သူတောင်းစားဘဝမှ ပရိဘောဂကုမ္ပဏီပိုင်ရှင် သန်းကြွယ်သူဌေးဖြစ်လာသော လူငယ်တစ်ဦး

သူတောင်းစားဘဝမှ ပရိဘောဂကုမ္ပဏီပိုင်ရှင် သန်းကြွယ်သူဌေးဖြစ်လာသော လူငယ်တစ်ဦး - Property Knowledge in Myanmar from iMyanmarHouse.com
19 Aug 2020 12:28 pm တွင် တင်ခဲ့သည်
14986 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

၁၉၉၃ ခုနှစ်။

လွန်ခဲ့သော ၂၇ နှစ်ခန့်ကဖြစ်သည်။

အသက် ၁၇ နှစ်အရွယ် ဟီရောင်ဖုန်အမည်ရှိ လူငယ်လေးတစ်ဦးသည် သူ၏ သူငယ်ချင်း ၂ ဦးနှင့်အတူ ၎င်းတို့၏ ကျေးရွာကလေးကို ကျောခိုင်းကာ တရုတ်ပြည်၊ စီးချန် ပြည်နယ် (Zheijang Province )၊ ထိုင်ကျုံးမြို့ (Taizhou) သို့ အိပ်မက်များနှင့်အတူ တက်လာခဲ့ကြသည်။

ထိုင်ကျုံးသည် တရုတ်ပြည်အရှေ့ပိုင်း၊ အရှေ့တရုတ်ပင်လယ် ကမ်းခြေတွင် တည်ရှိကာ ဆိတ်ငြိမ်သော မြို့ကလေးတစ်မြို့ဖြစ်ပြီး ရှန်ဟိုင်းမြို့၏ တောင်ဘက် ၃၀၀ ကီလိုမီတာ (၁၈၆ မိုင်) အကွာတွင် တည်ရှိသည်။

ဆင်းရဲလှသော မိသားစုကို ထောက်ပံ့နိုင်ရန်အတွုက် မြို့တွင် ရရာအလုပ် ဝင်လုပ်မည်ဟု ဟီရောင်ဖုန်က ဆုံးဖြတ်ထားသည်။

ဟီရောင်ဖုန်တွင် အစ်မနှင့် ညီမတို့ရှိပြီး ရွာတွင် ကျန်ရစ်ခဲ့သည်။

သူ၏ သူငယ်ချင်းနှစ်ဦးမှာလည်း အလားတူ ရည်မှန်းချက်များဖြင့် ဖြစ်သည်။

သို့သော် မြို့ရောက်ချိန်တွင် မည်သည့်အလုပ်ကမှ ၎င်းတို့ကို အလုပ်ပေးခြင်း မရှိ။

ရက်ကြာလာသည်နှင့်အမျှ ပါလာသော ငွေများလည်း ကုန်သွားတော့သည်။ ဟီရောင်ဖုန်တို့ သုံးဦးလည်း အသက်ရှင်နိုင်ရေးအတွက် လမ်းပေါ်တွင် တောင်းရမ်းရသည့် သူတောင်းစားများဖြစ်သွားကြတော့၏။

ဝေးကွာလှသော မြို့ကြီးသို့ ခက်ခဲစွာလာခဲ့ရပြီး တောင်းရမ်းစားသောက်ရလိမ့်မည်ဟု သူတို့သုံးဦး တွေးပင်မတွေးဖူးခဲ့။

တစ်နေ့တွင်ကား ဟီရောင်ဖုန်နှင့် သူ့သူငယ်ချင်းများသည် လူသူစည်ကားလှသော ခေါက်ဆွဲဆိုင်တစ်ဆိုင်ရှေ့ ရောက်ခဲ့ကြ၏။

ခေါက်ဆွဲဆိုင်ရှင်ကား တိုင်ရှင်းဖန်အမည်ရှိ အမျိုးသမီးကြီးဖြစ်ပြီး ထိုစဉ်က သူမ၏ အသက်မှာ ၄၈ နှစ်အရွယ်ဖြစ်သည်။

ခေါက်ဆွဲဆိုင်တွင်းမှ ပျံ့လွင့်လာသည့် ရနံ့များက သူတို့၏ မွတ်သိပ်ဆာလောင်နေသော ဝမ်းများကို တကြုပ်ကြုပ်မည်အောင် ဆာလောင်လာစေသည်။ သို့သော် ခေါက်ဆွဲမှာ ဈေးကြီးလှသည်။ သူတို့တွင် ဝယ်စားရန် လုံလောက်သောငွေ မရှိ။

သူတို့ မသိသည့်အချက်ကား ဆိုင်ရှေ့တွင် ရပ်နေသည့် သူတို့ သုံးဦးသားကို ဆိုင်ရှင်အမျိုးသမီးကြီးက စူးစမ်းနေသည်ဟူသည့်အချက်ပင်။

တိုင်ရှင်းဖန်ဟု အမည်ရသော ဆိုင်ရှင်အမျိုးသမီးကြီးက ဖောက်သည်များကို ဝန်ဆောင်မှုပေးနေရင်း ဟီရောင်ဖုန်တို့ ၃ ဦးကို သတိပြုမိခဲ့ခြင်း ဖြစ်၏။

စားပွဲတစ်ခုတွင် ဝန်ဆောင်မှုပေးပြီးနောက် တိုင်ရှင်းဖန်က ဆိုင်ရှေ့သို့ ထပ်မံကြည့်ရှုလိုက်ရာ လူငယ်လေးများမှာ ဆိုင်ရှေ့တွင် ရပ်နေကြဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။

သုံးဦးသားမှာ ခေါက်ဆွဲများကိုသာ ငေးစိုက်ကြည့်နေကြရာ ၎င်းတို့အလွန်ဆာလောင်မွတ်သိပ်နေကြောင်း တိုင်ရှင်းဖန် အသေအချာ ရိပ်စားမိလိုက်ပြီ ဖြစ်သည်။

သို့နှင့် လူငယ်လေး ၃ ဦးကို ဆိုင်ထဲခေါ်ကာ ခေါက်ဆွဲများ အခမဲ့ကျွေးမွေးခဲ့၏။ ထိုသို့ကျွေးမွေးရင်း မေးမြန်းကြည့်ရာမှ ဟီရောင်ဖုန်နှင့် သူငယ်ချင်း ၂ ဦးသည် လမ်းပေါ်တွင် တောင်းရမ်းစားသောက်နေရသည်မှာ ရက်အနည်းငယ်ကြာခဲ့ပြီကို သိလိုက်ရ၏။

တိုင်းရှင်းဖန်က လူငယ်လေးများကို သနားသဖြင့် သူတို့ဇနီးမောင်နှံ နေထိုင်ရာ အခန်းတွင် ထိုည လိုက်လံအိပ်စက်ရန် ခွင့်ပြုလိုက်၏။

အိမ်နီးချင်းများကမူ သူစိမ်း ၃ ဦးကို နေအိမ်တွင် လက်ခံခြင်းမှာ အန္တရာယ်များလှကြောင်း သတိပေးကြသည်။

တိုင်ရှင်းဖန်က “ကျွန်မလည်း သူများရပ်ရွာဒေသမှာ နေခဲ့ရဖူးတယ်။ ကျောတစ်ခင်းစာ နေရာရဖို့ သိပ်ခက်တယ်ဆိုတာ ကျွန်မ ကောင်းကောင်းနားလည်ခဲ့တယ်။ ပြီးတော့ ကျွန်မအိမ်မှာကလည်း တန်ဖိုးကြီးတဲ့ပစ္စည်း ဘာမှမရှိပါဘူး။ သူတို့လေးတွေကို ကျွန်မတို့ ကူညီနိုင်တယ်ဆိုရင် ကူညီလိုက်ကြရအောင်ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထိုနေ့ညတွင် တိုင်ရှင်းဖန်က အနီးနားရှိ စက်ရုံများတွင် လုပ်ကိုင်နေကြသော မိတ်ဆွေများထံ ဆက်သွယ်ကာ လူငယ်လေးများအတွက် အလုပ်ကလေးများ ရနိုင်ပါမည်လားဟု စုံစမ်းမေးမြန်းပေး၏။ ကံမကောင်းစွာပင် ထိုအချိန်ပိုင်းက လစ်လပ်နေရာများ ရှိမနေခဲ့။

