ယုံကြည်မှသာလာခဲ့ပါ မြေကွက်မှန်ကန်ကြောင်း စစ်ဆေးပေးဦးမှာ ……
ယုံကြည်မှသာလာခဲ့ပါ မြေကွက်မှန်ကန်ကြောင်း စစ်ဆေးပေးဦးမှာ …… - Property Knowledge in Myanmar from iMyanmarHouse.com
27 Jul 2020 11:31 am တွင် တင်ခဲ့သည်
1164 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ပန်းသတင်းလေညှင်းဆောင်သလို လူသတင်းလူချင်းဆောင်လိုက်တဲ့အတွက် လုပ်ငန်းအပ်နှံသူတစ်ယောက်က စာရေးသူထံဖုန်းဆက်လာပါတယ်။
သူမရဲ့ အသံလေးကို နားသောတဆင်လိုက်ရတာနဲ့ ကျွန်ုပ်ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်မဟုတ်ဘဲ မိတ်ဆွေသစ်ဖြစ်တယ်ဆိုတာသိလိုက်ရတယ်လေ။
" ဆရာရေ… ကျွန်မ က “ခိုင်နှင်းဖြူ ”ပါ ။ဒဂုံဆိပ်ကမ်း (၇၈) ရပ်ကွက်၊ ပဲခူးမြစ်ကျောကပ်ကမ်းမှာ (40 ‘X 60’) မြေကွက်ဝယ်ဖို့ အခု သိန်း (၅၀) စရန်ပေးခဲ့ပါတယ်။ အဲဒါ အပြီးအပိုင်စာချုပ်တဲ့နေ့ရောက်ရင်ဆရာခေါ်ပြီး စာချုပ်ချင်လို့ပါ "လို့ ဖုန်းဆက်လာတဲ့အတွက် ကျွန်ုပ်လည်းသဘောတူလက်ခံလိုက်ပါတယ်။
အိမ်ခြံမြေတိုက်ခန်းဝယ်တဲ့အခါ ဝယ်သူအများစုဟာ စရန်ပေးတဲ့အချိန်မှာ ကျွမ်းကျင်သူ/ ရှေ့နေမလိုဘူးူ အိမ်ခြံမြေအကျိုးဆောင်ပွဲစားတွေနဲ့ဘဲ ရတယ်လို့ထင်ပြီး စရန်ငွေ သိန်း (၅၀) သိန်း (၁၀၀) စသဖြင့်ပေးပြီးစရန်ငွေအမြန်ပေးစာချုပ်ကြလေ့ရှိကြပါတယ်။ ဒီလိုစရန်ငွေပေးချေခြင်းကို အမြန်လုပ်လိုက်ရခြင်းအကြောင်းတွေကလည်း အမျိုးမျိုးရှိကြပါတယ်။
အိမ်ခြံမြေတိုက်ခန်းဝယ်တဲ့အခါမှာဒီလိုကြုံတွေ့ရခြင်းက တမင်ဖန်တီးတာလား တိုက်ဆိုင်မှုလားတော့ မပြောတတ်ပါဘူး။ ဝယ်သူ (၂) ဦးအပြိုင်တိုက်ဆိုင်နေတာလည်းတွေ့ဘူးတယ်။ ဝယ်သူဘက်က တကယ်ဝယ်ဖို့အားခဲလာခဲ့ပေမဲ့ အနီးကပ်မှ ရောင်းသူက မရောင်းတော့ဘူးဆိုတာမျိုးလည်း ကြုံရတယ်။
တစ်ခါတစ်လေတော့လည်း ရောင်းသူဘက်ကများ ဝယ်သူ(၂) ဦးကို တစ်ချိန်ထဲ တစ်ပြိုင်ထဲ ချိန်ထားတာမျိုးလားစဉ်းစာမိတယ်။ အဲဒီလိုတိုက်ဆိုင်မှုတွေကြုံရပြီဆိုရင် ဝယ်သူတွေဘက်ကစဉ်းစားပြီပေါ့။ တကယ်ဘဲဈေးသက်သာနေလို့လား။ ပွဲပျက်သွားရင်ထပ်ပြီးဈေးတက်သွားတော့မှာလား စသဖြင့် “ ဒွိဟ ” သံသယဖြစ်ပြီး စိတ်နှစ်ခွဖြစ်တက်ကြတယ်။
