ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ကျွန်မ၏ ကျောင်းနေဖက် မိတ်ဆွေဖြစ်သူ ဒေါ်မြသက်ဝေသည် လှိုင်မြို့နယ် ၊ ထိုင်းပေါ့အဝစား ယိုဒယားအကင်ဆိုင်တွင် တွေ့ဖြစ်ရင်း အကူအညီတစ်ခုတောင်းခံလာလေသည်။
“ ဒီလိုပါ သူငယ်ချင်း ၊ ကိုယ့်ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘတွေရော ၊ နောက်မိထွေးရော မရှိတော့ပေမယ့် မိထွေးရဲ့သား ၊ သမီးတွေ ၊ ပြောရရင် ကိုယ့်ရဲ့အဖေတူအမေကွဲ မောင် ၊ ညီမတွေ ရှိနေသေးပြီး ကိုယ့်အဖေပိုင်ခဲ့တဲ့ နေအိမ်မှာပဲနေကြပါတယ်။ အဲဒါ အခုအဲဒီနေအိမ်ကို သူတို့က ကန်ထရိုက်ဆီမှာ အပ်ပြီး အထပ်မြင့်တိုက် ပြန်ဆောက်ကြမယ်။ပိုတဲ့အခန်းတွေ ရောင်းမယ်ပေါ့ကွယ်။အဲဒါ ကိုယ်ကသိတော့ ၊ ကိုယ့်အတွက် တစ်ခန်းသွားတောင်းပါတယ်။မယူနိုင်ဘူးလို့ ငြင်းပယ်လိုက်ပါတယ်။သူငယ်ချင်းကို မေးချင်တာက ကိုယ့်ရဲ့ပိုင်ဆိုင်ခွင့်ရော ရှိသေးရဲ့လား။ အမွေများကောရနိုင်သေးလားလို့ပါကွာ ” ဟု စိုးရိမ်သံဖြင့် ပြောပါတယ်။
ထိုအခါ ကျွန်မက “ မြဝေအနေနဲ့ ကော ၊ အဖေမဆုံးခင် နောက်မယားအယူမှာ အမွေတောင်းခဲ့သေးလား ”ဟု မေးရာ သူမက “ မတောင်းခဲ့ပါဘူးကွာ၊ ကိုယ့်အမေက အရင်ဆုံးတော့ အဖေနဲ့အတူနေကြရင်း အဖေနောက်အိမ်ထောင်ပြုလိုက်တော့မှ ကိုယ်လည်း စိတ်ညစ်ပြီး အဘွားတွေနဲ့ သွားနေဖြစ်ပါတယ် ” ဟု ဝမ်းနည်းသံဖြင့် ပြောလာပါသည်။
ထို့နောက် ကျွန်မက “ ဒါဖြင့် သူငယ်ချင်း စိတ်ပူမနေပါနဲ့တော့။ ကိုယ်လေ့လာထားသလောက် ပြောရရင် မြန်မာဓလေ့ထုံးထမ်းဥပဒေမှာ မိဘတစ်ပါးကွယ်လွန်ခြင်းကြောင့်ဖြစ်စေ ၊ ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုခြင်းကြောင့်ဖြစ်စေ ၊ အမွေတောင်းခံခြဲခင်း မရှိလျှင် မိထွေး ၊ ပထွေး ကွယ်လွန်သောအခါ အမွေတောင်းဆိုနိုင်ပါတယ်။အဲဒီအတွက် ဆုံးဖြတ်ခဲ့တဲ့ စီရင်ထုံးတွေလည်း ရှိတယ်လေ ” ဟု ပြောသဖြင့် ဒေါ်မြသက်ဝေမှာ အတန်ငယ်မျက်နှာရွှင်လန်းသွားပြီး “ ဒါဖြင့်လည်း ကိုယ့်မိဘအမွေကို ရနိုင်သေးတာပေါ့နော်။ ကိုယ်နာလည်းအောင်လည်း ရှင်းပြပေးဦးနော် ”ဟု ပြောသဖြင့် ကျွန်မက ရှင်းပြပေးရပါသည်။