ဘဝပြောင်းလဲနိုင်ရန် စိတ်အားအလွန်ထက်သန်နေသော လူငယ်လေးများကိုကြည့်ရင်း တိုင်ရှင်းဖန်က အနီးရှိ Huangyan မြို့တွင် အလုပ်သွားရှာကြည့်ရန် အကြံပေး၏။ ရထားခလည်း ပေးလိုက်မည်ဖြစ်ကြောင်း တိုင်ရှင်းဖန်က ဆိုသည်။ (အချို့ကမူ ဘတ်စ်ကားခဟုလည်း ရေးသားမှုများရှိသည်။) တိုင်ရှင်းဖန် ပေးလိုက်ရသည့်ငွေမှာ ၃ ယောက်စာဖြစ်ပြီး တန်ဖိုးအားဖြင့် မနည်းလှ။

နောက်နေ့တွင် တိုင်ရှင်းဖန်က ဟီရောင်ဖုန်တို့ ၃ ဦးကို နေ့လည်စာကျွေးမွေးပြီး လမ်းစရိတ်လည်း ပေးလိုက်၏။

တိုင်ရှင်းဖန်က ဟီရောင်ဖုန်တို့ကို ဆုံးမလမ်းညွှန်စကားများလည်း ပြောခဲ့သည်။ ထိုအချိန်က ဟီရောင်ဖုန်သည် တိုင်ရှင်းဖန်၏ ပြောစကားတိုင်းကို နှလုံးသားထဲတွင် စွဲမှတ်နေပြီး စကားတစ်ခွန်းမှ ဝင်မပြောမိခဲ့။

တိုင်ရှင်းဖန် ထိုစဉ်က ပြောကြားခဲ့သည်တို့ကို ယနေ့တိုင် သူ မှတ်မိနေသေးသည်။

“ဆင်းရဲတာ ဘာမှ မဖြစ်ပါဘူး။ အရေးကြီးတာက လူကောင်းတစ်ယောက်ဖြစ်ဖို့။ ဒုက္ခရောက်နေတဲ့သူတွေ့ရင် ကူညီပေးနိုင်ဖို့။ စိတ်ကောင်းရှိတဲ့သူတွေဟာ ဒီစိတ်ကောင်းရဲ့အကျိုးကို ပြန်ခံစားရမှာပါ။ ဒီအကျိုးက ရုပ်ဝတ္ထုပစ္စည်းတော့ ဖြစ်ချင်မှဖြစ်မယ်” ဟု တိုင်ရှင်းဖန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

တိုင်ရှင်းဖန်၏ ပြောစကားများသည် ဘဝခရီးကို စတင်ရမည့် ဟီရောင်ဖုန်းအတွက် ခွန်အားများ ဖြစ်စေခဲ့သည်။ ဟီရောင်ဖုန်က သူကြုံတွေ့ခဲ့ရပုံများကို မှတ်စုစာအုပ်ကလေးတွင် ရေးမှတ်ထား၏။

ထိုင်ကျုံးမြို့ကို ကျောခိုင်းခဲ့ကာ အခြားမြို့သစ်ဆီသို့ ကောင်ကလေး ၃ ဦး ထွက်ခွာလာကြသည်။

ကံကြမ္မာကောင်းက မြို့သစ်လေးတွင် စောင့်ဆိုင်းနေ၏။ သူတို့ ၃ ဦးလုံး ပရိဘောဂစက်ရုံတစ်ခုတွင် အလုပ်ရကြသည်။ ထိုအလုပ်သည်ပင် ဟီရောင်ဖုန်၏ အနာဂတ်လမ်းကြောင်းတစ်ခုကို အုတ်မြစ်ချပေးလိုက်ခြင်းလည်း ဖြစ်သည်။

ပရိဘောဂစက်ရုံတွင် ဟီရောင်ဖုန်သည် အလုပ်ကို လွန်စွာကြိုးစား၏။ အသေးအဖွဲကအစ အားလုံးသိနားလည်ရန် ကြိုးစားပမ်းစား သင်ယူလေ့လာ၏။

ဟီရောင်ဖုန်က သူ၏ဘဝအဖြစ်အပျက်များကို မှတ်စုစာအုပ်ကလေးထဲတွင် အမြဲရေးမှတ်ထားသည်။ ထိုစာအုပ်ကလေးတွင် တိုင်ရှင်းဖန် ၏ လမ်းညွှန်ချက်ကို ရှေ့ဆုံးစာမျက်နှာတွင် ရေးသားထား၏။

“ရိုးသားဖြောင့်မတ်သူဖြစ်ရေးသည် အရေးအကြီးဆုံး”

တစ်နေ့တွင်ကား ပရိဘောဂစက်ရုံကို မီးလောင်လေသည်။

“ကံမကောင်းစွာနဲ့ပဲ စက်ရုံမီးလောင်တော့ ကျွန်တော့်မှတ်စုစာအုပ်လေး မီးထဲ ပါသွားခဲ့ပါတယ်။ အဲဒီအချိန်က တိုင်ရှင်းဖန် ပြောခဲ့တဲ့ စကားတွေသာမရှိခဲ့ရင် ကျွန်တော်ဟာ အခုလိုဂုဏ်ယူစွာနဲ့ အောင်မြင်နေတဲ့သူတစ်ဦး ဖြစ်လာမှာ မဟုတ်ပါဘူး။ သူ့ရဲ့ ကြင်နာမှုက ကျွန်တော်တို့ကို အံ့အားသင့်စေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးသားတွေ နွေးထွေးစေခဲ့ပါတယ်။ ကျွန်တော့်ဘဝ အနိမ့်ကျဆုံး ရောက်နေချိန်မှာ အလင်းရောင်တစ်ခု ရခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ဘယ်လိုဘဝကလာတယ်ဆိုတာ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ဒီစကားတွေကိုလည်း ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး” ဟု ဟီရောင်ဖုန်က ပြောပြ၏။

စာအုပ်ကို မီးလောင်သွားသော်လည်း တိုင်ရှင်းဖန်၏ စကားလုံးတိုင်းသည် သူ၏ နှလုံးအိမ်တွင် သံမှိုနှက်ထားသကဲ့သို့ စွဲထင်နေပြီး ဖြစ်သည့်အတွက် သူ၏အသက်နှင့်တမျှ ထာဝရတည်ရှိနေတော့မည်သာ ဖြစ်သည်။

ရိုးသားဖြောင့်မတ်သူတစ်ဦးအတွက် အောင်မြင်မှုတစ်နေရာ အသေအချာ ရှိပါသည်။

နောင်နှစ်အတန်ကြာသောအခါတွင်ကား ကိုယ်ပိုင် ပရိဘောဂလုပ်ငန်းတစ်ခုကို လျောင်နင်းပြည်နယ်၊ ရှန်းယန်မြို့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

ဘဝကို အပြင်းအထန်ကြိုးစားနေစဉ်အချိန်ကာလများအတွင်း ဟီရောင်ဖန်သည် တိုင်ရှင်းဖန်၏ လမ်းညွှန်ချက်ဖြစ်သော ရိုးသား ဖြောင့်မတ်သူ၊ ယုံကြည်ကိုးစားထိုက်သူတစ်ဦးဖြစ်လာရန် ကြိုးစားပါဟူသည့်စကားကို အမြဲသတိရနေမိသည်။

သူတောင်းစားဘဝမှ ရုန်းထွက်ကာ ဘဝကို နှစ်ပေါင်း ၂၀ ကျော် ကြိုးစားရုန်းကန်နေစဉ်ကာလများအတွင်း အဆိုပါယုံကြည်ချက်ကို လက်နက်တစ်ခုသဖွယ် စွဲကိုင်ထားခဲ့သည်။

