သြစတေးလျတွင် ညမထွက်ရအမိန့် ဖောက်ဖျက်ပါက ဒဏ်ငွေ ဒေါ်လာ ၃၅၅၉ ပေးဆောင်ရမည် (ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးရသတင်းများ)

သြစတေးလျတွင် ညမထွက်ရအမိန့် ဖောက်ဖျက်ပါက ဒဏ်ငွေ ဒေါ်လာ ၃၅၅၉ ပေးဆောင်ရမည် (ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးရသတင်းများ) - Property News in Myanmar from iMyanmarHouse.com
5 Aug 2020 12:57 pm တွင် တင်ခဲ့သည်
643 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈,၇၀၅,၀၉၆ ဦး ရှိပြီဖြစ်သည်ဟု ဆိုသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာ သေဆုံးမှုပမာဏမှာ ၇၀၄၃၈၅ ဦး ရှိနေပြီ ဖြစ်သည်။

အောက်ပါတို့မှာ ဂျပန်အခြေစိုက် Nikkei Asian Review မှ ဖော်ပြထားသည့် ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးသတင်းများဖြစ်ပြီး ဂျပန်စံတော်ချိန်အရ အချိန်ကာလများ ဖော်ပြပေးထားပါသည်။

သြဂုတ် ၄ - ညနေ ၂း ၄၀။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးသည် လူသမိုင်းတစ်လျှောက် ပညာရေးကို အကြီးမားဆုံး အနှောင့်အယှက်ဖြစ်စေခဲ့ပြီဖြစ်ကြောင်း၊ ပြီးခဲ့သော လလယ်ခန့်တွင် နိုင်ငံပေါင်း ၁၆၀ ကျော်၌ စာသင်ကျောင်းများ ပိတ်သိမ်းလိုက်ရပြီး ကျောင်းသားပေါင်း ၁ ဘီလီယံကျော် ထိခိုက်ခဲ့ရကြောင်း ပြောကြားသည်။ မူကြိုကျောင်း ပညာရေးနှစ်ကို လက်လွှတ်လိုက်ရသည့် ကျောင်းသားပေါင်းမှာ အနည်းဆုံး သန်း ၄၀ ခန့်ရှိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားသည်။

ညနေ ၂း ၀၃။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှိမစ်ဆု မိုတီဂျီက ပြောကြားရာတွင် ယခုရက်သတ္တပတ်အတွင်း ဗြိတိန်သို့ သွားရောက်ကာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ လွတ်လပ်စွာကုန်သွယ်ရေးကိစ္စကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ ခရီးစဉ်သည် ကိုရိုနာဗိုင်းရပ်စ် ပေါ်ပေါက်ပြီးနောက်ပိုင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်သည်။

နေ့လယ် ၁း ၅၇ ။ အိန္ဒိယနိုင်ငံတွင် တစ်နေ့တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၅၀၀၀၀ ကျော် ၆ ရက်ဆက်တိုက် တွေ့ရှိခဲ့ကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ရာ စုစုပေါင်း ကူးစက်ခံရသူ ၁ ဒသမ ၈၅ သန်းကျော် ရှိနေပြီ ဖြစ်ကာ သေဆုံးသူမှာ ၃၈၉၃၈ ဦး ရှိပြီ ဖြစ်သည်။

နေ့လယ် ၁း ၄၀ ။ Subaru ကုမ္ပဏီက ထုတ်ပြန်ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုနှစ် အသားတင် အမြတ်အစွန်းမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၆၁ ရာခိုင်နှုန်းကျဆင်းသွားဖွယ်ရာရှိကြောင်း ခန့်မှန်းထားသည်။ အဆိုပါ ဂျပန်မော်တော်ကား ကုမ္ပဏီသည် ယခုနှစ် ဧပြီမှ ဇွန်လအတွင်း ယန်းငွေ ၇ ဒသမ ၇ ဘီလီယံ အရှုံးပေါ်ခဲ့သည်။ ယခင်နှစ်အလားတူကာလကမူ ယန်းငွေ ၆၆ ဒသမ ၄ ဘီလီယံ မြတ်စွန်းခဲ့သည်ဟုဆိုသည်။

မွန်းတည့် ၁၂း ၀၀။ တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၄ ဦးရှိကြောင်း ထုတ်ပြန်သည်။ တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် စုစုပေါင်း ကူးစက်ခံရသူ ၁၄၄၂၃ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ၃၀၁ ဦး ရှိပြီ ဖြစ်သည်။