“ ဒီလိုပါမြဝေ၊ စီရင်ထုံးနဲ့ ပြောရရင် “ မတင်တင်ဝင်းနှင့် ဒေါ်စောတင်ပါ ၃၊ ၁၉၉၁ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၆၆ မှာ ” “ ကျန်ရစ်သူမိဘကွယ်လွန်သည်ကို အကြောင်းပြုပြီး ထိုမိဘ၏ ယခင်အိမ်ထောင်မှ သားသမီးများသည် မိထွေး ၊ ပထွေးထံမှ အမွေတောင်းခံခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ် ”
“ အမှုမှာ ရန်ကုန်တိုင်းတရားရုံး ၊ ၁၉၈၅ ခုနှစ် ၊ တရားမကြီးမှုအမှတ် ၄၂၅ (မင်္ဂလာတောင်ညွန့်)တွင် မတင်တင်ဝင်း က ဒေါ်စောတင် ၊ ဒေါ်မြစိန်နှင့် ဒေါ်ဟန်တင်တို့အပေါ် ၊ မြေနှင့်အိမ်ကို အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြွက်ဟကြောညာပေးစေလိုမှု စွဲဆိုတယ်၊ မူလရုံးက တရားလိုတစ်ဦးတည်းသာ အချင်းဖြစ်မြေနှင့်အိမ်ကို အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူ မဟုတ်ကြောင်း သုံးသပ်လျက် မတင်တင်ဝင်းစွဲဆိုသောအမှုကို စရိတ်နှင့်တကွ ပလပ်ကြောင်း ၃၁-၁၂-၉၀ နေ့၌ ဒီကရီ ချမှတ်ခဲ့တယ် ”
“ တရားလို၏ အဆိုလွှာတွင် ဦးကောင်းညိမ်းနှင့် ဒေါ်ထွေးစိန်တို့သည် သားသမီး မထွန်းကားဘဲ ကွယ်လွန်ခဲ့ကြောင်း ၊ ဦးကောင်းညိမ်းနှင့် ပထမဇနီးတို့၏ သမီးဒေါ်စောတင် ၊ ဦးကောင်းညိမ်း၏ ပထမဇနီးမှ ရသောသား ဦးထွန်းစိန်(ကွယ်လွန်)၏ဇနီး ဒေါ်မြစိန် ၊ ဦးကောင်းညိမ်းနှင့် ဒုတိယဇနီးမှ ရသောသား ဦးအေးမောင်(ကွယ်လွန်)၏ ဇနီးဒေါ်ဟန်တင်တို့က တရားလိုလက်ရှိနေထိုင်လျက်ရှိသော မြေနှင့်အိမ်တို့နှင့် ပတ်သက်၍ ၎င်းတို့လည်းအမွေဆိုင်များဖြစ်ကြောင်း ဖော်ပြလျက်အကြောင်းကြားစာ ပို့ခဲ့၍ အချင်းဖြစ်အကြောင်းအရာ ပေါ်ပေါက်ခဲ့ကြောင်းအဆိုပြုတယ် ”
“ တရားပြိုင်များ၏ ချေပလွှာတွင် ဦးကောင်းညိမ်သည် ပထမဇနီး ၊ ဒုတိယဇနီးတို့ဖြင့် သားသမီးထွန်းကားခဲ့သော်လည်း တတိယဇနီးဖြစ်သူ ဒေါ်ထွေးစိန်နှင့် သားသမီး မထွန်းကားခဲ့၍ တရားလိုမတင်တင်ဝင်းကို မွေးစာစာချုပ်ဖြင့် မွေးခဲ့ပြီး သားရင်းသမီးရင်းများ ရှိပါလျက် မွေးစားသမီးတစ်ဦးက အမွေအားလုံးမရနိုင်ကြောင်း ချေပတယ် ”
