ပြည်တွင်းခရီးသွား လွန်ခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ထက်ဝက်လောက်ကျဆင်းသွား

ပြည်တွင်းခရီးသွား လွန်ခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ထက်ဝက်လောက်ကျဆင်းသွား - Property News in Myanmar from iMyanmarHouse.com
19 Aug 2020 11:08 am တွင် တင်ခဲ့သည်
703 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြီးခဲ့တဲ့ ဇူလိုင်လထဲကစတင်ပြီးပြည်တွင်းမှာခရီးသွားနှုန်းတွေပြန်လည်များပြားလာပေမယ့် မနှစ်ကယခုအချိန်လောက်မှာသွားခဲ့တဲ့ အရေအတွက်ကိုမမှီသေးဘူးလို့ ပြည်တွင်းခရီးသွားလုပ်ငန်းရှင်တွေထံကသိရပါတယ်။

၂၀၁၉အတွင်းမှာပြည်တွင်းခရီးသွားလုပ်ငန်းကနေ ခရီးသွားက၈သန်းလောက်ရှိခဲ့ပေမယ့် အခုနှစ်မှာတော့ ရာခိုင်နှုန်းအားဖြင့်ထက်ဝက်လောက်ကျဆင်းသွားနိုင်တယ်လို့ သန်းဌေးနဲ့ရောင်းရင်းများခရီးသွားလုပ်ငန်းပိုင်ရှင်ဦးသန်းဌေးကပြောပါတယ်။

ဦးသန်းဌေး -သန်းဌေးနှင့်ရောင်းရင်းများ " ဒီလတွေထဲပြည်တွင်းခရီးသွားတွေပြန်ရှိလာပေမယ့် မနှစ်ကစံချိန်ကိုမမှီသေးဘူး ခရီးသွားလုပ်ငန်းတွေပြန်လည်ပတ်နေတယ်လို့ပဲပြောလို့ရသေးတယ် တော်တော်လေးတော့ ရုန်းကန်နေရတုန်းပဲ "

ပြီးခဲ့တဲ့ကာလတွေက ရုံးပိတ်ရက်တွေဆက်တိုက်ရှိခဲ့လို့ ပြည်တွင်းမှာ ခရီးသွားတွေပြန်လည်များပြားလာခဲ့တာပါ။

ဒါပေမယ့်မကြာခင်ရောက်ရှိလာမယ့် တောင်ပြုံးပွဲတော် ၊ အဘထွက်ပွဲတော်တွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက ဘုရားပွဲတွေလည်း ကျင်းပမှာမဟုတ်တာကြောင့်ပြည်တွင်းခရီးသွားသူတွေက ထင်သလောက်မြင့်တက်လာဦးမှာမဟုတ်ဘူးလို့ဆိုပါတယ်။

ပြည်တွင်းမှာခရီးသွားတွေ နှစ်တိုင်းအရေအတွက်များစွာသွားလေ့ရှိတဲ့ ဧပြီနဲ့မေလတွေမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေရပ်နားထားရတာကြောင့် ခရီသွားဝန်ဆောင်မှုလုပ်ငန်းတွေအထိနာခဲ့ရတာပါ။