နံနက် ၁၁း ၂၀။ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၆ ဦး ထပ်မံတွေ့ရှိခဲ့သည်။ ယခင်နေ့ကမူ ၄၃ ဦးအထိ တွေ့ရှိခဲ့သည်။ ၃၆ ဦးအနက် ၂၈ ဦးမှာ နိုင်ငံအနောက်မြောက်ပိုင်း စင်ကျန်းပြည်နယ်မှဖြစ်ပြီး ၂ ဦးမှာ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်မှ ဖြစ်သည်။ ကျန် ၆ ဦးမှာမူ ပြည်ပမှ ပြန်လာသော တရုတ်နိုင်ငံသားများ ဖြစ်ကြသည်။

နံနက် ၁၀း ၅၀။ သြစတေးလျနိုင်ငံ၊ ဝိတိုရိယပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်အတွက် ထုတ်ပြန်ထားသည့် သီးခြားနေထိုင်ရေး စည်းမျဉ်းကို ချိုးဖောက်ကာ အိမ်ပြင်တွင်တွေ့ရသည့် မည်သည့် covid 19 လူနာကိုမဆို သြစတေးလျဒေါ်လာ ၅၀၀၀ ခန့် (ကန်ဒေါ်လာ ၃၅၅၉) ဒဏ်ငွေ ချမှတ်သွားမည်ဖြစ်ကြောင်း ကြေညာသည်။ ဝိတိုရိယပြည်နယ်တွင် ယခုရက်သတ္တပတ်အစောပိုင်းမှ စတင်ပြီး ညမထွက်ရ အမိန့် ထုတ်ပြန်ထားသည်။

နံနက် ၉း ၂၀။ ဂျပန်လေအေးပေးစက် ကုမ္ပဏီ Daikin Industries သည် အမျိုးသားနှလုံးရောဂါဌာန (National Cerebral and Cardiovascular Center) ၊ ကျိုတိုအခြေစိုက် 3D engineering ကုမ္ပဏီဖြစ်သော CrossEffect တို့နှင့် ပူးပေါင်းကာ ပြန်လည်အသုံးပြုနိုင်သော အရည်အသွေးမြင့် mask များ ထုတ်လုပ်သွားမည် ဖြစ်သည်။

နံနက် ၇း ၁၃။ ကမ္ဘာ့နိုင်ငံများနှင့် နယ်မြေဒေသပေါင်း ၂၁၀ ကျော်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုများဖြစ်ပေါ်နေပြီ ဖြစ်သည်။

နံနက် ၆း ၅၀။ ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၇၅၀၃၁၈ ဦးရှိနေပြီဖြစ်ပြီး သေဆုံးသူ ၉၄၆၆၅ ဦး ရှိပြီ ဖြစ်သည်။ဘရာဇီးသည် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးဖြစ်ပေါ်နေသည့် နိုင်ငံဖြစ်သည်။

နံနက် ၆း ၄၂။ ကယ်လီဖိုးနီးယားပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် လူနာသစ်တွေ့ရှိမှု၊ ဆေးရုံတင်ရမှုနှင့် အထူးကြပ်မတ်ကုသဆောင်တွင် ကုသပေးရမှု ကျဆင်းသွားကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ ပြည်နယ်၏ တစ်ပတ်တာ ပျမ်းမျှ ကူးစက်မှုနှုန်းမှာ ၂၁ ရာခိုင်နှုန်းကျော် ကျဆင်းသွားပြီး ဆေးရုံတင်ရမှုမှာ ၁၀ ရာခိုင်နှုန်းကျဆင်းသွားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus latest: Australia's Victoria to levy $3,550 curfew fines (Nikkei Asian Review)

[Zawgyi]

ၾသစေတးလ်တြင္ ညမထြက္ရအမိန္႔ ေဖာက္ဖ်က္ပါက ဒဏ္ေငြ ေဒၚလာ ၃၅၅၉ ေပးေဆာင္ရမည္ (ကိုရိုနာဗိုင္းရပ္စ္ ေနာက္ဆံုးရသတင္းမ်ား)

ဂၽြန္ေဟာ့ပ္ကင္းတကၠသိုလ္၏ ထုတ္ျပန္ခ်က္အရ ကမၻာတစ္ဝန္းတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၈,၇၀၅,၀၉၆ ဦး ရွိျပီျဖစ္သည္ဟု ဆိုသည္။

တစ္ကမၻာလံုးအတိုင္းအတာ ေသဆံုးမႈပမာဏမွာ ၇၀၄၃၈၅ ဦး ရွိေနျပီ ျဖစ္သည္။

ေအာက္ပါတို႔မွာ ဂ်ပန္အေျခစိုက္ Nikkei Asian Review မွ ေဖာ္ျပထားသည့္ ကိုရိုနာဗိုင္းရပ္စ္ ေနာက္ဆံုးသတင္းမ်ားျဖစ္ျပီး ဂ်ပန္စံေတာ္ခ်ိန္အရ အခ်ိန္ကာလမ်ား ေဖာ္ျပေပးထားပါသည္။

