အိမ်မြေပိုင်ရှင် ကွယ်လွန်သွားသဖြင့် ကျန်ရစ်သူထံမှ ကိုယ်စားလှယ်လွှဲစာရယူ၍ ဝယ်မည်ဆိုလျှင်

အိမ်မြေပိုင်ရှင် ကွယ်လွန်သွားသဖြင့် ကျန်ရစ်သူထံမှ ကိုယ်စားလှယ်လွှဲစာရယူ၍ ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
20 Aug 2020 12:47 pm တွင် တင်ခဲ့သည်
592 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

“ဆရာ့ရဲ့ စာမူတွေကို facebook မှာ မကြာမကြာတွေ့ပါတယ်။ ဗဟုသုတရပါတယ် ဆရာ။ တစ်နေ့က ...”

“တစ်နေ့က ဘာဖြစ်ခဲ့လဲ” စာရေးသူက လူငယ်လေး၏ စကားကို ဖြတ်၍ မေးလိုက်မိပါသည်။

“ဒီလိုပါ ဆရာ။ ဆရာ့ရဲ့ ဆောင်းပါးအောက်မှာ comment တစ်ခုကို ဖတ်လိုက်ရတယ်”

“ပြောပါဦး စိတ်ဝင်စားစရာ”

“အိမ်မြေပိုင်ရှင်က ကွယ်လွန်သွားပြီ။ ကျန်တဲ့သူဆီက ကိုယ်စားလှယ်လွှဲစာယူထားပြီး ဝယ်လိုက်တာ ဆရာ။ အမည်ပေါက်ရဖို့ ဘယ်လိုဆောင်ရွက်ရမလဲလို့ မေးထားတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ကိုယ်စား လှယ်လွှဲစာယူပြီး ဝယ်ထားတဲ့ မြေကွက်ရှိလို့ ဆရာ့ဆီလာရောက် ဆွေးနွေးတာပါ”

“မောင်ရင့် ပြောစကားအရဆိုရင်တော့ အိမ် မြေ အမည်ပေါက်ပိုင်ရှင်က ကွယ်လွန်သွားပြီ။ ကျန်ရစ်သူဆီက ဝယ်တဲ့သဘောတွေ့ရတယ်။ ကျန်ရစ်တဲ့သူဆိုတာက ကွယ်လွန်သွားသူနဲ့ ဘယ်လိုဆွေမျိုးတော်စပ်ပါသလဲ”

“ဟုတ်တယ် ဆရာ၊ အဲဒီအချက် လိုနေတယ်။ ကျွန်တော် ဝယ်လိုက်တဲ့ မြေကွက်ကတော့ မြေရှင်ရဲ့ သားဆီက ကိုယ်စားလှယ်စာယူထားတာ ဆရာ”

“ကိုယ်စားလှယ်စာဆိုတာက ကိုယ်စားလှယ်စာပေးသူကိုယ်စား လက်မှတ်ရေးထိုးပိုင်ခွင့်၊ တရားရုံး အပါအဝင် အစိုးရရုံးအသီးသီးမှာ ကိုယ်စားလှယ်လွှဲစာပေးသူ ကိုယ်စားသွားရောက်ပိုင်ခွင့်၊ ပြောပိုင်ခွင့်၊ အရေးဆိုပိုင်ခွင့် တွေကို ဆောင်ရွက်ခွင့် ပေးထားတာဖြစ်တယ်”

“ဒါဆိုရင် ကိုယ်စားလှယ်လွှဲစာရရုံနဲ့ အဲဒီမြေကွက်ပိုင်ရှင်ဖြစ်မလာနိုင်ဘူးပေါ့”

“ပိုင်ရှင်အဖြစ် လွှဲပြောင်းပေးတာ မဟုတ်ဘူး။ မြေပိုင်ရှင်ရဲ့ ကိုယ်စား ဆောင်ရွက်ခွင့်သာပေးခြင်းဖြစ် တယ်။ ကိုယ်စားလှယ်လွှဲစာပေးရုံနဲ့ မြေပိုင်ရှင်ဖြစ်မလာဘူး”

