စရန်ငွေပေးရုံဖြင့် ထပ်မံလွှဲပြောင်း ရောင်းချခွင့် ရှိ၊ မရှိ

စရန်ငွေပေးရုံဖြင့် ထပ်မံလွှဲပြောင်း ရောင်းချခွင့် ရှိ၊ မရှိ - Property Knowledge in Myanmar from iMyanmarHouse.com
4 Aug 2020 2:45 pm တွင် တင်ခဲ့သည်
776 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

''အိမ် မြေ တိုက်ခန်းတွေကို ဝယ်ဖို့စရန်ပေးပြီးရင် ထပ်မံ ပြန်ရောင်းလို့ ရပြီလား''ဟု မိတ်ဆွေတစ်ဦးက မေးခွန်းထုတ်လာပါသည်။

အေး-အခု ဒီပြဿနာတွေ အများကြီးဖြစ်နေတယ်။ အထူးသဖြင့် ဝယ်ရောင်းသမားတွေက ငွေလှည့်တဲ့အနေနဲ့ လုပ်နေကြတယ်။ စရန်ပေးတယ်ဆိုတာ အာမခံထားတဲ့ သဘောပဲ။ ပစ္စည်းရောင်းတဲ့ သူက အဲဒီပစ္စည်းကို နောက်တစ်ယောက်ထံ ထပ်မံမရောင်းဖို့ ပစ္စည်းဝယ်သူကလည်း ကတိမပျက်ငွေချေဖို့ဆိုတဲ့ အာမခံသဘောတင်ထားတာပဲဖြစ်တယ်။

ဒါနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိတယ်။ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးမြမောင်နှင့် ဦးဝမ်စွိပါ ခုနစ်ဦး၊ ဦးတင်ဦးပါ ရှစ်ဦး၊ ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၁၁၅ အမှုမှာ-

အိမ်နှင့် မြေအရောင်းအဝယ် ကတိစာချုပ်တွင် ဝယ်သူမှ စရန်ငွေပေးချပြီးနောက်တွင် ရောင်းသူများ၏ ပျက်ကွက်မှုကြောင့် အရောင်းအဝယ်အထမ မြောက်ပါကလည်းကောင်း၊ တခြားတစ်ဦးဦးအားလွှဲပြောင်းရောင်းချလျှင်သော်လည်းကောင်း၊ ရောင်းသူများက ဝယ်သူ၏ နစ်နာကုန်ကျစရိတ်များနှင့် ဝယ်သူထံမှ ကြိုတင်ရယူထားသော စရန်ငွေ၏ နှစ်ဆကိုဝယ်သူသို့ ရောင်းသူက ပေးလျော်ရန်နှစ်ဦးနှစ်ဖက်သဘောတူကြောင်း စည်းကမ်းချက်တစ်ရပ်ပါရှိသည်။

ယင်းစည်းကမ်းချက်မှာ ရောင်းသူက အရောင်းအဝယ်ပဋိညာဉ်ကို ပျက်ကွက်မှုမရှိစေရန် အတွက်အာမခံချက်တစ်ရပ်အဖြစ် ထည့်သွင်းထားခြင်းဖြစ်သည်။

အရောင်းအဝယ် ကတိစာချုပ်ချုပ်ဆို ခြင်းမှာ ဝယ်သူက အရောင်းအဝယ်ပြုလုပ်လိုသည့် ပစ္စည်းကို ရယူလိုသဖြင့် အဖိုးစားနားပေးကာ ဝယ်ယူခြင်းဖြစ်သည်။

ရောင်းသူကလည်း အရောင်းအဝယ်ပြုသည့် ပစ္စည်းကို အဖိုးစားနားဖြင့် ဝယ်သူအား လွှဲပြောင်းရောင်းချရန် ဖြစ်သည်။

ဝယ်သူက ရောင်းသူထံ လျော်ကြေးတောင်းရန် ရည်ရွယ်ချက်ဖြင့် ချုပ်ဆိုခြင်းမဟုတ်ကြောင်း ဖော်ပြထားပါသည်။