“ ယခုအမှုတွင် ဦးကောင်းညိမ်ကွယ်လွန်ပြီးနောက် ဒေါ်စောတင် ၊ ဦးထွန်းစိန် ၊ ဦးအေးမောင်တို့က ဦးကောင်းညိမ်းနှင့် သက်ဆိုင်သော ပစ္စည်းတစ်စုံတစ်ရာခွဲဝေမရရှိသေခြင်းမှာ ထင်ရှားသောအချက် ဖြစ်တယ် ”
“ သို့ဖြစ်ရာ ဒေါ်စောတင်အပါအဝင်မူလရုံးတရားပြိုင်များသည် ဦးကောင်းညိမ်း၏ အထက်သမီးနှင့် ဒေါ်ထွေးစိန်တို့၏ ကိတ္ထိမသမီးဖြစ်ခြင်းသည် မှန်စေဦး၊ ဦးကောင်းညိမ်း၏ အထက်သားသမီးနှင့် တတိယမယားနှင့် နှစ်ပါးစုံမွေးစားသောသမီး ဟု ခေါ်ဆိုနိုင်တယ် ”
“ မြန်မာဓလေ့ထုံးထမ်းဥပဒေအရ မြန်မာဗုဒ္ဓဘာသာအိမ်ထောင်တွင် အဖေသို့မဟုတ် အမေ ကွယ်လွန်သောအခါ အမွေရထိုက်သည့် သြရသသားသမီးကျန်ရစ်လျှင် ထိုသားသမီးသည် အမွေ (၄)ပုံ(၁)ပုံ ရခွင့်ရှိတယ်။ အမွေရထိုက်သော သြရသသည် မိဘတစ်ပါးပါးကွယ်လွန်စဉ်က အမွေမတောင်းခဲ့ဘဲ နေခဲ့ရာတွင် (၁၂)ကျော် သောအခါ သြရသဝေစုခွဲတောင်းခွင့် ဆုံးရှုံးမည် ဖြစ်သော်လည်း ၊ ကျန်ရစ်သူ မိဘနောက်အိမ်ထောင်ပြုသည့်အခါ အမွေတောင်းခံရန် အခွင့်အရေးအသစ် ရရှိပြီး စည်းကမ်းသတ်ကာလကို အသစ်တစ်ဖန် ရေတွက်ရပြန်ပါသည်။ကျန်ရစ်သူမိဘက နောက်အိမ်ထောင်ပြုသည့်နေ့မှ (၁၂) နှစ်ကျော်လွန်သော် ၊ သားသမီးများသည် ထိိုမိဘထံမှ အမွေတောင်းခံခွင့် မရှိတော့ပါ။ သို့သော် ထိုမိဘကွယ်လွန်သောအခါ ထိုသားသမီးများသည် အမွေတောင်းရန် အခွင့်အရေးအသစ် ရပြန်ပါတယ်။ တစ်နည်းဆိုသော် ကျန်ရစ်သူမိဘ ကွယ်လွန်သည်ကိုအကြောင်းပြုပြီး ထိုမိဘ၏ ယခင်အိမ်ထောင်မှ သားသမီးများသည် မိထွေး၊ ပထွေးထံမှ အမွေတောင်းခွင့် ရရှိတယ်။မိဘတစ်ပါးကွယ်လွန်ခြင်းကြောင့်ဖြစ်စေ ၊ ကျန်ရစ်သူ အမွေတောင်းခံခွင့်ခြင် မရှိလျှင် မိထွေး ၊ ပထွေး ကွယ်လွန်သောအခါ ပထမအိမ်ထောင်မှ သားသမီးများသည် ဒုတိယအိမ်ထောင်မှ သားသမီးများထံမှ အမွေတောင်းဆိုနိုင်တယ် ”
“ အထက်ပါ အချက်အလက်အရ မူလရုံး၏ ဆုံးဖြတ်ချက်သည် မှားယွင်းသည်ဟု မဆိုနိုင်၍ တရားရုံးချုပ်က ဝင်ရောက်စွက်ဖက်ရန် မသင့်ပေ ”
