ကွန်ဒိုတိုက်ခန်း ဝယ်တဲ့အခါ သတင်းစာကြော်ငြာဖို့မမေ့သင့်ပါ

ကွန်ဒိုတိုက်ခန်း ဝယ်တဲ့အခါ သတင်းစာကြော်ငြာဖို့မမေ့သင့်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
6 Aug 2020 1:23 pm တွင် တင်ခဲ့သည်
5593 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မှတ်မိနေပါသေးတယ်။ လွန်ခဲ့တဲ့ (၃)လလောက်ကပေါ့။ ရန်ကုန်မြို့တွင်းက ကွန်ဒိုတိုက်ခန်းကိုမှ ဝယ်ချင်ပါတယ်လို့ ဆိုလာသူ “ ကိုကောင်းစံ ” ရဲ့ ဆန္ဒကိုပါရမီဖြည့်ဖို့ အိမ်ခြံမြေအကျိုးဆောင်ကို ညီဇော်တို့ဇနီးမောင်နှံက အကျိုးဆောင်ချင်း ချိတ်ဆက်ပြီး ကြိုးစားရှာဖွေပေးကြပါတယ်။ ဒါနဲ့ ပန်းဘဲတန်းမြို့နယ်က ကွန်ဒိုပိုင်ရှင်တစ်ဦးနဲ့ ချိတ်ဆက်မိလို့ အိမ်ရာတစ်ခုကိုရောက်ခဲပါတယ်။

အပြီးလက်ငင်းပေးချေဖို့ တောင်းဆိုတဲ့ ရောင်းသူ

ရောင်းမယ့် ကွန်ဒိုနှစ်ခန်းက ဘယ်ခန်း၊ ညာခန်း နှစ်ခန်းတွဲဖြစ်လို့ ကိုကောင်းစံက ပိုပြီးသဘောကျတယ်။ သိန်းတစ်ရာလောက်ပဲ စရန်ပေးပါရစေလို့ ပြောတော့ရောင်းသူက စရန်မလိုပါဘူး။ တစ်ခါတည်း အပြီးငွေချေတာ အကြိုက်ဆုံးပါလို့ ပြောပါတယ်။ ဒါဆိုရင် (၁၀)ရက်လောက်တော့ ခေတ္တစောင့်ပါ။ သတင်းစာမှာ ကန့်ကွက်မယ်သူ ရှိမရှိ ကြော်ငြာကြည့်ချင်လို့ပါ။ တောင်ဆိုတဲ့အခါ ရောင်းသူကလည်း ခဏဆိုတော့ ခွင့်ပြုပါတယ်။

စရန်ငွေတစ်ဝက်ပေးထားရတဲ့ ဝယ်ယူသူ

ဒါနဲ့ ဝမ်းသာအားရ သတင်းစာမှာ ကြော်ငြာကြည့်တဲ့အခါမှာတော့ မထင်မှတ်ဘဲ ကန်ကွက်ချက်တွေ ပေါ်လာပါတော့တယ်။ တစ်ယောက်သောသူက A , B အခန်း (၂) ခန်း ရှိတဲ့အနက် A အခန်းကို သူတို့ဝယ်ထားတာတဲ့။ ပထမအရစ် တိုက်ခန်းတန်ဖိုးရဲ့ တစ်ဝက်ကိုပေးထားတဲ့ “ နှစ်ဦးသဘောတူ တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ် (မူရင်း) ” ကို ထုတ်ပြပါတယ်။ သူထုတ်ပြတဲ့ စာချုပ်ကြည့်လိုက်တော့ အမှန်တကယ်ချုပ်ဆိုထားတဲ့ စာချုပ် ဖြစ်နေတယ်။ ဒါဆို ဒုတိယအရစ်ကျန်ငွေ မပေးဘဲ ဘာဖြစ်လို့ လက်ရောက် မယူခဲ့တာလဲလို့ မေးကြည့်တော့ ကျန်းမာရေးမကောင်းလို့ စင်ကာပူမှာ ဆေးကုသွားနေတာ (၃)လကြာသွားပါတယ်။ ပြန်လာတဲ့အခါကျတော့ (၃)လအထိ မစောင့်နိုင်လို့ အခု ကိုကောင်းစံတို့ကို ရောင်းမယ့်သူက ဝယ်သွားတယ်လို့ သိရပါတယ်။ အဲဒါ မူလပိုင်ရှင် ကန်ထရိုက်တာနဲ့ အဆက်ဆက် ဝယ်ထားသူတွေကို တိုင်းတရားရုံးမှာ တရားစွဲထားတယ်လို့ ပြောပြီး တရားမကြီးအမှုတွဲကို ထုတ်ပြပါတယ်။