''ဒါကြောင့် စရန်ငွေကြေးဟာ ပစ္စည်းကို ပိုင်ဆိုင်ခွင့်မရရှိသေးဘဲ တစ်ပါးသူအားမရောင်းရန် ဦးစွာဝယ်ထားသူအဖြစ် အာမခံထားတဲ့ သဘောပဲဖြစ်တယ် သူငယ်ချင်း''ဟု စာရေးသူက မိတ်ဆွေ နားလည်အောင်ရှင်းပြမိပါသည်။

''အခုကိစ္စက ငါ့တူတစ်ယောက်မှာ ပေ ၂ဝx ပေ ၆ဝ မြေ တစ်ကွက်ကိုဝယ်ပြီး အိမ်ဆောက် လိုက်တယ်။ မူလကတော့ ပေ ၄ဝx ပေ ၆ဝ မြေကွက်ပေါ့။ မြေ ရောင်းတဲ့သူက ရှေ့ဘက်က ပေ ၂ဝx ပေ ၆ဝ မှာ အိမ်ဆောက် ထားပြီးနေတယ်။ မြေရောင်းတဲ့သူ အပြောကတော့ မြေပိုင်ရှင်ကို စရန်ငွေပေးပြီးသား ကျန်ငွေကို အခု ငါ့တူကိုရောင်းလို့ရတဲ့ငွေနဲ့ အပြီးချေမယ်ပြောတော့ ယုံပြီး ဝယ်လိုက်တာပေါ့။ မကြာဘူး။ မြေပိုင်ရှင်ဆိုတဲ့ သူကရောက်လာပြီး၊ ငါ့တူကို ကျူးကျော်အိမ်ဆောက် လုပ်နေထိုင်တယ်လို့ စွပ်စွဲပြောဆို တော့တာပဲ။ အခုတော့ ရောင်းတဲ့ သူနဲ့ငါ့တူပါ တရားစွဲခံနေရတယ်''

''မြေကွက်ကို လက်ညိုးထိုး ရောင်းသွားတဲ့ သူက ကျန်တဲ့ငွေမချေလို့ ဖြစ်မှာပေါ့'' စာရေးသူက အတွေးဖြင့် ပြောလိုက်မိသည်။

''အဲဒီလိုပဲဖြစ်မှာပေါ့။ အခုတော့ ငါ့တူက ဆုံးရှုံးခံရတော့မယ်ဖြစ်နေတယ်။ ဥပဒေအရ ဘယ်လိုကုစားလို့ရနိုင်မလဲ''

စရန်ငွေပေးထားရုံနဲ့ ဝယ်လိုက်တဲ့ ပစ္စည်းကို ပိုင်ဆိုင်ခွင့် မရသေးဘူး။ လွှဲပြောင်းရောင်းပိုင်ခွင့်မရှိဘူး။ အဲဒီလို စီမံခန့်ခွဲလုပ်ပိုင်ခွင့် မရှိဘဲ တစ်ပါးသူကို ယုံကြည်အောင်ပြောဆိုပြီး ပစ္စည်းကိုလွှဲပြောင်းရောင်းချခြင်းဟာ လိမ်လည်လှည့်ဖြားတဲ့ သဘောဖြစ်လို့ ချုပ်ဆိုထားတဲ့ အိမ် မြေအရောင်းအဝယ်ကတိစာချုပ်ကလည်း ပျက်ပြယ်သွားပြီဖြစ်တယ်။

သူငယ်ချင်းရဲ့ တူဖြစ်သူက ရောင်းတဲ့သူထံ ရောင်းဖိုးငွေနဲ့ နစ်နာကြေး တောင်းပိုင်ခွင့်ရှိတယ်။ ဒါကြောင့် မြေအိမ် တိုက်ခန်းစတဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ဝယ်မယ်ဆိုရင် ပိုင်ရှင်အစစ်အမှန် ဟုတ်မဟုတ်ကို သေချာစုံစမ်းပြီးမှ ဝယ်ယူသင့်တယ် သူငယ်ချင်း''

''တချို့ G.P တို့ S.P တို့ ရထားတယ်ဆိုတဲ့ ကိစ္စရပ်က...''

