ရပ်ဆိုင်းနေသည့် ဆောက်လုပ်ရေးလုပ်ငန်းနှင့် မြေရှင်တို့၏ အခက်အခဲ

ရပ်ဆိုင်းနေသည့် ဆောက်လုပ်ရေးလုပ်ငန်းနှင့် မြေရှင်တို့၏ အခက်အခဲ - Property Knowledge in Myanmar from iMyanmarHouse.com
14 Aug 2020 3:50 pm တွင် တင်ခဲ့သည်
674 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

''ထိုင်နေအကောင်း၊ ထမှအကျိုး မှန်းသိဆိုတာမျိုးဖြစ်နေပြီ''

သူငယ်ချင်းတစ်ဦးသည် စာရေး သူထံ ရောက်လာပြီး ညည်းညူလိုက်ခြင်းဖြစ်သည်။

''ဘာတွေဖြစ်လာလို့ ဒီလောက် စိတ်ပျက်နေရတာလဲ''

စာရေးသူက သူငယ်ချင်းဖြစ်သူအား ပြောလိုက်မိသည်။

''ကန်ထရိုက်တစ်ယောက်နဲ့ တိုက်ခန်းပေးတိုက်ခန်းယူ ခုနစ်ထပ်ဆောက်မယ်လို့ စာချုပ်ချုပ်ထားတာ နှစ်နှစ်ခန့်ရှိနေပြီ။ ဘာမှအစမပျိုးရ သေးဘူး။ အဲဒါ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ သူငယ်ချင်းဆီလာ ဆွေးနွေးတာ''

''ဒါများ သူငယ်ချင်းရယ်။ ကိုယ်တစ်ယောက်တည်းမှမဟုတ်ဘဲ။ ခေတ်ရေစီးကြောင်းနဲ့အတူ လိုက်ပါ ဖြစ်တတ်ကြတာပဲ''

''ဆောက်လိမ့်နိုး၊ ဆောက်လိမ့် နိုးနဲ့ လက်ရှိအိမ်ကိုလည်း မပြင်နိုင်။ မိုးယိုခံပြီး နေရတယ် သူငယ်ချင်း''

''သူငယ်ချင်းက နေစရာအိမ်ရှိသေးတယ်။ အချို့မြေပိုင်ရှင်တွေဆိုရင် အိမ်ဖျက်ပေးထားလိုက်ရလို့ အိမ်ငှားနေရတာ နှစ်ပေါက်နေပြီ''

''ကန်ထရိုက်ကငှားပေးတယ် မဟုတ်လား''

''စာချုပ်အရ တစ်နှစ်ပဲဆိုပြီး တစ်နှစ်ပြည့်တာနဲ့ အိတ်စိုက်ဘဝ ရောက်ရတော့တာပဲ၊ ဒီအထဲ ကန်ထရိုက်က ထွက်ပြေးလို့ မြေကွက်လပ် ကိုကြည့်ပြီးနေရတဲ့ မြေရှင်တွေလည်း ရှိသေးတယ်''

''ကန်ထရိုက်အသစ်ကိုလည်း ချက်ချင်း မရနိုင်ဘူးပေါ့နော်''

''မှန်ပါတယ်။ အခုကာလက အိမ်မြေတိုက်ခန်း အရောင်းအဝယ်အေးနေတော့ မြေကွက်အမည် ပေါက်ရှင်းတဲ့မြေကိုတောင် ကန်ထရိုက်တွေက ဆောက်လုပ်ရင်းနှီးမြှုပ်နှံတာ မလုပ်နိုင်ကြဘူး။ ဖြေရှင်းရမယ့် အရှုပ်အထွေးရှိတဲ့ မြေကွက်ဆိုရင်တော့ ဝေးဝေးက ရှောင်နေကြတယ်''

''သူငယ်ချင်းပြောစကားအရ ဆိုရင်တော့ အိမ်မဖျက်ရသေးတာပဲ ကံကောင်းသေးတယ်ဆိုရမယ်ပေါ့''