ဒီလိုတွေဝေတဲ့ အချိန်မှာ ပွဲစားလုပ်သူက ဝယ်ဖို့တိုက်တွန်းလှုံ့ဆော်ပြီၤပေါ့။ တစ်ဖက်နဲ့တစ်ဖက်လောဘတွေအားပြိုင်နေတဲ့အခါ ရောင်းမယ့်မြေတို့ တိုက်ခန်းတို့နဲ့ပတ်သက်ပြီးအရေးတကြီးစစ်ဆေးဝယ်ယူရမယ်ဆိုတဲ့ စိတ်ကပျောက်သွားပြီး ဒီမြေနဲ့တိုက်က အမှန်အကန်တွေပါ။ ရောင်းသူကရောင်းချင်တဲ့စိတ်ပေါ်ပေါက်တုန်းလေးမှာ ဝယ်ဖြစ်အောင်ဝယ်လိုက်ပါ။ နောက်တစ်ခါပြန်ပြောရင် ဒီဈေးနဲ့ရောင်းချင်မှရောင်းတော့မှာ လို့ ဝယ်သူစိတ်ပါလာအောင် အကျိုးဆောင်တွေက ဆွဲဆောင်တတ်ကြတယ်။
ဝယ်သူသဘောကျပြီဆိုတာနဲ့ အကျိုးဆောင်ပွဲစားက စရန်ပေးစာချုပ်ကို အနီးအနားဆိုင်မှာပြေးဝယ်ပြီး စာချုပ်ဖို့ ပြင်ဆင်လိုက်တယ်။ဝယ်သူက “ ဟယ်… ဖြစ်ပါ့မလား။ စာရွက်စာတမ်းမှန်မမှန် ရှေ့နေခေါ်ပြီး စစ်ဆေးရတာလည်း မဟုတ်သေးဘူးလေ။ ဒီတော့ ပွဲစားက " အို…. အမကလည်းစရန်ပေးစာချုပ်ပဲဖြစ်ပါတယ်။ စာရွတ်စာတမ်းတွေ ဂရန်တွေ။ ပါမစ်တွေ မှန်ကန်တဲ့အကြောင်းရောင်းသူက အိုးအိမ်ရုံးတို့၊ စည်ပင်ရုံတို့မှာ ကြိုတင်ပြီးစစ်ဆေးထားတယ် ”
“ အမ မယုံရင်ကြည့်ပါ ” ဟောဒီဖုန်းထဲမှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြေတိုင်းရပ်ကွက်၊ မြေကွက်အမှတ်နဲ့ အမည်ပေါက်ကို စည်ပင်ကအကြောင်းပြန်ထားတယ် အရှုပ်အရှင်းလည်းကင်းတယ်။ ကန့်ကွက်ချက်လည်းရှင်းတယ်ဆိုတော့၊ စိတ်ချလက်ချသာစရန်ချသွားပေတော့၊ အပြီးငွေချေတဲ့နေ့ကျမှ ရှေ့နေခေါ်လိုက်ပေါ့ "လို့ စည်းရုံးလိုက်တယ်လေ။
ဒီလိုအချိန်မှာ ဝယ်သူအတော်များများဟာ ပွဲစားစကားနားယောင်ပြီးစရန်ငွေပေးခဲ့ကြသူများပါတယ်။ အပြီးငွေချေမဲ့နေ့ရောက်ခါနီးမှ ကျွမ်းကျင်သူ (သို့) ရှေ့နေကို သတိရကြပြီး “ ဆရာရယ် …. အသေအချာပြန်စစ်ပေးပါ။ စာချုပ်ကိုခိုင်မာအောင်ချုပ်ပေးပါ ။ ဆရာကိုအားကိုးပါတယ်… ဆိုပြီး ဒရောသောပါနဲ့ အကူအညီတောင်းကြလေ့ရှိကြပါတယ်။