သူ၏ ရည်မှန်းချက်ခိုင်မာမှု၊ အလုပ်ကြိုးစားမှုနှင့် မလျှော့သောဇွဲလုံ့လတို့ကြောင့် ဒေသတွင်း ပရိဘောဂနှင့်် အိမ်သုတ်ဆေးလောကတွင် ထိပ်တန်းကုမ္ပဏီဖြစ်သော Shenyang Jiu Jiu Li Feng Group ၏ ဥက္ကဌဖြစ်လာခဲ့သည်။

တချိန်က ခေါက်ဆွဲဆိုင်ရှေ့တွင် အများသူငါ စားသောက်နေသည်ကို ဗိုက်ဟောင်းလောင်းဖြင့် ငေးကြည့်နေခဲ့ဖူးသော သူတောင်းစားကလေး ဟီရောင်ဖုန်သည် ရှန်ယန်းမြို့ (Sheng Yang) တွင် အထင်ကရ လုပ်ငန်းရှင်တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ဟီရောင်ဖုန်သည် လုပ်ငန်းအမြတ်အစွန်းများမှတဆင့် ယခုအခါ သန်းပေါင်းများစွာ ချမ်းသာကြွယ်ဝသူတစ်ဦး ဖြစ်လာပြီ ဖြစ်သည်။

သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့သော်လည်း ပရိဘောဂစက်ရုံအလုပ်ကို မရရှိမီ တိုင်ရှင်းဖန် သွန်သင်ခဲ့သည့်စကားများကို မည်သည့်အခါမျှ မမေ့။

“ဓနဥစ္စာဟူသည် ရိုးသားဖြောင့်မတ်ခြင်းလောက် အရေးမကြီး” ဤသည်ကား တိုင်ရှင်းဖန်က သူ့ကိုသွန်သင်ခဲ့သည့် စကားဖြစ်၏။ အနာဂတ်တချိန်ချိန်တွင် အောင်မြင်သူတစ်ဦးဖြစ်လာပါက ရိုးသားမှုကို လက်ကိုင်ထားရန် တိုင်ရှင်းဖန်က လမ်းညွှန်ခဲ့သည်။

ဟီရောင်ဖုန်သည် ယခုအခါ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်ရုံသာမက ရိုးသားဖြောင့်မတ်သူတစ်ဦးအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်သူတစ်ဦးလည်း ဖြစ်နေသည်။ ဤသည်တို့ကား တိုင်ရှင်းဖန်၏ ကျေးဇူးများသာ ဖြစ်၏။

ဆယ်စုနှစ်များ ဖြတ်သန်းကုန်လွန်သွားသော်လည်း ဟီရောင်ဖုန်၏ စိတ်ဝိဉာဉ်တွင် သူနှင့် သူငယ်ချင်းများကို ကူညီမည့်သူ တစ်ဦးမျှ မရှိချိန်တွင် ကြင်နာမှုများ၊ ယုံကြည်မှုများ ပေးခဲ့သည့် အဘွားအို တိုင်ရှင်းဖန်ကို အမြဲသတိရနေမိသည်။

၂၀၁၃ ခုနှစ်၊ မေလထဲတွင် ဟီရောင်ဖုန်က စီကျန်းပြည်နယ်၊ ရှင်ချီခရိုင် (Xianju) မှ သူ၏ စီးပွားဖက်တစ်ဦးထံ အကူအညီတစ်ခု တောင်းခဲ့၏။ တိုင်ရှင်းဖန်အမည်ရှိ အဘွားအို မည်သည့်နေရာတွင် နေထိုင်နေသနည်း၊ သက်ရှိထင်ရှား ရှိပါသေးလားဟူသည်ကို စုံစမ်းစေခဲ့ခြင်း ဖြစ်သည်။

ဟီရောင်ဖုန်တို့ ကံကောင်းပါသည်။ အဘွားအို တိုင်ရှင်းဖန်သည် ယခင်နေရာတွင်ပင် ယခင်ခေါက်ဆွဲဆိုင်ကလေးကို ဆက်လက်ဖွင့်ထားဆဲ၊ သက်ရှိထင်ရှားရှိနေဆဲ ဖြစ်၏။

သို့နှင့် ၂၀၁၄ ခုနှစ်တွင် ဟီရောင်ဖုန်သည် အဘွားအို တိုင်ရှင်းဖန်နှင့် တွေ့ဆုံရန် ထိုင်ကျုံးမြို့သို့ ရောက်လာခဲ့သည်။

ကြင်နာတတ်သော နှလုံးသားပိုင်ရှင် အဘွားအိုကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က ခေါက်ဆွဲဆိုင်လေးတွင်ပင် တွေ့ရသည်။

ခေါက်ဆွဲစားနေသူများကို ဗိုက်ဟောင်းလောင်းဖြင့် ငေးကြည့်နေဖူးသူ ဟီရောင်ဖုန်နှင့် စေတနာအရိုးခံဖြင့် အခမဲ့ကျွေးမွေးခဲ့သူ တိုင်ရှင်းဖန်တို့ ပြန်လည်ဆုံစည်းကြပြီ။

သူဌေးကြီးဖြစ်နေပြီဖြစ်သော ဟီရောင်ဖုန်က အဘွားအိုတိုင်ရှင်းဖန်၏ အိုမင်းဟောင်းနွမ်းနေသော ခေါက်ဆွဲဆိုင်ကလေးကို ကြည့်ကာ စိတ်မကောင်း။ သို့နှင့် ဆိုင်ကိုပြန်လည်မွမ်းမံဆောက်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ ၈၀၀၀၀ နှင့်ညီမျှသော တရုတ်ယွမ်ငွေ ၂ ဘီလီယံ (၂၀၁၄ ခုနှစ်က ငွေလဲနှုန်းအရ) ကို ကန်တော့မည်ဟု ဆို၏။

ဟီရောင်ဖုန်အတွက်မူ လမ်းဘေးဘဝတွင် တိုင်ရှင်းဖန် ကူညီခဲ့သည့်ကျေးဇူးတရားနှင့် နှိုင်းယှဉ်လျှင် သူ၏ပေးမည့်ငွေမှာ နည်းပါးသေးသည်ဟု ယူဆသည်။

သို့သော် အဘွားအို တိုင်ရှင်းဖန်က ထိုငွေများကို လက်မခံ။ တစ်ခုခုပြန်ရလိုစိတ်ဖြင့် ကူညီခဲ့ခြင်းမဟုတ်ဟု အဘွားအိုက ပြော၏။

ဟီရောင်ဖုန်ကို အောင်မြင်သောဘဝဖြင့် တွေ့မြင် ဝမ်းမြောက်ရခြင်းကပင် မိမိအတွက် လုံလောက်ပြီဟု ဆိုသည်။

လွန်ခဲ့သော ၂၅ နှစ်က ဟီရောင်ဖုန်အမည်ရှိ လမ်းဘေးကလေးငယ်တစ်ဦးကို ကူညီခဲ့ခြင်းမှာ သနားကြင်နာစိတ်တစ်ခုတည်းဖြင့်သာ ကူညီခဲ့ခြင်း ဖြစ်ကြောင်း၊ နေရာသစ်တစ်ခုတွင် ကျောတစ်ခင်းစာရရန် မည်သို့ရုန်းကန်ရသည်ကို နားလည်သောကြောင့် ကိုယ်ချင်းစာစိတ်ဖြင့် ကူညီခဲ့ခြင်းသာဖြစ်ကြောင်း အဘွားအိုက ဆို၏။

သို့နှင့် ဟီရောင်ဖုန်လည်း ထောက်ပံ့ခွင့်မရဘဲ ပြန်သွားခဲ့ရသည်။

သို့သော် ကျေးဇူးရှင်ကို ကျေးဇူးဆပ်လိုသော ဟီရောင်ဖုန်က လက်မလျှော့။ နောက်တစ်ကြိမ်ထပ်သွားပြန်၏။ ဤတစ်ကြိမ်တွင်ကား ငွေသားများကို လက်ဆောင်ထုပ်ကြီးအသွင်ယူဆောင်သွားပြီး တန်ဖိုးကြီး ရှားပါးပစ္စည်းများလည်း ယူဆောင်သွား၏။