''ဟုတ်တယ် သူငယ်ချင်း။ အိမ်ဟောင်း ဖျက်ခွင့်ရမှဖျက်တာ အကောင်းဆုံးပဲ။ အချို့က ကန်ထရိုက်တာပြောတဲ့ ရှစ်လအတွင်းအပြီးဆောက်သွားမှာပါဆိုတာကိုယုံလို့ အိမ်ဖျက်လိုက်တာတွေရှိတယ်။ သူငယ်ချင်းတို့ရဲ့ နှစ်ဦးသဘောတူ စာချုပ်မှာပြောင်းရွှေ့စရိတ်ဆိုမလား၊ အလိုက်ပေးငွေဆိုမလား၊ ဘယ် လောက်ရယူထားတာရှိသလဲ''

''ကျပ်သိန်း ခုနစ်ဆယ်တော့ ယူထားလိုက်တယ်။ သွားပြီးမေးတော့လည်း ဆောက်လုပ်ခွင့်တင်ထားပါတယ်လို့ ပြောတာပဲ။ ဘာဆက်လုပ်ရမှန်း မသိလို့''

''သူငယ်ချင်းမြေကွက်က ပေ ၂ဝ x ပေ ၆ဝ မြေကွက်ထင်တယ်။ အခန်းပေး အခန်းယူကတစ်ခြမ်းပေး တစ်ခြမ်းယူပဲလား''

''အစမူလ စာချုပ်ချုပ်စဉ်က အလိုက်ငွေကျပ်သိန်း ၁၅ဝ နဲ့ အခန်းတစ်ခြမ်းပေးတစ်ခြမ်းယူချုပ်ခဲ့တယ်။ နောက်ပိုင်းအရောင်းအဝယ်အေးသွား တာရယ်။ ကုန်ပစ္စည်းတန်ဖိုး၊ ဘိလပ်မြေ၊ အုတ်၊ သဲ တန်ဖိုးမြင့်လာလို့ သူ့ကိုထပ်ပြီး တစ်ခန်းပေးပါဆိုတာနဲ့ သဘောတူထားတယ်''

''ဒါဆို ကိုယ်က တိုက်ခန်း ငါးခန်းနဲ့ ငွေကျပ်သိန်း ၁၅ဝ ဖြစ်သွား ပြီပေါ့''

''နှုတ်နဲ့တော့ သဘောတူထားတာပေါ့လေ။ ဒါပေမယ့် ဘာမှစတင်တာ မရှိသေးတော့ စာချုပ်ထဲမှာက ခြောက်ခန်းပဲ ဖော်ပြထားပါတယ်။ ပြင်မရေးရသေးဘူး''

''ရောင်းထားတဲ့ တိုက်ခန်းတွေ ရှိသေးလား''

''မြေရှင်ဘက်ကတော့ မရောင်း ရသေးဘူး။ ကန်ထရိုက်တာရတဲ့ တိုက်ခန်းတွေထဲကတော့ နှစ်ခန်း၊ သုံးခန်း ရောင်းထားတယ်ထင်တယ်။ လာပြီး စုံစမ်းသူတွေရှိတယ်။ သူတို့ ကိစ္စက မြေရှင်နဲ့ သက်ဆိုင်သလား''

''တိုက်ခန်းဈေးကွက်တွေ ကောင်းစဉ်ကတော့ ကန်ထရိုက်တာတွေက မြေရှင်တွေကို အလုအယက် လိုက်လံရှာကြတယ်။ မြေရှင်နဲ့ဆောက်လုပ်ဖို့ သဘောတူညီချက်ရရင် ငွေချက်ချင်းချပေးတာတွေ၊ စာ ချုပ်ကို အမြန်ချုပ်ဆိုတာတွေရှိခဲ့တယ်''

