ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ရှေးမြန်မာမင်းများသည် အစဉ်အဆက်ဆက်ကပင် သာသနာ့မြေ(ဝတ္ထုကံမြေ) ကို ဘုရားစေတီ ပုထိုးဝတ္တုကံမြေ၊ ပိဋကတ်ဝတ္ထုကံမြေ၊ သံဃာ့ဝတ္ထုကံမြေ ဆိုပြီး သုံးမျိုးသုံးစား ခွဲခြားထားကြောင်း တွေ့ရပါသည်။
ဘုရားစေတီ ပုထိုးဝတ္တုကံမြေ
ဘုရားစေတီ ပုထိုးဝတ္တုကံမြေ စေတီဝတ္ထက၊ အရှင်နာလကဟု အဆိုရှိပါသည်။ ဂေါ်တမမြတ်စွာဘုရား ၏ သာသနာ့မြေတွင် မောနေယျအကျင့်ကိုကျင့်သောပုဂ္ဂိုလ်တို့အနက် အရှင်နာလကမထေရ်သည် မောနေယျ အကျင့်ကို အထက်ဆုံး အမြတ်ဆုံးပြု၍ ဖြည့်ကျင့်သော ဥက္ကဋ္ဌပုဂ္ဂိုလ်ဖြစ်သည်။ အရှင်နာလကမထေရ် ပရိနိဗ္ဗာန်စံဝင်သည့်အခါ သရီယဓာတ်တော်တို့ကို ကောက်ယူ၍ ဘုရားကိုယ်တိုင် စေတီတည်ထား စေတော်မှုရာမှ အစ ဘုရားစေတီဝတ္တကမြေ ဖြစ်ပေါ်သည်ဟု သိရပါသည်။
မြတ်စွာဘုရား၏ဆံတော်ကို ပင့်ဆောင်သော တဖုဿ၊ ဖလိက ညီနောင်သည် ဘုရားမတည်မီ ဆံတော်များကို နည်းတော်အတွင်းတွင် ကိုးကွယ်ခဲ့သည်။ နောင်ရွှေတိဂုံဆံတော်တည်ထားသည့်အခါ စေတီတော်ဝတ္တက မြေဖြစ်လာသည်။ ပုဂံရာဇဝင်တွင် ကျန်စစ်မင်းကြီးသည် စေတီတော်များပြုပြင်ထိန်းသိမ်းမှု ရှိစေရန် မြေနှင့် တကွ ရွာများမှ ထွက်ရှိသော အခွန်ဘဏ္ဍများကို ဘုရားဝေယျာဝစ္စများအတွက် လှူဒါန်းကြောင်း ပုဂံရာဇဝင် ကုသိုလ်တော်စာများတွင် တွေ့ရသည်။ ထို့ကြောင့် ဘုရားစေတီ ဝတ္ထကံမြေသည် ဗုဒ္ဓဝင်မဟာဝင်နှင့် ရာဇဝင်များတွင် ရှိနှင့်ပြီးဖြစ်ပါသည်။ ဘုရားစေတီဝတ္ထကံမြေသည် သာသနာငါးထောင်ကာလပတ်လုံး တည်တံ့ စေရန် ရည်ရွယ်လှူဒါန်းသော မြေဖြစ်ပါသည်။ ထိုမြေပေါ်မှရရှိသော အခွန်အတုတ်မြေများကို ဘုရားစေတီ ဝေယျာဝစ္စ အတွက်သုံးစွဲရန် ရည်ရွယ်ကြပါသည်။
ပိဋကတ်ဝတ္ထုကံမြေ
ပိဋကတ်ဝတ္ထုကံမြေအစ ပဉ္စမသင်္ဂါယနာတင်ရာမှ အစဟု ဆိုကြပါသည်။ ပိဋကတ်ဝတ္ထကံမြေမှာ ရှေးယခင်က သီးသန့်ဖြစ်ပေါ်မှုမရှိပေ။ တတိယသင်္ဂါယနာတင်ပြီးနောက်ပိုင်း ကာလတွင် လင်္ကာဒီပကျွန်း၊ သီရိ လင်္ကာနိုင်ငံတွင် သူပုန်သူကန်ဘေးကျရောက်ခဲ့သည်။ ဘုရားရှင် ပိဋကတ်တော်ကိုဆောင်သော ရဟန်းသံဃာ အရှင်သူမြတ်တို့သည် သူပုန်သူကန်ဘေးကြောင့် ခန္ဓာမကြွေရုံ ပြေးလွှားကြရသည်။ ပစ္စည်းလေးပါးကို ပင်ပန်း