“ဒါကိုတော့ လက်ခံပေးပါနော်။ ဒါကကျွန်တော့်ရဲ့ စိတ်ရင်းနဲ့ ပေးတာပါ” ဟုဆိုကာ ဟီရောင်ဖုန်က ပေးရာ တိုင်ရှင်းဖန်လည်း ငြင်းပယ်၍ မဖြစ်နိုင်တော့ဘဲ လက်ခံလိုက်ရသည်။

သို့သော် ဟီရောင်ဖုန် ပြန်သွားပြီးနောက် လက်ဆောင်ထုပ်ကြီးတွင် ဘီလျံနှင့်ချီသော ငွေများတွေ့လိုက်သောအခါ တိုင်ရှင်းဖန်က အဆိုပါငွေများကို ရောင်ဖုန်၏ ဘဏ်စာရင်းသို့ ပြန်လည်လွှဲပြောင်းပေးလိုက်ပြီး အခြားသော ရှားပါးပစ္စည်းများကိုလည်း မထိမတို့ဘဲ ထားရှိလေသည်။

“သူစိတ်ဆိုးဆိုး၊ မဆိုးဆိုး ဒါတွေကို လက်မခံနိုင်ပါဘူး။ အခုဆိုရင်သူက အောင်မြင်နေပါပြီ။ အဘွားက ဒါကို ဝမ်းသာတယ်။ တကယ်တော့ အဘွားတို့ဟာ လူတိုင်းကို ကူညီသင့်ပါတယ်။ အဘွားငယ်ငယ်တုန်းက အမေက အိမ်ရာမဲ့တွေကို မကြာခဏ အိမ်မှာ ခေါ်ခေါ်ထားလေ့ရှိခဲ့တယ်။ ဒီတော့ ဒုက္ခရောက်တဲ့သူကို ကူညီတာက အဘွားအတွက် သဘာဝဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုပါပဲ။ အဲဒီမှာ ဘယ်လို နှောင်ကြိုးတွေ၊ တောင်းဆိုတာတွေ၊ မျှော်လင့်ချက်တွေမှ မရှိပါဘူး။ အခုလို တုံ့ပြန်လာမှုအပေါ်မှာတော့ အဘွားနှလုံးသားတွေ နွေးထွေးလှုပ်ခတ်မှု ခံစားရပါတယ်”

တစ်နေ့တွင် ဟီရောင်ဖုန်သည် အဘွားအို တိုင်ရှင်းဖန်၏ ခေါက်ဆွဲဆိုင်ကလေးရှေ့တွင် ချိတ်ဆွဲရန် ဆိုင်းဘုတ်ကြီးတစ်ခု ယူလာ၏။

ထို ဆိုင်းဘုတ်တွင် ရေးသားထားသည်ကား………..

“မြင့်မိုရ်တောင်ဦး မကကျူးမျှ ကျေးဇူးအရှင်” ဟူ၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာက တိုင်ရှင်းဖန်က သူနှင့်သူငယ်ချင်းများအပေါ် နွေးထွေးစွာဆက်ဆံခဲ့ပုံကို ဟီရောင်ဖုန် အမှန်တကယ်ပင် ကျေးဇူးတင်လှသည်။ ဘယ်တော့မျှ မေ့နိုင်တော့မည် မဟုတ်ချေ။

ဟီရောင်ဖုန်၏ ဘဝဖြစ်ရပ်က ကျွန်ုပ်တို့အား သင်ကြားပေးသည့် သင်ခန်းစာမှာ ကြင်နာသည့် အပြုအမူလေးတစ်ခုသည် မည်မျှ သေးငယ်ပါစေ လူတစ်ဦး၏ ဘဝကို ပြောင်းလဲသွားစေနိုင်ကြောင်း သင်ကြားပြသခဲ့လေပြီ။

ထို့အပြင် အခြားသူတို့ပေးအပ်သည့် အကြင်နာတရားများကို မေ့ပျောက်မပစ်ရန်လည်း သင်ခန်းစာပေး၏။

သင်သည် အလုပ်လွန်စာကြိုးစားခဲ့သောကြောင့် ယနေ့အချိန်တွင် အထက်တန်းကျသည့် ဘဝကို ရရှိသူဖြစ်နေနိုင်သည်။ သို့သော် သင် ဒုက္ခရောက်စဉ်က သင့်အားကူညီခဲ့သူများကို သင်မေ့ကောင်းမေ့နေနိုင်သည်။ ဟီရောင်ဖုန်၏ ဘဝဇာတ်လမ်းမှာ ယနေ့ခေတ် လူငယ်များ အတုယူသင့်သော ဇာတ်လမ်းတစ်ခု ဖြစ်သည်။

ငွေပုံပေါ် ထိုင်နိုင်သော အချိန်သို့ရောက်လျှင် သင်ဒုက္ခရောက်စဉ်က ကူညီခဲ့သူများကို မမေ့ပါနှင့်။

ကံကြမ္မာရဟတ်သည် အမြဲလည်ပတ်နေသည်ကို သတိရပါ။ တိုင်ရှင်းဖန်သည် သူ၏ဘဝတွင် အခြားသူများစွာကို ကူညီခဲ့ဖူးမည်မှာ သေချာလှသည်။ ထိုနေ့က သူ့ဆိုင်ရှေ့တွင် လာရောက်ငေးမျှော်နေသည့် လူငယ်ကလေး ၃ ဦးကို တစ်ကြိမ်မျှ လစ်လျူရှုလိုက်လျှင်လည်း ရပါသည်။ သို့သော် ကြင်နာတတ်သည့် ကမ်းလင့်လက်တစ်စုံ ပေးအပ်ခဲ့၏။ အံ့ဖွယ် အဘွားအိုပင်တကား။

ဟီရောင်ဖုန်၏ ဘဝဖြတ်သန်းမှုနှင့် စိတ်ထားတို့ကို နှစ်သက်ပါက ဤဆောင်းပါးကို သင့်မိတ်ဆွေနှင့် မိသားစုဝင်များလည်း ဖတ်ရှုနိုင်အောင် မျှဝေပေးလိုက်ပါဦး။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည်။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This beggar who became a millionaire wanted to repay a lady for the life-changing help he received but she refused it. The reason she gave is heartwarming (goodtimes, dailystar, inspireconversation, manado.tribunnews, dogonews, bashny.net, dematan9.wixsite.com, albanian.cri.cn )

 

[Zawgyi]

သူေတာင္းစားဘဝမွ ပရိေဘာဂကုမၸဏီပိုင္ရွင္ သန္းၾကြယ္သူေဌးျဖစ္လာေသာ လူငယ္တစ္ဦး

၁၉၉၃ ခုႏွစ္။

လြန္ခဲ့ေသာ ၂၇ ႏွစ္ခန္႔ကျဖစ္သည္။

အသက္ ၁၇ ႏွစ္အရြယ္ ဟီေရာင္ဖုန္အမည္ရွိ လူငယ္ေလးတစ္ဦးသည္ သူ၏ သူငယ္ခ်င္း ၂ ဦးႏွင့္အတူ ၎တို႔၏ ေက်းရြာကေလးကို ေက်ာခိုင္းကာ တရုတ္ျပည္၊ စီးခ်န္ ျပည္နယ္ (Zheijang Province )၊ ထိုင္က်ံဳးျမိဳ႕ (Taizhou) သို႔ အိပ္မက္မ်ားႏွင့္အတူ တက္လာခဲ့ၾကသည္။

ထိုင္က်ံဳးသည္ တရုတ္ျပည္အေရွ႕ပိုင္း၊ အေရွ႕တရုတ္ပင္လယ္ ကမ္းေျခတြင္ တည္ရွိကာ ဆိတ္ျငိမ္ေသာ ျမိဳ ႔ကေလးတစ္ျမိဳ႕ျဖစ္ျပီး ရွန္ဟိုင္းျမိဳ႕၏ ေတာင္ဘက္ ၃၀၀ ကီလိုမီတာ (၁၈၆ မိုင္) အကြာတြင္ တည္ရွိသည္။

ဆင္းရဲလွေသာ မိသားစုကို ေထာက္ပံ့ႏိုင္ရန္အတြုက္ ျမိဳ႕တြင္ ရရာအလုပ္ ဝင္လုပ္မည္ဟု ဟီေရာင္ဖုန္က ဆံုးျဖတ္ထားသည္။

