နယူးယောက်တွင် ဒေါ်လာ ၅၂ သန်းအကုန်ခံဆောက်ထားသည့် ဆေးရုံ covid လူနာ ၇၉ ဦးသာကုပြီး ပိတ်သိမ်းခဲ့

နယူးယောက်တွင် ဒေါ်လာ ၅၂ သန်းအကုန်ခံဆောက်ထားသည့် ဆေးရုံ covid လူနာ ၇၉ ဦးသာကုပြီး ပိတ်သိမ်းခဲ့ - Property News in Myanmar from iMyanmarHouse.com
28 Jul 2020 12:39 pm တွင် တင်ခဲ့သည်
1032 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ queens အရပ်ရှိ USTA Billie Jean King အမျိုးသားတင်းနစ်ကွင်းကို ယာယီဆေးရုံအဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၈ ရက်တွင် ပြောင်းလဲခဲ့သည်။ တင်းနစ်ကွင်းကို ဆေးရုံအဖြစ် ပြောင်းလဲရာတွင် နယူးယောက်မြို့အုပ်ချုပ်ရေးအဖွဲ့ က ကန်ဒေါ်လာ ၅၂ သန်းခန့် သုံးစွဲခဲ့ရသည်။

နယူးယောက်မြို့၊ Queens အရပ်တွင် ဆေးရုံရှိသော်လည်း အဆိုပါဆေးရုံ၏ အရေးပေါ်ကုသရေးဆေးရုံသည် လူနာ ၆၀ ဦးသာ လက်ခံနိုင်စွမ်းရှိသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးရွားဆုံးကာလများတွင် စင်္ကြန်များနှင့် observation bays တို့ရှိ လူနာထမ်းစင်များပေါ်တွင် covid လူနာပေါင်း ၁၈၀ ခန့် လဲလျောင်းနေထိုင်ခဲ့ကြရသည်။

ဧပြီလ ၁၀ ရက်နံနက်တွင်ကား အဆိုပါဆေးရုံမှ ၄ မိုင်ခန့်ပင် မဝေးကွာသော နေရာတွင် ယာယီဆေးရုံတစ်ခုကို ဖွင့်လှစ်ခဲ့သည်။

တင်းနစ်ကွင်းကို ယာယီဆေးရုံအဖြစ် ပြောင်းလဲလိုက်သည့်နေရာတွင် လူနာကုတင် ရာပေါင်းများစွာထားရှိပြီး ကိုရိုနာဗိုင်းရပ်စ် လူနာများကို ကုသမှုပေးရန် လေ့ကျင့်ပေးထားသည့် ဆေးဘက်ဝန်ထမ်းအများအပြားလည်း ထားရှိခဲ့သည်။

မှတ်တမ်းများအရ ဧပြီလတစ်လလုံး ယာယီဆေးရုံကို ဖွင့်လှစ်ထားခဲ့သော်လည်း Queens Hospital က လွှဲပြောင်းပေးသည့် လူနာ ၃ ဦးသာ ကုသမှုပေးခဲ့ရသည်ဟု ဆိုသည်။

အမေရိကန်ဒေါ်လာ ၅၂ သန်းကျော် အကုန်အကျခံပြင်ဆင်ထားခဲ့သော ယာယီဆေးရုံတွင် လူနာစုစုပေါင်း ၇၉ ဦးသာ ကုသမှုပေးခဲ့သည်။

Queens Hospital မှ ဆရာဝန်များ၊ Jamaica အရပ်ရှိ ပြည်သူဆေးရုံမှ ဆရာဝန်များနှင့် အခြားဆေးကုသရေးဌာနတို့က တင်းနစ်ကွင်း ယာယီဆေးရုံသို့ လူနာများ လွှဲပြောင်းပေးပို့လိုကြသည်။ သို့သော် ဗျူရိုကရေစီယန္တရား၊ အငြင်းပွား မပြေလည်မှုများ ၊ ဆက်သွယ်၍ မရမှုများကြောင့် လူနာများ လွှဲပြောင်းပေးနိုင်ခြင်း မရှိခဲ့ကြောင်း အတွင်းရေးမှတ်တမ်းများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံမေးမြန်းခန်းများအရ သိရသည်။

Billie Jean King တင်းနစ်ကွင်းဆေးရုံရှိ အချို့သော ဆရာဝန်များကို တစ်နာရီလျှင် ၇၃၂ ဒေါ်လာ ပေးထားသော်လည်း အဆိုပါ ဆရာဝန်များမှာ ဆေးမကုရဘဲ စာရွက်စာတမ်းအလုပ်များဖြင့်သာ အချိန်ကုန်ရလေ့ရှိသည်။

ကိုရိုနာဗိုင်းရပ်စ်လူနာများကို ကုသမှုပေးရန် ဖွင့်လှစ်ထားခြင်းဖြစ်သော်လည်း covid 19 ၏ အဓိက ရောဂါလက္ခဏာဖြစ်သော ဖျားနာမှု ရှိနေသူများကို လက်မခံဟု ဆိုသည်။