ဟင် ဒါဆို အခုဝယ်မယ့် ကွန်ဒိုတိုက်ခန်းက ရှင်းရှင်းလင်းလင်း မဟုတ်ဘဲ ဖြစ်နေတာကို တွေ့ရပါတယ်။ စောစောစီးစီး နောက်ဆုတ်တာက အကောင်းဆုံးလို့ ဆုံးဖြတ်လိုက်ရတယ်။ ဒါပေမဲ့ ကန့်ကွက်ရက်က (၇)ရက် အပြည့်ပေးလို့နောက်တစ်နေ့မှာ စာပို့လုလင်တစ်ယောက်က နို့တစ်စာတစ်စောင်လာပို့ပြန်ပါတယ်။

ဝယ်သူထံက နို့တစ်စာ လာပြန်တာလဲလို့ဆိုတဲ့ အတွေးနဲ့ စာအိတ်ကို ဖောက်ဖက်ကြည့်လိုက်တဲ့အခါ သတင်းစာက ကန့်ကွက်ရန်ရှိမရှိ ကြော်ငြာနဲ့ ပတ်သက်ပြီး ရှေ့နေကြီးတစ်ဦးရဲ့ အသိပေး အကြောင်းကြားစာ ဖြစ်နေပါတယ်။

နောက်တစ်ခါ လာပြန်ပြီ ရှေ့နေကြီးရဲ့ နို့တစ်စာ

သူရဲ့ အမှုသည်ကလည်း ကိုကောင်းစံကြော်ငြာတဲ့ တိုက်ခန်း(၂)ခန်းလုံးကို ဝယ်ထားတဲ့သူ ဖြစ်နေပြန်ပါတယ်။ သူကတော့ အခြားကန်ထရိုက်တာတစ်ဦးထံက ဝယ်ထားတယ်လို့ သိရပါတယ်။ ဒါဆိုရင် ဒီကွန်ဒိုတိုက်ခန်းတွေက ကန်ထရိုက်တာတစ်ဦးလည်း မဟုတ်ဘူးဆိုတာ သိလာရပြန်ပါတယ်။ ရှေ့နေကြီးက အသ်ိပေးတဲ့အချက်ကတော့ ဒီတ်ိုက်ခန်း (၂)ခန်း နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှာ တရားမကြီးအမှုအမှတ် ( ) နဲ့ တရားစွဲပြီး သူပိုင်ငါပိုင်အငြင်းပွားနေတဲ့ တိုက်ခန်းတွေ ဖြစ်ပါတယ်။ လက်ရှိနစ်နာသူက ကန်ထရိုက်တာများ အပါအဝင် စာချုပ်အဆင့်ဆင့်ဖြင့် ဝယ်ယူပိုင်ဆိုင်ထားသူ (၉)ဦးခန့်ကို တရားပြိုင်ထားပြီး တရားစွဲဆိုထားတာလို့ဆိုပါတယ်။ ဒါကြောင့် ရှေ့နေကြီးက အမှုတန်းလန်းကြီးနဲ့ အဲဒီတိုက်ခန်းကို ဝယ်ခဲ့ရင် လူကြီးမင်းကိုလည်းတရားပြိုင် (၁၀)ယောက်နဲ့ နောက်တိုး တရားပြိုင်အဖြစ် တရားစွဲဆိုခြင်း ခံရပါလိမ့်မယ်လို့ မေတ္တာနဲ့ အသိပေးထားတာကို တွေ့ရပါတယ်။