ဟီေရာင္ဖုန္တြင္ အစ္မႏွင့္ ညီမတို႔ရွိျပီး ရြာတြင္ က်န္ရစ္ခဲ့သည္။

သူ၏ သူငယ္ခ်င္းႏွစ္ဦးမွာလည္း အလားတူ ရည္မွန္းခ်က္မ်ားျဖင့္ ျဖစ္သည္။

သို႔ေသာ္ ျမိဳ႕ေရာက္ခ်ိန္တြင္ မည္သည့္အလုပ္ကမွ ၎တို႔ကို အလုပ္ေပးျခင္း မရွိ။

ရက္ၾကာလာသည္ႏွင့္အမွ် ပါလာေသာ ေငြမ်ားလည္း ကုန္သြားေတာ့သည္။ ဟီေရာင္ဖုန္တို႔ သံုးဦးလည္း အသက္ရွင္ႏိုင္ေရးအတြက္ လမ္းေပၚတြင္ ေတာင္းရမ္းရသည့္ သူေတာင္းစားမ်ားျဖစ္သြားၾကေတာ့၏။

ေဝးကြာလွေသာ ျမိဳ႕ၾကီးသို႔ ခက္ခဲစြာလာခဲ့ရျပီး ေတာင္းရမ္းစားေသာက္ရလိမ့္မည္ဟု သူတို႔သံုးဦး ေတြးပင္မေတြးဖူးခ့ဲ။

တစ္ေန႔တြင္ကား ဟီေရာင္ဖုန္ႏွင့္ သူ႔သူငယ္ခ်င္းမ်ားသည္ လူသူစည္ကားလွေသာ ေခါက္ဆြဲဆိုင္တစ္ဆိုင္ေရွ႕ ေရာက္ခဲ့ၾက၏။

ေခါက္ဆြဲဆိုင္ရွင္ကား တိုင္ရွင္းဖန္အမည္ရွိ အမ်ဳိးသမီးၾကီးျဖစ္ျပီး ထိုစဥ္က သူမ၏ အသက္မွာ ၄၈ ႏွစ္အရြယ္ျဖစ္သည္။

ေခါက္ဆြဲဆိုင္တြင္းမွ ပ်ံ႕လြင့္လာသည့္ ရနံ႔မ်ားက သူတို႔၏ မြတ္သိပ္ဆာေလာင္ေနေသာ ဝမ္းမ်ားကို တၾကဳပ္ၾကဳပ္မည္ေအာင္ ဆာေလာင္လာေစသည္။ သို႔ေသာ္ ေခါက္ဆြဲမွာ ေစ်းၾကီးလွသည္။ သူတို႔တြင္ ဝယ္စားရန္ လံုေလာက္ေသာေငြ မရွိ။

သူတို႔ မသိသည့္အခ်က္ကား ဆိုင္ေရွ႕တြင္ ရပ္ေနသည့္ သူတို႔ သံုးဦးသားကို ဆိုင္ရွင္အမ်ဳိးသမီးၾကီးက စူးစမ္းေနသည္ဟူသည့္အခ်က္ပင္။

တိုင္ရွင္းဖန္ဟု အမည္ရေသာ ဆိုင္ရွင္အမ်ဳိးသမီးၾကီးက ေဖာက္သည္မ်ားကို ဝန္ေဆာင္မႈေပးေနရင္း ဟီေရာင္ဖုန္တို႔ ၃ ဦးကို သတိျပဳမိခဲ့ျခင္း ျဖစ္၏။

စားပြဲတစ္ခုတြင္ ဝန္ေဆာင္မႈေပးျပီးေနာက္ တိုင္ရွင္းဖန္က ဆိုင္ေရွ႕သို႔ ထပ္မံၾကည့္ရႈလိုက္ရာ လူငယ္ေလးမ်ားမွာ ဆိုင္ေရွ႕တြင္ ရပ္ေနၾကဆဲျဖစ္သည္ကို ေတြ႔လိုက္ရသည္။

သံုးဦးသားမွာ ေခါက္ဆြဲမ်ားကိုသာ ေငးစိုက္ၾကည့္ေနၾကရာ ၎တို႔အလြန္ဆာေလာင္မြတ္သိပ္ေနေၾကာင္း တိုင္ရွင္းဖန္ အေသအခ်ာ ရိပ္စားမိလိုက္ျပီ ျဖစ္သည္။

သို႔ႏွင့္ လူငယ္ေလး ၃ ဦးကို ဆိုင္ထဲေခၚကာ ေခါက္ဆြဲမ်ား အခမဲ့ေကၽြးေမြးခဲ့၏။ ထိုသို႔ေကၽြးေမြးရင္း ေမးျမန္းၾကည့္ရာမွ ဟီေရာင္ဖုန္ႏွင့္ သူငယ္ခ်င္း ၂ ဦးသည္ လမ္းေပၚတြင္ ေတာင္းရမ္းစားေသာက္ေနရသည္မွာ ရက္အနည္းငယ္ၾကာခဲ့ျပီကို သိလိုက္ရ၏။

တိုင္းရွင္းဖန္က လူငယ္ေလးမ်ားကို သနားသျဖင့္ သူတို႔ဇနီးေမာင္ႏွံ ေနထိုင္ရာ အခန္းတြင္ ထိုည လိုက္လံအိပ္စက္ရန္ ခြင့္ျပဳလုိက္၏။

အိမ္နီးခ်င္းမ်ားကမူ သူစိမ္း ၃ ဦးကို ေနအိမ္တြင္ လက္ခံျခင္းမွာ အႏၱရာယ္မ်ားလွေၾကာင္း သတိေပးၾကသည္။

တိုင္ရွင္းဖန္က “ကၽြန္မလည္း သူမ်ားရပ္ရြာေဒသမွာ ေနခဲ့ရဖူးတယ္။ ေက်ာတစ္ခင္းစာ ေနရာရဖို႔ သိပ္ခက္တယ္ဆိုတာ ကၽြန္မ ေကာင္းေကာင္းနားလည္ခဲ့တယ္။ ျပီးေတာ့ ကၽြန္မအိမ္မွာကလည္း တန္ဖိုးၾကီးတဲ့ပစၥည္း ဘာမွမရွိပါဘူး။ သူတုိ႔ေလးေတြကို ကၽြန္မတို႔ ကူညီႏိုင္တယ္ဆိုရင္ ကူညီလိုက္ၾကရေအာင္ပါ” ဟု ျပန္လည္ေျဖၾကားခဲ့သည္။

ထိုေန႔ညတြင္ တိုင္ရွင္းဖန္က အနီးနားရွိ စက္ရံုမ်ားတြင္ လုပ္ကိုင္ေနၾကေသာ မိတ္ေဆြမ်ားထံ ဆက္သြယ္ကာ လူငယ္ေလးမ်ားအတြက္ အလုပ္ကေလးမ်ား ရႏိုင္ပါမည္လားဟု စံုစမ္းေမးျမန္းေပး၏။ ကံမေကာင္းစြာပင္ ထိုအခ်ိန္ပိုင္းက လစ္လပ္ေနရာမ်ား ရွိမေနခဲ့။

ဘဝေျပာင္းလဲႏိုင္ရန္ စိတ္အားအလြန္ထက္သန္ေနေသာ လူငယ္ေလးမ်ားကိုၾကည့္ရင္း တိုင္ရွင္းဖန္က အနီးရွိ Huangyan ျမိဳ ႔တြင္ အလုပ္သြားရွာၾကည့္ရန္ အၾကံေပး၏။ ရထားခလည္း ေပးလိုက္မည္ျဖစ္ေၾကာင္း တိုင္ရွင္းဖန္က ဆိုသည္။ (အခ်ဳိ ႔ကမူ ဘတ္စ္ကားခဟုလည္း ေရးသားမႈမ်ားရွိသည္။) တိုင္ရွင္းဖန္ ေပးလိုက္ရသည့္ေငြမွာ ၃ ေယာက္စာျဖစ္ျပီး တန္ဖုိးအားျဖင့္ မနည္းလွ။