ကြီးစွာရှာကြ ရသည်။ ဘုရားရှင် ဓမ္မစစ် ဓမ္မအနှစ်သာရများ မပျောက်မပျက် မတိမ်ကောရန် ဒုက္ခဆင်းရဲကြားမှ နုတ်ငုံဆောင်ခွဲ ကြရသည်။ သာသနာပြုမင်းများလက်ထက်တွင် ဘုရားရှင် တရားစစ် တရားမှန် ပိဋကတ်တော် များ ကွယ်ပျောက်မည်စိုး၍ စတုတ္ထသင်္ဂယနာ တင်ပြီးနောက် ပေထက်အက္ခရာတင် ခဲ့သည်။ ပိဋကတ်ပေစာများ သိုမှီးထားရှိရန် ကျောက်တိုင်များ လှူရာကအစ ပိဋကတ်ကျောင်း ဝတ္ထကမြေ များဖြစ်လာသည်ဟု သိရပါသည်။
ထို့နောက် ပဉ္စမသင်္ဂါယနာတင်သည့်အချိန်တွင် ဆရာတော် သံဃာတော်ကြီးများ မိန့်ကြားချက်အရ မင်းတုန်း မင်းတရားကြီးသည် ဗုဒ္ဓတရားနှင့်စာပေများကို ပေထက်အက္ခရာအဖြစ်တင်၍ ကျောက်စာတိုင်များ စိုက်ထူ လှူဒါန်းနိုင်ခဲ့ပါသည်။ မန္တလေးနန်းတော် အရှေ့ဘက် အတုမရှိကျောင်းတော်တွင် ဘုရားမြေနှင့် ပိဋကတ် ကျောက်စာတိုင်မြေ တွဲဖက်လှူဒါန်းခဲ့ရာမှ ပိဋကတ်ဝတ္တုကံမြေဖြစ်လာသည်ဟု မှတ်သားရပါသည်။ ပိဋကတ် ဝတ္ထုကံမြေသည် မပျောက်ပျက်စေရန် ထိန်းသိမ်းထားရှိရန် ရည်ရွယ်လှူဒါန်းထားသောမြေဖြစ်ပါသည်။ ထိုမြေယာပေါ်မှ ရရှိသည့် အခွန်အတုတ်၊ မြေစုမြေခွန်များဖြင့် ကျမ်းဂန်များပြုစုရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပိဋကတ်စာပေသင်ကြားပို့ချရေး စသည့် သာသနာအတွက် သုံးစွဲရန်ရည်ရွယ်ကြပါသည်။
သံဃာ့ဝတ္ထုကံမြေ
သံဃာ့ဝတ္ထုကံမြေမှာ ဘုရားရှင်းနှင့် တပည့်သံဃာတော်များ သီတင်းသုံးရာမြေဖြစ်သည့် အတွက် ဘုရားရှင်အား လှူဒါန်းသော ဝေဋ္ဌုဝန်ကျောင်းမြေကအစ ဘုရားရှင် သံဃာတော်များ၏ ဝတ္ထုကံမြေ ခေါ်လောက် သည် ဟု မဟာဗုဒ္ဓဝင်ကျမ်းအရ သိရပါသည်။ သံဃာ့ဝတ္ထုကံမြေသည် သံဃာတော်တစ်ပါးအတွက် ဖြစ်စေ၊ သံဃာတော်အများအတွက်ဖြစ်စေ၊အသုံးပြုရန်ရည်ရွယ် လှူဒါန်းသောမြေမျိုးဖြစ်ပါသည်။ ရဟန်းတစ်ပါးသည် မိမိအတွက်ရည်ရွယ်လှူဒါန်းသည့် မြေကိုစွန့် ပစ်ခဲ့သော “အသာမိက” မြေအဖြစ်ရောက်၍ အရာတော် မြေဖြစ်သွားပါသည်။ စွန့်ပစ်ခြင်းမရှိဘဲ ပျံလွန်တော်မူလျှင် သံဃာ့မြေအဖြစ်ပြောင်း၍ သံဃာတော်များပိုင် သွားသည့် သံဃာ့ဝတ္ထုကံမြေဖြစ်၍ သာသနာတည်မြဲသမျှ တည်မြဲပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
သာသနာ့ေျမအမ်ိဳးအစား ဘယ္ႏွစ္မ်ိဳးရွိသလဲ?
