မသင်္ကာစရာ …… မြေချပါမစ်တွေ့တဲ့အခါ နောက်ဆုတ်လိုက်ပါ

မသင်္ကာစရာ …… မြေချပါမစ်တွေ့တဲ့အခါ နောက်ဆုတ်လိုက်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
9 Aug 2020 1:52 pm တွင် တင်ခဲ့သည်
7123 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အိမ်ခြံမြေကွက်ဝယ်တဲ့အခါ …. ပထမဆုံးကိုယ်တိုင်ရှာတယ်။ ဒုတိယပွဲစားကတစ်ဆင့် စုံစမ်းရတယ်။ဒါမှမဟုတ် မိမိဝယ်ယူလိုတဲ့ မြို့နယ်၊ ရပ်ကွက်မှာရှိတဲ့ အသိမိတ်ဆွေမှ တဆင့်ဖြစ်စေ၊ ဆွေမျိုးနှင့် ဖြစ်စေ၊ ဆက်စပ်မိရာမှ မြေကွက်တစ်ကွက်ကို ဝယ်ယူဖို့ဆုံးဖြတ်ကြာတာဝယ်သူတော်တော်များများပါ။

စရန်ငွေများများချ ၊ ပွဲစားခအပြည့်အဝရ

မြေကွက်တစ်ကွက်တွေ့ ပြန်ပြီဆိုတော့လည်း ရောင်းသူနဲ့တိုက်ရိုက်တွေ့ရတာက နည်းပါတယ်။ ရှေးဦးပထမ ပွဲစာ၊ အသိမိတ်ဆွေ နဲ့ ဆွေမျိုးတို့ကတစ်ဆင့် သိခွင့်ရတာများပါတယ်။ မြေကွက်ကြိုက်လို့ ဈေးဆစ်ပြီးပြီးဆိုတာနဲ့ စရန်ငွေပေးစာချုပ်ပြင်ဆင်ကြတော့တာပါဘဲ။ စရန်ငွေ စာချုပ်ပြီဆိုရင်လည်း ပွဲစားလုပ်သူက စရန်ငွေများများချစေချင်ပါတယ်။ ဒါမှသူတို့အတွက် ပွဲစားခအပြည့်အဝရမှာလေ။ အဲဒီလိုမဟုတ်ရင်၊ အပြီးငွေချေတဲ့နေ့အထိ စောင့်ရတာကိုမလိုချင်ကြဘူး။

စရန်အသေးနဲ့ စရန်အကြီးဆိုပြီးနှစ်မျိုးရှိ

ဒါကြောင့်လည်း မြေကွက်နေရာစိတ်ကြိုက်တွေ့ပြီး ကြိုက်ဈေးရပြီဆိုတာနဲ့ ဝယ်သူတွေကလည်း စရန်ငွေ ၁၀ သိန်လောက်တော့အနည်းဆုံး စတိချခဲ့ကြတာများတယ်။ နောက်နေ့မှ ရှေ့နေခေါ်လာပြီး စရန်ကြီးဆိုပြီး သိန်း ၂၀ သိန်း ၅၀ စသဖြင့် ထပ်မံစရန်ငွေပေးကြတာတွေ့ရတယ်။

ဘာဘဲဖြစ်ဖြစ် မြို့ပြစာရင်းမှာသွားစစ်သင့်

ဒီကနေ့ စာရေးသူထံ စာချုပ်ပေးဖို့လာခေါ်ကြတဲ့မိုးကျော်သူ တို့ကတော့ ဒုတိယစရန်ကြီးချဖို့မဟုတ်ဘူး အပြီးစာချုပ်ပေးဖို့ အကြောင်းကြားလာတာပါ။ နောက် (၃) ရက်ကြာရင် အပြီးစာချုပ်ပြီးငွေချေချင်တယ်လို့ ေြ့ပာပါတယ်။ ရောင်းသူထံကယူလာတဲ့ မြေကွက်ရဲ့စာချုပ်မိတ္တူတွေကို စာရေးသူကြည့်လိုက်ပါတယ်။ မြေကွက်က ဂရန်မထွက်သေးဘဲ မြေချပါမစ်ကိုရောင်းတာပါ။ ရောင်းသူက (၂) ဆင့်မြောက်ပုဂ္ဂိုလ်ပါ။ ဘယ်လိုဘဲဖြစ်ဖြစ် မြို့တော်ခန်းမ မြို့မြေစာရင်းမှာ အမည်ပေါက်မှန်ကန်မှုရှ်ိမရှ်ိ စစ်ကြည့်လိုက်ပါတယ်။