ေနာက္ေန႔တြင္ တိုင္ရွင္းဖန္က ဟီေရာင္ဖုန္တို႔ ၃ ဦးကို ေန႔လည္စာေကၽြးေမြးျပီး လမ္းစရိတ္လည္း ေပးလိုက္၏။

တိုင္ရွင္းဖန္က ဟီေရာင္ဖုန္တို႔ကို ဆံုးမလမ္းညႊန္စကားမ်ားလည္း ေျပာခဲ့သည္။ ထိုအခ်ိန္က ဟီေရာင္ဖုန္သည္ တိုင္ရွင္းဖန္၏ ေျပာစကားတိုင္းကို ႏွလံုးသားထဲတြင္ စြဲမွတ္ေနျပီး စကားတစ္ခြန္းမွ ဝင္မေျပာမိခဲ့။

တိုင္ရွင္းဖန္ ထိုစဥ္က ေျပာၾကားခဲ့သည္တို႔ကို ယေန႔တိုင္ သူ မွတ္မိေနေသးသည္။

“ဆင္းရဲတာ ဘာမွ မျဖစ္ပါဘူး။ အေရးၾကီးတာက လူေကာင္းတစ္ေယာက္ျဖစ္ဖို႔။ ဒုကၡေရာက္ေနတဲ့သူေတြ႔ရင္ ကူညီေပးႏိုင္ဖုိ႔။ စိတ္ေကာင္းရွိတဲ့သူေတြဟာ ဒီစိတ္ေကာင္းရဲ ႔အက်ဳိးကို ျပန္ခံစားရမွာပါ။ ဒီအက်ဳိးက ရုပ္ဝတၳဳပစၥည္းေတာ့ ျဖစ္ခ်င္မွျဖစ္မယ္” ဟု တိုင္ရွင္းဖန္က ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

တိုင္ရွင္းဖန္၏ ေျပာစကားမ်ားသည္ ဘဝခရီးကို စတင္ရမည့္ ဟီေရာင္ဖုန္းအတြက္ ခြန္အားမ်ား ျဖစ္ေစခဲ့သည္။ ဟီေရာင္ဖုန္က သူၾကံဳေတြ႔ခဲ့ရပံုမ်ားကို မွတ္စုစာအုပ္ကေလးတြင္ ေရးမွတ္ထား၏။

ထိုင္က်ံဳးျမိဳ ႔ကို ေက်ာခိုင္းခဲ့ကာ အျခားျမိဳ ႔သစ္ဆီသို႔ ေကာင္ကေလး ၃ ဦး ထြက္ခြာလာၾကသည္။

ကံၾကမၼာေကာင္းက ျမိဳ ႔သစ္ေလးတြင္ ေစာင့္ဆိုင္းေန၏။ သူတို႔ ၃ ဦးလံုး ပရိေဘာဂစက္ရံုတစ္ခုတြင္ အလုပ္ရၾကသည္။ ထိုအလုပ္သည္ပင္ ဟီေရာင္ဖုန္၏ အနာဂတ္လမ္းေၾကာင္းတစ္ခုကို အုတ္ျမစ္ခ်ေပးလိုက္ျခင္းလည္း ျဖစ္သည္။

ပရိေဘာဂစက္ရံုတြင္ ဟီေရာင္ဖုန္သည္ အလုပ္ကို လြန္စြာၾကိဳးစား၏။ အေသးအဖြဲကအစ အားလံုးသိနားလည္ရန္ ၾကိဳးစားပမ္းစား သင္ယူေလ့လာ၏။

ဟီေရာင္ဖုန္က သူ၏ဘဝအျဖစ္အပ်က္မ်ားကို မွတ္စုစာအုပ္ကေလးထဲတြင္ အျမဲေရးမွတ္ထားသည္။ ထိုစာအုပ္ကေလးတြင္ တိုင္ရွင္းဖန္ ၏ လမ္းညႊန္ခ်က္ကို ေရွ ႔ဆံုးစာမ်က္ႏွာတြင္ ေရးသားထား၏။

“ရိုးသားေျဖာင့္မတ္သူျဖစ္ေရးသည္ အေရးအၾကီးဆံုး”

တစ္ေန႔တြင္ကား ပရိေဘာဂစက္ရံုကို မီးေလာင္ေလသည္။

“ကံမေကာင္းစြာနဲ႔ပဲ စက္ရုံမီးေလာင္ေတာ့ ကၽြန္ေတာ့္မွတ္စုစာအုပ္ေလး မီးထဲ ပါသြားခဲ့ပါတယ္။ အဲဒီအခ်ိန္က တိုင္ရွင္းဖန္ ေျပာခဲ့တဲ့ စကားေတြသာမရွိခဲ့ရင္ ကၽြန္ေတာ္ဟာ အခုလိုဂုဏ္ယူစြာနဲ႔ ေအာင္ျမင္ေနတဲ့သူတစ္ဦး ျဖစ္လာမွာ မဟုတ္ပါဘူး။ သူ႔ရဲ ႔ ၾကင္နာမႈက ကၽြန္ေတာ္တို႔ကို အ့ံအားသင့္ေစခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ရဲ ႔ ႏွလံုးသားေတြ ေႏြးေထြးေစခဲ့ပါတယ္။ ကၽြန္ေတာ့္ဘဝ အနိမ့္က်ဆံုး ေရာက္ေနခ်ိန္မွာ အလင္းေရာင္တစ္ခု ရခဲ့တာလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္ဘယ္လိုဘဝကလာတယ္ဆိုတာ ဘယ္ေတာ့မွ ေမ့မွာ မဟုတ္ပါဘူး။ ဒီစကားေတြကိုလည္း ဘယ္ေတာ့မွ ေမ့မွာ မဟုတ္ပါဘူး” ဟု ဟီေရာင္ဖုန္က ေျပာျပ၏။

စာအုပ္ကို မီးေလာင္သြားေသာ္လည္း တိုင္ရွင္းဖန္၏ စကားလံုးတိုင္းသည္ သူ၏ ႏွလံုးအိမ္တြင္ သံမိႈႏွက္ထားသကဲ့သို႔ စြဲထင္ေနျပီး ျဖစ္သည့္အတြက္ သူ၏အသက္ႏွင့္တမွ် ထာဝရတည္ရွိေနေတာ့မည္သာ ျဖစ္သည္။

ရိုးသားေျဖာင့္မတ္သူတစ္ဦးအတြက္ ေအာင္ျမင္မႈတစ္ေနရာ အေသအခ်ာ ရွိပါသည္။

ေနာင္ႏွစ္အတန္ၾကာေသာအခါတြင္ကား ကိုယ္ပိုင္ ပရိေဘာဂလုပ္ငန္းတစ္ခုကို ေလ်ာင္နင္းျပည္နယ္၊ ရွန္းယန္ျမိဳ ႔တြင္ ဖြင့္လွစ္ႏိုင္ခဲ့သည္။

ဘဝကို အျပင္းအထန္ၾကိဳးစားေနစဥ္အခ်ိန္ကာလမ်ားအတြင္း ဟီေရာင္ဖန္သည္ တိုင္ရွင္းဖန္၏ လမ္းညႊန္ခ်က္ျဖစ္ေသာ ရိုးသား ေျဖာင့္မတ္သူ၊ ယံုၾကည္ကိုးစားထိုက္သူတစ္ဦးျဖစ္လာရန္ ၾကိဳးစားပါဟူသည့္စကားကို အျမဲသတိရေနမိသည္။

သူေတာင္းစားဘဝမွ ရုန္းထြက္ကာ ဘဝကို ႏွစ္ေပါင္း ၂၀ ေက်ာ္ ၾကိဳးစားရုန္းကန္ေနစဥ္ကာလမ်ားအတြင္း အဆိုပါယံုၾကည္ခ်က္ကို လက္နက္တစ္ခုသဖြယ္ စြဲကိုင္ထားခဲ့သည္။

သူ၏ ရည္မွန္းခ်က္ခိုင္မာမႈ၊ အလုပ္ၾကိဳးစားမႈႏွင့္ မေလွ်ာ့ေသာဇြဲလံု႔လတို႔ေၾကာင့္ ေဒသတြင္း ပရိေဘာဂႏွင့္္ အိမ္သုတ္ေဆးေလာကတြင္ ထိပ္တန္းကုမၸဏီျဖစ္ေသာ Shenyang Jiu Jiu Li Feng Group ၏ ဥကၠဌျဖစ္လာခဲ့သည္။