“ဒါဆိုရင် ကိုယ်စားလှယ်လွှဲစာယူထားတဲ့ ကျွန်တော်က မြေပိုင်ရှင် ဖြစ်မလာဘူးပေါ့”

“မှန်ပါတယ်။ ကိုယ်ကသာမြေ ပိုင်ရှင်ကိုယ်စားလွှဲပြောင်း ရောင်းချပေးပိုင်ခွင့်ရှိသူဖြစ်ပါတယ်။ ဒီနေရာမှာ မြေပိုင်ရှင်ကိုယ်တိုင်က ကိုယ်စားလှယ်လွှဲစာပေးထားတယ်ဆိုရင်တော့ ပြဿနာအထူးမရှိပေမယ့် မြေပိုင်ရှင် ကွယ်လွန်သွားပြီဆိုရင်တော့ ပြဿနာရှိနိုင်တယ်”

“အခုကိစ္စက မြေပိုင်ရှင်ရဲ့သားဖြစ်သူက ကျွန်တော့်ကို ကိုယ်စားလှယ်စာပေးထားတာ ဆရာ”

“ရှင်းအောင်ပြောရရင် ဒီနေရာမှာ နှစ်ပိုင်းရှိတယ်။ မြေကွက် အမည်ပေါက်အိမ်မြေပိုင်ရှင်ကိုယ်တိုင်က ဝယ်သူကို ကိုယ်စားလှယ်စာပေးထားခြင်းနဲ့ မြေကွက်ပိုင်ရှင် ကွယ်လွန်ထားတဲ့အတွက် အမွေဆက်ခံသူက ဝယ်သူကို ကိုယ်စားလှယ်လွှဲစာပေးထားခြင်းဖြစ်တယ်”

“မြေပိုင်ရှင်ရဲ့သားဖြစ်သူဆီက ကိုယ်စားလှယ်စာရယူထားတာဆိုတော့ တရားဝင်တယ် မဟုတ်လားဆရာ”

“ဒီနေရာမှာ မြေကွက်အမည်ပေါက်က ဖခင်ဒါမှမဟုတ် မိခင်အမည်ပေါက်ဖြစ်မယ်ဆိုရင် အမည်ပေါက်မိဘ တစ်ဦးဦး ကွယ်လွန်သွားတော့ ကျန်ရစ်သူဇနီး ဒါမှမဟုတ် ခင်ပွန်းက မြေကွက်ကို အမွေဆက်ခံပိုင်ဆိုင်မှာဖြစ်ပါတယ်။ ကျန်ရစ်သူထံက မြေကွက်ကို ဝယ်ပြီးကိုယ်စားလှယ်လွှဲစာယူထားတာမျိုးလည်း ရှိတယ်။ ကျန်ရစ်သူက မြေကွက်အမည်ပေါက် ပြောင်းထားပြီးဖြစ်ဖို့တော့လိုတယ်။ ဒီအချက်က အရေးကြီးပါတယ်။ တချို့ကြတော့ မိဘနှစ်ဦးလုံး ကွယ်လွန်သွားလို့ သားသမီးဆီက ဝယ်တာမျိုးရှိတယ်”

“ကျွန်တော့် ကိစ္စမျိုးပေါ့ ဆရာ”

“မှန်ပါတယ်။ ဒါပေမယ့် ကျန်ရစ်သူသားသမီးက တစ်ဦးတည်း မွေးဖွားထားတဲ့ သားသမီးဖြစ်ရင်တော့ သူ့ဆီက ကိုယ်စားလှယ်လွှဲစာယူထားရင် အခက်အခဲမရှိပေမယ့် မွေးဖွားထားတဲ့ သားသမီးက နှစ်ဦးနဲ့အထက် ဖြစ်နေရင်တော့ အားလုံးသဘောတူမှ အရောင်းအဝယ်လို့ရမှာ ဖြစ်တယ်”

“တစ်ခုတော့ ရှိတယ် ဆရာ၊ မြေကွက်အမည်ပေါက်က ဖခင်အမည်ပေါက်ပဲ ရှိသေးတယ်။ သားအမည် မပြောင်းရသေးတော့ ကိုယ်စားလှယ်လွှဲစာယူထားတာ အဆင်ပြေပါ့မလား ဆရာ”