အခုလည်းကြည့်ပါဦး "ခိုင်နှင်းဖြူ" တစ်ယောက် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီထံက ပါမစ်မြေကိုဝယ်ဖို့ စရန်ငွေပေးခဲ့တယ်။ မှန်ကန်မှုရှိမရှိ ထပ်စစ်ပေးပါဦးဆိုလို့ စည်ပင်မှာ ပြန်ပြီးစစ်ပေးရတယ်။ မှန်ကန်တယ် အရှုပ်အရှင်းကင်းတယ်ဆိုမှ နည်းနည်းစိတ်အေးသွားတယ်။ များများစိတ်ပူတာကတော့ အပြီးငွေချေတဲ့နေ့မှာ ရောင်းတဲ့ မြေချပါမစ်ဟာ မှန်ကန်ရဲ့လား။ စာရွက်စာတမ်းတွေပြည့်စုံရဲ့လား သိချင်ပြန်ရော။ စာရွတ်စာတမ်းမှန်ကန်ပြည့်စုံဖို့က အရေးအကြီးဆုံးမဟုတ်လား။
ဒီတော့ အပြီးငွေမချမှီ ရောင်းသူထံ မြေချပါမစ် မူရင်းနဲ့ စာချုပ်အဆက်အစပ်တွေမှန်ကန်မှုရှိမရှိ အပြန်ပြန်အလှန်လှန်စစ်ပေးရတယ်။ မြေချပါမစ်က ၁၉၉၄ ခုနှစ်ကမြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ထုတ်ပေးထားတာတွေ့ရတယ်။ ဝါညစ်ညစ်စစ်တောင်းစက္ကူ အမျိုးအစားဖြစ်လို့ပါမစ်အဟောင်းမှန်သိသာတယ်။ ဌာနဆိုင်ရာက ဝန်ထမ်းတွေကို ချပေးထားတဲ့ မြေကွက်ဖြစ်တယ်။ ပါမစ်မှာ အိုးအိမ်ကထုတ်ပေးထားတဲ့ အိမ်ရာဆောက်လုပ်ခွင့်မြေပုံလည်းပါလာတယ်ဆိုတော့ ဝယ်မယ့်မြေကွက်အကျယ်အဝန်းတိကျမှန်ကန်ကြောင်း ထောက်ခံပေးတဲ့သဘောပေါ့။
အိုအိမ်းမြေစာရင်းဌာနမှာ မှတ်ပုံတင်စာရင်းသွင်းပြီးတဲ့ ရက်စွဲ/အမှတ်စဉ်/ မြေကွက်ရသူရဲ့ အမည်/မှတ်ပုံတင်/လက်မှတ် အဖအမည်/ မှီခိုသူစာရင်းနဲ့ အိမ်ရဆောက်လုပ်ခွင့်စာရွက်စာတမ်းများပါဝင်ပြီး အိုးအိမ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးလက်မှတ်နဲ့ စည်းတံဆိပ် အဝိုင်းတို့ပါ အပြည့်အစုံပါတာမို့ ဝယ်လို့ရတဲ့ အကြောင်းရှင်းပြလိုက်ရပါတယ်။
ဒီတော့မှ "ခိုင်နှင်းဖြူ " နဲ့ မိခင်တို့လည်း မျက်နှာများဝင်းပသွားကြပြီး ဟင်းချကာ ကျန်ငွေပေးချေတဲ့စာချုပ်မှာ ရောင်းသူ/ ဝယ်သူ / သက်သေများ (၂) ဦး (၂) ဘက် လက်မှတ်ရေးထိုးကြရတယ်။ လက်ဗွေနှိပ်လိုက်ကြပါတယ်။ ကျန်ငွေပေးချေတဲ့အခါ ရောင်းသူထံငွေသားမယူဘဲ ဘဏ်မှာ လွှဲပေးခိုင်းတဲ့အတွက် ခိုင်နှင်းဖြူ က ကျွနိုပ်အား ညဏ်ပူဇော်ခပေးပြီး ရောင်းသူဝယ်သူအားလုံးကားတစ်စီးနဲ့ ဘဏ်များရှိရာ တောင်ဒဂုန်ဘက်သို့ ငွေလွှဲရန် ခရီးဆက်သွားကြပါတော့တယ်။
ရောင်းသူ/ ဝယ်သူ အဆင်ပြေဝမ်းသာပါတယ်လေ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Maha Mini Condo
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service