သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ-၉ အရ ပစ္စည်းလက်ရှိမှ လက်မဲ့ဖြစ်သွားသူ၏ နစ်နာမှုကိုအကြောင်းပြု၍ စွဲဆိုသည့် ကျူးကျော်နေထိုင်သူအား နှင်လိုမှုအကြောင်း

သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ-၉ အရ ပစ္စည်းလက်ရှိမှ လက်မဲ့ဖြစ်သွားသူ၏ နစ်နာမှုကိုအကြောင်းပြု၍ စွဲဆိုသည့် ကျူးကျော်နေထိုင်သူအား နှင်လိုမှုအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
19 Aug 2020 3:34 pm တွင် တင်ခဲ့သည်
2910 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ကျူးကျော်သူများအားနှင်လိုမှုစွဲဆိုရာတွင် အများအားဖြင့် သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ-၈ အရ စွဲဆိုသည့်အမှုနှင့် သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ-၉ အရ စွဲဆိုသည့်အမှုဟူ၍ (၂)မျိုးစွဲလိုလေ့ရှိသည်ကို တွေ့ရသည်။ သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ-၉အရ စွဲဆိုမှုမှာ အောက်ပါအတိုင်းဖြစ်သည်။

တရားပြိုင်သည် ပစ္စည်းလက်ရှိဖြစ်သူ တရားလိုအား ၎င်း၏သဘောတူညီမှုလည်းမရှိ ၊ တရားရုံး၏ အမိန့်အရလည်းမဟုတ်ဘဲ လက်မဲ့ဖြစ်စေခဲ့လျှင် သီးခြားသက်သာခွင့်ဥပဒေခပုဒ်မ-၉ နှင့် သက်ဆိုင်သည်။

သီးခြား သက်သာခွင့်ဥပဒေ ပုဒ်မ-၉ အရစွဲဆိုခွင့်သည် ပစ္စည်း လက်ရှိဖြစ်ခဲ့သူတစ်ဦး၏ နစ်နာမှုကိုအချိန်တိုအတွင်း သက်သာခွင့်ပြန်ရစေရန် ဥပဒေက ပေးထားသောအခွင့်အရေးဖြစ်သည်။

ထိုဥပဒေ၏ ရည်ရွယ်ချက်မှာ မည်မျှပင် ပစ္စည်းအပေါ်ပိုင်ဆိုင်ခွင့် ခိုင်မာစွာရှိကြသူများဖြစ်နေကြစေကာမူ၊ ၎င်းတို့အနေဖြင့် ယင်းပစ္စည်း ရရှိရေးအတွက် အနိုင်အထက်ပြုလုပ်ကြမည့်အရေးမှ အကာအကွယ်ပေးရန် ဖြစ်သည်။ (ပစ္စည်းလက်ရှိမှ လက်မဲ့ ဖြစ်သွားလျှင် -ပုဒ်မ ၉)

သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ-၉ အရ တရားစွဲဆိုရန် လိုအပ်သောအင်္ဂါရပ်များမှာ -

- မရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်ရမည်။

- တရားလိုလက်ရှိဖြစ်ရမည်။

- တရားပြိုင်က ဥပဒေလမ်းကြောင်းအတိုင်းမဟုတ်ဘဲ ဖယ်ရှားခြင်ဖြစ်ရမည်။

- တရားလိုက လက်မဲ့ဖြစ်သွားသဖြင့် လက်ရောက်ရလိုမှုစွဲဆိုခြင်းဖြစ်ရမည်။

- တရားလိုက ပစ္စည်းလက်လွတ်ဖြစ်သည့်နေ့မှ (၆)လအတွင်း အမှုစွဲဆိုခြင်းဖြစ်ရမည်စသည့် အချက်များ ပြည့်စုံရန်လိုအပ်မည်။