“အမှန်တော့ - ကွယ်လွန်သူအမည်ပေါက် မြေကွက်ကို ဝယ်ရင် မိမိအမည်ပေါက်ရဖို့ အဆင့်ဆင့် ဆောင်ရွက်ရမယ့် သတ်မှတ်ချက်တွေရှိတယ်”

“ဟုတ်ကဲ့ ဆရာ။ အဲဒီအချက်လေးတွေ သိပါရစေ”

(၁) အချက်က၊ အရောင်းနဲ့ အမွေဆက်ခံပိုင်ဆိုင်ဖို့ဆိုပြီး မြေပုံ မြေရာဇဝင် (၂) မျိုးကူးယူရပါမယ်။

“ကျွန်တော်က သားထံက ကိုယ်စားလှယ်လွှဲစာယူထားတော့ လျှောက်လို့ရပါသလား။ သားကိုယ်တိုင်က လျှောက်ရမှာလား”

“စရန်ပေးစာချုပ် ချုပ်ဆိုပေးကတည်းက လိုအပ်တဲ့ မြေပုံ မြေရာဇဝင်ကို ရောင်းသူက ကူးယူပေးရမယ်။ လိုအပ်ရင် စာချုပ်စာတမ်းရုံးကို လိုက်ပါဆောင်ရွက်မယ်ဆိုတဲ့ ကတိထည့်ပြီး ချုပ်ဆိုလေ့ရှိတယ်”

“အဲဒီလိုတော့ စာချုပ်မှာ ရေးမထားဘူး။ သူက လုပ်မပေးနိုင်လို့ ကျွန်တော့်ကို ကိုယ်စားလှယ်လွှဲစာ ပေးလိုက်တာ ဖြစ်ပါတယ်”

“ကျန်ရစ်သူဟာ တစ်ဦးတည်းသော သားဖြစ်နေလို့ မောင်ရင်က သူ့ကိုယ်စားအမွေဆက်ခံသူအဖြစ် လျှောက်ထားလို့ ရပါတယ်”

“ဆရာပြောထားသလို ကွယ်လွန်သူမြေအမည်ပေါက်ရဲ့ ဇနီး၊ ဒါမှမဟုတ် ခင်ပွန်းဖြစ်သူထံက ကိုယ်စားလှယ် စာရယူထားရင်လည်း ရတယ်ပေါ့နော်”

“ဒါပေမယ့် ကျန်ရစ်သူ ဇနီးသို့ မဟုတ် ခင်ပွန်းဟာ တစ်ဦးတည်းသော ဇနီးသို့မဟုတ် ခင်ပွန်းဖြစ်ကြောင်း ကျမ်းကျိန်လွှာပြုလုပ်ဖို့တော့ လိုတယ်”

ဟုတ်တယ် ဆရာ၊ တချို့က ဇနီးနှစ်ယောက် သုံးယောက်ရှိတတ်ကြတာကိုး။ အိမ်ထောင်ကြီးချင်းလည်း အိမ်ထောင်ကျတာမျိုးရှိတတ်ပါတယ်။

“ဒါကြောင့် နံပါတ် (၁) အချက်ဖြစ်တဲ့ မြေပုံမြေရာဇဝင်ကူးတဲ့အခါမှာ သားသမီးများဖြစ်ရင် အမွေ ဆက်ခံသားသမီးများဖြစ်ကြောင်း ကျမ်းကျိန်ကတိသစ္စာပြုလွှာနဲ့ အမွေဆက်ခံသူသားသမီးများ ဒါမှမဟုတ် ဇနီး သို့မဟုတ် ခင်ပွန်းဖြစ်ကြောင်း သိရှိသူနှစ်ဦးရဲ့ ကျမ်းကျိန်လွှာကိုပါ ပူးတွဲလျှောက်ထားရမှာဖြစ်ပါတယ်”

“အဲဒီအချက်တွေ ပြည့်စုံမှ မြေ ပုံထုတ်ပေးမှာ မဟုတ်လား ဆရာ”