''ဟုတ်တယ် သူငယ်ချင်း။ မိန်းမဖြစ်သူက မြန်မြန်ဆန်ဆန် လက်ခံလိုက်တာပဲ။ စာချုပ်ကို သေချာမဖတ်ဖြစ်ခဲ့ပါဘူး။ သူတို့ရေးထားတဲ့ စာချုပ်ပေါ်မှာပဲ သူတို့ရဲ့ ရှင်းပြချက်အရ သဘောတူလက်မှတ်ထိုးခဲ့ကြတာ။ အိမ်ကလည်း ပျဉ်ထောင်အိမ်၊ ကြာပြီဆိုတော့ ဆွေးစပြုပြီပေါ့။ ဒါနဲ့ပဲ တစ်နှစ်လောက် သည်းခံလိုက်ရင် အဆင်ပြေမှာပဲဆိုပြီး သဘောတူခဲ့တာ''

''အချို့သဘောတူစာချုပ်တွေမှာ ကတိစာချုပ်ချုပ်ဆိုသည့်နေ့မှစပြီး ၁၈ လအတွင်း အပြီးဆောက်မယ်လို့ ချုပ်ဆိုတာတွေရှိတယ်။ နောက်ပိုင်းမှာတော့ ဆောက်လုပ်ခွင့်ကျသည့် နေ့မှစ၍လို့ ချုပ်ဆိုလာတာကို တွေ့ရတယ်။ မြေပိုင်ရှင်တွေကလည်း ဆောက်လုပ်ခွင့်ကျမှ အိမ်ဟောင်းကို ဖျက်ပေးကြတာတွေဖြစ်လာတယ်''

''ဆောက်လုပ်ရေးကို ဖျက်သိမ်းမယ်ဆိုတော့လည်း ပေးလျော်ရမယ့် ငွေက မရှိတော့ အခက်အခဲရှိနေပြန်တယ်။ ကန်ထရိုက်သစ်တစ်ယောက်ကို ပြောင်းဖို့ကလည်း အစောကပြောသလို အခက်အခဲတွေဖြစ်နေတယ်''

''ဂရန်စာချုပ်ပေးထားတာရှိသေးလား''

''သေချာတော့ မသိဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မိန်းမဖြစ်သူက ဂရန်စာချုပ် ပြန်တောင်းခဲ့တယ်ဆိုလား သမီးဖြစ်သူနဲ့ ပြောသံတော့ ကြားမိတယ်''

''သူငယ်ချင်း၊ ပထမဆုံးလုပ်ရမှာက ရန်ကုန်မြို့တော်ခန်းမ ယာ /အုံ ဌာနထံသွားရောက်စုံစမ်းပါ။ အိမ်ဆောက်ရန် မြေပုံကူးထားခြင်းရှိမရှိ၊ အိမ်ဆောက်လုပ်ခွင့်နဲ့ အိမ်ဟောင်းဖျက်ခွင့်တင်ထားခြင်းရှိမရှိ စုံစမ်းကြည့်လို့ အိမ်ဆောက်လုပ်ခွင့် တင်ထားတာတွေ၊ မြေပုံကူးလျှောက် ထားတာတွေ မတွေ့ဘူးဆိုရင်တော့ ဆောက်လုပ်ဖို့ လုပ်ငန်းမစသေးဘူး လို့ မှတ်ယူရပါမယ်''

''ဆောက်လုပ်ခွင့်တော့ တင်ထားတယ် ပြောပါတယ်''

''ဟုတ်ပြီလေ။ ဆောက်လုပ်ခွင့် တင်ထားတယ်။ မြေပုံရပြီဆိုရင်တော့ ကန်ထရိုက်ဆီတောင်းကြည့်ပြီးအတည်ပြုချက်ရယူပေါ့။ လုပ်ငန်းမစသေးဘူးဆိုရင်တော့ စာချုပ်ဖျက်မလား၊ ဆက်ပြီး စောင့်မလားဆိုတာက သူငယ်ချင်းဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်တယ်''