"အေး အဲဒါကလည်း ပြဿနာဖြစ်တတ်တဲ့ ကိစ္စရပ်တစ်ခုထဲမှာပါတယ်။ တစ်ခါတစ်ရံမှာ အိမ် ခြံ မြေရောင်းချသူတွေဟာ ရိုးရိုးသားသား မှန်မှန်ကန်ကန်ဖြစ်ပေမယ့် အဲဒီရိုးသားမှုအပေါ် အခွင့်ကောင်းယူသွားတတ်တဲ့ ဝယ်လက်တွေလည်းရှိတတ်တယ်။

''အခုလိုပဲ လှည့်ပတ် ရောင်းချတဲ့ သဘောလား''

''အဲဒီလို မဟုတ်ဘူး။ ဝယ်သူက ရောင်းဖိုးငွေစရန်ပေးပြီးတာ နဲ့ ကျွန်တော် ကျွန်မတို့ကို မြေရှင်၊ အိမ်ရှင်က အထူးကိုယ်စားလှယ်လွှဲစာ S.P ပဲ ဖြစ်ဖြစ်၊ အထွေထွေ ကိုယ်စားလှယ် လွှဲစား G.P ပဲ ဖြစ်ဖြစ်လွှဲပေးထားပါဆိုပြီး တောင်းဆိုတတ်တယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (မြေ ယာ) ဌာနမှာ အရောင်းမြေပုံ ထုတ်ရန်အတွက် မြေရှင်က မိမိကိုကိုယ်စားလှယ်စာလွှဲပေးထားပါ၊လာရန် မလိုအပ်ပါဘူးဆိုတဲ့ အပြောဆိုမျိုးတွေနဲ့ မြေအိမ်တိုက်ခန်း ပိုင်ရှင်တို့ထံမှ ကိုယ်စားလှယ်လွှဲစာရအောင် တောင်းယူတာတွေတော့ရှိတယ်''

''ကိုယ်စားလှယ်လွှဲစာရ သွားပြီဆိုတော့ သူ့ကိုယ်စား လုပ်ပိုင်ခွင့်ရသွားပြီပေါ့''

''မှန်တယ် သူငယ်ချင်း စရန်ပေးပြီး ကိုယ်စားလှယ်လွှဲစာရအောင်ယူထားလိုက်တဲ့အတွက် မြေပိုင်ရှင် အိမ်ပိုင်ရှင်ကိုယ်စား စရန်ပေး ဝယ်ထားတဲ့ ပစ္စည်းကို လွှဲ ပြောင်းရောင်းချပိုင်ခွင့်ရသွားမှာပဲ ဖြစ်တယ်။ ဒါကြောင့် ငွေအကြေရ ပြီးမှသာ ကိုယ်စားလှယ်လွှဲစာကို လွှဲအပ်ပေးသင့်ကြောင်း အထူး သတိပြုဖို့လိုအပ်ပါတယ်''

''ရောင်းပိုင်ခွင့်မရှိတဲ့သူဆီက ဝယ်ရင် ဒီမြေနဲ့ အိမ်က ပိုင်ဆိုင်ခွင့်မရနိုင်တော့ဘူးပေါ့နော်''

"ဒါပေါ့။ အခုတူတော်သူ ဝယ်လိုက်တဲ့ မြေနဲ့ အိမ်ဟာ ရောင်းပိုင်ခွင့်မရှိတဲ့ သူဆီက ဝယ်လိုက်တဲ့ သဘောဖြစ်နေတာပေါ့။ စရန်ငွေပေးရုံနဲ့မဟုတ်ဘူး။ ငွေအကြေပေးချေပြီး တရားဝင် မှတ်ပုံတင်အရောင်းအဝယ်မလုပ်တဲ့အတွက် လက်လွတ်ဆုံးရှုံးရတဲ့ ကိစ္စတွေလည်း မနည်းဘူးရှိတယ်။ ဒါနဲ့ ပတ်သက်လို့ ဗဟုသုတအဖြစ် တရားရုံးချုပ် ဆုံးဖြတ်ထားတဲ့ ...

