အသင်းအဖွဲ့၊ ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုရာတွင် ဆက်ခံသူများ အကျုံးဝင်စေရန်အကြောင်း
အသင်းအဖွဲ့၊ ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုရာတွင် ဆက်ခံသူများ အကျုံးဝင်စေရန်အကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
20 Aug 2020 11:52 am တွင် တင်ခဲ့သည်
645 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
လူပုဂ္ဂိုလ်အချင်းချင်း စာချုပ်ချုပ်ဆိုရမှုများရှိသကဲ့သို့ လူပုဂ္ဂိုလ်နှင့် အသင်းအဖွဲ့၊ ကုမ္ပဏီများ၊ အသင်း အဖွဲ့အချင်းချင်း ကုမ္ပဏီအချင်းချင်း ချုပ်ဆိုကြသည်များလည်းရှိပါသည်။
ထိုသို့ချုပ်ဆိုရာတွင် အသင်းအဖွဲ့၊ ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုသောအခါတွင် အသင်းအဖွဲ့ သို့မဟုတ် ကုမ္ပဏီ စသည်တို့ကို ကိုယ်စားပြုသောလူပုဂ္ဂိုလ်က လက်မှတ်ရေးထိုးကြရပါသည်။ လက်မှတ် ရေးထိုးချုပ်ဆိုရာတွင် လက်ရှိ အသင်း အဖွဲ့ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ လက်မှတ်ရေးထိုးကြရပါသည်။ အသင်းအဖွဲ့၊ ကုမ္ပဏီများကိုယ်စား လက်မှတ်ရေးထိုးရတွင် တာဝန်ပေးအပ်ထားကြောင်း အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်းလိုအပ်မည် ဖြစ်သည်။ ထိုသို့လက်မှတ်ရေးထိုးချုပ်ဆိုရာတွင် လက်ရှိအသင်းအဖွဲ့ ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ အနေနှင့် ဆင်ခြေမပေးနိုင်အောက် စာချုပ်တွင် အောက်ပါ အတိုင်း ဖော်ပြချုပ်ဆို ရပါသည်။
“……အသင်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌဖြစ်သူ ဦး…..က ( ) ရက်နေ့ပြုလုပ်သော အသင်းအမှုဆောင် အဖွဲ့အစည်း အဝေး ဆုံးဖြတ်ချက်အရ မိမိကိုယ်စားပြုသော အသင်းအဖွဲ့၏ လုပ်ပိုင်ခွင့် အခွင့်အာဏာကို ကျင့်သုံး၍ လက်မှတ်ရေးထိုးပါသည်” ဟူ၍ ဖော်ပြလျက်
(ဖော်ပြပါ အသင်းအဖွဲ့ ကုမ္ပဏီဟု ဆိုရာတွင် မိမိတို့အပြင် အသင်းအဖွဲ့၊ ကုမ္ပဏီ၏ ဆက်ခံသူများ၊ ဆက်ခံခွင့်ရှိသူများ၊ ကုမ္ပဏီတာဝန်ရှိသူများ၊ တရားဝင်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်စာရသူများ အားလုံး အကြုံးဝင်သည် ဟူ၍ မှတ်ယူကြရမည် ဖြစ်သည် “ ဟူသောအပိုဒ်ကို ထည့်သွင်း ချုပ်ဆိုရပါသည်။
လူပုဂ္ဂိုလ်အချင်းချင်းချုပ်ဆိုကြသည့် စာချုပ်များတွင်လည်း အောက်ပါအတိုင်း ဖော်ပြချုပ်ဆိုရန် လိုအပ်မည်ဖြစ်သည်။
(အထက်ပါ ရောင်းသူ ဝယ်သူဟု ဆိုရာတွင် ၎င်းတို့၏ အမွေစားအမွေခံများ၊ အမွေဆက်ခံခွင့်ရှိသူများ တရားဝင်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်စာရသူများအားလုံး အကြုံးဝင်သည် ဟူ၍ မှတ်ယူကြရမည်သည်။)
ရောင်းသူဘက် အမွေစားအမွေခံများ၊ အမွေဆက်ခံခွင့်ရှိသူများ၊ တရားဝင်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်စာရသူများက ၎င်းတို့ မသိရပါကြောင်း သို့မဟုတ် ၎င်းတို့ မဆောင်ရွက်ပေးနိုင်ပါကြောင်း ငြင်းပယ်ခွင့် မရှိစေရန် ထည့်သွင်းရခြင်း ဖြစ်ပါသည်။ အလားတူပင် ဝယ်သူဘက် အမွေစားအမွေခံများ၊ အမွေဆက်ခံပိုင်ဆိုင်သူများ၊ တရားဝင်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လွှဲစာရသူများအနေဖြင့် ဆက်လက် ပါဝင်ဆောင်ရွက်ခွင့်ရှိကြောင်းကို ပြောခွင့်ရှိစေရန် ထည့်သွင်းရခြင်း ဖြစ်ပါသည်။
မောင်ဘ မကွယ်လွန်မီ စရန်ငွေယူ၍ အိမ်နှင့်မြေကို ရောင်းပါသည်။ ထိုနောက် မောင်ဘကွယ်လွန်ရာ ဝယ်သူဦးပါက မောင်ဘ၏ အမွေစားအမွေခံများ၊ အမွေဆက်ခံခွင့်ရှိသူများ၊ တရားဝင်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လွှဲစာရသူများကို စရန်ပေးစာချုပ်ပါအတိုင်း ဆက်လက်ဆောင်ရွက်ပါရန် တောင်းဆိုမှုကို ရောင်းသူ၏ ဆံခံပိုင်ဆိုင်သူများက ငြင်းခွင့်မရအောင် ဖော်ပြပါအချက်ကို ထည့်သွင်း ချုပ်ဆိုခြင်းဖြစ်ပါသည်။ ယင်းအခွင့်အရေးသည် ဟိုဘက် သည်ဘက် နှစ်ဦးနှစ်ဖက် ရရှိမည့် အခွင့်အရေးဖြစ်ပါသည်။
သို့သော် ထိုနေရာတွင် သတိပြုရမည့် အချက်တစ်ရပ်လည်း ရှိပါသည်။ မောင်ဘက ဦးပါကို ပန်းပုရုပ်ထုလုပ်ပေးရန် စရန်ငွေပေး၍ စာချုပ်ချုပ်ပြီး အလုပ်အပ်ပါသည်။ ဦးပါ ပန်းပုရုပ် မပြီးဆုံးမီ ကွယ်လွန်ပါသည်။ ဦးပါကွယ်လွန်ပြီး ဖြစ်သော်လည်း မောင်ဘက ဦးပါ၏ ဆက်ခံသူများကို ဖော်ပြပါ စာပိုဒ် အချက်ကို ထောက်၍ ပန်းပုရုပ် ပြီးဆုံးအောင် ထုလုပ်ပေးရန် တောင်းဆို မည်ဆိုက မသင့်ဟုဆိုရပါမည်။ စာချုပ်တွင် ဖော်ပြပါ အချက်ထည့်သွင်း ချုပ်ဆိုသော်လည်း တောင်းဆိုခွင့် မရဟုဆိုရပါမည်။ အဘယ်ကြောင့် ဆိုသော စာချုပ်ပါ အပေးအယူပြုမှုသည် စာချုပ်ချုပ်သူ လူပုဂ္ဂိုလ်၏ အတတ်ပညာပိုင်း သက်သက်နှင့် သက်ဆိုင်သော ကိစ္စရပ်ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
MIngalardon Garden City
Aung Theikdi Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service