ေ႐ွးျမန္မာမင္းမ်ားသည္ အစဥ္အဆက္ဆက္ကပင္ သာသနာ့ေျမ(ဝတၳဳကံေျမ) ကို ဘုရားေစတီ ပုထိုးဝတၱဳကံေျမ၊ ပိဋကတ္ဝတၳဳကံေျမ၊ သံဃာ့ဝတၳဳကံေျမ ဆိုၿပီး သုံးမ်ိဳးသုံးစား ခြဲျခားထားေၾကာင္း ေတြ႕ရပါသည္။
ဘုရားေစတီ ပုထိုးဝတၱဳကံေျမ
ဘုရားေစတီ ပုထိုးဝတၱဳကံေျမ ေစတီဝတၳက၊ အ႐ွင္နာလကဟု အဆို႐ွိပါသည္။ ေဂၚတမျမတ္စြာဘုရား ၏ သာသနာ့ေျမတြင္ ေမာေနယ်အက်င့္ကိုက်င့္ေသာပုဂၢိဳလ္တို႔အနက္ အ႐ွင္နာလကမေထရ္သည္ ေမာေနယ် အက်င့္ကို အထက္ဆုံး အျမတ္ဆုံးျပဳ၍ ျဖည့္က်င့္ေသာ ဥကၠ႒ပုဂၢိဳလ္ျဖစ္သည္။ အ႐ွင္နာလကမေထရ္ ပရိနိဗၺာန္စံဝင္သည့္အခါ သရီယဓာတ္ေတာ္တို႔ကို ေကာက္ယူ၍ ဘုရားကိုယ္တိုင္ ေစတီတည္ထား ေစေတာ္မႈရာမွ အစ ဘုရားေစတီဝတၱကေျမ ျဖစ္ေပၚသည္ဟု သိရပါသည္။
ျမတ္စြာဘုရား၏ဆံေတာ္ကို ပင့္ေဆာင္ေသာ တဖုႆ၊ ဖလိက ညီေနာင္သည္ ဘုရားမတည္မီ ဆံေတာ္မ်ားကို နည္းေတာ္အတြင္းတြင္ ကိုးကြယ္ခဲ့သည္။ ေနာင္ေ႐ႊတိဂုံဆံေတာ္တည္ထားသည့္အခါ ေစတီေတာ္ဝတၱက ေျမျဖစ္လာသည္။ ပုဂံရာဇဝင္တြင္ က်န္စစ္မင္းႀကီးသည္ ေစတီေတာ္မ်ားျပဳျပင္ထိန္းသိမ္းမႈ ႐ွိေစရန္ ေျမႏွင့္ တကြ ႐ြာမ်ားမွ ထြက္႐ွိေသာ အခြန္ဘ႑မ်ားကို ဘုရားေဝယ်ာဝစၥမ်ားအတြက္ လႉဒါန္းေၾကာင္း ပုဂံရာဇဝင္ ကုသိုလ္ေတာ္စာမ်ားတြင္ ေတြ႕ရသည္။ ထို႔ေၾကာင့္ ဘုရားေစတီ ဝတၳကံေျမသည္ ဗုဒၶဝင္မဟာဝင္ႏွင့္ ရာဇဝင္မ်ားတြင္ ႐ွိႏွင့္ၿပီးျဖစ္ပါသည္။ ဘုရားေစတီဝတၳကံေျမသည္ သာသနာငါးေထာင္ကာလပတ္လုံး တည္တံ့ ေစရန္ ရည္႐ြယ္လႉဒါန္းေသာ ေျမျဖစ္ပါသည္။ ထိုေျမေပၚမွရ႐ွိေသာ အခြန္အတုတ္ေျမမ်ားကို ဘုရားေစတီ ေဝယ်ာဝစၥ အတြက္သုံးစြဲရန္ ရည္႐ြယ္ၾကပါသည္။
ပိဋကတ္ဝတၳဳကံေျမ
ပိဋကတ္ဝတၳဳကံေျမအစ ပၪၥမသဂၤါယနာတင္ရာမွ အစဟု ဆိုၾကပါသည္။ ပိဋကတ္ဝတၳကံေျမမွာ ေ႐ွးယခင္က သီးသန္႔ျဖစ္ေပၚမႈမ႐ွိေပ။ တတိယသဂၤါယနာတင္ၿပီးေနာက္ပိုင္း ကာလတြင္ လကၤာဒီပကြၽန္း၊ သီရိ လကၤာႏိုင္ငံတြင္ သူပုန္သူကန္ေဘးက်ေရာက္ခဲ့သည္။ ဘုရား႐ွင္ ပိဋကတ္ေတာ္ကိုေဆာင္ေသာ ရဟန္းသံဃာ အ႐ွင္သူျမတ္တို႔သည္ သူပုန္သူကန္ေဘးေၾကာင့္ ခႏၶာမေႂကြ႐ုံ ေျပးလႊားၾကရသည္။ ပစၥည္းေလးပါးကို ပင္ပန္း ႀကီးစြာ႐ွာၾက