မြေဧက ထောင်ချီရှိသည့် စက်မှုဇုန်စီမံကိန်းများ မြန်ဆန်စွာ အကောင်ဖော်ရန် တွန်းအားပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆို

မြေဧက ထောင်ချီရှိသည့် စက်မှုဇုန်စီမံကိန်းများ မြန်ဆန်စွာ အကောင်ဖော်ရန် တွန်းအားပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆို - Property News in Myanmar from iMyanmarHouse.com
18 Aug 2020 12:13 pm တွင် တင်ခဲ့သည်
747 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုုဖြင့်ဆောင်ရွက်မည့် ဧကထောင်ချီရှိသည့် စက်မှုဇုန်စီမံကိန်းကြီးများကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ရန် တွန်းအားပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

COVID-19 ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသေးများ ဝင်ရောက်မှုလျော့ကျလာချိန်တွင် ခွင့်ပြုပြီးသားဖြစ်သည့် အဆိုပါစက်မှုဇုန်စီမံကိန်းကြီးများကို မြန်မြန်ဆန်ဆန်ပေါ်ပေါက်လာရန် တွန်းအားပေးရမည်ဟု ဝန်ကြီးချုပ်ကဆိုသည်။

“ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသေးတွေက လာရောက်ဖို့က လေကြောင်းလိုင်းတွေ အဆင်မပြေဘူး၊ ကမ္ဘာမှာ COVID ကြောင့် ရင်းနှီးမြှုပ်နှံမှုလျော့ကျလာတဲ့ အခြေအနေကို ကြုံနေရပါတယ်၊ ဒါကြောင့် လုပ်ငန်းကြီးတွေကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ခြင်းဖြင့် COVID ကြောင့်ခံစားရတဲ့ အလုပ်အကိုင်အခွင့်အလန်းလျော့ကျတဲ့ပြဿနာ၊ စီးပွားရေးလည်ပတ်မှုတွေကို သက်သာစေမှာပါ” ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

ဝန်ကြီးချုပ်က လှည်းကူးတွင် စင်ကာပူနှင့် ဆောင်ရွက်မည့် Sembcorp၏ စီမံကိန်း၊ထိုင်းနိုင်ငံမှ ဆောင်ရွက်မည့် Amata Eco Green City နှင့် ကိုရီးယား-မြန်မာပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် KMIC စီမံကိန်းများကို ရည်ညွန်းပြောဆိုခြင်းဖြစ်သည်။

လှည်းကူးစက်မှုဇုန်ဥယျာဉ် စီမံကိန်းကို မြေဧက ၁,၅၀၀ ခန့်တွင် အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) က ဇူလိုင် ၃၁ ရက်တွင် ခွင့်ပြုပေးလိုက်ကြောင်း ထုတ်ပြန်သည်။ထိုစီမံကိန်းသည် ရန်ကုန်တိုင်းအစိုးရပိုင် မြေနေရာတွင် အကောင်အထည်ဖော်မည် ဖြစ်သည်။ထိုစီမံကိန်းတွင် အစားအသောက်နှင့်ပတ်သတ်သည့်စက်ရုံများအပြင် သယ်ယူထောက်ပံ့ရေး လုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် Amata ကော်ပိုရေးရှင်းကို ဒေါ်လာသန်း ၃၀၀ တန် Smart and Eco City တည်ဆောက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၉ အောက်တိုဘာ ၂၁ ရက်စွဲဖြင့် ခွင့်ပြုခဲ့သည်။

အဆိုပါစီမံကိန်းသည် ဒဂုံ မြို့သစ် (အရှေ့ပိုင်း)နှင့် ဒဂုံမြို့ သစ် (တောင်ပိုင်း) မြို့နယ်တို့မှ လေးထောင့်ကန်ကျေးရွာရှိ မြေ ဧက ၂,၀၀၀ တွင် တည်ဆောက်ရန်စီစဉ်ထားခြင်းဖြစ်သည်။ စီမံကိန်း၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ထိုင်း Amata ကော် ပိုရေးရှင်းက ပိုင်ဆိုင်ပြီး ကျန်ရှယ်ယာများကို ဆောက်လုပ်ရေးဝန် ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ပိုင်ဆိုင်မည်ဖြစ်သည်။ စီမံကိန်းတစ်ခုလုံးသည် ဒေါ်လာတစ်ဘီလီယံ ကုန်ကျမည် ဖြစ်ပြီး ပထမအဆင့် ဧက ၂,၀၀၀ တွင် လူနေအိမ်ရာများ၊ ရုံးခန်းများနှင့် စက်မှုဇုန်မြေယာများ ပါဝင်မည်ဟု ကော်ပိုရေးရှင်းက ဆိုထားသည်။