အရာရှိတို့က ပြောရာတွင် တင်းနစ်ကွင်းဆေးရုံသည် ဝေဒနာပြင်းထန်သူများကို ကုသရန် ရည်ရွယ်ထားသည့်နေရာဖြစ်သောကြောင့်ဟု ရှင်းလင်းခဲ့သော်လည်း ဝန်ထမ်းအချို့၏ ပြောကြားချက်အရ အသက်ရှုစက် ၁ လုံး ၂ လုံးသာရှိကြောင်း ပြောကြားသည်။

“ကျွန်မက တစ်ရက်ကို ဒေါ်လာ ၂၀၀၀ ရပါတယ်။ နေ့တိုင်း ဖုန်းဖွင့်ပြီး Facebook ပဲ သုံးနေရတယ်။ ကျွန်မတို့အားလုံးမှာ အပြစ်ရှိတယ်လို့ ခံစားရပါတယ်။ အရိုးသားဆုံးပြောရရင် ကျွန်မတကယ်ပဲ ရှက်မိပါတယ်” ဟု တင်းနစ်ကွင်းဆေးရုံတွင် သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ရသူ မစ္စ Katie Capano က ပြောကြားသည်။

အမေရိကန်အစိုးရ၏ အကြီးမားဆုံး ကူညီမှုဖြစ်သော ရေတပ်ဆေးရုံသင်္ဘောကြီး USNS Comfort သည် နယူးယောက်မြို့သို့ ပွဲလမ်းအခမ်းအနားဖြင့် ကြီးကျယ်ခမ်းနားစွာ ရောက်ရှိလာခဲ့သော်လည်း အစပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်လူနာများ လက်ခံကုသပေးခြင်း လုံးဝမရှိခဲ့ရာ ဆေးရုံအုပ်ချုပ်သူတစ်ဦးက ပြက်လုံးသဖွယ်ဖြစ်နေကြောင်း ပြောကြားခဲ့ဖူးသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This hospital in New York cost S$72 million. It treated 79 virus patients (Todayonline)

[Zawgyi]

နယူးေယာက္တြင္ ေဒၚလာ ၅၂ သန္းအကုန္ခံေဆာက္ထားသည့္ ေဆးရံု covid လူနာ ၇၉ ဦးသာကုျပီး ပိတ္သိမ္းခဲ့

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ ႔၊ queens အရပ္ရွိ USTA Billie Jean King အမ်ဳိးသားတင္းနစ္ကြင္းကို ယာယီေဆးရံုအျဖစ္ ၂၀၂၀ ျပည့္ႏွစ္၊ ဧျပီလ ၈ ရက္တြင္ ေျပာင္းလဲခဲ့သည္။ တင္းနစ္ကြင္းကို ေဆးရံုအျဖစ္ ေျပာင္းလဲရာတြင္ နယူးေယာက္ျမိဳ ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ က ကန္ေဒၚလာ ၅၂ သန္းခန္႔ သံုးစြဲခဲ့ရသည္။

နယူးေယာက္ျမိဳ ႔၊ Queens အရပ္တြင္ ေဆးရံုရွိေသာ္လည္း အဆိုပါေဆးရံု၏ အေရးေပၚကုသေရးေဆးရံုသည္ လူနာ ၆၀ ဦးသာ လက္ခံႏိုင္စြမ္းရွိသည္။ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ အဆိုးရြားဆံုးကာလမ်ားတြင္ စၾကၤန္မ်ားႏွင့္ observation bays တို႔ရွိ လူနာထမ္းစင္မ်ားေပၚတြင္ covid လူနာေပါင္း ၁၈၀ ခန္႔ လဲေလ်ာင္းေနထုိင္ခဲ့ၾကရသည္။

ဧျပီလ ၁၀ ရက္နံနက္တြင္ကား အဆိုပါေဆးရံုမွ ၄ မိုင္ခန္႔ပင္ မေဝးကြာေသာ ေနရာတြင္ ယာယီေဆးရံုတစ္ခုကို ဖြင့္လွစ္ခဲ့သည္။

တင္းနစ္ကြင္းကို ယာယီေဆးရံုအျဖစ္ ေျပာင္းလဲလိုက္သည့္ေနရာတြင္ လူနာကုတင္ ရာေပါင္းမ်ားစြာထားရွိျပီး ကိုရိုနာဗိုင္းရပ္စ္ လူနာမ်ားကို ကုသမႈေပးရန္ ေလ့က်င့္ေပးထားသည့္ ေဆးဘက္ဝန္ထမ္းအမ်ားအျပားလည္း ထားရွိခဲ့သည္။