ထိုသို့စွဲဆိုရာတွင် အချင်းဖြစ်ပစ္စည်းတည်ရှိရာဒေသရှိ စီရင်ပိုင်ခွင့်ရှိသော တရားရုံးတစ်ရုံးရုံးတွင် စွဲဆို ရမည်။ ရုံးခွန်မှာ အမှုတန်ဘိုး၏ ထက်ဝက်သာလျှင် ထမ်းဆောင်ရသည်။ တရားပြိုင်များသည် အချင်းဖြစ် မြေကွက်ကို တရားလိုထက်စော၍ဝယ်ထားကြောင်း ပေါ်ပေါက်စေကာမူ အချင်းဖြစ်ချိန်၌ လက်ရှိဖြစ်နေသူ တရားလိုအား ဥပဒေအရမဟုတ်ဘဲ ဖယ်ရှားခြင်းခံရပြီး လက်လွတ်ဆုံးရှုံးခဲ့ကြောင်းကို အခိုင်အမာထင်ရှားစွာ သက်သေပြရမည်ဖြစ်သည်။ သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ-၉ အရ စွဲဆိုသောအမှုတွင် ပိုင်ရေးဆိုင်ခွင့် ပြဿနာမှာ မစပ်ဆိုင် သက်သေခံ မဝင်ပါ။

သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ-၉ အရ တရားစွဲဆိုသော အမှုတွင် ချမှတ်သောဒီကရီကို အယူခံခွင့်မရှိဟု ယင်းဥပဒေပုဒ်မတွင် အတိအလင်းပိတ်ပင်ထားသဖြင့် တရားမကျင့်ထုံးဥပဒေ ပုဒ်မ- ၁၁၅ အရ ပြင်ဆင်မှုသာ တက်ရောက်ခွင့်ရှိမည်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

သီးျခားသက္သာခြင့္ဥပေဒ ပုဒ္မ-၉ အရ ပစၥည္းလက္ရွိမွ လက္မဲ့ျဖစ္သြားသူ၏ နစ္နာမႈကိုအေၾကာင္းျပဳ၍ စြဲဆိုသည့္ က်ဴးေက်ာ္ေနထိုင္သူအား ႏွင္လိုမႈအေၾကာင္း

က်ဴးေက်ာ္သူမ်ားအားႏွင္လိုမႈစြဲဆိုရာတြင္ အမ်ားအားျဖင့္ သီးျခားသက္သာခြင့္ဥပေဒ ပုဒ္မ-၈ အရ စြဲဆိုသည့္အမႈႏွင့္ သီးျခားသက္သာခြင့္ဥပေဒ ပုဒ္မ-၉ အရ စြဲဆိုသည့္အမႈဟူ၍ (၂)မ်ိဳးစြဲလိုေလ့ရွိသည္ကို ေတြ႕ရသည္။ သီးျခားသက္သာခြင့္ဥပေဒ ပုဒ္မ-၉အရ စြဲဆိုမႈမွာ ေအာက္ပါအတိုင္းျဖစ္သည္။

တရားၿပိဳင္သည္ ပစၥည္းလက္ရွိျဖစ္သူ တရားလိုအား ၎၏သေဘာတူညီမႈလည္းမရွိ ၊ တရား႐ုံး၏ အမိန္႔အရလည္းမဟုတ္ဘဲ လက္မဲ့ျဖစ္ေစခဲ့လွ်င္ သီးျခားသက္သာခြင့္ဥပေဒခပုဒ္မ-၉ ႏွင့္ သက္ဆိုင္သည္။

သီးျခား သက္သာခြင့္ဥပေဒ ပုဒ္မ-၉ အရစြဲဆိုခြင့္သည္ ပစၥည္းလက္ရွိျဖစ္ခဲ့သူတစ္ဦး၏ နစ္နာမႈကိုအခ်ိန္တိုအတြင္း သက္သာခြင့္ျပန္ရေစရန္ ဥပေဒက ေပးထားေသာအခြင့္အေရးျဖစ္သည္။