ရွှေပြည်သာ “ ဝါးတစ်ရာ ” စက်မှုဇုန်နားကမြေကွက်

အဖြေကတော့ ok မှာပြပါတယ်။ အရှုပ်အရှင်းမရှိ အမည်ပေါက်မှန်ကန်တယ်ဆိုတာ သိရတယ်။ ဒီလိုဆိုတော့လည်း အပြီးအပိုင်အရောင်းအဝယ်စာချုပ်ကို တစ်ခါတည်းပြင်ဆင်ထားလိုက်ပါတယ်။ “ မိုးကျော်သူ ” ဝယ်မယ့်နေရာက ရွှေပြည်သာမြို့နယ် သံဒင်း (…) ရပ်ကွက်၊ ဈေးနဲ့လည်းနီးတယ်၊ နောက်ကျောဘက်မှာက ဝါးတစ်ရာစက်မှုဇုန်က လမ်းတစ်ခုဘဲခြားတယ်ဆိုတော့၊ အကွက်အကွင်းကျတဲ့နေရာပါ။

စက်မှုဇုန်နဲ့နီတော့ အဆောင်ငှါးစားတာအကောင်းဆုံး

မြေကွက်တည်နေရာက လမ်းကျယ်ကြီးပေါ်မေးတင်လေးပါ။ ဘေးပတ်ဝန်းကျင် လမ်းတလျှောက်မှာတော့၊ ကုန်စုံဆိုင်စတိုးဆိုင်၊ အိမ်ဆောက်ပစ္စည်ဆိုင်တွေနဲ့ စည်ကားနေတာတွေ့ရပါတယ်။ မိုးကျော်သူ စိတ်ကူးကတော့ အထပ်မြင့် အဆောင်ဆောက်ပြီ စက်ရုံဝန်ထမ်းတွေကို ငှါးစားဖို့ပါ။ သူရည်ရွယ်ချက်ကလည်းကောင်းပါတယ်။ မြေကွက်က (အလျား ၄၀ ပေ x အနံ ၆၀ ပေ) ဖြစ်တာကြောင့်ပေအတိုင်းအတာပြည့်မပြည့် ရှေ့ပြေးတိုင်တာပြီး ဖြစ်တယ်လို့ သိရပါတယ်။ စာရေးသူစာချုပ်ဖို့ရောက်သွားတဲ့အချိန်မှာတော့ အဆင်သင့်ဖြစ်နေတာကြောင့် ရပ်ကွက်အတွင်းက လမ်းမှုအိမ်မှာ စာချုပ်ဖို့ပြင်ဆင်ကြပါတယ်။ အကြောင်းကတော့ ရောင်သူဝယ်သူနှစ်ဘက်စလုံးက အခြားရပ်ကွက်ကလာကြတာဖြစ်တဲ့ လမ်းမှုးက သူ့အိမ်မှာစာချုပ်ကြဖို့ ပြင်ဆင်းပေးတာပါ။

ပါမစ်ကထူးခြားအသစ်ကြီးဖြစ်နေပါလား

ရောင်းသူဝယ်သူအားလုံး လူစုံတာနဲ့ စာရွက်စာတမ်းတွေတောင်းယူကြည့်လ်ိုက်ပါတယ်။ ပထမဆုံး မြေချပါမစ်ကို ကြည့်လိုက်တဲ့အခါ ၁၉၉၄ ခုနှစ်က လှိုင်မြို့နယ် ၁၄ ရပ်ကွက် ရွှေ့ပြောင်းနေရာချထားပေးတဲ့ မြေကွက်ဖြစ်နေပါတယ်။ မြေချပါမစ် (၂၅ )နှစ်ကျော်ကြာပေမယ့် ယခုအထိ စာရွက်(၃)ရွက်က အလတ်ကြီးဖြစ်နေတာကိုတွေ့ရပါတယ်။