တခ်ိန္က ေခါက္ဆြဲဆိုင္ေရွ ႔တြင္ အမ်ားသူငါ စားေသာက္ေနသည္ကို ဗိုက္ေဟာင္းေလာင္းျဖင့္ ေငးၾကည့္ေနခဲ့ဖူးေသာ သူေတာင္းစားကေလး ဟီေရာင္ဖုန္သည္ ရွန္ယန္းျမိဳ ႔ (Sheng Yang) တြင္ အထင္ကရ လုပ္ငန္းရွင္တစ္ဦး ျဖစ္လာခဲ့ျပီ ျဖစ္သည္။

ဟီေရာင္ဖုန္သည္ လုပ္ငန္းအျမတ္အစြန္းမ်ားမွတဆင့္ ယခုအခါ သန္းေပါင္းမ်ားစြာ ခ်မ္းသာၾကြယ္ဝသူတစ္ဦး ျဖစ္လာျပီ ျဖစ္သည္။

သန္းၾကြယ္သူေဌးတစ္ဦးျဖစ္လာခဲ့ေသာ္လည္း ပရိေဘာဂစက္ရံုအလုပ္ကို မရရွိမီ တိုင္ရွင္းဖန္ သြန္သင္ခဲ့သည့္စကားမ်ားကို မည္သည့္အခါမွ် မေမ့။

“ဓနဥစၥာဟူသည္ ရိုးသားေျဖာင့္မတ္ျခင္းေလာက္ အေရးမၾကီး” ဤသည္ကား တိုင္ရွင္းဖန္က သူ႔ကိုသြန္သင္ခဲ့သည့္ စကားျဖစ္၏။ အနာဂတ္တခ်ိန္ခ်ိန္တြင္ ေအာင္ျမင္သူတစ္ဦးျဖစ္လာပါက ရိုးသားမႈကို လက္ကိုင္ထားရန္ တိုင္ရွင္းဖန္က လမ္းညႊန္ခဲ့သည္။

ဟီေရာင္ဖုန္သည္ ယခုအခါ ခ်မ္းသာၾကြယ္ဝသူတစ္ဦးျဖစ္ရံုသာမက ရိုးသားေျဖာင့္မတ္သူတစ္ဦးအျဖစ္ ဂုဏ္သိကၡာရွိစြာ ရပ္တည္ႏိုင္သူတစ္ဦးလည္း ျဖစ္ေနသည္။ ဤသည္တို႔ကား တိုင္ရွင္းဖန္၏ ေက်းဇူးမ်ားသာ ျဖစ္၏။

ဆယ္စုႏွစ္မ်ား ျဖတ္သန္းကုန္လြန္သြားေသာ္လည္း ဟီေရာင္ဖုန္၏ စိတ္ဝိဥာဥ္တြင္ သူႏွင့္ သူငယ္ခ်င္းမ်ားကို ကူညီမည့္သူ တစ္ဦးမွ် မရွိခ်ိန္တြင္ ၾကင္နာမႈမ်ား၊ ယုံၾကည္မႈမ်ား ေပးခဲ့သည့္ အဘြားအို တိုင္ရွင္းဖန္ကို အျမဲသတိရေနမိသည္။

၂၀၁၃ ခုႏွစ္၊ ေမလထဲတြင္ ဟီေရာင္ဖုန္က စီက်န္းျပည္နယ္၊ ရွင္ခ်ီခရိုင္ (Xianju) မွ သူ၏ စီးပြားဖက္တစ္ဦးထံ အကူအညီတစ္ခု ေတာင္းခဲ့၏။ တိုင္ရွင္းဖန္အမည္ရွိ အဘြားအို မည္သည့္ေနရာတြင္ ေနထိုင္ေနသနည္း၊ သက္ရွိထင္ရွား ရွိပါေသးလားဟူသည္ကို စံုစမ္းေစခဲ့ျခင္း ျဖစ္သည္။

ဟီေရာင္ဖုန္တို႔ ကံေကာင္းပါသည္။ အဘြားအို တိုင္ရွင္းဖန္သည္ ယခင္ေနရာတြင္ပင္ ယခင္ေခါက္ဆြဲဆိုင္ကေလးကို ဆက္လက္ဖြင့္ထားဆဲ၊ သက္ရွိထင္ရွားရွိေနဆဲ ျဖစ္၏။

သို႔ႏွင့္ ၂၀၁၄ ခုႏွစ္တြင္ ဟီေရာင္ဖုန္သည္ အဘြားအို တိုင္ရွင္းဖန္ႏွင့္ ေတြ႔ဆံုရန္ ထိုင္က်ံဳးျမိဳ ႔သို႔ ေရာက္လာခဲ့သည္။

ၾကင္နာတတ္ေသာ ႏွလံုးသားပိုင္ရွင္ အဘြားအိုကို လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၀ ခန္႔က ေခါက္ဆြဲဆိုင္ေလးတြင္ပင္ ေတြ႔ရသည္။

ေခါက္ဆြဲစားေနသူမ်ားကို ဗိုက္ေဟာင္းေလာင္းျဖင့္ ေငးၾကည့္ေနဖူးသူ ဟီေရာင္ဖုန္ႏွင့္ ေစတနာအရိုးခံျဖင့္ အခမဲ့ေကၽြးေမြးခ့ဲသူ တိုင္ရွင္းဖန္တို႔ ျပန္လည္ဆံုစည္းၾကျပီ။

သူေဌးၾကီးျဖစ္ေနျပီျဖစ္ေသာ ဟီေရာင္ဖုန္က အဘြားအိုတိုင္ရွင္းဖန္၏ အိုမင္းေဟာင္းႏြမ္းေနေသာ ေခါက္ဆြဲဆိုင္ကေလးကို ၾကည့္ကာ စိိတ္မေကာင္း။ သို႔ႏွင့္ ဆိုင္ကိုျပန္လည္မြမ္းမံေဆာက္လုပ္ရန္အတြက္ အေမရိကန္ေဒၚလာ ၈၀၀၀၀ ႏွင့္ညီမွ်ေသာ တရုတ္ယြမ္ေငြ ၂ ဘီလီယံ (၂၀၁၄ ခုႏွစ္က ေငြလဲႏႈန္းအရ) ကို ကန္ေတာ့မည္ဟု ဆို၏။

ဟီေရာင္ဖုန္အတြက္မူ လမ္းေဘးဘဝတြင္ တိုင္ရွင္းဖန္ ကူညီခဲ့သည့္ေက်းဇူးတရားႏွင့္ ႏႈိင္းယွဥ္လွ်င္ သူ၏ေပးမည့္ေငြမွာ နည္းပါးေသးသည္ဟု ယူဆသည္။

သို႔ေသာ္ အဘြားအို တိုင္ရွင္းဖန္က ထိုေငြမ်ားကို လက္မခံ။ တစ္ခုခုျပန္ရလိုစိတ္ျဖင့္ ကူညီခဲ့ျခင္းမဟုတ္ဟု အဘြားအိုက ေျပာ၏။

ဟီေရာင္ဖုန္ကို ေအာင္ျမင္ေသာဘဝျဖင့္ ေတြ႔ျမင္ ဝမ္းေျမာက္ရျခင္းကပင္ မိမိအတြက္ လံုေလာက္ျပီဟု ဆိုသည္။

လြန္ခဲ့ေသာ ၂၅ ႏွစ္က ဟီေရာင္ဖုန္အမည္ရွိ လမ္းေဘးကေလးငယ္တစ္ဦးကို ကူညီခဲ့ျခင္းမွာ သနားၾကင္နာစိတ္တစ္ခုတည္းျဖင့္သာ ကူညီခဲ့ျခင္း ျဖစ္ေၾကာင္း၊ ေနရာသစ္တစ္ခုတြင္ ေက်ာတစ္ခင္းစာရရန္ မည္သို႔ရုန္းကန္ရသည္ကို နားလည္ေသာေၾကာင့္ ကိုယ္ခ်င္းစာစိတ္ျဖင့္ ကူညီခဲ့ျခင္းသာျဖစ္ေၾကာင္း အဘြားအိုက ဆို၏။