ရသည္။ ဘုရား႐ွင္ ဓမၼစစ္ ဓမၼအႏွစ္သာရမ်ား မေပ်ာက္မပ်က္ မတိမ္ေကာရန္ ဒုကၡဆင္းရဲၾကားမွ ႏုတ္ငုံေဆာင္ခြဲ ၾကရသည္။ သာသနာျပဳမင္းမ်ားလက္ထက္တြင္ ဘုရား႐ွင္ တရားစစ္ တရားမွန္ ပိဋကတ္ေတာ္ မ်ား ကြယ္ေပ်ာက္မည္စိုး၍ စတုတၳသဂၤယနာ တင္ၿပီးေနာက္ ေပထက္အကၡရာတင္ ခဲ့သည္။ ပိဋကတ္ေပစာမ်ား သိုမွီးထား႐ွိရန္ ေက်ာက္တိုင္မ်ား လႉရာကအစ ပိဋကတ္ေက်ာင္း ဝတၳကေျမ မ်ားျဖစ္လာသည္ဟု သိရပါသည္။
ထို႔ေနာက္ ပၪၥမသဂၤါယနာတင္သည့္အခ်ိန္တြင္ ဆရာေတာ္ သံဃာေတာ္ႀကီးမ်ား မိန္႔ၾကားခ်က္အရ မင္းတုန္း မင္းတရားႀကီးသည္ ဗုဒၶတရားႏွင့္စာေပမ်ားကို ေပထက္အကၡရာအျဖစ္တင္၍ ေက်ာက္စာတိုင္မ်ား စိုက္ထူ လႉဒါန္းႏိုင္ခဲ့ပါသည္။ မႏၲေလးနန္းေတာ္ အေ႐ွ႕ဘက္ အတုမ႐ွိေက်ာင္းေတာ္တြင္ ဘုရားေျမႏွင့္ ပိဋကတ္ ေက်ာက္စာတိုင္ေျမ တြဲဖက္လွဴဒါန္းခဲ့ရာမွ ပိဋကတ္ဝတၱဳကံေျမျဖစ္လာသည္ဟု မွတ္သားရပါသည္။ ပိဋကတ္ ဝတၳဳကံေျမသည္ မေပ်ာက္ပ်က္ေစရန္ ထိန္းသိမ္းထား႐ွိရန္ ရည္႐ြယ္လႉဒါန္းထားေသာေျမျဖစ္ပါသည္။ ထိုေျမယာေပၚမွ ရ႐ွိသည့္ အခြန္အတုတ္၊ ေျမစုေျမခြန္မ်ားျဖင့္ က်မ္းဂန္မ်ားျပဳစုေရး၊ ထိန္းသိမ္းေစာင့္ေ႐ွာက္ေရး၊ ပိဋကတ္စာေပသင္ၾကားပို႔ခ်ေရး စသည့္ သာသနာအတြက္ သုံးစြဲရန္ရည္႐ြယ္ၾကပါသည္။
သံဃာ့ဝတၳဳကံေျမ
သံဃာ့ဝတၳဳကံေျမမွာ ဘုရား႐ွင္းႏွင့္ တပည့္သံဃာေတာ္မ်ား သီတင္းသုံးရာေျမျဖစ္သည့္ အတြက္ ဘုရား႐ွင္အား လႉဒါန္းေသာ ေဝ႒ဳဝန္ေက်ာင္းေျမကအစ ဘုရား႐ွင္ သံဃာေတာ္မ်ား၏ ဝတၳဳကံေျမ ေခၚေလာက္ သည္ ဟု မဟာဗုဒၶဝင္က်မ္းအရ သိရပါသည္။ သံဃာ့ဝတၳဳကံေျမသည္ သံဃာေတာ္တစ္ပါးအတြက္ ျဖစ္ေစ၊ သံဃာေတာ္အမ်ားအတြက္ျဖစ္ေစ၊အသုံးျပဳရန္ရည္႐ြယ္ လႉဒါန္းေသာေျမမ်ိဳးျဖစ္ပါသည္။ ရဟန္းတစ္ပါးသည္ မိမိအတြက္ရည္႐ြယ္လႉဒါန္းသည့္ ေျမကိုစြန္႔ ပစ္ခဲ့ေသာ “အသာမိက” ေျမအျဖစ္ေရာက္၍ အရာေတာ္ ေျမျဖစ္သြားပါသည္။ စြန္႔ပစ္ျခင္းမ႐ွိဘဲ ပ်ံလြန္ေတာ္မူလွ်င္ သံဃာ့ေျမအျဖစ္ေျပာင္း၍ သံဃာေတာ္မ်ားပိုင္ သြားသည့္ သံဃာ့ဝတၳဳကံေျမျဖစ္၍ သာသနာတည္ၿမဲသမွ် တည္ၿမဲပါသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com