မသင်္ကာစရာတွေ့ရတဲ့ အချက်များ

မိသားစုဓါတ်ပုံကြည့်လိုက်တော့ မိခင်နဲ့ ကလေး (၂) ယောက်ရဲ့ ပုံကိုတွေ့ရတယ်။ မြေကွက်ရသူရဲ့ မြေရာဇဝင်ကိုကြည့်လိုက်တဲ့အခါ အမျိုးသားနာမည်ဖြစ်နေတယ်။ ရွှေ့ပြောင်းနေထိုင်သူစာရင်းကိုကြည့်လိုက်တော့ အမျိုးသားနဲ့ အမျိုးသမီး (၂) ဦးကိုဘဲ တွေ့ရပါတယ်။ ကလေး(၂)ယောက်ရဲ့ အမည်တွေမပါပြန်ဘူး။ မြေကွ ထုတ်ပေးတဲ့အရာရှိလက်မှတ်တွေကလည်း “ စကင် ” ဖတ်ထားတာနဲ့တူနေတယ်။

ပြီးတော့ ရုံးတံဆိပ်များကိုကြည့်လိုက်တဲ့အခါ ၂၅ နှစ်ကြားကရုံးတံဆိပ်တွေက “ အသစ်စက်စက် ” လိုထင်ထင်ရှားရှားဖြစ်နေတယ်။ အဲဒီနည်းတူ မှတ်ပုံတင်စာရင်းသွင်းထားတဲ့ စာရေးလက်မှတ်တွေက အစကွန်ပျူတာစနစ်နဲ့ ပြုပြင်ထားတာကိုတွေ့ရပါတယ်။ ဒီလို သင်္ကာမကင်းစရာတွေတွေ့ရတဲ့အတွက် ဝယ်သူ မိုးကျော်သူကို ဆောက်ဆုတ်ဖို့ စာရေးသူက မျက်နှာအမှုအရာနဲ့ ပြရတယ်။ ဒါကြောင့် ပါမစ်မူရင်းကိုင်ပြီး တနင်္လာ / ဗုဒ္ဓဟူး / သောကြာ နေ့တစ်နေ့နေ့မှာ ထပ်မံစစ်ဆေးကြည့်ပြီးမှ အပြီးငွေချေမယ်ဆိုပြီး “ အချိုသတ်” လိုက်ရပါတယ်။

ဒီလိုမင်္သာစရာ မြေချပါမစ်ဖြစ်နေတာကြောင့် အရပ်ကတိစာချုပ်တွေအပေါ်မှာလည်း အယုံအကြည်ကင်းမဲ့လာတာကြောင့် ပါမစ်မှန်ကန်ကြောင်းနှစ်ဘက်သွားရောက် စစ်ဆေးပြီးမှ ဝယ်ယူမယ်ဟု ပြောပြီး ပြန်ခဲ့ကြပါတယ်။

လမ်းရောက်မှဘဲ မိုးကျော်သူကို အကျိုးအကြောင်းရှင်းပြရတယ်။ စာရေးသူတို့ မြို့တော်ခန်းမမှာ စစ်ဆေးစဉ်က မိတ္တူနဲ့ စစ်ဆေးရတာဖြစ်တဲ့အတွက် အတုနဲ့အစစ်ခွဲခြားနိုင်ဖို့ မလွယ်ဘူး။ မြို့မြေစာရင်းမှာ မြေတိုင်း/ မြေကွက်အမည်ပေါက်မှန်ပေမယ့် ဒီကနေ့ ပါမစ်မူရင်းကိုကြည့်တဲ့အခါ မူလပါမစ်ပျောက်သွားလို့ဖြစ်စေ၊ ဒါမှမဟုတ် မြေကွက်လပ်ဟာ ၂၅ နှစ်လုံးပိုင်ရှင်မတွေ့ရလို့ဖြစ်စေ အကြံရှိသူတစ်ဦးက အိုးအိမ်ပါမစ်နဲ့တူအောင်ဖန်တီးထားတာဖြစ်နိုင်တယ်။ တချိန်ချိန်မှာ ပါမစ်မူရင်းအစစ်ကိုင်ထားသူပေါ်လာရင် သူပိုင်/ ငါပိုင် အငြင်းပွားလို့ တရားစွဲတာတွေဖြစ်လာတတ်တယ်။