သို႔ႏွင့္ ဟီေရာင္ဖုန္လည္း ေထာက္ပံ့ခြင့္မရဘဲ ျပန္သြားခဲ့ရသည္။

သို႔ေသာ္ ေက်းဇူးရွင္ကို ေက်းဇူးဆပ္လိုေသာ ဟီေရာင္ဖုန္က လက္မေလွ်ာ့။ ေနာက္တစ္ၾကိမ္ထပ္သြားျပန္၏။ ဤတစ္ၾကိမ္တြင္ကား ေငြသားမ်ားကို လက္ေဆာင္ထုပ္ၾကီးအသြင္ယူေဆာင္သြားျပီး တန္ဖိုးၾကီး ရွားပါးပစၥည္းမ်ားလည္း ယူေဆာင္သြား၏။

“ဒါကိုေတာ့ လက္ခံေပးပါေနာ္။ ဒါကကၽြန္ေတာ့္ရဲ ႔ စိတ္ရင္းနဲ႔ ေပးတာပါ” ဟုဆိုကာ ဟီေရာင္ဖုန္က ေပးရာ တိုင္ရွင္းဖန္လည္း ျငင္းပယ္၍ မျဖစ္ႏိုင္ေတာ့ဘဲ လက္ခံလိုက္ရသည္။

သို႔ေသာ္ ဟီေရာင္ဖုန္ ျပန္သြားျပီးေနာက္ လက္ေဆာင္ထုပ္ၾကီးတြင္ ဘီလ်ံႏွင့္ခ်ီေသာ ေငြမ်ားေတြ႔လိုက္ေသာအခါ တိုင္ရွင္းဖန္က အဆိုပါေငြမ်ားကို ေရာင္ဖုန္၏ ဘဏ္စာရင္းသို႔ ျပန္လည္လႊဲေျပာင္းေပးလိုက္ျပီး အျခားေသာ ရွားပါးပစၥည္းမ်ားကိုလည္း မထိမတို႔ဘဲ ထားရွိေလသည္။

“သူစိတ္ဆိုးဆိုး၊ မဆိုးဆိုး ဒါေတြကို လက္မခံႏိုင္ပါဘူး။ အခုဆိုရင္သူက ေအာင္ျမင္ေနပါျပီ။ အဘြားက ဒါကို ဝမ္းသာတယ္။ တကယ္ေတာ့ အဘြားတို႔ဟာ လူတိုင္းကို ကူညီသင့္ပါတယ္။ အဘြားငယ္ငယ္တုန္းက အေမက အိမ္ရာမဲ့ေတြကို မၾကာခဏ အိမ္မွာ ေခၚေခၚထားေလ့ရွိခဲ့တယ္။ ဒီေတာ့ ဒုကၡေရာက္တဲ့သူကို ကူညီတာက အဘြားအတြက္ သဘာဝျဖစ္ရိုးျဖစ္စဥ္တစ္ခုလိုပါပဲ။ အဲဒီမွာ ဘယ္လို ေႏွာင္ၾကိဳးေတြ၊ ေတာင္းဆိုတာေတြ၊ ေမွ်ာ္လင့္ခ်က္ေတြမွ မရွိပါဘူး။ အခုလို တံု႔ျပန္လာမႈအေပၚမွာေတာ့ အဘြားႏွလံုးသားေတြ ေႏြးေထြးလႈပ္ခတ္မႈ ခံစားရပါတယ္”

တစ္ေန႔တြင္ ဟီေရာင္ဖုန္သည္ အဘြားအို တိုင္ရွင္းဖန္၏ ေခါက္ဆြဲဆိုင္ကေလးေရွ ႔တြင္ ခ်ိတ္ဆြဲရန္ ဆိုင္းဘုတ္ၾကီးတစ္ခု ယူလာ၏။

ထို ဆိုင္းဘုတ္တြင္ ေရးသားထားသည္ကား………..

“ျမင့္မိုရ္ေတာင္ဦး မကက်ဴးမွ် ေက်းဇူးအရွင္” ဟူ၏။

လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက တိုင္ရွင္းဖန္က သူႏွင့္သူငယ္ခ်င္းမ်ားအေပၚ ေႏြးေထြးစြာဆက္ဆံခဲ့ပံုကို ဟီေရာင္ဖုန္ အမွန္တကယ္ပင္ ေက်းဇူးတင္လွသည္။ ဘယ္ေတာ့မွ် ေမ့ႏိုင္ေတာ့မည္ မဟုတ္ေခ်။

ဟီေရာင္ဖုန္၏ ဘဝျဖစ္ရပ္က ကၽြႏု္ပ္တို႔အား သင္ၾကားေပးသည့္ သင္ခန္းစာမွာ ၾကင္နာသည့္ အျပဳအမူေလးတစ္ခုသည္ မည္မွ် ေသးငယ္ပါေစ လူတစ္ဦး၏ ဘဝကို ေျပာင္းလဲသြားေစႏိုင္ေၾကာင္း သင္ၾကားျပသခဲ့ေလျပီ။

ထို႔အျပင္ အျခားသူတို႔ေပးအပ္သည့္ အၾကင္နာတရားမ်ားကို ေမ့ေပ်ာက္မပစ္ရန္လည္း သင္ခန္းစာေပး၏။

သင္သည္ အလုပ္လြန္စာၾကိဳးစားခဲ့ေသာေၾကာင့္ ယေန႔အခ်ိန္တြင္ အထက္တန္းက်သည့္ ဘဝကို ရရွိသူျဖစ္ေနႏိုင္သည္။ သို႔ေသာ္ သင္ ဒုကၡေရာက္စဥ္က သင့္အားကူညီခဲ့သူမ်ားကို သင္ေမ့ေကာင္းေမ့ေနႏိုင္သည္။ ဟီေရာင္ဖုန္၏ ဘဝဇာတ္လမ္းမွာ ယေန႔ေခတ္ လူငယ္မ်ား အတုယူသင့္ေသာ ဇာတ္လမ္းတစ္ခု ျဖစ္သည္။

ေငြပံုေပၚ ထုိင္ႏိုင္ေသာ အခ်ိန္သို႔ေရာက္လွ်င္ သင္ဒုကၡေရာက္စဥ္က ကူညီခဲ့သူမ်ားကို မေမ့ပါႏွင့္။

ကံၾကမၼာရဟတ္သည္ အျမဲလည္ပတ္ေနသည္ကို သတိရပါ။ တိုင္ရွင္းဖန္သည္ သူ၏ဘဝတြင္ အျခားသူမ်ားစြာကို ကူညီခဲ့ဖူးမည္မွာ ေသခ်ာလွသည္။ ထိုေန႔က သူ႔ဆိုင္ေရွ ႔တြင္ လာေရာက္ေငးေမွ်ာ္ေနသည့္ လူငယ္ကေလး ၃ ဦးကို တစ္ၾကိမ္မွ် လစ္လ်ဴရႈလိုက္လွ်င္လည္း ရပါသည္။ သို႔ေသာ္ ၾကင္နာတတ္သည့္ ကမ္းလင့္လက္တစ္စံု ေပးအပ္ခဲ့၏။ အံ့ဖြယ္ အဘြားအိုပင္တကား။

ဟီေရာင္ဖုန္၏ ဘဝျဖတ္သန္းမႈႏွင့္ စိတ္ထားတို႔ကို ႏွစ္သက္ပါက ဤေဆာင္းပါးကို သင့္မိတ္ေဆြႏွင့္ မိသားစုဝင္မ်ားလည္း ဖတ္ရႈႏိုင္ေအာင္ မွ်ေဝေပးလုိက္ပါဦး။

 

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This beggar who became a millionaire wanted to repay a lady for the life-changing help he received but she refused it. The reason she gave is heartwarming (goodtimes, dailystar, inspireconversation, manado.tribunnews, dogonews, bashny.net, dematan9.wixsite.com, albanian.cri.cn )

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service