Blackstone က ဂျပန်အဆောက်အအုံ ၄ ခုကို ယန်းငွေ ၅၅ ဘီလီယံဖြင့် ဝယ်ယူမည်
Blackstone က ဂျပန်အဆောက်အအုံ ၄ ခုကို ယန်းငွေ ၅၅ ဘီလီယံဖြင့် ဝယ်ယူမည် - Property News in Myanmar from iMyanmarHouse.com
4 Aug 2020 12:22 pm တွင် တင်ခဲ့သည်
583 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ကုမ္ပဏီကြီး Blackstone သည် ဂျပန်နိုင်ငံရှိ ထောက်ပံ့ရေးအဆောက်အအုံ ၄ ခုကို ယန်းငွေ ၅၅ ဘီလီယံ (ကန်ဒေါ်လာ ၅၂၃ သန်း) ဖြင့် ဝယ်ယူရန် စီစဉ်လျက်ရှိသည်။
ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကြောင့် အွန်လိုင်းကူးသန်းရောင်းဝယ်မှုလုပ်ငန်း ကြီးထွားလာမှုများအတွင်း Blackstone သည် ဂျပန်တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များ ရှာဖွေသည့်အနေဖြင့် ထောက်ပံ့ရေးအဆောက်အအုံများကို Daiwa House Industry ထံမှ ဝယ်ယူရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတို့သည် အွန်လိုင်းမှ ပိုမိုဈေးဝယ်လာကြရာ ထောက်ပံ့ရေးအဆောက်အအုံများကို ရင်းနှီးမြှုပ်နှံသူတို့က အာရုံကျလာသည်။
ထောက်ပံ့ရေးအဆောက်အအုံများကို အသုံးပြုမှု မြင့်တက်လာခြင်းနှင့်အတူ အွန်လိုင်းကုန်သွယ်မှု (e-commerce) သည် ရေရှည် ဆက်လက်ကြီးထွားလာမည်ဟု ခန့်မှန်းရသည်။
Blackstone သည် ဂျပန်ရှိ ထောက်ပံ့ရေးအဆောက်အအုံများတွင် တက်ကြွစွာရင်းနှီးမြှုပ်နှံနေသည်မှာ ယခင်ကတည်းက ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း ယန်းငွေ ၁၀၀ ဘီလီယံ (ကန်ဒေါ်လာ သန်း ၉၅၀ ) ကျော် ရင်းနှီးမြှုပ်နှံထားခဲ့ပြီး ဖြစ်သည်။
နောက်ဆုံးအရောင်းအဝယ်ပြုလုပ်သည့် အဆောက်အအုံ ၄ ခုမှာ တိုကျိုမြို့ပါဝင်သော ကန်တိုဒေသနှင့် ချူဘူးဒေသတို့တွင် တည်ရှိသည်။
Blackstone က ဝယ်ယူပြီးနောက်ပိုင်းတွင်လည်း Daiwa House သည် ထောက်ပံ့ရေးအဆောက်အအုံများကို ဆက်လက်စီမံခန့်ခွဲမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး Daiwa House ၏ အမှတ်တံဆိပ်ဖြစ်သော DPL အမှတ်တံဆိပ်အတိုင်း ဆက်လက်ထားရှိမည် ဖြစ်သည်။
အဆိုပါ အဆောက်အအုံများသည် အွန်လိုင်းကုန်သွယ်မှု ဖြန့်ဖြှူုးရေးလုပ်ငန်းများအတွက် များစွာအရေးပါရာ Blackstone က ၎င်းတို့ကို ရေရှည်ပိုင်ဆိုင်မှု ရရန်မျှော်လင့်ခြင်း ဖြစ်သည်။
Blackstone သည် Daiwa House ကို ပံ့ပိုးကူညီမှုများပေးရင်း အမေရိကနှင့် ဥရောပတို့တွင် ထောက်ပံ့ရေးအဆောက်အအုံ လုပ်ငန်းကို ဆက်လက်ချဲ့ထွင်သွားမည် ဖြစ်သည်။
ယခုရောင်းချမှုသည် Daiwa House အတွက် ပြည်ပကုမ္ပဏီတစ်ခုထံ တစ်ကြိမ်တည်းဖြင့် များစွာရောင်းချလိုက်ခြင်းလည်း ဖြစ်သည်။
Daiwa House သည် ၎င်း၏ ထောက်ပံ့ရေးအဆောက်အအုံလုပ်ငန်းကို တိုးချဲ့မှုများ ပြုလုပ်လျက်ရှိရာ မတ်လအချက်အလက်များအရ ၎င်း၏စီမံခန့်ခွဲမှုအောက်တွင်ရှိသည့် ထောက်ပံ့ရေးအဆောက်အအုံဧရိယာစုစုပေါင်းမှာ စတုရန်းကီလိုမီတာ ၈ ဒသမ ၁၃၊ ဆောက်လုပ်ဆဲ အပါအဝင် အဆောက်အအုံပေါင်း ၂၅၁ လုံးအထိရှိသည်။ ထို့ကြောင့် Daiwa House သည် ဂျပန်နိုင်ငံအတွင်း အဆိုပါလုပ်ငန်းတွင် အကြီးမားဆုံး developer အဖြစ် ရပ်တည်နေသည်။
ယခုဘဏ္ဍာနှစ်အတွင်း Daiwa House သည် ထောက်ပံ့ရေးအဆောက်အအုံသစ်ပေါင်း ၃၂ ခုကို စတင်ဆောက်လုပ်ဖွယ်ရှိနေသည်။
ထောက်ပံ့ရေးအဆောက်အအုံလုပ်ငန်းတွင် Daiwa ၏ ရင်းနှီးမြှုပ်နှံမှု ကြီးထွားလာခြင်းမှာ ကုမ္ပဏီပေါင်းများစွာက ထောက်ပံ့ရေး အဆောက်အအုံနေရာတစ်ခုတည်းကို စုပေါင်းသုံးစွဲမှု ထွန်းကားလာခြင်းကြောင့်လည်း ပါဝင်သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Blackstone to buy Daiwa House logistics centers for $523m (Nikkei Asian Review)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
CarsDB
Ponnami Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service