ဦးစစ်အေးပါ သုံးဦးနှင့် ဦးကျင်ရွှေ ၁၉၈၉ ခုနှစ် မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၄ အမှုမှာ

- ဦးကျင်ရွှေက မိမိပိုင်သည့် အချင်းဖြစ်မြေနှင့် အိမ်ကို ယောက်ဖဖြစ်သူ ဦးအောင်အား အခမဲ့ နေထိုင်ခွင့်ပေးခဲ့သည်။ - ထို့ နောက် ဦးအောင်နှင့်အတူ လာ ရောက်နေ ထိုင်သူ ဦးစစ်အေးအား လည်း အခမဲ့နေထိုင်ခွင့်ပြုခဲ့သည်။

- ဦးအောင်ပြောင်းရွှေ့သွားသဖြင့် ဦးအောင်နှင့် ဆက်နွယ်နေထိုင်သူ ဦးစစ်အေးအပေါ် မြေနှင့် အိမ်မှ ဖယ်ရှားပေးရန် စွဲဆိုခဲ့ရာ - တိုင်းတရားရုံးတော်က အနိုင်ဒီကရီချ မှတ်ပေးခဲ့သဖြင့် ဦးစစ်အေးမှ တရားရုံးချုပ်သို့ အယူခံဝင်လာ သော အမှုဖြစ်သည်။

ဦးစစ်အေးတို့က ထုချေသည်မှာ အချင်းဖြစ်မြေနှင့်အိမ်ကို ဦးကျင်ရွှေထံမှ ဦးအောင်နှင့်အတူ ဝယ်ထားသော အိမ်ဖြစ်ကြောင်း အရောင်းအဝယ် ကတိစာချုပ်ကို တင်ပြ၍ ထုချေသည်။

တရားရုံးချုပ်က ဆုံးဖြတ်သည်မှာ

- ဦးကျင်ရွှေသည်အချင်းဖြစ်မြေနှင့် အိမ်ကို ဦးအောင်နှင့် ဦးစစ်အေးအား ရောင်းခဲ့သည်ဆိုသော်လည်းတင်ပြသည့် အရောင်းအဝယ် ကတိစာချုပ်မှာ တံဆိပ် ခေါင်းခွန်ထမ်းဆောင်ထားခြင်းမရှိသည့်အပြင်မှတ်ပုံတင်စာချုပ် စာတမ်းမဟုတ်ကြောင်းတွေ့ရသည်။ - မှတ်ပုံတင်ထားခြင်းမရှိသည့် စာချုပ်အရ ဝယ်ယူခဲ့ခြင်းဖြစ်၍ အချင်းဖြစ်မြေနှင့် အိမ်၏ ပိုင်ရှင် မဟုတ်ချေ''ဟု ဆုံးဖြတ်ခဲ့ပါသည်။

ထိုသို့ စာရေးသူက မိတ်ဆွေဖြစ်သူအား ဖတ်ပြရှင်းပြလိုက်ပါသည်။

''ဒီတော့လည်း အိမ် မြေ ဝယ်ရင် သေချာလေ့လာပြီးမှ ဝယ်သင့်တာပေါ့''

''မှန်တာပေါ့ သူငယ်ချင်း၊ မြေနဲ့ အိမ်ဆိုတာ တိုက်ခန်းထက် ပိုပြီး ရှုပ်ထွေးတယ်။ ဒါကြောင့် စရန်ပေးထားရုံနဲ့ ပိုင်ရှင်မဟုတ်သေး တာဖြစ်လို့ ငွေကြေပြီးမပြီး သေချာ စိစစ်ပြီးမှ ဝယ်သင့်တယ် သူငယ်ချင်း”ဟု အကြံပြုပြောကြားလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေ အတိုင်ပင်ခံ)

 

[Zawgyi]

စရန္ေငြေပးရံုျဖင့္ ထပ္မံလႊဲေျပာင္း ေရာင္းခ်ခြင့္ ရွိ၊ မရွိ

''အိမ္ ေျမ တုိက္ခန္းေတြကုိ ဝယ္ဖုိ႔စရန္ေပးၿပီးရင္ ထပ္မံ ျပန္ေရာင္းလုိ႔ ရျပီလား''ဟု မိတ္ေဆြတစ္ဦးက ေမးခြန္းထုတ္လာပါသည္။