“ ပြီးတော့ မိသားစုဓါတ်ပုံမှာ မြေကွက်ရသူရဲ့ ဓါတ်ပုံ မပါဘူး။ ဒါပေမယ့်လည်း မြေကွက်ရသူရဲ့ လက်မှတ်မှာကျတော့ အမျိုးသားကလက်မှတ်ရေးထိုးထားတယ်။ ပါမစ်တစ်ခုလုံးကလည်ဒ အသစ်ကြီးဖြစ်နေတယ်။ ဒီလိုမင်္သာစရာတွေရှိတာကြောင့် သိန်း (၅၀၀) ပေးပြီ မဝယ်သင့်တဲ့အကြောင်းပြောပြပါတယ်” ဒီတော့မှ မိုးကျော်သူ လည်းရှင်းရှင်းလင်းလင်း နားလည်သွားပြီး “ ဆရာရယ်… ဒီလိုဆိုရင် စရန် (၁၀) သိန်း အဆုံးခံလိုက်တော့မယ် မဝယ်တော့ဘူး ဆုံးဖြတ်လိုက်ပြီလို့ ” ပြောပါတယ်။ ဒါကြောင့် အိမ်ခြံမြေပါမစ်ဝယ်ယူတော့မယ်ဆိုရင် စရန်ငွေပေးရန်သွားစဉ်ကပင် ကျွမ်းကျင်သူများကို ခေါ်၍ စရန်ငွေစာချုပ်သင့်ကြောင်း အကြံပေးတင်ပြလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဘယ်အရာမဆို စေ့စပ်သေချာတာအကောင်းဆုံးပါ

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

 

မသကၤာစရာ …… ေျမခ်ပါမစ္ေတြ႕တဲ့အခါ ေနာက္ဆုတ္လိုက္ပါ

အိမ္ျခံေျမကြက္၀ယ္တဲ့အခါ …. ပထမဆံုးကိုယ္တိုင္ရွာတယ္။ ဒုတိယပြဲစားကတစ္ဆင့္ စံုစမ္းရတယ္။ဒါမွမဟုတ္ မိမိဝယ္ယူလိုတဲ့ ျမိဳ႕နယ္၊ ရပ္ကြက္မွာရွိတဲ့ အသိမိတ္ေဆြမွ တဆင့္ျဖစ္ေစ၊ ေဆြမ်ိဳးနွင့္ ျဖစ္ေစ၊ ဆက္စပ္မိရာမွ ေျမကြက္တစ္ကြက္ကို ဝယ္ယူဖို႕ဆံုးျဖတ္ၾကာတာဝယ္သူေတာ္ေတာ္မ်ားမ်ားပါ။

စရန္ေငြမ်ားမ်ားခ် ၊ ပြဲစားခအျပည့္အဝရ

ေျမကြက္တစ္ကြက္ေတြ႕ ျပန္ျပီဆိုေတာ့လည္း ေရာင္းသူနဲ႕တိုက္ရုိက္ေတြ႕ရတာက နည္းပါတယ္။ ေရွးဦးပထမ ပြဲစာ၊ အသိမိတ္ေဆြ နဲ႕ ေဆြမ်ိဳးတို႕ကတစ္ဆင့္ သိခြင့္ရတာမ်ားပါတယ္။ ေျမကြက္ၾကိဳက္လို႕ ေဈးဆစ္ျပီးျပီးဆိုတာနဲ႕ စရန္ေငြေပးစာခ်ဳပ္ျပင္ဆင္ၾကေတာ့တာပါဘဲ။ စရန္ေငြ စာခ်ဳပ္ျပီဆိုရင္လည္း ပြဲစားလုပ္သူက စရန္ေငြမ်ားမ်ားခ်ေစခ်င္ပါတယ္။ ဒါမွသူတို႕အတြက္ ပြဲစားခအျပည့္အဝရမွာေလ။ အဲဒီလိုမဟုတ္ရင္၊ အျပီးေငြေခ်တဲ့ေန႕အထိ ေစာင့္ရတာကိုမလိုခ်င္ၾကဘူး။