ကပ်ရောဂါကြောင့် ပြည်တွင်းပြည်ပ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားရချိန်မှာ ခရီးသွားလုပ်ငန်းတွေ သိသိသာသာ အထိနာခဲ့သလို နောက်ထပ် ဆက်လက်ကျဆင်းနိုင်သေးတယ်လို့လည်း ခန့်မှန်းနေပါတယ်။ ကပ်ရောဂါကြောင့် ဒီနှစ်ရဲ့ ပထမ ၆ လအတွင်း ခရီးသွားအရေအတွက်ဟာ အရင်နှစ်ကထက် ၆၀ ရာခိုင်နှုန်းလောက် လျော့သွားတယ်လို့လည်း မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၁၉ ဇန်နဝါရီကနေ ဇွန်အထိလာလည်တဲ့ ဧည့်သည်အရေအတွက်နဲ့ ၂၀၂၀ ဇန်နဝါရီကနေ ဇွန်အထိလာလည်တဲ့ ဧည့်သည်အရေအတွက် နှိုင်းယှဉ်လိုက်ရင် ၆၀ ရာခိုင်နှုန်းကျသွားပြီ။ ဒါတောင်မှ ဘာကြောင့်လဲဆိုတော့ ၂၀၂၀မှာ ဇန်နဝါရီ - ဖေဖော်ဝါရီ - မတ် ဒီ ကိုဗစ်မပျံ့နှံ့ခင်မှာ လာတဲ့ဧည့်သည် ၃ လစာလောက်လေး ရှိနေလို့သာ ၆၀ ရာခိုင်နှုန်းလျှော့တယ်လို့ ပြောလို့ရတာပေါ့။ ဒီကိုဗစ်နောက်ပိုင်း ကြေညာတဲ့နောက်ဆို ပြည်ပခရီးသွား ဧည့်သည်က Zero ပဲလေ။ အဲလိုဆိုတော့ နှစ်ကုန်အထိဆို ကျနော်တို့မှန်းထားတာ ၈၀ ရာခိုင်နှုန်းနဲ့အထက်ပဲ လျှော့မှာ။”

မကြာသေးခင်နှစ်တွေကစလို့ အရှိန်ရလာခဲ့တဲ့ မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းတွေ ဒီနှစ်မှာ မမျှော်လင့်ပဲ ကပ်ရောဂါကြောင့် ထိခိုက်မှုတွေ ကြုံနေရတာပါ။ အခုလို ခရီးသွားလုပ်ငန်းတွေမှာ အကြီးအကျယ် ထိခိုက်မှုတွေ ကြုံနေရချိန်မှာ သက်သာရာရဖို့ လုပ်ငန်းတွေ ပြန်စနိုင်ရေး လုပ်ငန်းရှင်တွေဘက်ကလည်း လိုလားနေကြပါတယ်။ အထူးသဖြင့် ပြည်ပခရီးသွားတွေ မလာနိုင်သေးတဲ့အချိန်မျိုးမှာ ပြည်တွင်းက ခရီးသွားတွေကို စနစ်တကျ ခွင့်ပြုပေးနိုင်အောင် တာဝန်ရှိသူတွေအနေနဲ့ ပြင်ဆင်ဖို့လိုတယ်လို့လည်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းကော်မတီရဲ့ တတ်သိပညာရှင် ဦးသက်လွင်တိုးက ကပြောပါတယ်။

“တယောက်က အော်ဒါထွက်လိုက်တယ်။ ဘုရားတွေ၊ စေတီတွေ၊ ဗလီတွေ၊ Church တွေသွားလို့ရပြီ။ အဲ့အချိန်မှာ နောက်တယောက်က သွားလို့မရတော့ဘူးဆိုပြီး ဗဟိုအစိုးရက ပြန်ထုတ်လိုက်တယ်။ အဲဒီအခါမှာ ဟသွားတာလေးတွေ လွဲသွားတာလေးတွေ ရှိတာပေါ့နော်။ အဲတော့ ဒီလိုတွေ မဖြစ်ရအောင် ခုချိန်မှာ ဗဟိုကော်မတီရဲ့ မှတ်ချက်က အဓိကပဲ။ ဒါပေမယ့် အဲဒီအချိန်မှာ အထက်ကို တင်ပြထားတယ်ဆိုရင်လည်း အချိန်နဲ့တပြေးညီ Yes or No ကိုကြိုပြောနိုင်မယ်ဆိုရင် ကောင်းပါတယ်။

နောက်တချက်က ပိတ်ရက်တွေများတာလည်းပါတာပေါ့။ အဲဒီအချိန်မှာ ကျနော်တို့က ဒီပိတ်ရက်ကိုလည်း ကြိုကြေညာမယ်။ နောက် အဲဒီရက်တွေမှာလည်း ကြိုတင်ပြင်ဆင်မှုတွေကို ခုနလို လုပ်မယ်ဆိုရင်တော့ သွားရတဲ့သူတွေအတွက်လည်း သွားရကျိုးနပ်မယ်။ ဒီအတွက် ပြင်ဆင်ရတဲ့ Service Provider တွေအတွက်လည်း ဆုံးရှုံးမှုတွေနည်းသွားမယ်လို့ ထင်ပါတယ်။”