ေအး-အခု ဒီျပႆနာေတြ အမ်ားႀကီးျဖစ္ေနတယ္။ အထူးသျဖင့္ ဝယ္ေရာင္းသမားေတြက ေငြလွည့္တဲ့အေနနဲ႔ လုပ္ေနၾကတယ္။ စရန္ေပးတယ္ဆုိတာ အာမခံထားတဲ့ သေဘာပဲ။ ပစၥည္းေရာင္းတဲ့ သူက အဲဒီပစၥည္းကို ေနာက္တစ္ေယာက္ထံ ထပ္မံမေရာင္းဖုိ႔ ပစၥည္းဝယ္သူကလည္း ကတိမပ်က္ေငြေခ်ဖုိ႔ဆုိတဲ့ အာမခံသေဘာတင္ထားတာပဲျဖစ္တယ္။

ဒါနဲ႔ပတ္သက္ၿပီး အဓိပၸာယ္ဖြင့္ဆုိခ်က္ရွိတယ္။ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ဦးျမေမာင္ႏွင့္ ဦးဝမ္စြိပါ ခုနစ္ဦး၊ ဦးတင္ဦးပါ ရွစ္ဦး၊ ၁၉၉၅ ခုႏွစ္ ျမန္မာႏိုင္ငံတရားစီရင္ထုံး စာမ်က္ႏွာ ၁၁၅ အမႈမွာ-

အိမ္ႏွင့္ ေျမအေရာင္းအဝယ္ ကတိစာခ်ဳပ္တြင္ ဝယ္သူမွ စရန္ေငြေပးခ်ၿပီးေနာက္တြင္ ေရာင္းသူမ်ား၏ ပ်က္ကြက္မႈေၾကာင့္ အေရာင္းအဝယ္အထမ ေျမာက္ပါကလည္းေကာင္း၊ တျခားတစ္ဦးဦးအားလႊဲေျပာင္းေရာင္းခ်လွ်င္ေသာ္လည္းေကာင္း၊ ေရာင္းသူမ်ားက ဝယ္သူ၏ နစ္နာကုန္က်စရိတ္မ်ားႏွင့္ ဝယ္သူထံမွ ႀကိဳတင္ရယူထားေသာ စရန္ေငြ၏ ႏွစ္ဆကိုုဝယ္သူသို႔ ေရာင္းသူက ေပးေလ်ာ္ရန္ႏွစ္ဦးႏွစ္ဖက္သေဘာတူေၾကာင္း စည္းကမ္းခ်က္တစ္ရပ္ပါရွိသည္။

ယင္းစည္းကမ္းခ်က္မွာ ေရာင္းသူက အေရာင္းအဝယ္ပဋိညာဥ္ကုိ ပ်က္ကြက္မႈမရွိေစရန္ အတြက္အာမခံခ်က္တစ္ရပ္အျဖစ္ ထည့္သြင္းထားျခင္းျဖစ္သည္။

အေရာင္းအဝယ္ ကတိစာခ်ဳပ္ခ်ဳပ္ဆုိ ျခင္းမွာ ဝယ္သူက အေရာင္းအဝယ္ျပဳလုပ္လုိသည့္ ပစၥည္းကုိ ရယူလုိသျဖင့္ အဖုိးစားနားေပးကာ ဝယ္ယူျခင္းျဖစ္သည္။

ေရာင္းသူကလည္း အေရာင္းအဝယ္ျပဳသည့္ ပစၥည္းကုိ အဖုိးစားနားျဖင့္ ဝယ္သူအား လႊဲေျပာင္းေရာင္းခ်ရန္ ျဖစ္သည္။

ဝယ္သူက ေရာင္းသူထံ ေလ်ာ္ေၾကးေတာင္းရန္ ရည္ရြယ္ခ်က္ျဖင့္ ခ်ဳပ္ဆုိျခင္းမဟုတ္ေၾကာင္း ေဖာ္ျပထားပါသည္။

''ဒါေၾကာင့္ စရန္ေငြေၾကးဟာ ပစၥည္းကုိ ပိုင္ဆုိင္ခြင့္မရရွိေသးဘဲ တစ္ပါးသူအားမေရာင္းရန္ ဦးစြာဝယ္ထားသူအျဖစ္ အာမခံထားတဲ့ သေဘာပဲျဖစ္တယ္ သူငယ္ခ်င္း''ဟု စာေရးသူက မိတ္ေဆြ နားလည္ေအာင္ရွင္းျပမိပါသည္။