ထိုဥပေဒ၏ ရည္႐ြယ္ခ်က္မွာ မည္မွ်ပင္ ပစၥည္းအေပၚပိုင္ဆိုင္ခြင့္ ခိုင္မာစြာရွိၾကသူမ်ားျဖစ္ေနၾကေစကာမူ၊ ၎တို႔အေနျဖင့္ ယင္းပစၥည္းရရွိေရးအတြက္ အႏိုင္အထက္ျပဳလုပ္ၾကမည့္အေရးမွ အကာအကြယ္ေပးရန္ ျဖစ္သည္။ (ပစၥည္းလက္ရွိမွ လက္မဲ့ ျဖစ္သြားလွ်င္ -ပုဒ္မ ၉)

သီးျခားသက္သာခြင့္ဥပေဒ ပုဒ္မ-၉ အရ တရားစြဲဆိုရန္ လိုအပ္ေသာအဂၤါရပ္မ်ားမွာ -

- မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းျဖစ္ရမည္။

- တရားလိုလက္ရွိျဖစ္ရမည္။

- တရားၿပိဳင္က ဥပေဒလမ္းေၾကာင္းအတိုင္းမဟုတ္ဘဲ ဖယ္ရွားျခင္ျဖစ္ရမည္။

- တရားလိုက လက္မဲ့ျဖစ္သြားသျဖင့္ လက္ေရာက္ရလိုမႈစြဲဆိုျခင္းျဖစ္ရမည္။

- တရားလိုက ပစၥည္းလက္လြတ္ျဖစ္သည့္ေန႔မွ (၆)လအတြင္း အမႈစြဲဆိုျခင္းျဖစ္ရမည္စသည့္ အခ်က္မ်ား ျပည့္စံုရန္လိုအပ္မည္။

ထိုသို႔စြဲဆိုရာတြင္ အခ်င္းျဖစ္ပစၥည္းတည္ရွိရာေဒသရွိ စီရင္ပိုင္ခြင့္ရွိေသာ တရား႐ုံးတစ္႐ုံး႐ုံးတြင္ စြဲဆိုရမည္။ ႐ုံးခြန္မွာ အမႈတန္ဖိုး၏ ထက္ဝက္သာလွ်င္ ထမ္းေဆာင္ရသည္။ တရားၿပိဳင္မ်ားသည္ အခ်င္းျဖစ္ ေျမကြက္ကို တရားလိုထက္ေစာ၍ဝယ္ထားေၾကာင္း ေပၚေပါက္ေစကာမူ အခ်င္းျဖစ္ခ်ိန္၌ လက္ရွိျဖစ္ေနသူ တရားလိုအား ဥပေဒအရမဟုတ္ဘဲ ဖယ္ရွားျခင္းခံရၿပီး လက္လြတ္ဆုံးရႈံးခဲ့ေၾကာင္းကို အခိုင္အမာထင္ရွားစြာ သက္ေသျပရမည္ျဖစ္သည္။ သီးျခားသက္သာခြင့္ဥပေဒ ပုဒ္မ-၉ အရ စြဲဆိုေသာအမႈတြင္ ပိုင္ေရးဆိုင္ခြင့္ ျပႆနာမွာ မစပ္ဆိုင္သက္ေသခံမဝင္ပါ။

သီးျခားသက္သာခြင့္ဥပေဒ ပုဒ္မ-၉ အရ တရားစြဲဆိုေသာ အမႈတြင္ခ်မွတ္ေသာဒီကရီကို အယူခံခြင့္မရွိဟု ယင္းဥပေဒပုဒ္မတြင္ အတိအလင္းပိတ္ပင္ထားသျဖင့္ တရားမက်င့္ထုံးဥပေဒ ပုဒ္မ- ၁၁၅ အရ ျပင္ဆင္မႈသာ တက္ေရာက္ခြင့္ရွိမည္ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service