“မှန်ပါတယ်။ မြေပုံရပြီဆိုရင် နံပါတ် (၂) အချက်အနေနဲ့ အရောင်း အဝယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရပါတယ်။ မချုပ်ဆိုမီ အခွန်ရုံးမှာ ဝယ်ခွန်ဆောင်ဖို့ လျှောက်ထားပြီး ဝယ်ခွန် အရင်ဆောင်ရပါတယ်”

“မှတ်ပုံတင်စာချုပ် ချုပ်ဆိုရာမှာ ရောင်းသူဝယ်သူအနေနဲ့ ကိုယ်စားလှယ်စာရသူက ဘယ်နေရာမှာ လက်မှတ်ရေးထိုးရပါသလဲ ဆရာ”

“အခုကိစ္စမှာတော့ သားဖြစ်သူ ကိုယ်တိုင်ဆောင်ရွက်ပေးမယ်ဆိုရင် နံပါတ် (၃) အချက်အနေနဲ့ မြေပုံမြေ ရာဇဝင် အခွန်ဆောင်ပြီးကြောင်း စတဲ့ စာရွက်စာတမ်းများနဲ့အတူ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာ စာချုပ်မှာ သားဖြစ်သူကလက်မှတ်ရေးထိုးမယ်။ ပြီးရင် အရောင်းစာချုပ်မှာ ရောင်းသူအဖြစ် အမွေဆက်ခံသူ သားက လက်မှတ်ရေးထိုးပြီး ဝယ်သူအဖြစ် မောင်ရင်က လက်မှတ်ရေးထိုးမှတ်ပုံတင်စာချုပ် ပြုလုပ်ချုပ်ဆိုရမှာ ဖြစ်တယ်”

“စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ ချုပ်ဆိုရမှာပေါ့ ဆရာ”

“မှန်ပါတယ်။ ဒီနေရာမှာ ကိုယ်စားလှယ်စာရသူအနေနဲ့ ရောင်းတဲ့ သားဖြစ်သူကိုယ်စား လက်မှတ်ရေး ထိုးရင်တော့ ဝယ်သူအဖြစ်အခြား တစ်ဦးတစ်ယောက်ကို ထားရမှာဖြစ်တယ်။ ကိုယ်စားလှယ်စာရသူက ဝယ်သူအဖြစ် ဆောင်ရွက်ခွင့်မရပါဘူး”

“ဒါဆိုရင် ကျွန်တော်က သားဖြစ် သူကိုယ်စားလက်မှတ်ထိုးရင် ရောင်းသူဖြစ်သွားပြီး ဝယ်သူမဖြစ်တော့ဘူးပေါ့။ မြေကွက်အမည်ပေါက်လည်း ဝယ်သူအမည်က ပိုင်ရှင်ဖြစ်သွားမှာပေါ့”

“မှန်ပါတယ်။ နံပါတ် (၄) အချက်အနေနဲ့ မှတ်ပုံတင်အရောင်းအ ဝယ်စာချုပ်ချုပ်ပြီးရင်တော့ မြေကွက်ကို ဝယ်သူအမည်ပေါက် ပြောင်းဖို့ သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီမှာ လျှောက်ရပါမယ်။ ဒါကြောင့် ကိုယ်စားလှယ်လွှဲစာရယူတဲ့အခါမှာ အမှန်တကယ် ဝယ်ယူအမည်ပေါက်လိုသူက ကိုယ်စားလှယ် လွှဲစာကို အိမ်မြေပိုင်ရှင်ထံက မယူပဲသင့်တော်သူတစ်ဦးတစ်ယောက်က ရယူပါ”လို့ အထူးသတိပေးဆွေးနွေး လိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

အိမ္ေျမပုိင္ရွင္ ကြယ္လြန္သြားသျဖင့္ က်န္ရစ္သူထံမွ ကုိယ္စားလွယ္လႊဲစာရယူ၍ ၀ယ္မည္ဆုိလွ်င္

“ဆရာ့ရဲ႕ စာမူေတြကို facebook မွာ မၾကာမၾကာေတြ႕ပါတယ္။ ဗဟုသုတရပါတယ္ ဆရာ။ တစ္ေန႔က ...”