''အခုကိစၥက ငါ့တူတစ္ေယာက္မွာ ေပ ၂ဝx ေပ ၆ဝ ေျမ တစ္ကြက္ကိုဝယ္ၿပီး အိမ္ေဆာက္ လုိက္တယ္။ မူလကေတာ့ ေပ ၄ဝx ေပ ၆ဝ ေျမကြက္ေပါ့။ ေျမ ေရာင္းတဲ့သူက ေရွ႕ဘက္က ေပ ၂ဝx ေပ ၆ဝ မွာ အိမ္ေဆာက္ ထားၿပီးေနတယ္။ ေျမေရာင္းတဲ့သူ အေျပာကေတာ့ ေျမပုိင္ရွင္ကို စရန္ေငြေပးၿပီးသား က်န္ေငြကို အခု ငါ့တူကုိေရာင္းလုိ႔ရတဲ့ေငြနဲ႔ အၿပီးေခ်မယ္ေျပာေတာ့ ယုံၿပီး ဝယ္လုိက္တာေပါ့။ မၾကာဘူး။ ေျမပိုင္ရွင္ဆုိတဲ့ သူကေရာက္လာၿပီး၊ ငါ့တူကုိ က်ဴးေက်ာ္အိမ္ေဆာက္ လုပ္ေနထုိင္တယ္လုိ႔ စြပ္စြဲေျပာဆုိ ေတာ့တာပဲ။ အခုေတာ့ ေရာင္းတဲ့ သူနဲ႔ငါ့တူပါ တရားစြဲခံေနရတယ္''

''ေျမကြက္ကို လက္ညိဳးထုိး ေရာင္းသြားတဲ့ သူက က်န္တဲ့ေငြမေခ်လို႔ ျဖစ္မွာေပါ့'' စာေရးသူက အေတြးျဖင့္ ေျပာလုိက္မိသည္။

''အဲဒီလုိပဲျဖစ္မွာေပါ့။ အခုေတာ့ ငါ့တူက ဆုံး႐ႈံးခံရေတာ့မယ္ျဖစ္ေနတယ္။ ဥပေဒအရ ဘယ္လုိကုစားလုိ႔ရႏုိင္မလဲ''

စရန္ေငြေပးထား႐ုံနဲ႔ ဝယ္လုိက္တဲ့ ပစၥည္းကုိ ပုိင္ဆုိင္ခြင့္ မရေသးဘူး။ လႊဲေျပာင္းေရာင္းပုိင္ခြင့္မရွိဘူး။ အဲဒီလုိ စီမံခန္႔ခြဲလုပ္ပိုင္ခြင့္ မရွိဘဲ တစ္ပါးသူကုိ ယုံၾကည္ေအာင္ေျပာဆုိၿပီး ပစၥည္းကိုလႊဲေျပာင္းေရာင္းခ်ျခင္းဟာ လိမ္လည္လွည့္ျဖားတဲ့ သေဘာျဖစ္လုိ႔ ခ်ဳပ္ဆုိထားတဲ့ အိမ္ ေျမအေရာင္းအဝယ္ကတိစာခ်ဳပ္ကလည္း ပ်က္ျပယ္သြားၿပီျဖစ္တယ္။

သူငယ္ခ်င္းရဲ႕ တူျဖစ္သူက ေရာင္းတဲ့သူထံ ေရာင္းဖုိးေငြနဲ႔ နစ္နာေၾကး ေတာင္းပုိင္ခြင့္ရွိတယ္။ ဒါေၾကာင့္ ေျမအိမ္ တုိက္ခန္းစတဲ့ မေရႊ႕မေျပာင္းႏုိင္တဲ့ ပစၥည္းေတြကို ဝယ္မယ္ဆုိရင္ ပိုင္ရွင္အစစ္အမွန္ ဟုတ္မဟုတ္ကုိ ေသခ်ာစုံစမ္းၿပီးမွ ဝယ္ယူသင့္တယ္ သူငယ္ခ်င္း''

''တခ်ဳိ႕ G.P တုိ႔ S.P တို႔ ရထားတယ္ဆုိတဲ့ ကိစၥရပ္က...''