KMIC စီမံကိန်းကို ကိုရီးယားအစိုးရပိုင် Land and Housing ကော်ပိုရေးရှင်း (LH)နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်းဆောင်ရွက် ခြင်းဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲရန် အမျိုးသားညီလာခံကျင်းပခဲ့သည့် လှည်းကူးမြို့နယ် ညောင်နှစ်ပင် စခန်းရှိ မြေဧက ၆၀၀ ပေါ်တွင် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန် ကိုရီးယားဘက်က စီစဉ်ခြင်းဖြစ်သည်။

သို့သော် အမျိုးသားညီလာခံကျင်းပခဲ့သည့် သမိုင်းဝင်အဆောက်အအုံအပါအဝင် မြေဧက ၃၀ ကျော်ကို အစိုးရထံ ပြန်လည် ပေးအပ်ရ၍ ဧက ၅၅၀ ကျော်သာ ပြုလုပ်ခွင့်ရခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေျမဧက ေထာင္ခ်ီ႐ွိသည့္ စက္မႈဇုန္စီမံကိန္းမ်ား ျမန္ဆန္စြာ အေကာင္ေဖာ္ရန္ တြန္းအားေပးမည္ဟု ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဆို

ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈုုျဖင့္ေဆာင္႐ြက္မည့္ ဧကေထာင္ခ်ီ႐ွိသည့္ စက္မႈဇုန္စီမံကိန္းႀကီးမ်ားကို ျမန္ျမန္ဆန္ဆန္အေကာင္အထည္ေဖာ္ရန္ တြန္းအားေပးမည္ဟု ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

COVID-19 ေၾကာင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအေသးမ်ား ဝင္ေရာက္မႈေလ်ာ့က်လာခ်ိန္တြင္ ခြင့္ျပဳၿပီးသားျဖစ္သည့္ အဆိုပါစက္မႈဇုန္စီမံကိန္းႀကီးမ်ားကို ျမန္ျမန္ဆန္ဆန္ေပၚေပါက္လာရန္ တြန္းအားေပးရမည္ဟု ဝန္ႀကီးခ်ဳပ္ကဆိုသည္။

“ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေသးေတြက လာေရာက္ဖို႔က ေလေၾကာင္းလိုင္းေတြ အဆင္မေျပဘူး၊ ကမ႓ာမွာ COVID ေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမႈေလ်ာ့က်လာတဲ့ အေျခအေနကို ၾကဳံေနရပါတယ္၊ ဒါေၾကာင့္ လုပ္ငန္းႀကီးေတြကို ျမန္ျမန္ဆန္ဆန္ေဆာင္႐ြက္ျခင္းျဖင့္ COVID ေၾကာင့္ခံစားရတဲ့ အလုပ္အကိုင္အခြင့္အလန္းေလ်ာ့က်တဲ့ျပႆနာ၊ စီးပြားေရးလည္ပတ္မႈေတြကို သက္သာေစမွာပါ” ဟု ဦးၿဖိဳးမင္းသိန္းကေျပာသည္။

ဝန္ႀကီးခ်ဳပ္က လွည္းကူးတြင္ စင္ကာပူႏွင့္ ေဆာင္႐ြက္မည့္ Sembcorp၏ စီမံကိန္း၊ထိုင္းႏိုင္ငံမွ ေဆာင္႐ြက္မည့္ Amata Eco Green City ႏွင့္ ကိုရီးယား-ျမန္မာပူးေပါင္းေဆာင္႐ြက္မႈျဖစ္သည့္ KMIC စီမံကိန္းမ်ားကို ရည္ၫြန္းေျပာဆိုျခင္းျဖစ္သည္။