“တစ္ေန႔က ဘာျဖစ္ခဲ့လဲ” စာေရးသူက လူငယ္ေလး၏ စကားကို ျဖတ္၍ ေမးလုိက္မိပါသည္။

“ဒီလုိပါ ဆရာ။ ဆရာ့ရဲ႕ ေဆာင္းပါးေအာက္မွာ comment တစ္ခုကို ဖတ္လုိက္ရတယ္”

“ေျပာပါဦး စိတ္၀င္စားစရာ”

“အိမ္ေျမပုိင္ရွင္က ကြယ္လြန္သြားၿပီ။ က်န္တဲ့သူဆီက ကုိယ္စားလွယ္လႊဲစာယူထားၿပီး ၀ယ္လုိက္တာ ဆရာ။ အမည္ေပါက္ရဖုိ႔ ဘယ္လုိေဆာင္ရြက္ရမလဲလုိ႔ ေမးထားတယ္။ ကၽြန္ေတာ္ ကုိယ္တုိင္လည္း ကုိယ္စား လွယ္လႊဲစာယူၿပီး ၀ယ္ထားတဲ့ ေျမကြက္ရွိလုိ႔ ဆရာ့ဆီလာေရာက္ ေဆြးေႏြးတာပါ”

“ေမာင္ရင့္ ေျပာစကားအရဆုိရင္ေတာ့ အိမ္ ေျမ အမည္ေပါက္ပုိင္ရွင္က ကြယ္လြန္သြားၿပီ။ က်န္ရစ္သူဆီက ၀ယ္တဲ့သေဘာေတြ႕ရတယ္။ က်န္ရစ္တဲ့သူဆုိတာက ကြယ္လြန္သြားသူနဲ႔ ဘယ္လိုေဆြမ်ဳိးေတာ္စပ္ပါသလဲ”

“ဟုတ္တယ္ ဆရာ၊ အဲဒီအခ်က္ လုိေနတယ္။ ကၽြန္ေတာ္ ၀ယ္လုိက္တဲ့ ေျမကြက္ကေတာ့ ေျမရွင္ရဲ႕ သားဆီက ကုိယ္စားလွယ္စာယူထားတာ ဆရာ”

“ကုိယ္စားလွယ္စာဆုိတာက ကုိယ္စားလွယ္စာေပးသူကုိယ္စား လက္မွတ္ေရးထုိးပုိင္ခြင့္၊ တရား႐ုံး အပါအ၀င္ အစုိးရ႐ုံးအသီးသီးမွာ ကုိယ္စားလွယ္လႊဲစာေပးသူ ကုိယ္စားသြားေရာက္ပုိင္ခြင့္၊ ေျပာပုိင္ခြင့္၊ အေရးဆုိပုိင္ခြင့္ ေတြကို ေဆာင္ရြက္ခြင့္ ေပးထားတာျဖစ္တယ္”

“ဒါဆုိရင္ ကုိယ္စားလွယ္လဲႊစာရ႐ုံနဲ႔ အဲဒီေျမကြက္ပုိင္ရွင္ျဖစ္မလာႏုိင္ဘူးေပါ့”

“ပုိင္ရွင္အျဖစ္ လႊဲေျပာင္းေပးတာ မဟုတ္ဘူး။ ေျမပုိင္ရွင္ရဲ႕ ကုိယ္စား ေဆာင္ရြက္ခြင့္သာေပးျခင္းျဖစ္ တယ္။ ကုိယ္စားလွယ္လႊဲစာေပး႐ုံနဲ႔ ေျမပုိင္ရွင္ျဖစ္မလာဘူး”

“ဒါဆုိရင္ ကုိယ္စားလွယ္လႊဲစာယူထားတဲ့ ကၽြန္ေတာ္က ေျမပုိင္ရွင္ ျဖစ္မလာဘူးေပါ့”

“မွန္ပါတယ္။ ကုိယ္ကသာေျမ ပိုင္ရွင္ကုိယ္စားလႊဲေျပာင္း ေရာင္းခ်ေပးပိုင္ခြင့္ရွိသူျဖစ္ပါတယ္။ ဒီေနရာမွာ ေျမပုိင္ရွင္ကုိယ္တုိင္က ကုိယ္စားလွယ္လႊဲစာေပးထားတယ္ဆုိရင္ေတာ့ ျပႆနာအထူးမရွိေပမယ့္ ေျမပုိင္ရွင္ ကြယ္လြန္သြားၿပီဆုိရင္ေတာ့ ျပႆနာရွိႏုိင္တယ္”