''အကောင်းဆုံးက ဘယ်လိုဆောင်ရွက်သင့်သလဲ''

''လက်ရှိအခြေအနေအရ ကြိုပွိုင့်တွေ အဝယ်မလိုက်တော့ ရင်းနှီးမြှုပ်နှံတဲ့ ကန်ထရိုက်တွေက အရှုံးခံပြီး ဆောက်ကြမှာမဟုတ်ဘူး။ အရောင်းအဝယ်လိုက်လာရင်တော့ တားထားရင်တောင်ရမှာမဟုတ်ဘူး။ နေ့ချင်းညချင်း ဆောက်မှာပဲ။ မိမိအနေနဲ့ ကြိုတင်ငွေလည်း ရထားတယ်။ အဆောက်အအုံလည်း မဖျက်ရသေးဘူးဆိုတော့ ပိုနေမြဲ၊ ကျားနေမြဲ၊ စောင့်ကြည့်ရင်၊ မနစ်နာဘူးလို့ပဲ အကြံပြုချင်တယ် သူငယ်ချင်း''ဟု ဆွေးနွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

ရပ္ဆိုင္းေနသည့္ ေဆာက္လုပ္ေရးလုပ္ငန္းႏွင့္ ေျမရွင္တို႔၏ အခက္အခဲ

''ထုိင္ေနအေကာင္း၊ ထမွအက်ဳိး မွန္းသိဆုိတာမ်ဳိးျဖစ္ေနၿပီ''

သူငယ္ခ်င္းတစ္ဦးသည္ စာေရး သူထံ ေရာက္လာၿပီး ညည္းညဴလုိက္ျခင္းျဖစ္သည္။

''ဘာေတြျဖစ္လာလုိ႔ ဒီေလာက္ စိတ္ပ်က္ေနရတာလဲ''

စာေရးသူက သူငယ္ခ်င္းျဖစ္သူအား ေျပာလုိက္မိသည္။

''ကန္ထ႐ုိက္တစ္ေယာက္နဲ႔ တုိက္ခန္းေပးတုိက္ခန္းယူ ခုနစ္ထပ္ေဆာက္မယ္လုိ႔ စာခ်ဳပ္ခ်ဳပ္ထားတာ ႏွစ္ႏွစ္ခန္႔ရွိေနၿပီ။ ဘာမွအစမပ်ဳိးရ ေသးဘူး။ အဲဒါ ဘယ္လုိလုပ္ရင္ ေကာင္းမလဲလုိ႔ သူငယ္ခ်င္းဆီလာ ေဆြးေႏြးတာ''

''ဒါမ်ား သူငယ္ခ်င္းရယ္။ ကုိယ္တစ္ေယာက္တည္းမွမဟုတ္ဘဲ။ ေခတ္ေရစီးေၾကာင္းနဲ႔အတူ လုိက္ပါ ျဖစ္တတ္ၾကတာပဲ''

''ေဆာက္လိမ့္ႏုိး၊ ေဆာက္လိမ့္ ႏုိးနဲ႔ လက္ရွိအိမ္ကိုလည္း မျပင္ႏုိင္။ မုိးယုိခံၿပီး ေနရတယ္ သူငယ္ခ်င္း''

''သူငယ္ခ်င္းက ေနစရာအိမ္ရွိေသးတယ္။ အခ်ဳိ႕ေျမပုိင္ရွင္ေတြဆုိရင္ အိမ္ဖ်က္ေပးထားလုိက္ရလုိ႔ အိမ္ငွားေနရတာ ႏွစ္ေပါက္ေနၿပီ''

''ကန္ထ႐ုိက္ကငွားေပးတယ္ မဟုတ္လား''