လွည္းကူးစက္မႈဇုန္ဥယ်ာဥ္ စီမံကိန္းကို ေျမဧက ၁,၅၀၀ ခန္႔တြင္ အေကာင္အထည္ေဖာ္ရန္ စီစဥ္ထားၿပီး ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္(MIC) က ဇူလိုင္ ၃၁ ရက္တြင္ ခြင့္ျပဳေပးလိုက္ေၾကာင္း ထုတ္ျပန္သည္။ထိုစီမံကိန္းသည္ ရန္ကုန္တိုင္းအစိုးရပိုင္ ေျမေနရာတြင္ အေကာင္အထည္ေဖာ္မည္ ျဖစ္သည္။ထိုစီမံကိန္းတြင္ အစားအေသာက္ႏွင့္ပတ္သတ္သည့္စက္႐ုံမ်ားအျပင္ သယ္ယူေထာက္ပံ့ေရး လုပ္ငန္းမ်ား ပါဝင္မည္ျဖစ္သည္။

ထိုင္းႏိုင္ငံအေျခစိုက္ Amata ေကာ္ပိုေရး႐ွင္းကို ေဒၚလာသန္း ၃၀၀ တန္ Smart and Eco City တည္ေဆာက္ရန္ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္က ၂၀၁၉ ေအာက္တိုဘာ ၂၁ ရက္စြဲျဖင့္ ခြင့္ျပဳခဲ့သည္။

အဆိုပါစီမံကိန္းသည္ ဒဂုံ ၿမိဳ႕သစ္ (အေ႐ွ႕ပိုင္း)ႏွင့္ ဒဂုံၿမိဳ႕ သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္တို႔မွ ေလးေထာင့္ကန္ေက်း႐ြာ႐ွိ ေျမ ဧက ၂,၀၀၀ တြင္ တည္ေဆာက္ရန္စီစဥ္ထားျခင္းျဖစ္သည္။ စီမံကိန္း၏ ႐ွယ္ယာ ၈၀ ရာခိုင္ႏႈန္းကို ထိုင္း Amata ေကာ္ ပိုေရး႐ွင္းက ပိုင္ဆိုင္ၿပီး က်န္႐ွယ္ယာမ်ားကို ေဆာက္လုပ္ေရးဝန္ ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနက ပိုင္ဆိုင္မည္ျဖစ္သည္။ စီမံကိန္းတစ္ခုလုံးသည္ ေဒၚလာတစ္ဘီလီယံ ကုန္က်မည္ ျဖစ္ၿပီး ပထမအဆင့္ ဧက ၂,၀၀၀ တြင္ လူေနအိမ္ရာမ်ား၊ ႐ုံးခန္းမ်ားႏွင့္ စက္မႈဇုန္ေျမယာမ်ား ပါဝင္မည္ဟု ေကာ္ပိုေရး႐ွင္းက ဆိုထားသည္။

KMIC စီမံကိန္းကို ကိုရီးယားအစိုးရပိုင္ Land and Housing ေကာ္ပိုေရး႐ွင္း (LH)ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ ျခင္းျဖစ္သည္။ ၂၀၀၈ ဖြဲ႕စည္းပုံေရးဆြဲရန္ အမ်ိဳးသားညီလာခံက်င္းပခဲ့သည့္ လွည္းကူးၿမိဳ႕နယ္ ေညာင္ႏွစ္ပင္ စခန္း႐ွိ ေျမဧက ၆၀၀ ေပၚတြင္ အဆိုပါစီမံကိန္းကို အေကာင္အထည္ေဖာ္ရန္ ကိုရီးယားဘက္က စီစဥ္ျခင္းျဖစ္သည္။

သို႔ေသာ္ အမ်ိဳးသားညီလာခံက်င္းပခဲ့သည့္ သမိုင္းဝင္အေဆာက္အအုံအပါအဝင္ ေျမဧက ၃၀ ေက်ာ္ကို အစိုးရထံ ျပန္လည္ ေပးအပ္ရ၍ ဧက ၅၅၀ ေက်ာ္သာ ျပဳလုပ္ခြင့္ရခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service