ပြည်ပခရီးသွားတွေကို ဝင်ခွင့်မပြုတာ အပါအဝင် ကပ်ရောဂါကာကွယ်ရေးအတွက် ကန့်သတ် ထိန်းချုပ်တဲ့ အစီအစဉ်တွေကိုတော့ မြန်မာအစိုးရက ဒီလကုန်အထိ သက်တမ်းတိုးထားပါတယ်။ ဒါကြောင့်လည်း လတ်တလောမှာ ပြည်ပခရီးသွားတွေကို အားထားနိုင်တဲ့ အခြေအနေမှာ မရှိပါဘူး။

COVID-19 ကပ်ရောဂါကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း ပြီးခဲ့တဲ့လဆန်းကပဲ သတိပေးထားပါတယ်။ ကုလသမဂ္ဂရဲ့ မကြာသေးခင်က အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ ကပ်ရောဂါကြောင့် စီးပွားရေး၊ လူမှုရေး ရိုက်ခတ်မှုတွေ ကြုံရနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ျပည္တြင္းခရီးသြား လြန္ခဲ့တဲ့ႏွစ္နဲ႔ ႏိႈင္းယွဥ္ရင္ ထက္ဝက္ေလာက္က်ဆင္းသြား

ၿပီးခဲ့တဲ့ ဇူလိုင္လထဲကစတင္ၿပီးျပည္တြင္းမွာခရီးသြားႏႈန္းေတြျပန္လည္မ်ားျပားလာေပမယ့္ မႏွစ္ကယခုအခ်ိန္ေလာက္မွာသြားခဲ့တဲ့ အေရအတြက္ကိုမမွီေသးဘူးလို႔ ျပည္တြင္းခရီးသြားလုပ္ငန္း႐ွင္ေတြထံကသိရပါတယ္။

၂၀၁၉အတြင္းမွာျပည္တြင္းခရီးသြားလုပ္ငန္းကေန ခရီးသြားက၈သန္းေလာက္႐ွိခဲ့ေပမယ့္ အခုႏွစ္မွာေတာ့ ရာခိုင္ႏႈန္းအားျဖင့္ထက္ဝက္ေလာက္က်ဆင္းသြားႏိုင္တယ္လို႔ သန္းေဌးနဲ႔ေရာင္းရင္းမ်ားခရီးသြားလုပ္ငန္းပိုင္႐ွင္ဦးသန္းေဌးကေျပာပါတယ္။

ဦးသန္းေဌး -သန္းေဌးႏွင့္ေရာင္းရင္းမ်ား " ဒီလေတြထဲျပည္တြင္းခရီးသြားေတြျပန္႐ွိလာေပမယ့္ မႏွစ္ကစံခ်ိန္ကိုမမွီေသးဘူး ခရီးသြားလုပ္ငန္းေတြျပန္လည္ပတ္ေနတယ္လို႔ပဲေျပာလို႔ရေသးတယ္ ေတာ္ေတာ္ေလးေတာ့ ႐ုန္းကန္ေနရတုန္းပဲ "

ၿပီးခဲ့တဲ့ကာလေတြက ႐ုံးပိတ္ရက္ေတြဆက္တိုက္႐ွိခဲ့လို႔ ျပည္တြင္းမွာ ခရီးသြားေတြျပန္လည္မ်ားျပားလာခဲ့တာပါ။

ဒါေပမယ့္မၾကာခင္ေရာက္႐ွိလာမယ့္ ေတာင္ျပဳံးပြဲေတာ္ ၊ အဘထြက္ပြဲေတာ္ေတြနဲ႔ ျမန္မာႏိုင္ငံအလယ္ပိုင္းက ဘုရားပြဲေတြလည္း က်င္းပမွာမဟုတ္တာေၾကာင့္ျပည္တြင္းခရီးသြားသူေတြက ထင္သေလာက္ျမင့္တက္လာဦးမွာမဟုတ္ဘူးလို႔ဆိုပါတယ္။