''စာခ်ဳပ္အရ တစ္ႏွစ္ပဲဆုိၿပီး တစ္ႏွစ္ျပည့္တာနဲ႔ အိတ္စုိက္ဘဝ ေရာက္ရေတာ့တာပဲ၊ ဒီအထဲ ကန္ထ႐ုိက္က ထြက္ေျပးလုိ႔ ေျမကြက္လပ္ ကုိၾကည့္ၿပီးေနရတဲ့ ေျမရွင္ေတြလည္း ရွိေသးတယ္''

''ကန္ထ႐ုိက္အသစ္ကိုလည္း ခ်က္ခ်င္း မရႏုိင္ဘူးေပါ့ေနာ္''

''မွန္ပါတယ္။ အခုကာလက အိမ္ေျမတုိက္ခန္း အေရာင္းအဝယ္ေအးေနေတာ့ ေျမကြက္အမည္ ေပါက္ရွင္းတဲ့ေျမကိုေတာင္ ကန္ထ႐ုိက္ေတြက ေဆာက္လုပ္ရင္းႏွီးျမႇဳပ္ႏွံတာ မလုပ္ႏုိင္ၾကဘူး။ ေျဖရွင္းရမယ့္ အ႐ႈပ္အေထြးရွိတဲ့ ေျမကြက္ဆုိရင္ေတာ့ ေဝးေဝးက ေရွာင္ေနၾကတယ္''

''သူငယ္ခ်င္းေျပာစကားအရ ဆုိရင္ေတာ့ အိမ္မဖ်က္ရေသးတာပဲ ကံေကာင္းေသးတယ္ဆုိရမယ္ေပါ့''

''ဟုတ္တယ္ သူငယ္ခ်င္း။ အိမ္ေဟာင္း ဖ်က္ခြင့္ရမွဖ်က္တာ အေကာင္းဆုံးပဲ။ အခ်ဳိ႕က ကန္ထ႐ုိက္တာေျပာတဲ့ ရွစ္လအတြင္းအၿပီးေဆာက္သြားမွာပါဆုိတာကိုယုံလုိ႔ အိမ္ဖ်က္လုိက္တာေတြရွိတယ္။ သူငယ္ခ်င္းတုိ႔ရဲ႕ ႏွစ္ဦးသေဘာတူ စာခ်ဳပ္မွာေျပာင္းေရႊ႕စရိတ္ဆုိမလား၊ အလုိက္ေပးေငြဆုိမလား၊ ဘယ္ ေလာက္ရယူထားတာရွိသလဲ''

''က်ပ္သိန္း ခုနစ္ဆယ္ေတာ့ ယူထားလုိက္တယ္။ သြားၿပီးေမးေတာ့လည္း ေဆာက္လုပ္ခြင့္တင္ထားပါတယ္လုိ႔ ေျပာတာပဲ။ ဘာဆက္လုပ္ရမွန္း မသိလုိ႔''

''သူငယ္ခ်င္းေျမကြက္က ေပ ၂ဝ x ေပ ၆ဝ ေျမကြက္ထင္တယ္။ အခန္းေပး အခန္းယူကတစ္ျခမ္းေပး တစ္ျခမ္းယူပဲလား''

''အစမူလ စာခ်ဳပ္ခ်ဳပ္စဥ္က အလုိက္ေငြက်ပ္သိန္း ၁၅ဝ နဲ႔ အခန္းတစ္ျခမ္းေပးတစ္ျခမ္းယူခ်ဳပ္ခဲ့တယ္။ ေနာက္ပိုင္းအေရာင္းအဝယ္ေအးသြား တာရယ္။ ကုန္ပစၥည္းတန္ဖုိး၊ ဘိလပ္ေျမ၊ အုတ္၊ သဲ တန္ဖုိးျမင့္လာလုိ႔ သူ႔ကုိထပ္ၿပီး တစ္ခန္းေပးပါဆုိတာနဲ႔ သေဘာတူထားတယ္''