“အခုကိစၥက ေျမပုိင္ရွင္ရဲ႕သားျဖစ္သူက ကၽြန္ေတာ့္ကုိ ကုိယ္စားလွယ္စာေပးထားတာ ဆရာ”

“ရွင္းေအာင္ေျပာရရင္ ဒီေနရာမွာ ႏွစ္ပုိင္းရွိတယ္။ ေျမကြက္ အမည္ေပါက္အိမ္ေျမပုိင္ရွင္ကုိယ္တုိင္က ၀ယ္သူကို ကုိယ္စားလွယ္စာေပးထားျခင္းနဲ႔ ေျမကြက္ပိုင္ရွင္ ကြယ္လြန္ထားတဲ့အတြက္ အေမြဆက္ခံသူက ၀ယ္သူကို ကုိယ္စားလွယ္လႊဲစာေပးထားျခင္းျဖစ္တယ္”

“ေျမပုိင္ရွင္ရဲ႕သားျဖစ္သူဆီက ကုိယ္စားလွယ္စာရယူထားတာဆုိေတာ့ တရား၀င္တယ္ မဟုတ္လားဆရာ”

“ဒီေနရာမွာ ေျမကြက္အမည္ေပါက္က ဖခင္ဒါမွမဟုတ္ မိခင္အမည္ေပါက္ျဖစ္မယ္ဆုိရင္ အမည္ေပါက္မိဘ တစ္ဦးဦး ကြယ္လြန္သြားေတာ့ က်န္ရစ္သူဇနီး ဒါမွမဟုတ္ ခင္ပြန္းက ေျမကြက္ကုိ အေမြဆက္ခံပိုင္ဆုိင္မွာျဖစ္ပါတယ္။ က်န္ရစ္သူထံက ေျမကြက္ကို ၀ယ္ၿပီးကုိယ္စားလွယ္လႊဲစာယူထားတာမ်ဳိးလည္း ရွိတယ္။ က်န္ရစ္သူက ေျမကြက္အမည္ေပါက္ ေျပာင္းထားၿပီးျဖစ္ဖုိ႔ေတာ့လုိတယ္။ ဒီအခ်က္က အေရးႀကီးပါတယ္။ တခ်ဳိ႕ၾကေတာ့ မိဘႏွစ္ဦးလုံး ကြယ္လြန္သြားလုိ႔ သားသမီးဆီက ၀ယ္တာမ်ဳိးရွိတယ္”

“ကၽြန္ေတာ့္ ကိစၥမ်ဳိးေပါ့ ဆရာ”

“မွန္ပါတယ္။ ဒါေပမယ့္ က်န္ရစ္သူသားသမီးက တစ္ဦးတည္း ေမြးဖြားထားတဲ့ သားသမီးျဖစ္ရင္ေတာ့ သူ႔ဆီက ကုိယ္စားလွယ္လႊဲစာယူထားရင္ အခက္အခဲမရွိေပမယ့္ ေမြးဖြားထားတဲ့ သားသမီးက ႏွစ္ဦးနဲ႔အထက္ ျဖစ္ေနရင္ေတာ့ အားလုံးသေဘာတူမွ အေရာင္းအ၀ယ္လုိ႔ရမွာ ျဖစ္တယ္”

“တစ္ခုေတာ့ ရွိတယ္ ဆရာ၊ ေျမကြက္အမည္ေပါက္က ဖခင္အမည္ေပါက္ပဲ ရွိေသးတယ္။ သားအမည္ မေျပာင္းရေသးေတာ့ ကုိယ္စားလွယ္လႊဲစာယူထားတာ အဆင္ေျပပါ့မလား ဆရာ”

“အမွန္ေတာ့ - ကြယ္လြန္သူအမည္ေပါက္ ေျမကြက္ကုိ ၀ယ္ရင္ မိမိအမည္ေပါက္ရဖုိ႔ အဆင့္ဆင့္ ေဆာင္ရြက္ရမယ့္ သတ္မွတ္ခ်က္ေတြရွိတယ္”