“ ထို့ကြောင့် အယူခံတရားလို မတင်တင်ဝင်း၏ အယူခံလွှာကို ရုံးအဆင့်ဆင့် ကုန်ကျစရိတ်နှင့်တကွ ပလပ်လိုက်သည်။ ကာလစည်းကမ်းသတ် အက်ဥပဒေအရ ပထမဇယား အမှတ်စဉ် ၁၄၄ ၏ ပြဌာန်းချက်အရ (၁၂)နှစ်အတွင်းဖြစ်၍ အထက်သားသမီးဖြစ်သော အယူခံတရားပြိုင်အနေဖြင့် အမွေတောင်းခံပိုင်ခွင့်သည် အယူခံတရားလိုဘက်က တင်ပြသကဲ့သို့ ကာလစည်းကမ်းသတ်ကျော်လွန်မှု မရှိချေ။သို့ဖြစ်၍ ကိတ္တိမသမီးဆိုသူ မတင်တင်ဝင်းအနေဖြင့် အချင်ဖြစ်ပစ္စည်းတွင် တစ်ဦးတည်း အမွေဆက်ခွင့်ရှိသူ မဖြစ်နိုင်ပါလို့တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တယ် ”
“ ကဲ မြဝေရေ ၊ သူငယ်ချင်းပြဿနာကလည်း ဒီအတိုင်းပဲမို့ ၊ စိတ်မပူပါနဲ့ တော့ကွာ ၊ အဖေရဲ့အမွေနဲ့ အမေ့ရဲ့အမွေကို လုံးဝရရှိမှာဖြစ်ကြောင်း ကိုယ် အာမခံလိုက်ပါတယ် ”ဟု ပြောလိုက်ရာ ဒေါ်မြသတ်ဝေမှာ ရွှင်လန်းတက်ကြွသွားပြီး ကျွန်မအား သိုင်းဖက်လိုက်ပါတော့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: ကြာညိုသင်း (ဥပဒေရေးရာ အတိုင်ပင်ခံရှေ့နေ)
[Zawgyi]
အေမြေတာင္းခံခဲ့ျခင္း မရွိလွ်င္ မိေထြး ၊ ပေထြး ကြယ္လြန္ပါက အေမြေတာင္းဆိုႏိုင္ျခင္း
ကၽြန္မ၏ ေက်ာင္းေနဖက္ မိတ္ေဆြျဖစ္သူ ေဒၚျမသက္ေဝသည္ လိႈင္ျမိဳ႕နယ္ ၊ ထိုင္းေပါ့အဝစား ယိုဒယားအကင္ဆိုင္တြင္ ေတြ႕ျဖစ္ရင္း အကူအညီတစ္ခုေတာင္းခံလာေလသည္။
“ ဒီလိုပါ သူငယ္ခ်င္း ၊ ကိုယ့္ရဲ႕ ကြယ္လြန္သြားျပီျဖစ္တဲ့ မိဘေတြေရာ ၊ ေနာက္မိေထြးေရာ မရွိေတာ့ေပမယ့္ မိေထြးရဲ႕သား ၊ သမီးေတြ ၊ ေျပာရရင္ ကိုယ့္ရဲ႕အေဖတူအေမကြဲ ေမာင္ ၊ ညီမေတြ ရွိေနေသးျပီး ကိုယ့္အေဖပိုင္ခဲ့တဲ့ ေနအိမ္မွာပဲေနၾကပါတယ္။ အဲဒါ အခုအဲဒီေနအိမ္ကို သူတုိ႕က ကန္ထရုိက္ဆီမွာ အပ္ျပီး အထပ္ျမင့္တိုက္ ျပန္ေဆာက္ၾကမယ္။ပိုတဲ့အခန္းေတြ ေရာင္းမယ္ေပါ့ကြယ္။အဲဒါ ကိုယ္ကသိေတာ့ ၊ ကိုယ့္အတြက္ တစ္ခန္းသြားေတာင္းပါတယ္။မယူႏိုင္ဘူးလို႕ ျငင္းပယ္လိုက္ပါတယ္။သူငယ္ခ်င္းကို ေမးခ်င္တာက ကိုယ့္ရဲ႕ပိုင္ဆိုင္ခြင့္ေရာ ရွိေသးရဲ႕လား။ အေမြမ်ားေကာရႏိုင္ေသးလားလို႕ပါကြာ ” ဟု စိုးရိမ္သံျဖင့္ ေျပာပါတယ္။