စရန္အေသးနဲ႕ စရန္အၾကီးဆိုျပီးနွစ္မ်ိဳးရွိ

ဒါေၾကာင့္လည္း ေျမကြက္ေနရာစိတ္ၾကိဳက္ေတြ႕ျပီး ၾကိဳက္ေဈးရျပီဆိုတာနဲ႕ ဝယ္သူေတြကလည္း စရန္ေငြ ၁၀ သိန္ေလာက္ေတာ့အနည္းဆံုး စတိခ်ခဲ့ၾကတာမ်ားတယ္။ ေနာက္ေန႕မွ ေရွ႕ေနေခၚလာျပီး စရန္ၾကီးဆိုျပီး သိန္း ၂၀ သိန္း ၅၀ စသျဖင့္ ထပ္မံစရန္ေငြေပးၾကတာေတြ႕ရတယ္။

ဘာဘဲျဖစ္ျဖစ္ ျမိဳ႕ျပစာရင္းမွာသြားစစ္သင့္

ဒီကေန႕ စာေရးသူထံ စာခ်ဳပ္ေပးဖို႕လာေခၚၾကတဲ့မိုးေက်ာ္သူ တို႕ကေတာ့ ဒုတိယစရန္ၾကီးခ်ဖို႕မဟုတ္ဘူး အျပီးစာခ်ဳပ္ေပးဖို႕ အေၾကာင္းၾကားလာတာပါ။ ေနာက္ (၃) ရက္ၾကာရင္ အျပီးစာခ်ဳပ္ျပီးေငြေခ်ခ်င္တယ္လို႕ ေျ႔ပာပါတယ္။ ေရာင္းသူထံကယူလာတဲ့ ေျမကြက္ရဲ႕စာခ်ဳပ္မိတၱဴေတြကို စာေရးသူၾကည့္လိုက္ပါတယ္။ ေျမကြက္က ဂရန္မထြက္ေသးဘဲ ေျမခ်ပါမစ္ကိုေရာင္းတာပါ။ ေရာင္းသူက (၂) ဆင့္ေျမာက္ပုဂၢိဳလ္ပါ။ ဘယ္လိုဘဲျဖစ္ျဖစ္ ျမိဳ႕ေတာ္ခန္းမ ျမိဳ႕ေျမစာရင္းမွာ အမည္ေပါက္မွန္ကန္မႈရွိ္မရွိ္ စစ္ၾကည့္လိုက္ပါတယ္။

ေရႊျပည္သာ “ ဝါးတစ္ရာ ” စက္မႈဇုန္နားကေျမကြက္

အေျဖကေတာ့ ok မွာျပပါတယ္။ အရႈပ္အရွင္းမရွိ အမည္ေပါက္မွန္ကန္တယ္ဆိုတာ သိရတယ္။ ဒီလိုဆိုေတာ့လည္း အျပီးအပိုင္အေရာင္းအဝယ္စာခ်ဳပ္ကို တစ္ခါတည္းျပင္ဆင္ထားလိုက္ပါတယ္။ “ မိုးေက်ာ္သူ ” ဝယ္မယ့္ေနရာက ေရႊျပည္သာျမိဳ႕နယ္ သံဒင္း (…) ရပ္ကြက္၊ ေဈးနဲ႕လည္းနီးတယ္၊ ေနာက္ေက်ာဘက္မွာက ဝါးတစ္ရာစက္မႈဇုန္က လမ္းတစ္ခုဘဲျခားတယ္ဆိုေတာ့၊ အကြက္အကြင္းက်တဲ့ေနရာပါ။

စက္မႈဇုန္နဲ႕နီေတာ့ အေဆာင္ငွါးစားတာအေကာင္းဆံုး

ေျမကြက္တည္ေနရာက လမ္းက်ယ္ၾကီးေပၚေမးတင္ေလးပါ။ ေဘးပတ္ဝန္းက်င္ လမ္းတေလွ်ာက္မွာေတာ့၊ ကုန္စံုဆိုင္စတိုးဆိုင္၊ အိမ္ေဆာက္ပစၥည္ဆိုင္ေတြနဲ႕ စည္ကားေနတာေတြ႕ရပါတယ္။ မိုးေက်ာ္သူ စိတ္ကူးကေတာ့ အထပ္ျမင့္ အေဆာင္ေဆာက္ျပီ စက္ရုံဝန္ထမ္းေတြကို ငွါးစားဖို႕ပါ။ သူရည္ရြယ္ခ်က္ကလည္းေကာင္းပါတယ္။