ျပည္တြင္းမွာခရီးသြားေတြ ႏွစ္တိုင္းအေရအတြက္မ်ားစြာသြားေလ့႐ွိတဲ့ ဧၿပီနဲ႔ေမလေတြမွာ ျပည္တြင္းခရီးသြားလုပ္ငန္းေတြရပ္နားထားရတာေၾကာင့္ ခရီသြားဝန္ေဆာင္မႈလုပ္ငန္းေတြအထိနာခဲ့ရတာပါ။

ကပ္ေရာဂါေၾကာင့္ ျပည္တြင္းျပည္ပ သြားလာလႈပ္႐ွားမႈေတြ ကန္႔သတ္ထားရခ်ိန္မွာ ခရီးသြားလုပ္ငန္းေတြ သိသိသာသာ အထိနာခဲ့သလို ေနာက္ထပ္ ဆက္လက္က်ဆင္းႏိုင္ေသးတယ္လို႔လည္း ခန္႔မွန္းေနပါတယ္။ ကပ္ေရာဂါေၾကာင့္ ဒီႏွစ္ရဲ႕ ပထမ ၆ လအတြင္း ခရီးသြားအေရအတြက္ဟာ အရင္ႏွစ္ကထက္ ၆၀ ရာခိုင္ႏႈန္းေလာက္ ေလ်ာ့သြားတယ္လို႔လည္း ျမန္မာႏိုင္ငံ ဟိုတယ္နဲ႔ ခရီးသြားၫႊန္ၾကားမႈ ဦးစီးဌာနက ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ေအးဟန္က ေျပာပါတယ္။

“ၿပီးခဲ့တဲ့ ၂၀၁၉ ဇန္နဝါရီကေန ဇြန္အထိလာလည္တဲ့ ဧည့္သည္အေရအတြက္နဲ႔ ၂၀၂၀ ဇန္နဝါရီကေန ဇြန္အထိလာလည္တဲ့ ဧည့္သည္အေရအတြက္ ႏိႈင္းယွဥ္လိုက္ရင္ ၆၀ ရာခိုင္ႏႈန္းက်သြားၿပီ။ ဒါေတာင္မွ ဘာေၾကာင့္လဲဆိုေတာ့ ၂၀၂၀မွာ ဇန္နဝါရီ - ေဖေဖာ္ဝါရီ - မတ္ ဒီ ကိုဗစ္မပ်ံ႕ႏွံ႔ခင္မွာ လာတဲ့ဧည့္သည္ ၃ လစာေလာက္ေလး ႐ွိေနလို႔သာ ၆၀ ရာခိုင္ႏႈန္းေလွ်ာ့တယ္လို႔ ေျပာလို႔ရတာေပါ့။ ဒီကိုဗစ္ေနာက္ပိုင္း ေၾကညာတဲ့ေနာက္ဆို ျပည္ပခရီးသြား ဧည့္သည္က Zero ပဲေလ။ အဲလိုဆိုေတာ့ ႏွစ္ကုန္အထိဆို က်ေနာ္တို႔မွန္းထားတာ ၈၀ ရာခိုင္ႏႈန္းနဲ႔အထက္ပဲ ေလွ်ာ့မွာ။”

မၾကာေသးခင္ႏွစ္ေတြကစလို႔ အ႐ွိန္ရလာခဲ့တဲ့ ျမန္မာႏိုင္ငံက ခရီးသြားလုပ္ငန္းေတြ ဒီႏွစ္မွာ မေမွ်ာ္လင့္ပဲ ကပ္ေရာဂါေၾကာင့္ ထိခိုက္မႈေတြ ၾကဳံေနရတာပါ။ အခုလို ခရီးသြားလုပ္ငန္းေတြမွာ အႀကီးအက်ယ္ ထိခိုက္မႈေတြ ၾကဳံေနရခ်ိန္မွာ သက္သာရာရဖို႔ လုပ္ငန္းေတြ ျပန္စႏိုင္ေရး လုပ္ငန္း႐ွင္ေတြဘက္ကလည္း လိုလားေနၾကပါတယ္။ အထူးသျဖင့္ ျပည္ပခရီးသြားေတြ မလာႏိုင္ေသးတဲ့အခ်ိန္မ်ိဳးမွာ ျပည္တြင္းက ခရီးသြားေတြကို စနစ္တက် ခြင့္ျပဳေပးႏိုင္ေအာင္ တာဝန္႐ွိသူေတြအေနနဲ႔ ျပင္ဆင္ဖို႔လိုတယ္လို႔လည္း ျမန္မာႏိုင္ငံခရီးသြား လုပ္ငန္းေကာ္မတီရဲ႕ တတ္သိပညာ႐ွင္ ဦးသက္လြင္တိုးက ကေျပာပါတယ္။