ထိုအခါ ကၽြန္မက “ ျမေဝအေနနဲ႕ ေကာ ၊ အေဖမဆံုးခင္ ေနာက္မယားအယူမွာ အေမြေတာင္းခဲ့ေသးလား ”ဟု ေမးရာ သူမက “ မေတာင္းခဲ့ပါဘူးကြာ၊ ကိုယ့္အေမက အရင္ဆံုးေတာ့ အေဖနဲ႕အတူေနၾကရင္း အေဖေနာက္အိမ္ေထာင္ျပဳလိုက္ေတာ့မွ ကိုယ္လည္း စိတ္ညစ္ျပီး အဘြားေတြနဲ႕ သြားေနျဖစ္ပါတယ္ ” ဟု ဝမ္းနည္းသံျဖင့္ ေျပာလာပါသည္။
ထို႕ေနာက္ ကၽြန္မက “ ဒါျဖင့္ သူငယ္ခ်င္း စိတ္ပူမေနပါနဲ႕ေတာ့။ ကိုယ္ေလ့လာထားသေလာက္ ေျပာရရင္ ျမန္မာဓေလ့ထံုးထမ္းဥပေဒမွာ မိဘတစ္ပါးကြယ္လြန္ျခင္းေၾကာင့္ျဖစ္ေစ ၊ က်န္ရစ္သူမိဘ ေနာက္အိမ္ေထာင္ျပဳျခင္းေၾကာင့္ျဖစ္ေစ ၊ အေမြေတာင္းခံချဲခင္း မရွိလွ်င္ မိေထြး ၊ ပေထြး ကြယ္လြန္ေသာအခါ အေမြေတာင္းဆိုႏိုင္ပါတယ္။အဲဒီအတြက္ ဆံုးျဖတ္ခဲ့တဲ့ စီရင္ထံုးေတြလည္း ရွိတယ္ေလ ” ဟု ေျပာသျဖင့္ ေဒၚျမသက္ေဝမွာ အတန္ငယ္မ်က္နွာရႊင္လန္းသြားျပီး “ ဒါျဖင့္လည္း ကိုယ့္မိဘအေမြကို ရႏိုင္ေသးတာေပါ့ေနာ္။ ကိုယ္နာလည္းေအာင္လည္း ရွင္းျပေပးဦးေနာ္ ”ဟု ေျပာသျဖင့္ ကၽြန္မက ရွင္းျပေပးရပါသည္။
“ ဒီလိုပါျမေဝ၊ စီရင္ထံုးနဲ႕ ေျပာရရင္ “ မတင္တင္ဝင္းနွင့္ ေဒၚေစာတင္ပါ ၃၊ ၁၉၉၁ ခုနွစ္၊ ျမန္မာႏိုင္ငံ တရားစီရင္ထံုး၊ စာမ်က္နွာ ၆၆ မွာ ” “ က်န္ရစ္သူမိဘကြယ္လြန္သည္ကို အေၾကာင္းျပဳျပီး ထိုမိဘ၏ ယခင္အိမ္ေထာင္မွ သားသမီးမ်ားသည္ မိေထြး ၊ ပေထြးထံမွ အေမြေတာင္းခံခြင့္ ရွိတယ္လို႕ ဆံုးျဖတ္ခဲ့ပါတယ္ ”
“ အမႈမွာ ရန္ကုန္တိုင္းတရားရုံး ၊ ၁၉၈၅ ခုနွစ္ ၊ တရားမၾကီးမႈအမွတ္ ၄၂၅ (မဂၤလာေတာင္ညြန္႕)တြင္ မတင္တင္ဝင္း က ေဒၚေစာတင္ ၊ ေဒၚျမစိန္နွင့္ ေဒၚဟန္တင္တို႕အေပၚ ၊ ေျမနွင့္အိမ္ကို အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ျမြက္ဟေၾကာညာေပးေစလိုမႈ စဲြဆိုတယ္၊ မူလရုံးက တရားလိုတစ္ဦးတည္းသာ အခ်င္းျဖစ္ေျမႏွင့္အိမ္ကို အေမြဆက္ခံပိုင္ဆိုင္ခြင့္ရွိသူ မဟုတ္ေၾကာင္း သံုးသပ္လ်က္ မတင္တင္ဝင္းစြဲဆိုေသာအမႈကို စရိတ္နွင့္တကြ ပလပ္ေၾကာင္း ၃၁-၁၂-၉၀ ေန႕၌ ဒီကရီ ခ်မွတ္ခဲ့တယ္ ”
