နေအိမ်သစ်တစ်လုံး မဝယ်ယူခင်မှာ မဖြစ်မနေစစ်ဆေးရမယ့် အရေးကြီးတဲ့ အချက်လေးတွေ
နေအိမ်သစ်တစ်လုံး မဝယ်ယူခင်မှာ မဖြစ်မနေစစ်ဆေးရမယ့် အရေးကြီးတဲ့ အချက်လေးတွေ - Property Knowledge in Myanmar from iMyanmarHouse.com
28 Jul 2020 3:13 pm တွင် တင်ခဲ့သည်
1051 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
နေအိမ်အသစ်တစ်လုံး ဝယ်ယူတော့မယ်ဆိုရင် ဘာတွေကို လိုက်လံကြည့်ရှုမလဲဆိုတဲ့ ယေဘုယျအရေးကြီးတဲ့ အစိတ်အပိုင်းတွေကိုတော့ သိပြီးသားဖြစ်မှာပါ။ ဘယ်လိုနေရာမျိုး ဥပမာ - သွားရေးလာရေးကောင်းမွန်တဲ့ ရပ်ကွက်၊ စီးပွားရေး လုပ်ကိုင်လို့ကောင်းတဲ့ စည်ကားတဲ့ မြို့ပြတွေမှာ ရှိသလဲ။ အိမ်နီးချင်းတွေက ဘယ်လိုပုံစံမျိုးရှိသလဲ၊ ဘယ်လိုမြေအမျိုးအစားမှာ တည်ဆောက်ထားတာလဲ။ အိမ်ရဲ့ကြံ့ခိုင်မှု ရှိရဲ့လား။ ဈေးနှုန်းကော အဆင်ပြေရဲ့လား စသဖြင့် အရေးပါတဲ့ အချက်အလက်တွေကို အသေအချာမေးမြန်းပြီး စိတ် ကြိုက်တွေ့ပြီဆိုတော့မှ ဝယ်ယူကြတာပါ။
ဒါပေမယ့် ဒီအချက်တွေအပြင် အခုဖော်ပြေပေးမယ့် အချက် လေးတွေက အိမ်တစ်လုံးမဝယ်ခင်မှာ စစ်ဆေးမေးမြန်းဖို့ မလိုလောက်ဘူးထင်တယ် ဆိုပေမယ့် တကယ်တမ်းမှာ အရမ်းကိုအရေးကြီးပြီး အမှားအယွင်း မဖြစ်စေရဖို့ ဂရုတစိုက်ရှိရမယ့် အိမ်တစ်လုံးရဲ့အရေးပါတဲ့ အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။
၁။ အိမ်ရဲ့ ရေဆင်းပိုက်တွေကို စစ်ဆေးပါ။ စစ်ဆေးဖို့ မလိုအပ်ဘူးဆိုပေမယ့် အရမ်းကိုအရေးကြီးပါတယ်။ အထပ်မပါတဲ့ အိမ်တွေမှာဆိုရင် သိပ်မခက်ခဲသော်လည်းပဲ အထပ်မြင့် နေအိမ်တွေမှာ ဆိုရင်တော့ ရေဆင်း ပိုက်ပြဿနာတွေဖြစ်လာပြီဆိုရင် ဖြေရှင်းရခက်ခဲသွားပါပြီ။ ကိုယ့်တစ်ခန်းထဲမဟုတ်ပဲ အဆောက်အအုံတစ်ခုလုံးနီးပါး ခက်ခဲသွားမှာဖြစ်ပါတယ်။
ဒီတော့ ရေဆင်းပိုက်တွေ လျောလျောရှူရှူ ရေဆင်းမဆင်းကို စစ်ဆေးပါ။ အမှိုက်တွေ တစ်ဆို့နေတာတွေ၊ ပေါက်ပြဲနေတာတွေကို မဝယ်ယူခင်ကတည်းက အိမ်ရှင်ကို အသိပေးပြီး စစ်ဆေးမှုတွေပြုလုပ်ပါ။
၂။ တံခါးမကြီး၊ ပြတင်းတံခါးပေါက်တွေ အားလုံးကို စစ်ဆေး ပါ။ တံခါးပေါက်တွေ လုံခြုံရဲ့လား၊ ခိုင်ခံ့မှုရှိရဲ့လားစစ်ဆေးပါ။ ပြတင်းတံခါးတွေ ကျိုးပျက်နေတာတို့၊ ပတ္တာတွေပျက်စီးနေတာတို့ သော့ခတ်လို့ရမရဆိုတာတွေကို စစ်ဆေးပါ။ နောက်ပြီး နေအိမ်ရဲ့လုံခြုံရေးအတွက် ပြတင်းတံခါးနဲ့ တံခါးပေါက်တွေက အလွယ်တကူဖောက်ဝင်လို့ မရနိုင်တဲ့ ခိုင်ခံ့သေချာမှုရှိအောင် ဆောက်လုပ်ထားသလားဆိုတာတွေကို ဝယ်ယူဖို့ကြည့်ရှုစဉ်မှာပဲ စစ်ဆေးသင့်ပါတယ်။
၃။ ရေအသုံးပြုမှု ရေရရှိမှု အရင်းအမြစ်ကို စစ်ဆေးပါ။ သောက်ရေ သုံးရေဆိုတာက နေအိမ်မှာ မဖြစ်မနေသုံးစွဲရမယ့် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်ပါတယ်။ ဒီ့အတွက် ကြောင့် နေအိမ်သစ်ရဲ့ ရေရရှိသုံးစွဲမှု အနေအထားကို စစ်ဆေးပါ။ ကိုယ်ပိုင်ရေ ရရှိမှုလား။ ဒါမှမဟုတ် အခြားဆီက ဝယ်ယူရသလား ဆိုတာကို လေ့လာပါ။ ရေရဲ့အနေအထားကရော ရေချိုလား၊ ရေငန်လား။ နောက်ပြီး ပေါပေါသီသီသုံး စွဲရသလား ဒါမှမဟုတ် ခွဲတမ်းနဲ့ သုံးစွဲရသလားဆိုတဲ့ ရေအ ရင်းမြစ်နဲ့ ရရှိမှုအခြေအနေကို တိတိကျကျစစ်ဆေးသင့်ပါတယ်။
၄။ ရေချိုးခန်း၊ အိမ်သာတွေကို မဖြစ်မနေစစ်ဆေးပါ။ နေအိမ်တစ်လုံးရဲ့ အခြး အိမ်ခန်းနေရာတွေကို အသုံးပြုတဲ့အခါ လွတ်လွတ်လပ်လပ် အသုံးပြု လိုက်လို့ ရပေမယ့် ရေချိုးခန်း၊ အိမ်သာတွေကျတော့ ဒီလိုအသုံးပြုလို့ အဆင် မပြေပါဘူး။ တစ်ကိုယ်ရေ အသုံးပြုရမှာဖြစ်တာကြောင့် လုံလုံခြုံခြုံရှိဖို့နဲ့အသုံးပြုလို့ အဆင်ပြေဖို့ လိုအပ်ပါတယ်။ အိမ်သာတွေ ရဲ့ ရေဆင်းပိုက်တွေ၊ ရေသွယ်တန်းရရှိမှုတွေ၊ ကြံ့ခိုင်လုံခြုံမှုတွေ စသဖြင့် ကောင်းမွန်သလား ဆိုတာကို စစ်ဆေးသင့်ပါတယ်။
၅။ လျှပ်စစ်မီးစွမ်းအင်သွယ်တန်းရရှိမှု၊ အသုံးပြုမှုတွေကို စစ်ဆေးပါ။ ၂၄ နာရီမီးအသုံးပြုလို့ရနိုင် မရနိုင်နဲ့ မီးအားအဝင် အားကောင်း မကောင်းကို ကြိုတင်စစ်ဆေးပါ။ နောက်ပြီး အိမ်မှာ မီးဖြန့်ဝေသုံးစွဲမှုအတွက် ဘယ်လိုမျိုး စနစ်တကျသွယ်တန်းထားသလဲ။ မီးဘေးအန္တရာယ်အတွက် လုံခြုံမှုရှိရဲ့လား။ အကယ်၍ မတော်တဆဖြစ်ခဲ့ရင်ကော ဘယ်လိုကာကွယ်မှု တွေ ပြုလုပ်နိုင်သလဲဆိုတာတွေကို ကြည့်ရှုစစ်ဆေးသင့်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
Aung Theikdi Villa
Shwe Wutt Hmone
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service