နေပြည်တော်တွင် လျော့ဈေးဖြင့်ရောင်းချခဲ့သည့် မြေကွက်များအတွက် အိမ်ဆောက်ရန် ချေးငွေ လျှောက်လွှာတင်နိုင်ပြီဟုဆို

နေပြည်တော်တွင် လျော့ဈေးဖြင့်ရောင်းချခဲ့သည့် မြေကွက်များအတွက် အိမ်ဆောက်ရန် ချေးငွေ လျှောက်လွှာတင်နိုင်ပြီဟုဆို - Property News in Myanmar from iMyanmarHouse.com
24 Jul 2020 12:48 pm တွင် တင်ခဲ့သည်
1141 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နေပြည်တော်၊ ဒက္ခိဏသီရိမြို့ရှိ ‌မြေကွက်များအတွက် ဝယ်ယူခွင့်ရှိသူများ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ဆောက်လုပ်ရန် ချေးငွေလျှောက်ထားနိုင်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီက ကြေငြာသည်။

ထိုမြေကွက်များသည် ပေ (၈၀ x ၈၀) မြေကွက်များဖြစ်ပြီး ၂၀၂၀ဇန်နဝါရီလမှ မတ်လအထိ မဲစနစ်ဖြင့် ရောင်းချပေးခဲ့သည် မြေကွက်များဖြစ်သည်ဟု အဆိုပါကော်မတီက ဆိုသည်။ ထိုသို့မဲစနစ်ဖြင့် ဝယ်ယူခွင့်ရရှိသူများအနက် မြေကွက်တန်ဖိုးငွေပေးသွင်းပြီးသူများအနေဖြင့်အိမ်ဆောက်လုပ်ရန် ချေးငွေလျှောက်ထားနိုင်ခြင်းဖြစ်သည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်တွင် မြေကွက်ဝယ်ယူ၍ နေအိမ်ဆောက်လိုသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသား မည်သူမဆို ဝယ်ယူနိုင်သည်ဟု ၂၀၁၉ နိုဝင်ဘာတွင် ကြေငြာခဲ့ခြင်းဖြစ်သည်။

မြေကွက်ဝယ်ယူနေထိုင်နိုင်ရေးအတွက် ပေ(၈၀x၈၀)မြေကွက်လွတ်များရှိသည့်အနက် ပထမအကြိမ်အဖြစ် မြေကွက်လွတ် (၁၉၇)ကွက်ကို ၂၀၁၉ ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ရောင်းချခဲ့ခြင်းဖြစ်သည်။ ‌မြေကွက်ဈေးနှုန်းများ ငွေကျပ် သိန်း ၂၅၀မှ ၃၅၀ ကျပ် အထိ ဈေးနှုန်းလျော့၍ ရောင်းချပေးသွားမည်ဟု ဆိုသည်။

နေပြည်တော်ကောင်စီက မြေကွက် ၂၀၀ခန့်ကို လျော့ဈေးဖြင့် ရောင်းချမည်ဟု ၂၀၁၉ နိုဝင်ဘာတွင် ကြေငြာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် သတ်မှတ်ရက်အတွင်း ဝယ်ယူပါက လျော့ဈေးဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ ထိုသို့ လျော့ဈေးဖြင့်ပင် အိမ်ခြံမြေ ဝယ်ယူရန်အတွက် အခက်အခဲ ဖြစ်နေသူများအား ဘဏ်နှင့် ချိတ်ဆက်၍ ငွေထုတ်ချေးခြင်း၊ အိမ်ဆောက်ရန် အတွက် ငွေထုတ်ချေးပေးနိုင်ရန် စီစဉ်ထားကြောင်း၊ အစိုးရအနေဖြင့် မြေကွက်အလွတ်များစွာ ရှိနေသည့် အပြင်၊ မြေကွက် အသစ် များကိုလည်း ဆက်လက်ဖော်ထုတ်ဦးမည် ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် ပထမပုဂ္ဂလိကလုပ်ငန်းများ၊ ကုမ္ပဏီ လုပ်ငန်းများ၊ အသင်းအဖွဲ့များ၊ လူနေမြေကွက်များ၊ ဟိုတယ်ဇုန်မြေကွက်များ၊ ကျောက်မျက် ရတနာအချော ထည်ဈေး မြေကွက်များ၊ အသေးစားနှင့် အလတ်စားစက်မှုဇုန်မြေကွက်များ၊ အဆင့်မြှင့်မြေကွက်များ စသည်ဖြင့် ဖော်ထုတ်အသုံးပြုခွင့်ပြုပြီး ငွေပေးသွင်းစေကာ မြေကွက်များချထားပေးခဲ့သည်ဟု နေပြည်တော်ကောင်စီ ၊ကောင်စီဝင် ဦးအောင်မြင့်ထွန်းက ၂၀၁၇တွင်ပြောကြားခဲ့သည်။