“တေယာက္က ေအာ္ဒါထြက္လိုက္တယ္။ ဘုရားေတြ၊ ေစတီေတြ၊ ဗလီေတြ၊ Church ေတြသြားလို႔ရၿပီ။ အဲ့အခ်ိန္မွာ ေနာက္တေယာက္က သြားလို႔မရေတာ့ဘူးဆိုၿပီး ဗဟိုအစိုးရက ျပန္ထုတ္လိုက္တယ္။ အဲဒီအခါမွာ ဟသြားတာေလးေတြ လြဲသြားတာေလးေတြ ႐ွိတာေပါ့ေနာ္။ အဲေတာ့ ဒီလိုေတြ မျဖစ္ရေအာင္ ခုခ်ိန္မွာ ဗဟိုေကာ္မတီရဲ႕ မွတ္ခ်က္က အဓိကပဲ။ ဒါေပမယ့္ အဲဒီအခ်ိန္မွာ အထက္ကို တင္ျပထားတယ္ဆိုရင္လည္း အခ်ိန္နဲ႔တေျပးညီ Yes or No ကိုႀကိဳေျပာႏိုင္မယ္ဆိုရင္ ေကာင္းပါတယ္။

ေနာက္တခ်က္က ပိတ္ရက္ေတြမ်ားတာလည္းပါတာေပါ့။ အဲဒီအခ်ိန္မွာ က်ေနာ္တို႔က ဒီပိတ္ရက္ကိုလည္း ႀကိဳေၾကညာမယ္။ ေနာက္ အဲဒီရက္ေတြမွာလည္း ႀကိဳတင္ျပင္ဆင္မႈေတြကို ခုနလို လုပ္မယ္ဆိုရင္ေတာ့ သြားရတဲ့သူေတြအတြက္လည္း သြားရက်ိဳးနပ္မယ္။ ဒီအတြက္ ျပင္ဆင္ရတဲ့ Service Provider ေတြအတြက္လည္း ဆုံး႐ႈံးမႈေတြနည္းသြားမယ္လို႔ ထင္ပါတယ္။”

ျပည္ပခရီးသြားေတြကို ဝင္ခြင့္မျပဳတာ အပါအဝင္ ကပ္ေရာဂါကာကြယ္ေရးအတြက္ ကန္႔သတ္ ထိန္းခ်ဳပ္တဲ့ အစီအစဥ္ေတြကိုေတာ့ ျမန္မာအစိုးရက ဒီလကုန္အထိ သက္တမ္းတိုးထားပါတယ္။ ဒါေၾကာင့္လည္း လတ္တေလာမွာ ျပည္ပခရီးသြားေတြကို အားထားႏိုင္တဲ့ အေျခအေနမွာ မ႐ွိပါဘူး။

COVID-19 ကပ္ေရာဂါကူးစက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ မေတြ႕ရေပမဲ့ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးအေပၚ ႀကီးမားတဲ့ သက္ေရာက္မႈေတြ ႐ွိႏိုင္ေၾကာင္း အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) ကလည္း ၿပီးခဲ့တဲ့လဆန္းကပဲ သတိေပးထားပါတယ္။ ကုလသမဂၢရဲ႕ မၾကာေသးခင္က အစီရင္ခံစာမွာလည္း ျမန္မာႏိုင္ငံအပါအဝင္ အေ႐ွ႕ေတာင္အာ႐ွ ၁၁ ႏိုင္ငံမွာ ကပ္ေရာဂါေၾကာင့္ စီးပြားေရး၊ လူမႈေရး ႐ိုက္ခတ္မႈေတြ ၾကဳံရႏိုင္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
Aung Theikdi Villa
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service