ဟိုက်…. တော်ပါသေးရဲ့။ နို့တစ်စာနဲ့ အသိပေးတဲ့ ရှေ့နေကြီးကို အထူးကျေးဇူးတင်နေမိပါတယ်။ ဒါဟာ ကန့်ကွက်ရန် ရှိမရှိ သတင်းစာမှာ ကြော်ငြာမိလို့သာပေါ့။ နို့မဟုတ်ရင် အမှုတွဲမှာ ပါသွားပြီး တရားပြိုင်(၁၀)နဲ့ အမှုရင်ဆိုင်ရတော့မှာ ။ ဒါကြောင့် ပြောတာပေါ့ အိမ်ခြံမြေတိုက်ခန်းတွေဝယ်ကြရင် ကန့်ကွက်ရန်ရှိမရှိ သတင်းစာကြော်ငြာသင့်ပါတယ်။ တကယ်လို့ ရှေ့နေငှါးရမ်းခ ဈေးကြီးတယ်ဆိုရင်လည်း မိမိအစီအစဉ်နဲ့ အခြားရှေ့နေတွေ ကြော်ငြာထားတဲ့ နမူနာယူပြီး မိမိနာမည်နဲ့ ကြော်ငြာရင်း သတင်းစာကြော်ငြာခပဲ ကုန်ပါတယ်။ ဒါဆိုရင်တော့ အိမ်ခြံမြေတိုက်ခန်း ဝယ်ယူသူတိုင်း ကြော်ငြာကြလိမ့်မယ် ထင်ပါတယ်။

အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်ကိစ္စဆိုတာ စီးပွားရေးလုပ်ငန်းဖြစ်လို့ သတင်းစာမှာ ကြော်ငြာရင် ၁ လက်မ(တစ်ကော်လံ)ကို ငွေကျပ် ၁၂၀၀၀ (ကျပ် တစ်သောင်းနှစ်ထောင်)ပဲ ပေးရတယ်။ ဒါကြောင့် တန်ဖိုးကြီးတဲ့ မြေနဲ့ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ရင် ကြေးမုံ ၊ မြန်မာ့အလင်း သတင်းစာမှာ ကြော်ငြာဖို့ မမေ့ပါနဲ့လို့အသိပေးတိုက်တွန်းလ်ိုက်ရပါတယ်။

သုခီ အတ္တာနံ ပရိဟရန္တု

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

 

 

[Zawgyi]

ကြန္ဒိုတိုက္ခန္း ဝယ္တဲ့အခါ သတင္းစာေၾကာ္ျငာဖို႕မေမ့သင့္ပါ

မွတ္မိေနပါေသးတယ္။ လြန္ခဲ့တဲ့ (၃)လေလာက္ကေပါ့။ ရန္ကုန္ျမိဳ႕တြင္းက ကြန္ဒိုတိုက္ခန္းကိုမွ ဝယ္ခ်င္ပါတယ္လုိ႕ ဆိုလာသူ “ ကိုေကာင္းစံ ” ရဲ႕ ဆႏၵကိုပါရမီျဖည့္ဖို႕ အိမ္ျခံေျမအက်ိဳးေဆာင္ကို ညီေဇာ္တို႕ဇနီးေမာင္ႏွံက အက်ိဳးေဆာင္ခ်င္း ခ်ိတ္ဆက္ျပီး ၾကိဳးစားရွာေဖြေပးၾကပါတယ္။ ဒါနဲ႕ ပန္းဘဲတန္းျမိဳ႕နယ္က ကြန္ဒိုပိုင္ရွင္တစ္ဦးနဲ႕ ခ်ိတ္ဆက္မိိလို႕ အိမ္ရာတစ္ခုကိုေရာက္ခဲပါတယ္။

အျပီးလက္ငင္းေပးေခ်ဖို႕ ေတာင္းဆိုတဲ့ ေရာင္းသူ

ေရာင္းမယ့္ ကြန္ဒိုနွစ္ခန္းက ဘယ္ခန္း၊ ညာခန္း ႏွစ္ခန္းတြဲျဖစ္လို႕ ကိုေကာင္းစံက ပိုျပီးသေဘာက်တယ္။ သိန္းတစ္ရာေလာက္ပဲ စရန္ေပးပါရေစလို႕ ေျပာေတာ့ေရာင္းသူက စရန္မလိုပါဘူး။ တစ္ခါတည္း အျပီးေငြေခ်တာ အၾကိဳက္ဆံုးပါလို႕ ေျပာပါတယ္။ ဒါဆိုရင္ (၁၀)ရက္ေလာက္ေတာ့ ေခတၱေစာင့္ပါ။ သတင္းစာမွာ ကန္႔ကြက္မယ္သူ ရွိမရွိ ေၾကာ္ျငာၾကည့္ခ်င္လို႕ပါ။ ေတာင္ဆိုတဲ့အခါ ေရာင္းသူကလည္း ခဏဆိုေတာ့ ခြင့္ျပဳပါတယ္။