ၾသဂုတ္ ၄ - ညေန ၂း ၄၀။ ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္က ေျပာၾကားရာတြင္ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးသည္ လူသမိုင္းတစ္ေလွ်ာက္ ပညာေရးကို အၾကီးမားဆံုး အေႏွာင့္အယွက္ျဖစ္ေစခဲ့ျပီျဖစ္ေၾကာင္း၊ ျပီးခဲ့ေသာ လလယ္ခန္႔တြင္ ႏိုင္ငံေပါင္း ၁၆၀ ေက်ာ္၌ စာသင္ေက်ာင္းမ်ား ပိတ္သိမ္းလိုက္ရျပီး ေက်ာင္းသားေပါင္း ၁ ဘီလီယံေက်ာ္ ထိခိုက္ခဲ့ရေၾကာင္း ေျပာၾကားသည္။ မူၾကိဳေက်ာင္း ပညာေရးႏွစ္ကို လက္လႊတ္လိုက္ရသည့္ ေက်ာင္းသားေပါင္းမွာ အနည္းဆံုး သန္း ၄၀ ခန္႔ရွိေၾကာင္း ကုလသမဂၢ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္က ေျပာၾကားသည္။

ညေန ၂း ၀၃။ ဂ်ပန္ႏိုင္ငံျခားေရးဝန္ၾကီး တိုရွိမစ္ဆု မိုတီဂ်ီက ေျပာၾကားရာတြင္ ယခုရက္သတၱပတ္အတြင္း ျဗိတိန္သို႔ သြားေရာက္ကာ ျဗိတိန္ႏိုင္ငံျခားေရးဝန္ၾကီးႏွင့္ ေတြ႔ဆံုျပီး ႏွစ္ႏိုင္ငံ လြတ္လပ္စြာကုန္သြယ္ေရးကိစၥကို ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။ အဆိုပါ ခရီးစဥ္သည္ ကိုရိုနာဗိုင္းရပ္စ္ ေပၚေပါက္ျပီးေနာက္ပိုင္း ဂ်ပန္ႏိုင္ငံျခားေရးဝန္ၾကီး၏ ပထမဆံုး ျပည္ပခရီးစဥ္လည္း ျဖစ္သည္။

ေန႔လယ္ ၁း ၅၇ ။ အိႏိၵယႏိုင္ငံတြင္ တစ္ေန႔တာအတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူသစ္ ၅၀၀၀၀ ေက်ာ္ ၆ ရက္ဆက္တိုက္ ေတြ႔ရွိခဲ့ေၾကာင္း အိႏိၵယအစိုးရက ထုတ္ျပန္ရာ စုစုေပါင္း ကူးစက္ခံရသူ ၁ ဒသမ ၈၅ သန္းေက်ာ္ ရွိေနျပီ ျဖစ္ကာ ေသဆံုးသူမွာ ၃၈၉၃၈ ဦး ရွိျပီ ျဖစ္သည္။

ေန႔လယ္ ၁း ၄၀ ။ Subaru ကုမၸဏီက ထုတ္ျပန္ရာတြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ယခုႏွစ္ အသားတင္ အျမတ္အစြန္းမွာ ယခင္ႏွစ္ႏွင့္ ႏႈိင္းယွဥ္လွ်င္ ၆၁ ရာခိုင္ႏႈန္းက်ဆင္းသြားဖြယ္ရာရွိေၾကာင္း ခန္႔မွန္းထားသည္။ အဆိုပါ ဂ်ပန္ေမာ္ေတာ္ကား ကုမၸဏီသည္ ယခုႏွစ္ ဧျပီမွ ဇြန္လအတြင္း ယန္းေငြ ၇ ဒသမ ၇ ဘီလီယံ အရံႈးေပၚခဲ့သည္။ ယခင္ႏွစ္အလားတူကာလကမူ ယန္းေငြ ၆၆ ဒသမ ၄ ဘီလီယံ ျမတ္စြန္းခဲ့သည္ဟုဆိုသည္။

မြန္းတည့္ ၁၂း ၀၀။ ေတာင္ကိုရီးယားႏိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူအသစ္ ၃၄ ဦးရွိေၾကာင္း ထုတ္ျပန္သည္။ ေတာင္ကိုရီးယားတြင္ ကိုရိုနာဗိုင္းရပ္စ္ စုစုေပါင္း ကူးစက္ခံရသူ ၁၄၄၂၃ ဦးရွိျပီျဖစ္ျပီး ေသဆံုးသူ ၃၀၁ ဦး ရွိျပီ ျဖစ္သည္။