"ေအး အဲဒါကလည္း ျပႆနာျဖစ္တတ္တဲ့ ကိစၥရပ္တစ္ခုထဲမွာပါတယ္။ တစ္ခါတစ္ရံမွာ အိမ္ ၿခံ ေျမေရာင္းခ်သူေတြဟာ ႐ုိး႐ုိးသားသား မွန္မွန္ကန္ကန္ျဖစ္ေပမယ့္ အဲဒီ႐ုိးသားမႈအေပၚ အခြင့္ေကာင္းယူသြားတတ္တဲ့ ဝယ္လက္ေတြလည္းရွိတတ္တယ္။

''အခုလုိပဲ လွည့္ပတ္ ေရာင္းခ်တဲ့ သေဘာလား''

''အဲဒီလုိ မဟုတ္ဘူး။ ဝယ္သူက ေရာင္းဖုိးေငြစရန္ေပးၿပီးတာ နဲ႔ ကြၽန္ေတာ္ ကြၽန္မတုိ႔ကို ေျမရွင္၊ အိမ္ရွင္က အထူးကိုယ္စားလွယ္လႊဲစာ S.P ပဲ ျဖစ္ျဖစ္၊ အေထြေထြ ကိုယ္စားလွယ္ လႊဲစား G.P ပဲ ျဖစ္ျဖစ္လႊဲေပးထားပါဆုိၿပီး ေတာင္းဆုိတတ္တယ္။ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ (ေျမ ယာ) ဌာနမွာ အေရာင္းေျမပုံ ထုတ္ရန္အတြက္ ေျမရွင္က မိမိကိုကုိယ္စားလွယ္စာလႊဲေပးထားပါ၊လာရန္ မလုိအပ္ပါဘူးဆုိတဲ့ အေျပာဆုိမ်ဳိးေတြနဲ႔ ေျမအိမ္တုိက္ခန္း ပုိင္ရွင္တုိ႔ထံမွ ကိုယ္စားလွယ္လႊဲစာရေအာင္ ေတာင္းယူတာေတြေတာ့ရွိတယ္''

''ကုိယ္စားလွယ္လႊဲစာရ သြားၿပီဆုိေတာ့ သူ႔ကုိယ္စား လုပ္ပိုင္ခြင့္ရသြားၿပီေပါ့''

''မွန္တယ္ သူငယ္ခ်င္း စရန္ေပးၿပီး ကိုယ္စားလွယ္လႊဲစာရေအာင္ယူထားလုိက္တဲ့အတြက္ ေျမပုိင္ရွင္ အိမ္ပုိင္ရွင္ကိုယ္စား စရန္ေပး ဝယ္ထားတဲ့ ပစၥည္းကို လႊဲ ေျပာင္းေရာင္းခ်ပိုင္ခြင့္ရသြားမွာပဲ ျဖစ္တယ္။ ဒါေၾကာင့္ ေငြအေၾကရ ၿပီးမွသာ ကုိယ္စားလွယ္လႊဲစာကုိ လႊဲအပ္ေပးသင့္ေၾကာင္း အထူး သတိျပဳဖုိ႔လုိအပ္ပါတယ္''

''ေရာင္းပိုင္ခြင့္မရွိတဲ့သူဆီက ဝယ္ရင္ ဒီေျမနဲ႔ အိမ္က ပုိင္ဆုိင္ခြင့္မရႏုိင္ေတာ့ဘူးေပါ့ေနာ္''

"ဒါေပါ့။ အခုတူေတာ္သူ ဝယ္လုိက္တဲ့ ေျမနဲ႔ အိမ္ဟာ ေရာင္းပုိင္ခြင့္မရွိတဲ့ သူဆီက ဝယ္လုိက္တဲ့ သေဘာျဖစ္ေနတာေပါ့။ စရန္ေငြေပး႐ုံနဲ႔မဟုတ္ဘူး။ ေငြအေၾကေပးေခ်ၿပီး တရားဝင္ မွတ္ပုံတင္အေရာင္းအဝယ္မလုပ္တဲ့အတြက္ လက္လြတ္ဆုံး႐ႈံးရတဲ့ ကိစၥေတြလည္း မနည္းဘူးရွိတယ္။ ဒါနဲ႔ ပတ္သက္လုိ႔ ဗဟုသုတအျဖစ္ တရား႐ုံးခ်ဳပ္ ဆုံးျဖတ္ထားတဲ့ ...