''ဒါဆုိ ကုိယ္က တုိက္ခန္း ငါးခန္းနဲ႔ ေငြက်ပ္သိန္း ၁၅ဝ ျဖစ္သြား ၿပီေပါ့''

''ႏႈတ္နဲ႔ေတာ့ သေဘာတူထားတာေပါ့ေလ။ ဒါေပမယ့္ ဘာမွစတင္တာ မရွိေသးေတာ့ စာခ်ဳပ္ထဲမွာက ေျခာက္ခန္းပဲ ေဖာ္ျပထားပါတယ္။ ျပင္မေရးရေသးဘူး''

''ေရာင္းထားတဲ့ တုိက္ခန္းေတြ ရွိေသးလား''

''ေျမရွင္ဘက္ကေတာ့ မေရာင္း ရေသးဘူး။ ကန္ထ႐ုိက္တာရတဲ့ တုိက္ခန္းေတြထဲကေတာ့ ႏွစ္ခန္း၊ သုံးခန္း ေရာင္းထားတယ္ထင္တယ္။ လာၿပီး စုံစမ္းသူေတြရွိတယ္။ သူတုိ႔ ကိစၥက ေျမရွင္နဲ႔ သက္ဆုိင္သလား''

''တုိက္ခန္းေစ်းကြက္ေတြ ေကာင္းစဥ္ကေတာ့ ကန္ထ႐ုိက္တာေတြက ေျမရွင္ေတြကို အလုအယက္ လုိက္လံရွာၾကတယ္။ ေျမရွင္နဲ႔ေဆာက္လုပ္ဖုိ႔ သေဘာတူညီခ်က္ရရင္ ေငြခ်က္ခ်င္းခ်ေပးတာေတြ၊ စာ ခ်ဳပ္ကို အျမန္ခ်ဳပ္ဆုိတာေတြရွိခဲ့တယ္''

''ဟုတ္တယ္ သူငယ္ခ်င္း။ မိန္းမျဖစ္သူက ျမန္ျမန္ဆန္ဆန္ လက္ခံလုိက္တာပဲ။ စာခ်ဳပ္ကုိ ေသခ်ာမဖတ္ျဖစ္ခဲ့ပါဘူး။ သူတုိ႔ေရးထားတဲ့ စာခ်ဳပ္ေပၚမွာပဲ သူတုိ႔ရဲ႕ ရွင္းျပခ်က္အရ သေဘာတူလက္မွတ္ထုိးခဲ့ၾကတာ။ အိမ္ကလည္း ပ်ဥ္ေထာင္အိမ္၊ ၾကာၿပီဆုိေတာ့ ေဆြးစျပဳၿပီေပါ့။ ဒါနဲ႔ပဲ တစ္ႏွစ္ေလာက္ သည္းခံလုိက္ရင္ အဆင္ေျပမွာပဲဆုိၿပီး သေဘာတူခဲ့တာ''

''အခ်ဳိ႕သေဘာတူစာခ်ဳပ္ေတြမွာ ကတိစာခ်ဳပ္ခ်ဳပ္ဆုိသည့္ေန႔မွစၿပီး ၁၈ လအတြင္း အၿပီးေဆာက္မယ္လုိ႔ ခ်ဳပ္ဆုိတာေတြရွိတယ္။ ေနာက္ပိုင္းမွာေတာ့ ေဆာက္လုပ္ခြင့္က်သည့္ ေန႔မွစ၍လုိ႔ ခ်ဳပ္ဆုိလာတာကို ေတြ႔ရတယ္။ ေျမပုိင္ရွင္ေတြကလည္း ေဆာက္လုပ္ခြင့္က်မွ အိမ္ေဟာင္းကို ဖ်က္ေပးၾကတာေတြျဖစ္လာတယ္''