ေျမကြက္က (အလ်ား ၄၀ ေပ x အနံ ၆၀ ေပ) ျဖစ္တာေၾကာင့္ေပအတိုင္းအတာျပည့္မျပည့္ ေရွ႕ေျပးတိုင္တာျပီး ျဖစ္တယ္လို႕ သိရပါတယ္။ စာေရးသူစာခ်ဳပ္ဖို႕ေရာက္သြားတဲ့အခ်ိန္မွာေတာ့ အဆင္သင့္ျဖစ္ေနတာေၾကာင့္ ရပ္ကြက္အတြင္းက လမ္းမႈအိမ္မွာ စာခ်ဳပ္ဖို႕ျပင္ဆင္ၾကပါတယ္။ အေၾကာင္းကေတာ့ ေရာင္သူဝယ္သူနွစ္ဘက္စလံုးက အျခားရပ္ကြက္ကလာၾကတာျဖစ္တဲ့ လမ္းမႈးက သူ႕အိမ္မွာစာခ်ဳပ္ၾကဖို႕ ျပင္ဆင္းေပးတာပါ။

ပါမစ္ကထူးျခားအသစ္ၾကီးျဖစ္ေနပါလား

ေရာင္းသူဝယ္သူအားလံုး လူစံုတာနဲ႕ စာရြက္စာတမ္းေတြေတာင္းယူၾကည့္လို္က္ပါတယ္။ ပထမဆံုး ေျမခ်ပါမစ္ကို ၾကည့္လုိက္တဲ့အခါ ၁၉၉၄ ခုနွစ္က လိႈင္ျမိဳ႕နယ္ ၁၄ ရပ္ကြက္ ေရႊ႕ေျပာင္းေနရာခ်ထားေပးတဲ့ ေျမကြက္ျဖစ္ေနပါတယ္။ ေျမခ်ပါမစ္ (၂၅ )နွစ္ေက်ာ္ၾကာေပမယ့္ ယခုအထိ စာရြက္(၃)ရြက္က အလတ္ၾကီးျဖစ္ေနတာကိုေတြ႕ရပါတယ္။

မသကၤာစရာေတြ႕ရတဲ့ အခ်က္မ်ား

မိသားစုဓါတ္ပံုၾကည့္လိုက္ေတာ့ မိခင္နဲ႕ ကေလး (၂) ေယာက္ရဲ႕ ပံုကိုေတြ႕ရတယ္။ ေျမကြက္ရသူရဲ႕ ေျမရာဇဝင္ကိုၾကည့္လိုက္တဲ့အခါ အမ်ိဳးသားနာမည္ျဖစ္ေနတယ္။ ေရႊ႕ေျပာင္းေနထိုင္သူစာရင္းကိုၾကည့္လိုက္ေတာ့ အမ်ိဳးသားနဲ႕ အမ်ိဳးသမီး (၂) ဦးကိုဘဲ ေတြ႕ရပါတယ္။ ကေလး(၂)ေယာက္ရဲ႕ အမည္ေတြမပါျပန္ဘူး။ ေျမကြ ထုတ္ေပးတဲ့အရာရွိလက္မွတ္ေတြကလည္း “ စကင္ ” ဖတ္ထားတာနဲ႕တူေနတယ္။

ျပီးေတာ့ ရုံးတံဆိပ္မ်ားကိုၾကည့္လိုက္တဲ့အခါ ၂၅ နွစ္ၾကားကရုံးတံဆိပ္ေတြက “ အသစ္စက္စက္ ” လိုထင္ထင္ရွးာရွားျဖစ္ေနတယ္။ အဲဒီနည္းတူ မွတ္ပံုတင္စာရင္းသြင္းထားတဲ့ စာေရးလက္မွတ္ေတြက အစ ကြန္ပ်ဴတာစနစ္နဲ႕ ျပဳျပင္ထားတာကိုေတြ႕ရပါတယ္။ ဒီလို သကၤၤာမကင္းစရာေတြေတြ႕ရတဲ့အတြက္ ဝယ္သူ မိုးေက်ာ္သူကို ေဆာက္ဆုတ္ဖို႕ စာေရးသူက မ်က္နွာအမႈအရာနဲ႕ ျပရတယ္။ ဒါေၾကာင့္ ပါမစ္မူရင္းကိုင္ျပီး တနလၤာ / ဗုဒၶဟူး / ေသာၾကာ ေန႕တစ္ေန႕ေန႕မွာ ထပ္မံစစ္ေဆးၾကည့္ျပီးမွ အျပီးေငြေခ်မယ္ဆိုျပီး “ အခ်ိဳသတ္” လိုက္ရပါတယ္။

