက ေစာင္ကဲ့သို႔ ခပ္ထူထူအ၀တ္စ (fire blanket) မ်ိဳးကို ေရစြတ္ၿပီး မီးေလာင္တဲ့ေနရာေပၚကိုပစ္တင္ျခင္းျဖင့္ မီးၿငိမ္းသတ္ႏိုင္ပါတယ္။

(၁၃) မီးဖိုနဲ႔ပါတ္သက္ၿပီးသံသယတခုခု႐ွိရင္ နားလည္တတ္ကြၽမ္းသူမ်ားနဲ႔သာေခၚယူေဆြးေႏြးပါ။

ယေန႔အခ်ိန္အခါမွာ ျမန္မာျပည္အရပ္ရပ္႐ွိ ေနအိမ္မ်ား ၊ တိုက္ခန္းမ်ား ၊ စားေသာက္ဆိုင္မ်ားမွာ Gas မီးဖိုကိုတြင္က်ယ္စြာအသုံးျပဳေနၾကၿပီျဖစ္ပါတယ္။ Gas မီးဖိုဟာ သုံးတတ္ရင္ေတာ့ ခ်က္ျပဳတ္ ေၾကာ္ေလွာ္တဲ့ေနရာမွာ လြယ္ကူ လွ်င္ျမန္စြာခ်က္ျပဳတ္ႏိုင္ျခင္း ၊ ခ်က္ျပဳတ္သုံးစြဲတဲ့အိုးမ်ားညစ္ပါတ္မႈမ႐ွိျခင္း ၊ ပါတ္၀န္းက်င္ေလထုညစ္ညမ္းမႈမ႐ွိျခင္း ၊ အလြယ္တကူသယ္ေဆာင္သြားႏိုင္ျခင္း စတဲ့ အင္မတန္ေကာင္းတဲ့အက်ိဳးေက်းဇူးမ်ားကိုရ႐ွိမွာျဖစ္ပါတယ္။

သို႔ေသာ္ ဂ႐ုမျပဳ မသုံးစြဲတတ္လ်င္ေတာ့ အလြန္ေၾကာက္စရာေကာင္းတဲ့ေဘးဒုကၡဆိုးမ်ားကို သုံးစြဲသူသာမက သုံးစြဲသူ၏အနီးနားပါတ္၀န္းက်င္ကိုပါထိခိုက္ေစမွာျဖစ္ပါတယ္။

ဒါ့ေၾကာင့္ Gas မီးဖိုဟာ ေၾကာက္စရာေကာင္းေပမဲ့ ဂ႐ုစိုက္သုံးစြဲပါက အလြန္အသုံး၀င္ေသာ အိမ္သုံး လုပ္ငန္းသုံးအေရးႀကီးပစၥည္းျဖစ္လို႔ လုံျခဳံစိတ္ခ်စြာ အႏၲရာယ္ကင္းစြာအသုံးျပဳႏိုင္ဖို႔အတြက္ မွ်ေဝျခင္းျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit : Original Writer

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service