မွတ္တမ္းမ်ားအရ ဧျပီလတစ္လလံုး ယာယီေဆးရံုကို ဖြင့္လွစ္ထားခဲ့ေသာ္လည္း Queens Hospital က လႊဲေျပာင္းေပးသည့္ လူနာ ၃ ဦးသာ ကုသမႈေပးခဲ့ရသည္ဟု ဆိုသည္။

အေမရိကန္ေဒၚလာ ၅၂ သန္းေက်ာ္ အကုန္အက်ခံျပင္ဆင္ထားခဲ့ေသာ ယာယီေဆးရံုတြင္ လူနာစုစုေပါင္း ၇၉ ဦးသာ ကုသမႈေပးခဲ့သည္။

Queens Hospital မွ ဆရာဝန္မ်ား၊ Jamaica အရပ္ရွိ ျပည္သူေဆးရံုမွ ဆရာဝန္မ်ားႏွင့္ အျခားေဆးကုသေရးဌာနတို႔က တင္းနစ္ကြင္း ယာယီေဆးရံုသို႔ လူနာမ်ား လႊဲေျပာင္းေပးပို႔လိုၾကသည္။ သို႔ေသာ္ ဗ်ဴရိုကေရစီယႏၱရား၊ အျငင္းပြား မေျပလည္မႈမ်ား ၊ ဆက္သြယ္၍ မရမႈမ်ားေၾကာင့္ လူနာမ်ား လႊဲေျပာင္းေပးႏိုင္ျခင္း မရွိခဲ့ေၾကာင္း အတြင္းေရးမွတ္တမ္းမ်ား၊ ဝန္ထမ္းမ်ားႏွင့္ ေတြ႔ဆံုေမးျမန္းခန္းမ်ားအရ သိရသည္။

Billie Jean King တင္းနစ္ကြင္းေဆးရံုရွိ အခ်ဳိ ႔ေသာ ဆရာဝန္မ်ားကို တစ္နာရီလွ်င္ ၇၃၂ ေဒၚလာ ေပးထားေသာ္လည္း အဆိုပါ ဆရာဝန္မ်ားမွာ ေဆးမကုရဘဲ စာရြက္စာတမ္းအလုပ္မ်ားျဖင့္သာ အခ်ိန္ကုန္ရေလ့ရွိသည္။

ကိုရိုနာဗိုင္းရပ္စ္လူနာမ်ားကို ကုသမႈေပးရန္ ဖြင့္လွစ္ထားျခင္းျဖစ္ေသာ္လည္း covid 19 ၏ အဓိက ေရာဂါလကၡဏာျဖစ္ေသာ ဖ်ားနာမႈ ရွိေနသူမ်ားကို လက္မခံဟု ဆိုသည္။

အရာရွိတို႔က ေျပာရာတြင္ တင္းနစ္ကြင္းေဆးရံုသည္ ေဝဒနာျပင္းထန္သူမ်ားကို ကုသရန္ ရည္ရြယ္ထားသည့္ေနရာျဖစ္ေသာေၾကာင့္ဟု ရွင္းလင္းခဲ့ေသာ္လည္း ဝန္ထမ္းအခ်ဳိ ႔၏ ေျပာၾကားခ်က္အရ အသက္ရႈစက္ ၁ လံုး ၂ လံုးသာရွိေၾကာင္း ေျပာၾကားသည္။

“ကၽြန္မက တစ္ရက္ကို ေဒၚလာ ၂၀၀၀ ရပါတယ္။ ေန႔တုိင္း ဖုန္းဖြင့္ျပီး Facebook ပဲ သံုးေနရတယ္။ ကၽြန္မတို႔အားလံုးမွာ အျပစ္ရွိတယ္လို႔ ခံစားရပါတယ္။ အရိုးသားဆံုးေျပာရရင္ ကၽြန္မတကယ္ပဲ ရွက္မိပါတယ္” ဟု တင္းနစ္ကြင္းေဆးရံုတြင္ သူနာျပဳအျဖစ္ တာဝန္ထမ္းေဆာင္ရသူ မစၥ Katie Capano က ေျပာၾကားသည္။

အေမရိကန္အစိုးရ၏ အၾကီးမားဆံုး ကူညီမႈျဖစ္ေသာ ေရတပ္ေဆးရံုသေဘၤာၾကီး USNS Comfort သည္ နယူးေယာက္ျမိဳ ႔သို႔ ပြဲလမ္းအခမ္းအနားျဖင့္ ၾကီးက်ယ္ခမ္းနားစြာ ေရာက္ရွိလာခဲ့ေသာ္လည္း အစပိုင္းတြင္ ကိုရိုနာဗိုင္းရပ္စ္လူနာမ်ား လက္ခံကုသေပးျခင္း လံုးဝမရွိခဲ့ရာ ေဆးရံုအုပ္ခ်ဳပ္သူတစ္ဦးက ျပက္လံုးသဖြယ္ျဖစ္ေနေၾကာင္း ေျပာၾကားခဲ့ဖူးသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This hospital in New York cost S$72 million. It treated 79 virus patients (Todayonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service