ဦးစစ္ေအးပါ သုံးဦးႏွင့္ ဦးက်င္ေရႊ ၁၉၈၉ ခုႏွစ္ ျမန္မာ ႏုိင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ ၂၄ အမႈမွာ

- ဦးက်င္ေရႊက မိမိပိုင္သည့္ အခ်င္းျဖစ္ေျမႏွင့္ အိမ္ကုိ ေယာက္ဖျဖစ္သူ ဦးေအာင္အား အခမဲ့ ေနထုိင္ခြင့္ေပးခဲ့သည္။ - ထုိ႔ ေနာက္ ဦးေအာင္ႏွင့္အတူ လာ ေရာက္ေန ထုိင္သူ ဦးစစ္ေအးအား လည္း အခမဲ့ေနထုိင္ခြင့္ျပဳခဲ့သည္။

- ဦးေအာင္ေျပာင္းေရႊ႕သြားသျဖင့္ ဦးေအာင္ႏွင့္ ဆက္ႏြယ္ေနထုိင္သူ ဦးစစ္ေအးအေပၚ ေျမႏွင့္ အိမ္မွ ဖယ္ရွားေပးရန္ စဲြဆုိခဲ့ရာ - တုိင္းတရား႐ုံးေတာ္က အႏုိင္ဒီကရီခ် မွတ္ေပးခဲ့သျဖင့္ ဦးစစ္ေအးမွ တရား႐ုံးခ်ဳပ္သုိ႔ အယူခံဝင္လာ ေသာ အမႈျဖစ္သည္။

ဦးစစ္ေအးတုိ႔က ထုေခ်သည္မွာ အခ်င္းျဖစ္ေျမႏွင့္အိမ္ကုိ ဦးက်င္ေရႊထံမွ ဦးေအာင္ႏွင့္အတူ ဝယ္ထားေသာ အိမ္ျဖစ္ေၾကာင္း အေရာင္းအဝယ္ ကတိစာခ်ဳပ္ကို တင္ျပ၍ ထုေခ်သည္။

တရား႐ုံးခ်ဳပ္က ဆုံးျဖတ္သည္မွာ

- ဦးက်င္ေရႊသည္အခ်င္းျဖစ္ေျမႏွင့္ အိမ္ကို ဦးေအာင္ႏွင့္ ဦးစစ္ေအးအား ေရာင္းခဲ့သည္ဆုိေသာ္လည္းတင္ျပသည့္ အေရာင္းအဝယ္ ကတိစာခ်ဳပ္မွာ တံဆိပ္ ေခါင္းခြန္ထမ္းေဆာင္ထားျခင္းမရွိသည့္အျပင္မွတ္ပုံတင္စာခ်ဳပ္ စာတမ္းမဟုတ္ေၾကာင္းေတြ႔ရသည္။ - မွတ္ပုံတင္ထားျခင္းမရွိသည့္ စာခ်ဳပ္အရ ဝယ္ယူခဲ့ျခင္းျဖစ္၍ အခ်င္းျဖစ္ေျမႏွင့္ အိမ္၏ ပိုင္ရွင္ မဟုတ္ေခ်''ဟု ဆုံးျဖတ္ခဲ့ပါသည္။

ထုိသုိ႔ စာေရးသူက မိတ္ေဆြျဖစ္သူအား ဖတ္ျပရွင္းျပလုိက္ပါသည္။

''ဒီေတာ့လည္း အိမ္ ေျမ ဝယ္ရင္ ေသခ်ာေလ့လာၿပီးမွ ဝယ္သင့္တာေပါ့''

''မွန္တာေပါ့ သူငယ္ခ်င္း၊ ေျမနဲ႔ အိမ္ဆုိတာ တုိက္ခန္းထက္ ပိုၿပီး ႐ႈပ္ေထြးတယ္။ ဒါေၾကာင့္ စရန္ေပးထား႐ုံနဲ႔ ပိုင္ရွင္မဟုတ္ေသး တာျဖစ္လုိ႔ ေငြေၾကၿပီးမၿပီး ေသခ်ာ စိစစ္ၿပီးမွ ဝယ္သင့္တယ္ သူငယ္ခ်င္း”ဟု အႀကံျပဳေျပာၾကားလုိက္ပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒ အတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service