စရန္ေငြတစ္ဝက္ေပးထားရတဲ့ ဝယ္ယူသူ

ဒါနဲ႕ ဝမ္းသာအားရ သတင္းစာမွာ ေၾကာ္ျငာၾကည့္တဲ့အခါမွာေတာ့ မထင္မွတ္ဘဲ ကန္ကြက္ခ်က္ေတြ ေပၚလာပါေတာ့တယ္။ တစ္ေယာက္ေသာသူက A , B အခန္း (၂) ခန္း ရွိတဲ့အနက္ A အခန္းကို သူတုိ႕ဝယ္ထားတာတဲ့။ ပထမအရစ္ တိုက္ခန္းတန္ဖိုးရဲ႕ တစ္ဝက္ကိုေပးထားတဲ့ “ နွစ္ဦးသေဘာတူ တိုက္ခန္းအေရာင္းအဝယ္ ကတိစာခ်ဳပ္ (မူရင္း) ” ကို ထုတ္ျပပါတယ္။ သူထုတ္ျပတဲ့ စာခ်ဳပ္ၾကည့္လိုက္ေတာ့ အမွန္တကယ္ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ ျဖစ္ေနတယ္။ ဒါဆို ဒုတိယအရစ္က်န္ေငြ မေပးဘဲ ဘာျဖစ္လို႕ လက္ေရာက္ မယူခဲ့တာလဲလို႕ ေမးၾကည့္ေတာ့ က်န္းမာေရးမေကာင္းလို႕ စင္ကာပူမွာ ေဆးကုသြားေနတာ (၃)လၾကာသြားပါတယ္။ ျပန္လာတဲ့အခါက်ေတာ့ (၃)လအထိ မေစာင့္ႏိုင္လို႕ အခု ကိုေကာင္းစံတို႕ကို ေရာင္းမယ့္သူက ဝယ္သြားတယ္လို႕ သိရပါတယ္။ အဲဒါ မူလပိုင္ရွင္ ကန္ထရုိက္တာနဲ႕ အဆက္ဆက္ ဝယ္ထားသူေတြကို တိုင္းတရားရုံးမွာ တရားစြဲထားတယ္လို႕ ေျပာျပီး တရားမၾကီးအမႈတြဲကို ထုတ္ျပပါတယ္။

ဟင္ ဒါဆို အခုဝယ္မယ့္ ကြန္ဒိုတိုက္ခန္းက ရွင္းရွင္းလင္းလင္း မဟုတ္ဘဲ ျဖစ္ေနတာကို ေတြ႕ရပါတယ္။ ေစာေစာစီးစီး ေနာက္ဆုတ္တာက အေကာင္းဆံုးလို႕ ဆံုးျဖတ္လိုက္ရတယ္။ ဒါေပမဲ့ ကန္႕ကြက္ရက္က (၇)ရက္ အျပည့္ေပးလို႕ေနာက္တစ္ေန႕မွာ စာပို႕လုုလင္တစ္ေယာက္က ႏို႕တစ္စာတစ္ေစာင္လာပို႕ျပန္ပါတယ္။

ဝယ္သူထံက ႏို႕တစ္စာ လာျပန္တာလဲလို႕ဆိုတဲ့ အေတြးနဲ႕ စာအိတ္ကို ေဖာက္ဖက္ၾကည့္လိုက္တဲ့အခါ သတင္းစာက ကန္႕ကြက္ရန္ရွိမရွိ ေၾကာ္ျငာနဲ႕ ပတ္သက္ျပီး ေရွ႕ေနၾကီးတစ္ဦးရဲ႕ အသိေပး အေၾကာင္းၾကားစာ ျဖစ္ေနပါတယ္။