“ဟုတ္ကဲ့ ဆရာ။ အဲဒီအခ်က္ေလးေတြ သိပါရေစ”

(၁) အခ်က္က၊ အေရာင္းနဲ႔ အေမြဆက္ခံပုိင္ဆုိင္ဖုိ႔ဆုိၿပီး ေျမပုံ ေျမရာဇ၀င္ (၂) မ်ဳိးကူးယူရပါမယ္။

“ကၽြန္ေတာ္က သားထံက ကုိယ္စားလွယ္လႊဲစာယူထားေတာ့ ေလွ်ာက္လုိ႔ရပါသလား။ သားကုိယ္တုိင္က ေလွ်ာက္ရမွာလား”

“စရန္ေပးစာခ်ဳပ္ ခ်ဳပ္ဆုိေပးကတည္းက လုိအပ္တဲ့ ေျမပုံ ေျမရာဇ၀င္ကို ေရာင္းသူက ကူးယူေပးရမယ္။ လုိအပ္ရင္ စာခ်ဳပ္စာတမ္း႐ုံးကို လုိက္ပါေဆာင္ရြက္မယ္ဆိုတဲ့ ကတိထည့္ၿပီး ခ်ဳပ္ဆုိေလ့ရွိတယ္”

“အဲဒီလုိေတာ့ စာခ်ဳပ္မွာ ေရးမထားဘူး။ သူက လုပ္မေပးႏုိင္လုိ႔ ကၽြန္ေတာ့္ကို ကုိယ္စားလွယ္လႊဲစာ ေပးလုိက္တာ ျဖစ္ပါတယ္”

“က်န္ရစ္သူဟာ တစ္ဦးတည္းေသာ သားျဖစ္ေနလုိ႔ ေမာင္ရင္က သူ႔ကုိယ္စားအေမြဆက္ခံသူအျဖစ္ ေလွ်ာက္ထားလုိ႔ ရပါတယ္”

“ဆရာေျပာထားသလုိ ကြယ္လြန္သူေျမအမည္ေပါက္ရဲ႕ ဇနီး၊ ဒါမွမဟုတ္ ခင္ပြန္းျဖစ္သူထံက ကုိယ္စားလွယ္ စာရယူထားရင္လည္း ရတယ္ေပါ့ေနာ္”

“ဒါေပမယ့္ က်န္ရစ္သူ ဇနီးသုိ႔ မဟုတ္ ခင္ပြန္းဟာ တစ္ဦးတည္းေသာ ဇနီးသုိ႔မဟုတ္ ခင္ပြန္းျဖစ္ေၾကာင္း က်မ္းက်ိန္လႊာျပဳလုပ္ဖုိ႔ေတာ့ လုိတယ္”

ဟုတ္တယ္ ဆရာ၊ တခ်ဳိ႕က ဇနီးႏွစ္ေယာက္ သုံးေယာက္ရွိတတ္ၾကတာကုိး။ အိမ္ေထာင္ႀကီးခ်င္းလည္း အိမ္ေထာင္က်တာမ်ဳိးရွိတတ္ပါတယ္။

“ဒါေၾကာင့္ နံပါတ္ (၁) အခ်က္ျဖစ္တဲ့ ေျမပုံေျမရာဇ၀င္ကူးတဲ့အခါမွာ သားသမီးမ်ားျဖစ္ရင္ အေမြ ဆက္ခံသားသမီးမ်ားျဖစ္ေၾကာင္း က်မ္းက်ိန္ကတိသစၥာျပဳလႊာနဲ႔ အေမြဆက္ခံသူသားသမီးမ်ား ဒါမွမဟုတ္ ဇနီး သုိ႔မဟုတ္ ခင္ပြန္းျဖစ္ေၾကာင္း သိရွိသူႏွစ္ဦးရဲ႕ က်မ္းက်ိန္လႊာကိုပါ ပူးတြဲေလွ်ာက္ထားရမွာျဖစ္ပါတယ္”

“အဲဒီအခ်က္ေတြ ျပည့္စုံမွ ေျမ ပုံထုတ္ေပးမွာ မဟုတ္လား ဆရာ”