ဒီလိုမသၤာစရာ ေျမခ်ပါမစ္ျဖစ္ေနတာေၾကာင့္ အရပ္ကတိစာခ်ဳပ္ေတြအေပၚမွာလည္း အယံုအၾကည္ကင္းမဲ့လာတာေၾကာင့္ ပါမစ္မွန္ကန္ေၾကာင္းနွစ္ဘက္သြားေရာက္ စစ္ေဆးျပီးမွ ဝယ္ယူမယ္ဟု ေျပာျပီး ျပန္ခဲ့ၾကပါတယ္။

လမ္းေရာက္မွဘဲ မိုးေက်ာ္သူကို အက်ိဳးအေၾကာင္းရွင္းျပရတယ္။ စာေရးသူတို႕ ျမိဳ႕ေတာ္ခန္းမမွာ စစ္ေဆးစဥ္က မိတၱဴနဲ႕ စစ္ေဆးရတာျဖစ္တဲ့အတြက္ အတုနဲ႕အစစ္ခြဲျခားႏိုင္ဖို႕ မလြယ္ဘူး။ ျမိဳ႕ေျမစာရင္းမွာ ေျမတိုင္း/ ေျမကြက္အမည္ေပါက္မွန္ေပမယ့္ ဒီကေန႕ ပါမစ္မူရင္းကိုၾကည့္တဲ့အခါ မူလပါမစ္ေပ်ာက္သြားလို႕ျဖစ္ေစ၊ ဒါမွမဟုတ္ ေျမကြက္လပ္ဟာ ၂၅ နွစ္လံုးပိုင္ရွင္မေတြ႕ရလို႕ျဖစ္ေစ အၾကံရွိသူတစ္ဦးက အိုးအိမ္ပါမစ္နဲ႕တူေအာင္ဖန္တီးထားတာျဖစ္ႏိုင္တယ္။ တခ်ိန္ခ်ိန္မွာ ပါမစ္မူရင္းအစစ္ကိုင္ထားသူေပၚလာရင္ သူပိုင္/ ငါပိုင္ အျငင္းပြားလို႕ တရားစြဲတာေတြျဖစ္လာတတ္တယ္။

“ ျပီးေတာ့ မိသားစုဓါတ္ပံုမွာ ေျမကြက္ရသူရဲ႕ ဓါတ္ပံု မပါဘူး။ ဒါေပမယ့္လည္း ေျမကြက္ရသူရဲ႕ လက္မွတ္မွာက်ေတာ့ အမ်ိဳးသားကလက္မွတ္ေရးထိုးထားတယ္။ ပါမစ္တစ္ခုလံုးကလည္ဒ အသစ္ၾကီးျဖစ္ေနတယ္။ ဒီလိုမသၤာစရာေတြရွိတာေၾကာင့္ သိန္း (၅၀၀) ေပးျပီ မဝယ္သင့္တဲ့အေၾကာင္းေျပာျပပါတယ္” ဒီေတာ့မွ မိုးေက်ာ္သူ လည္းရွင္းရွင္းလင္းလင္း နားလည္သြားျပီး “ ဆရာရယ္… ဒီလိုဆိုရင္ စရန္ (၁၀) သိန္း အဆံုးခံလိုက္ေတာ့မယ္ မဝယ္ေတာ့ဘူး ဆံုးျဖတ္လိုက္ျပီလို႕ ” ေျပာပါတယ္။

ဒါေၾကာင့္ အိမ္ျခံေျမပါမစ္ဝယ္ယူေတာ့မယ္ဆိုရင္ စရန္ေငြေပးရန္သြားစဥ္ကပင္ ကၽြမ္းက်င္သူမ်ားကို ေခၚ၍ စရန္ေငြစာခ်ဳပ္သင့္ေၾကာင္း အၾကံေပးတင္ျပလိုက္ရပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဘယ္အရာမဆို ေစ့စပ္ေသခ်ာတာအေကာင္းဆံုးပါ

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service