ေနာက္တစ္ခါ လာျပန္ျပီ ေရွ႕ေနၾကီးရဲ႕ နို႕တစ္စာ

သူရဲ႕ အမႈသည္ကလည္း ကိုေကာင္းစံေၾကာ္ျငာတဲ့ တိုက္ခန္း(၂)ခန္းလံုးကို ဝယ္ထားတဲ့သူ ျဖစ္ေနျပန္ပါတယ္။ သူကေတာ့ အျခားကန္ထရုိိက္တာတစ္ဦးထံက ဝယ္ထားတယ္လို႕ သိရပါတယ္။ ဒါဆိုရင္ ဒီကြန္ဒိုတိုက္ခန္းေတြက ကန္ထရုိက္တာတစ္ဦးလည္း မဟုတ္ဘူးဆိုတာ သိလာရျပန္ပါတယ္။ ေရွ႕ေနၾကီးက အသ္ိေပးတဲ့အခ်က္ကေတာ့ ဒီတို္က္ခန္း (၂)ခန္း နဲ႕ ပတ္သက္လို႕ ရန္ကုန္တိုင္းေဒသၾကီးတရားလႊတ္ေတာ္ရုံးမွာ တရားမၾကီးအမႈအမွတ္ ( ) နဲ႕ တရားစြဲျပီး သူပိုင္ငါပိုင္အျငင္းပြားေနတဲ့ တိုက္ခန္းေတြ ျဖစ္ပါတယ္။ လက္ရွိနစ္နာသူက ကန္ထရုိက္တာမ်ား အပါအဝင္ စာခ်ဳပ္အဆင့္ဆင့္ျဖင့္ ဝယ္ယူပိုင္ဆိုင္ထားသူ (၉)ဦးခန္႕ကို တရားျပိဳင္ထားျပီး တရားစြဲဆိုထားတာလို႕ဆိုပါတယ္။ ဒါေၾကာင့္ ေရွ႕ေနၾကီးက အမႈတန္းလန္းၾကီးနဲ႕ အဲဒီတိုက္ခန္းကို ဝယ္ခဲ့ရင္ လူၾကီးမင္းကိုလည္းတရားျပိဳင္ (၁၀)ေယာက္နဲ႕ ေနာက္တိုး တရားျပိဳင္အျဖစ္ တရားစြဲဆိုျခင္း ခံရပါလိမ့္မယ္လို႕ ေမတၱာနဲ႕ အသိေပးထားတာကို ေတြ႕ရပါတယ္။

ဟိုက္…. ေတာ္ပါေသးရဲ႕။ နို႕တစ္စာနဲ႕ အသိေပးတဲ့ ေရွ႕ေနၾကီးကို အထူးေက်းဇူးတင္ေနမိပါတယ္။ ဒါဟာ ကန္႕ကြက္ရန္ ရွိမရွိ သတင္းစာမွာ ေၾကာ္ျငာမိလို႕သာေပါ့။ ႏို႕မဟုတ္ရင္ အမႈတြဲမွာ ပါသြားျပီး တရားျပိဳင္(၁၀)နဲ႕ အမႈရင္ဆိုင္ရေတာ့မွာ ။ ဒါေၾကာင့္ ေျပာတာေပါ့ အိမ္ျခံေျမတိုက္ခန္းေတြဝယ္ၾကရင္ ကန္႕ကြက္ရန္ရွိမရွိ သတင္းစာေၾကာ္ျငာသင့္ပါတယ္။ တကယ္လို႕ ေရွ႕ေနငွါးရမ္းခ ေဈးၾကီးတယ္ဆိုရင္လည္း မိမိအစီအစဥ္နဲ႕ အျခားေရွ႕ေနေတြ ေၾကာ္ျငာထားတဲ့ နမူနာယူျပီး မိမိနာမည္နဲ႕ ေၾကာ္ျငာရင္း သတင္းစာေၾကာ္ျငာခပဲ ကုန္ပါတယ္။ ဒါဆိုရင္ေတာ့ အိမ္ျခံေျမတိုက္ခန္း ဝယ္ယူသူတိုင္း ေၾကာ္ျငာၾကလိမ့္မယ္ ထင္ပါတယ္။

အိမ္ျခံေျမတုိက္ခန္း အေရာင္းအဝယ္ကိစၥဆိုတာ စီးပြားေရးလုပ္ငန္းျဖစ္လို႕ သတင္းစာမွာ ေၾကာ္ျငာရင္ ၁ လက္မ(တစ္ေကာ္လံ)ကို ေငြက်ပ္ ၁၂၀၀၀ (က်ပ္ တစ္ေသာင္းနွစ္ေထာင္)ပဲ ေပးရတယ္။ ဒါေၾကာင့္ တန္ဖိုးၾကီးတဲ့ ေျမနဲ႕ ကြန္ဒိုတုိက္ခန္းေတြ ဝယ္ရင္ ေၾကးမံု ၊ ျမန္မာ့အလင္း သတင္းစာမွာ ေၾကာ္ျငာဖို႕ မေမ့ပါနဲ႕လို႕အသိေပးတိုက္တြန္းလို္က္ရပါတယ္။

သုခီ အတၱာနံ ပရိဟရႏၱဳ

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service