“မွန္ပါတယ္။ ေျမပုံရၿပီဆုိရင္ နံပါတ္ (၂) အခ်က္အေနနဲ႔ အေရာင္း အ၀ယ္မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆုိရပါတယ္။ မခ်ဳပ္ဆုိမီ အခြန္႐ုံးမွာ ၀ယ္ခြန္ေဆာင္ဖုိ႔ ေလွ်ာက္ထားၿပီး ၀ယ္ခြန္ အရင္ေဆာင္ရပါတယ္”

“မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆုိရာမွာ ေရာင္းသူ၀ယ္သူအေနနဲ႔ ကုိယ္စားလွယ္စာရသူက ဘယ္ေနရာမွာ လက္မွတ္ေရးထုိးရပါသလဲ ဆရာ”

“အခုကိစၥမွာေတာ့ သားျဖစ္သူ ကုိယ္တုိင္ေဆာင္ရြက္ေပးမယ္ဆုိရင္ နံပါတ္ (၃) အခ်က္အေနနဲ႔ ေျမပုံေျမ ရာဇ၀င္ အခြန္ေဆာင္ၿပီးေၾကာင္း စတဲ့ စာရြက္စာတမ္းမ်ားန႔ဲအတူ အေမြဆက္ခံပုိင္ဆုိင္ေၾကာင္း ေၾကညာ စာခ်ဳပ္မွာ သားျဖစ္သူကလက္မွတ္ေရးထုိးမယ္။ ၿပီးရင္ အေရာင္းစာခ်ဳပ္မွာ ေရာင္းသူအျဖစ္ အေမြဆက္ခံသူ သားက လက္မွတ္ေရးထုိးၿပီး ၀ယ္သူအျဖစ္ ေမာင္ရင္က လက္မွတ္ေရးထုိးမွတ္ပုံတင္စာခ်ဳပ္ ျပဳလုပ္ခ်ဳပ္ဆုိရမွာ ျဖစ္တယ္”

“စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးမွာ ခ်ဳပ္ဆုိရမွာေပါ့ ဆရာ”

“မွန္ပါတယ္။ ဒီေနရာမွာ ကုိယ္စားလွယ္စာရသူအေနနဲ႔ ေရာင္းတဲ့ သားျဖစ္သူကုိယ္စား လက္မွတ္ေရး ထုိးရင္ေတာ့ ၀ယ္သူအျဖစ္အျခား တစ္ဦးတစ္ေယာက္ကို ထားရမွာျဖစ္တယ္။ ကုိယ္စားလွယ္စာရသူက ၀ယ္သူအျဖစ္ ေဆာင္ရြက္ခြင့္မရပါဘူး”

“ဒါဆုိရင္ ကၽြန္ေတာ္က သားျဖစ္ သူကုိယ္စားလက္မွတ္ထုိးရင္ ေရာင္းသူျဖစ္သြားၿပီး ၀ယ္သူမျဖစ္ေတာ့ဘူးေပါ့။ ေျမကြက္အမည္ေပါက္လည္း ၀ယ္သူအမည္က ပုိင္ရွင္ျဖစ္သြားမွာေပါ့”

“မွန္ပါတယ္။ နံပါတ္ (၄) အခ်က္အေနနဲ႔ မွတ္ပုံတင္အေရာင္းအ ၀ယ္စာခ်ဳပ္ခ်ဳပ္ၿပီးရင္ေတာ့ ေျမကြက္ကုိ ၀ယ္သူအမည္ေပါက္ ေျပာင္းဖုိ႔ သက္ဆုိင္ရာ ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီမွာ ေလွ်ာက္ရပါမယ္။ ဒါေၾကာင့္ ကုိယ္စားလွယ္လႊဲစာရယူတဲ့အခါမွာ အမွန္တကယ္ ၀ယ္ယူအမည္ေပါက္လုိသူက ကုိယ္စားလွယ္ လႊဲစာကို အိမ္ေျမပုိင္ရွင္ထံက မယူပဲသင့္ေတာ္သူတစ္ဦးတစ္ေယာက္က ရယူပါ”လုိ႔ အထူးသတိေပးေဆြးေႏြး လုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service