''ေဆာက္လုပ္ေရးကို ဖ်က္သိမ္းမယ္ဆုိေတာ့လည္း ေပးေလ်ာ္ရမယ့္ ေငြက မရွိေတာ့ အခက္အခဲရွိေနျပန္တယ္။ ကန္ထ႐ုိက္သစ္တစ္ေယာက္ကုိ ေျပာင္းဖုိ႔ကလည္း အေစာကေျပာသလုိ အခက္အခဲေတြျဖစ္ေနတယ္''

''ဂရန္စာခ်ဳပ္ေပးထားတာရွိေသးလား''

''ေသခ်ာေတာ့ မသိဘူး။ ၿပီးခဲ့တဲ့ ရက္ပိုင္းကေတာ့ မိန္းမျဖစ္သူက ဂရန္စာခ်ဳပ္ ျပန္ေတာင္းခဲ့တယ္ဆုိလား သမီးျဖစ္သူနဲ႔ ေျပာသံေတာ့ ၾကားမိတယ္''

''သူငယ္ခ်င္း၊ ပထမဆုံးလုပ္ရမွာက ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ ယာ /အုံ ဌာနထံသြားေရာက္စုံစမ္းပါ။ အိမ္ေဆာက္ရန္ ေျမပုံကူးထားျခင္းရွိမရွိ၊ အိမ္ေဆာက္လုပ္ခြင့္နဲ႔ အိမ္ေဟာင္းဖ်က္ခြင့္တင္ထားျခင္းရွိမရွိ စုံစမ္းၾကည့္လုိ႔ အိမ္ေဆာက္လုပ္ခြင့္ တင္ထားတာေတြ၊ ေျမပုံကူးေလွ်ာက္ ထားတာေတြ မေတြ႔ဘူးဆုိရင္ေတာ့ ေဆာက္လုပ္ဖုိ႔ လုပ္ငန္းမစေသးဘူး လုိ႔ မွတ္ယူရပါမယ္''

''ေဆာက္လုပ္ခြင့္ေတာ့ တင္ထားတယ္ ေျပာပါတယ္''

''ဟုတ္ၿပီေလ။ ေဆာက္လုပ္ခြင့္ တင္ထားတယ္။ ေျမပုံရၿပီဆုိရင္ေတာ့ ကန္ထ႐ုိက္ဆီေတာင္းၾကည့္ၿပီးအတည္ျပဳခ်က္ရယူေပါ့။ လုပ္ငန္းမစေသးဘူးဆုိရင္ေတာ့ စာခ်ဳပ္ဖ်က္မလား၊ ဆက္ၿပီး ေစာင့္မလားဆုိတာက သူငယ္ခ်င္းဆုံးျဖတ္ရမယ့္ကိစၥ ျဖစ္တယ္''

''အေကာင္းဆုံးက ဘယ္လုိေဆာင္ရြက္သင့္သလဲ''

''လက္ရွိအေျခအေနအရ ႀကိဳပြိဳင့္ေတြ အဝယ္မလုိက္ေတာ့ ရင္းႏွီးျမႇဳပ္ႏွံတဲ့ ကန္ထ႐ုိက္ေတြက အ႐ႈံးခံၿပီး ေဆာက္ၾကမွာမဟုတ္ဘူး။ အေရာင္းအဝယ္လုိက္လာရင္ေတာ့ တားထားရင္ေတာင္ရမွာမဟုတ္ဘူး။ ေန႔ခ်င္းညခ်င္း ေဆာက္မွာပဲ။ မိမိအေနနဲ႔ ႀကိဳတင္ေငြလည္း ရထားတယ္။ အေဆာက္အအုံလည္း မဖ်က္ရေသးဘူးဆုိေတာ့ ပုိေနၿမဲ၊ က်ားေနၿမဲ၊ ေစာင့္ၾကည့္ရင္၊ မနစ္နာဘူးလုိ႔ပဲ အႀကံျပဳခ်င္တယ္ သူငယ္ခ်င္း''ဟု ေဆြးေႏြးလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
The Crest

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service