“ တရားလို၏ အဆိုလႊာတြင္ ဦးေကာင္းညိမ္းနွင့္ ေဒၚေထြးစိန္တို႕သည္ သားသမီး မထြန္းကားဘဲ ကြယ္လြန္ခဲ့ေၾကာင္း ၊ ဦးေကာင္းညိမ္းနွင့္ ပထမဇနီးတို႕၏ သမီးေဒၚေစာတင္ ၊ ဦးေကာင္းညိမ္း၏ ပထမဇနီးမွ ရေသာသား ဦးထြန္းစိန္(ကြယ္လြန္)၏ဇနီး ေဒၚျမစိန္ ၊ ဦးေကာင္းညိမ္းနွင့္ ဒုတိယဇနီးမွ ရေသာသား ဦးေအးေမာင္(ကြယ္လြန္)၏ ဇနီးေဒၚဟန္တင္တို႕က တရားလိုလက္ရွိေနထိုင္လ်က္ရွိေသာ ေျမနွင့္အိမ္တို႕နွင့္ ပတ္သက္၍ ၄င္းတို႕လည္းအေမြဆိုင္မ်ားျဖစ္ေၾကာင္း ေဖာ္ျပလ်က္အေၾကာင္းၾကားစာ ပို႔ခဲ့၍ အခ်င္းျဖစ္အေၾကာင္းအရာ ေပၚေပါက္ခဲ့ေၾကာင္းအဆိုျပဳတယ္ ”
“ တရားျပိဳင္မ်ား၏ ေခ်ပလႊာတြင္ ဦးေကာင္းညိမ္သည္ ပထမဇနီး ၊ ဒုတိယဇနီးတို႕ျဖင့္ သားသမီးထြန္းကားခဲ့ေသာ္လည္း တတိယဇနီးျဖစ္သူ ေဒၚေထြးစိန္နွင့္ သားသမီး မထြန္းကားခဲ့၍ တရားလိုမတင္တင္ဝင္းကို ေမြးစာစာခ်ဳပ္ျဖင့္ ေမြးခဲ့ျပီး သားရင္းသမီးရင္းမ်ား ရွိပါလ်က္ ေမြးစားသမီးတစ္ဦးက အေမြအားလံုးမရႏိုင္ေၾကာင္း ေခ်ပတယ္ ”
“ ယခုအမႈတြင္ ဦးေကာင္းညိမ္ကြယ္လြန္ျပီးေနာက္ ေဒၚေစာတင္ ၊ ဦးထြန္းစိန္ ၊ ဦးေအးေမာင္တို႕က ဦးေကာင္းညိမ္းနွင့္ သက္ဆိုင္ေသာ ပစၥည္းတစ္စံုတစ္ရာခြဲေဝမရရွိေသျခင္းမွာ ထင္ရွားေသာအခ်က္ ျဖစ္တယ္ ”
“ သို႕ျဖစ္ရာ ေဒၚေစာတင္အပါအဝင္မူလရံုးတရားျပိဳင္မ်ားသည္ ဦးေကာင္းညိမ္း၏ အထက္သမီးနွင့္ ေဒၚေထြးစိန္တို႕၏ ကိတၳိမသမီးျဖစ္ျခင္းသည္ မွန္ေစဦး၊ ဦးေကာင္းညိမ္း၏ အထက္သားသမီးနွင့္ တတိယမယားနွင့္ နွစ္ပါးစံုေမြးစားေသာသမီး ဟု ေခၚဆုိႏိုင္တယ္ ”
“ ျမန္မာဓေလ့ထံုးထမ္းဥပေဒအရ ျမန္မာဗုဒၶဘာသာအိမ္ေထာင္တြင္ အေဖသို႕မဟုတ္ အေမ ကြယ္လြန္ေသာအခါ အေမြရထိုက္သည့္ ၾသရသသားသမီးက်န္ရစ္လွ်င္ ထိုသားသမီးသည္ အေမြ (၄)ပံု(၁)ပံု ရခြင့္ရွိတယ္။ အေမြရထိုက္ေသာ ၾသရသသည္ မိဘတစ္ပါးပါးကြယ္လြန္စဥ္က အေမြမေတာင္းခဲ့ဘဲ ေနခဲ့ရာတြင္ (၁၂)ေက်ာ္ ေသာအခါ ၾသရသေဝစုခြဲေတာင္းခြင့္ ဆံုးရႈံးမည္ ျဖစ္ေသာ္လည္း ၊ က်န္ရစ္သူ မိဘေနာက္အိမ္ေထာင္ျပဳသည့္အခါ အေမြေတာင္းခံရန္ အခြင့္အေရးအသစ္ ရရွိျပီး စည္းကမ္းသတ္ကာလကို အသစ္တစ္ဖန္ ေရတြက္ရျပန္ပါသည္။က်န္ရစ္သူမိဘက ေနာက္အိမ္ေထာင္ျပဳသည့္ေန႕မွ (၁၂) နွစ္ေက်ာ္လြန္ေသာ္ ၊ သားသမီးမ်ားသည္ ထိုိမိဘထံမွ အေမြေတာင္းခံခြင့္ မရွိေတာ့ပါ။ သိုု႕ေသာ္ ထုိမိဘကြယ္လြန္ေသာအခါ ထိုသားသမီးမ်ားသည္ အေမြေတာင္းရန္ အခြင့္အေရးအသစ္ ရျပန္ပါတယ္။ တစ္နည္းဆိုေသာ္ က်န္ရစ္သူမိဘ ကြယ္လြန္သည္ကိုအေၾကာင္းျပဳျပီး ထိုမိဘ၏ ယခင္အိမ္ေထာင္မွ သားသမီးမ်ားသည္ မိေထြး၊ ပေထြးထံမွ အေမြေတာင္းခြင့္ ရရွိတယ္။မိဘတစ္ပါးကြယ္လြန္ျခင္းေၾကာင့္ျဖစ္ေစ ၊ က်န္ရစ္သူ အေမြေတာင္းခံခြင့္ျခင္ မရွိလွ်င္ မိေထြး ၊ ပေထြး ကြယ္လြန္ေသာအခါ ပထမအိမ္ေထာင္မွ သားသမီးမ်ားသည္ ဒုတိယအိမ္ေထာင္မွ သားသမီးမ်ားထံမွ အေမြေတာင္းဆိုႏိုင္တယ္ ”
“ အထက္ပါ အခ်က္အလက္အရ မူလရုံး၏ ဆံုးျဖတ္ခ်က္သည္ မွားယြင္းသည္ဟု မဆိုႏိုင္၍ တရားရုံးခ်ဳပ္က ဝင္ေရာက္စြက္ဖက္ရန္ မသင့္ေပ ”
“ ထို႕ေၾကာင့္ အယူခံတရားလို မတင္တင္ဝင္း၏ အယူခံလႊာကို ရုံးအဆင့္ဆင့္ ကုန္က်စရိတ္နွင့္တကြ ပလပ္လိုက္သည္။ ကာလစည္းကမ္းသတ္ အက္ဥပေဒအရ ပထမဇယား အမွတ္စဥ္ ၁၄၄ ၏ ျပဌာန္းခ်က္အရ (၁၂)နွစ္အတြင္းျဖစ္၍ အထက္သားသမီးျဖစ္ေသာ အယူခံတရားျပိဳင္အေနျဖင့္ အေမြေတာင္းခံပိုင္ခြင့္သည္ အယူခံတရားလိုဘက္က တင္ျပသကဲ့သို႔ ကာလစည္းကမ္းသတ္ေက်ာ္လြန္မႈ မရွိေခ်။သို႕ျဖစ္၍ ကိတၱိမသမီးဆိုသူ မတင္တင္ဝင္းအေနျဖင့္ အခ်င္ျဖစ္ပစၥည္းတြင္ တစ္ဦးတည္း အေမြဆက္ခြင့္ရွိသူ မျဖစ္ႏိုင္ပါလို႕တရားရုံးခ်ဳပ္က ဆံုးျဖတ္ခဲ့တယ္ ”
“ ကဲ ျမေဝေရ ၊ သူငယ္ခ်င္းျပႆနာကလည္း ဒီအတိုင္းပဲမို႕ ၊ စိတ္မပူပါနဲ႕ ေတာ့ကြာ ၊ အေဖရဲ႕အေမြနဲ႕ အေမ့ရဲ႕အေမြကို လံုးဝရရွိမွာျဖစ္ေၾကာင္း ကိုယ္ အာမခံလိုက္ပါတယ္ ”ဟု ေျပာလိုက္ရာ ေဒၚျမသတ္ေဝမွာ ရႊင္လန္းတက္ၾကြသြားျပီး ကၽြန္မအား သိုင္းဖက္လိုက္ပါေတာ့သည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
Credit: ၾကာညိဳသင္း (ဥပေဒေရးရာ အတိုင္ပင္ခံေရွ႕ေန)