နံနက္ ၁၁း ၂၀။ တရုတ္ႏိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃၆ ဦး ထပ္မံေတြ႔ရွိခဲ့သည္။ ယခင္ေန႔ကမူ ၄၃ ဦးအထိ ေတြ႔ရွိခဲ့သည္။ ၃၆ ဦးအနက္ ၂၈ ဦးမွာ ႏိုင္ငံအေနာက္ေျမာက္ပိုင္း စင္က်န္းျပည္နယ္မွျဖစ္ျပီး ၂ ဦးမွာ အေရွ ႔ေျမာက္ပိုင္း ေလ်ာင္နင္းျပည္နယ္မွ ျဖစ္သည္။ က်န္ ၆ ဦးမွာမူ ျပည္ပမွ ျပန္လာေသာ တရုတ္ႏိုင္ငံသားမ်ား ျဖစ္ၾကသည္။

နံနက္ ၁၀း ၅၀။ ၾသစေတးလ်ႏိုင္ငံ၊ ဝိတိုရိယျပည္နယ္တြင္ ကိုရိုနာဗိုင္းရပ္စ္အတြက္ ထုတ္ျပန္ထားသည့္ သီးျခားေနထိုင္ေရး စည္းမ်ဥ္းကို ခ်ဳိးေဖာက္ကာ အိမ္ျပင္တြင္ေတြ႔ရသည့္ မည္သည့္ covid 19 လူနာကိုမဆို ၾသစေတးလ်ေဒၚလာ ၅၀၀၀ ခန္႔ (ကန္ေဒၚလာ ၃၅၅၉) ဒဏ္ေငြ ခ်မွတ္သြားမည္ျဖစ္ေၾကာင္း ေၾကညာသည္။ ဝိတိုရိယျပည္နယ္တြင္ ယခုရက္သတၱပတ္အေစာပိုင္းမွ စတင္ျပီး ညမထြက္ရ အမိန္႔ ထုတ္ျပန္ထားသည္။

နံနက္ ၉း ၂၀။ ဂ်ပန္ေလေအးေပးစက္ ကုမၸဏီ Daikin Industries သည္ အမ်ဳိးသားႏွလံုးေရာဂါဌာန (National Cerebral and Cardiovascular Center) ၊ က်ဳိတိုအေျခစိုက္ 3D engineering ကုမၸဏီျဖစ္ေသာ CrossEffect တို႔ႏွင့္ ပူးေပါင္းကာ ျပန္လည္အသံုးျပဳႏိုင္ေသာ အရည္အေသြးျမင့္ mask မ်ား ထုတ္လုပ္သြားမည္ ျဖစ္သည္။

နံနက္ ၇း ၁၃။ ကမၻာ့ႏိုင္ငံမ်ားႏွင့္ နယ္ေျမေဒသေပါင္း ၂၁၀ ေက်ာ္တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ ႔ပြားမႈမ်ားျဖစ္ေပၚေနျပီ ျဖစ္သည္။

နံနက္ ၆း ၅၀။ ဘရာဇီးႏိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၇၅၀၃၁၈ ဦးရွိေနျပီျဖစ္ျပီး ေသဆံုးသူ ၉၄၆၆၅ ဦး ရွိျပီ ျဖစ္သည္။ဘရာဇီးသည္ အေမရိကန္ျပည္ေထာင္စုျပီးလွ်င္ ကမၻာေပၚတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ အဆိုးရြားဆံုးျဖစ္ေပၚေနသည့္ ႏိုင္ငံျဖစ္သည္။

နံနက္ ၆း ၄၂။ ကယ္လီဖိုးနီးယားျပည္နယ္တြင္ ကိုရိုနာဗိုင္းရပ္စ္ လူနာသစ္ေတြ႔ရွိမႈ၊ ေဆးရံုတင္ရမႈႏွင့္ အထူးၾကပ္မတ္ကုသေဆာင္တြင္ ကုသေပးရမႈ က်ဆင္းသြားေၾကာင္း ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးက ေျပာၾကားသည္။ ျပည္နယ္၏ တစ္ပတ္တာ ပ်မ္းမွ် ကူးစက္မႈႏႈန္းမွာ ၂၁ ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းသြားျပီး ေဆးရံုတင္ရမႈမွာ ၁၀ ရာခိုင္ႏႈန္းက်ဆင္းသြားသည္ဟု ဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus latest: Australia's Victoria to levy $3,550 curfew fines (Nikkei Asian Review)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service