အခွင့်အမိန့်အရ နေထိုင်ခွင့်ပေးထားသူ(အခွင့်အမိန့်အရ နေထိုင်သူ)အား ဖယ်ရှားနှင်လိုမှုအကြောင်း

အခွင့်အမိန့်အရ နေထိုင်ခွင့်ပေးထားသူ(အခွင့်အမိန့်အရ နေထိုင်သူ)အား ဖယ်ရှားနှင်လိုမှုအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
17 Aug 2020 2:55 pm တွင် တင်ခဲ့သည်
2036 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အခွင့်အမိန့်အရ နေထိုင်သူကို နှင်လိုမှုတွင် အခွင့်အမိန့်ပေးတဲ့သူ အနေအထားအရ တရားစွဲဆိုခြင်း ဖြစ်ပါသည်။ အခွင့်အမိန့်နှင့် စွဲဆိုသည့်အမှုတွင် တရားလိုသည် ပိုင်ဆိုင်ခြင်း မရှိစေကာမူ ခွင့်ပြုခဲ့သူဖြစ်ပါက ခွင့်ပြုချက်ကို ရုတ်သိမ်း၍ နှင်ပိုင်ခွင့်တရားစွဲဆိုနိုင်ပါသည်။

အခွင့်အမိန့်အရနေထိုင်ခွင့်ပြုခြင်းကို ထာဝရ အခမဲ့ အခွင့်အမိန့်နှင့် နေထိုင်ခွင့် ပြုသည်ဟု ကောက်ယူ ၍ မရပါ။ အခမဲ့ နေထိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းပြီးနောက် ဖယ်ရှားစေရန် တရားစွဲဆိုနိုင်ပါသည်။ ခွင့်ပြုချက်ဖြင့် နေထိုင်သူသည် နှစ်ပေါင်းမည်မျှ နေထိုင်စေကာမူ ဆန့်ကျင်ဘက်ပိုင်ဆိုင်မှု ကိုမရနိုင်ပါ ။

အချင်းဖြစ်မြေတွင် အမွေဆိုင်များအဖြစ် နေထိုင်သူတို့အား အခွင့်အမိန့်ဖြစ်နေထိုင်သူအဖြစ် တရား မစွဲဆိုနိုင်ပါ။ တစ်ချိန်က အခွင့်အမိန့်အရ နေထိုင်သူဖြစ်လင့်ကစား နောက်ပိုင်းတွင် ပိုင်ရေးပိုင်ခွင့်အရ နေထိုင် သူဖြစ်လျှင် ထိုသူအား အခွင့်အမိန့်အရ နေထိုင်သူအဖြစ် နှင်ထုတ်နိုင်ခွင့်မရှိပါ။ ပိုင်ရေးပိုင်ခွင့်အရ နေထိုင်သူ သည် ခွင့်ပြုချက်အရနေထိုင်သူ မဟုတ်၍ နှင်ထုတ်ခွင့်မရှိပါ။

ပစ္စည်းကို အမွေဆက်ခံရရှိသူသည် ကွယ်လွန်သူအမွေရှင်က ယင်းပစ္စည်းတွင် အခမဲ့နေထိုင်ခွင့်ပြုခဲ့သူ အား မိမိ၏ အခွင့်အမိန့်အရနေထိုင်သူအဖြစ်ဖြင့် ဖယ်ရှားခွင့်ရှိသည်။ ခွင့်ပြုချက်အရနေထိုင်သူ ကွယ်လွန်ပြီး နောက် အတူနေသားသမီးသည် အခမဲ့နေသူ မိဘများ၏ နေထိုင်ခွင့်ကို ဆက်ခံခွင့်ရှိသည်။ အခွင့်အမိန့်အရ နေထိုင်သူကို နှင်လိုမှုတွင် နေအိမ်အခိုင်အမာဆောက်လုပ်ခွင့်ပြုခဲ့လျှင် မြေရှင်သည် ယင်းနေအိမ်ကို ဖယ်ရှား ခွင့် မရှိတော့ပါ။

ပစ္စည်းကို ဝယ်ယူသူသည် ဝယ်ယူသည့် ပစ္စည်းတွင် ရောင်းသူ၏ ခွင့်ပြုချက်အရ နေထိုင်သူအား မိမိ၏ အခွင့်အမိန့်အရနေထိုင်သူအဖြစ်ဖြင့် ဖယ်ရှားခွင့် ရှိမည်မဟုတ်ပါ။

ခွင့်ပြုချက်ခြင့် အခမဲ့နေထိုင်ခွင့်ပြုထားသူ နိုင်ငံခြားသို့ပြန်သွားသည့်အချိန်တွင် ခွင့်ပြုချက်မှာ ကုန်ဆုံး သွား သည်။ ဆက်လက်နေထိုင်ခြင်းသည် ပိုင်ရှင်အားကျူးကျောင်နေထိုင်ခြင်းဖြစ်သည်။

တစ်ဦးထက် ပိုသူများက ခွင့်ပြုချက်ပေးခဲ့ရာတွင် ခွင့်ပြုချက်ပေးသူတစ်ဦးက ခွင့်ပြုချက်ကို ရုတ်သိမ်းခဲ့ သော်လည်း အခြားသူတို့က ဆက်လက်၍ ခွင့်ပြုခြင်းမျိုးရှိနိုင်သည်ဖြစ်၍ ထိုအမှုမျိုးတွင် ခွင်ပြုချက်ပေးသူ အားလုံးက တရားလိုပြုလုပ်၍ တရားစွဲဆိုရန်လိုပေလိမ့်မည်။

ပဋိညာဉ်အရ အခွင့်အမိန့်နှင့်နေသူကို သာမန်အခွင့်သက်သက်အရ နေထိုင်သူကဲ့သို့ ခွင့်ပြုချက်ကို ရုပ်သိမ်းပြီး ခွင့်ပြုထားသည့် ဥပစာမှ နှင်ထုတ်ဖယ်ရှားခြင်းမပြုနိုင်ပေ။ ၎င်းတို့ပြုလုပ်ထားသည့် ပဋိညာဉ်ပါ စည်းကမ်းချက်များအရသာလျှင် နှင်ထုတ်နိုင်ပေမည်။

ခွင့်ပြုချက်ဖြင့် နေထိုင်သူအား အစိုးရမှ ဂရန်ချထားပေးလိုက်သည်နှင့် အချင်းဖြစ်မြေကို စီမံခန့်ခွဲပိုင်ခွင့် မှာ ပြောင်းလဲသွားသည်။ ထိုအချိန်ထိုကာလမှစ၍ ခွင့်ပြုချက်အရနေထိုင်သူအဖြစ်မှ အစိုးရထံမှ မြေငှားအခွင့် အရေးအရ နေထိုင်ကြသူများအဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်က ခွင့်ပြုချက်အရနေထိုင်နေခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် နှင်ထုတ်ခွင့်မပြုနိုင်တော့ပေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


 













 



နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service