ဖော်ထုတ်ခြင်းမရှိသေးသည့် မြေကွက်များကိုလည်း အနာဂတ်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ဆက် လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်စည်ပင်သာယာရေး ဥပဒေနှင့်အညီ အရန်မြေများအဖြစ်သတ်မှတ်ထားရှိပြီး ဝန်ထမ်းအိမ်ရာများ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်တို့အတွက် ဌာနဆိုင်ရာများ၊ မြေနေရာလိုအပ်ချက်များတောင်းခံလာပါက စိစစ်ချထားပေးခဲ့သည် ၎င်းကဆိုခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေနျပည္ေတာ္တြင္ ေလ်ာ့ေဈးျဖင့္ေရာင္းခ်ခဲ့သည့္ ေျမကြက္မ်ားအတြက္ အိမ္ေဆာက္ရန္ ေခ်းေငြ ေလွ်ာက္လႊာတင္ႏိုင္ၿပီဟုဆို

ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕ရွိ ‌ေျမကြက္မ်ားအတြက္ ဝယ္ယူခြင့္ရွိသူမ်ား ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္တြင္ အိမ္ေဆာက္လုပ္ရန္ ေခ်းေငြေလွ်ာက္ထားႏိုင္ေၾကာင္း ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီက ေၾကျငာသည္။

ထိုေျမကြက္မ်ားသည္ ေပ (၈၀ x ၈၀) ေျမကြက္မ်ားျဖစ္ၿပီး ၂၀၂၀ဇန္နဝါရီလမွ မတ္လအထိ မဲစနစ္ျဖင့္ ေရာင္းခ်ေပးခဲ့သည္ ေျမကြက္မ်ားျဖစ္သည္ဟု အဆိုပါေကာ္မတီက ဆိုသည္။ ထိုသို႔မဲစနစ္ျဖင့္ ဝယ္ယူခြင့္ရရွိသူမ်ားအနက္ ေျမကြက္တန္ဖိုးေငြေပးသြင္းၿပီးသူမ်ားအေနျဖင့္အိမ္ေဆာက္လုပ္ရန္ ေခ်းေငြေလွ်ာက္ထားႏိုင္ျခင္းျဖစ္သည္။

ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ နယ္နိမိတ္အတြင္းရွိ ဒကၡိဏသီရိၿမိဳ႕နယ္တြင္ ေျမကြက္ဝယ္ယူ၍ ေနအိမ္ေဆာက္လိုေသာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ ႏိုင္ငံသား မည္သူမဆို ဝယ္ယူႏိုင္သည္ဟု ၂၀၁၉ ႏိုဝင္ဘာတြင္ ေၾကျငာခဲ့ျခင္းျဖစ္သည္။

ေျမကြက္ဝယ္ယူေနထိုင္ႏိုင္ေရးအတြက္ ေပ(၈၀x၈၀)ေျမကြက္လြတ္မ်ားရွိသည့္အနက္ ပထမအႀကိမ္အျဖစ္ ေျမကြက္လြတ္ (၁၉၇)ကြက္ကို ၂၀၁၉ ဒီဇင္ဘာ ၁ ရက္မွ ဒီဇင္ဘာ ၃၁ ရက္အထိ ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။ ‌ေျမကြက္ေဈးႏႈန္းမ်ား ေငြက်ပ္ သိန္း ၂၅၀မွ ၃၅၀ က်ပ္ အထိ ေဈးႏႈန္းေလ်ာ့၍ ေရာင္းခ်ေပးသြားမည္ဟု ဆိုသည္။

ေနျပည္ေတာ္ေကာင္စီက ေျမကြက္ ၂၀၀ခန႔္ကို ေလ်ာ့ေဈးျဖင့္ ေရာင္းခ်မည္ဟု ၂၀၁၉ ႏိုဝင္ဘာတြင္ ေၾကျငာခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ သတ္မွတ္ရက္အတြင္း ဝယ္ယူပါက ေလ်ာ့ေဈးျဖင့္ ေရာင္းခ်မည္ျဖစ္ေၾကာင္း၊ ထိုသို႔ ေလ်ာ့ေဈးျဖင့္ပင္ အိမ္ၿခံေျမ ဝယ္ယူရန္အတြက္ အခက္အခဲ ျဖစ္ေနသူမ်ားအား ဘဏ္ႏွင့္ ခ်ိတ္ဆက္၍ ေငြထုတ္ေခ်းျခင္း၊ အိမ္ေဆာက္ရန္ အတြက္ ေငြထုတ္ေခ်းေပးႏိုင္ရန္ စီစဥ္ထားေၾကာင္း၊ အစိုးရအေနျဖင့္ ေျမကြက္အလြတ္မ်ားစြာ ရွိေနသည့္ အျပင္၊ ေျမကြက္ အသစ္ မ်ားကိုလည္း ဆက္လက္ေဖာ္ထုတ္ဦးမည္ ျဖစ္ေၾကာင္း ေနျပည္ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ သိရသည္။

ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီသည္ ပထမပုဂၢလိကလုပ္ငန္းမ်ား၊ ကုမၸဏီ လုပ္ငန္းမ်ား၊ အသင္းအဖြဲ႕မ်ား၊ လူေနေျမကြက္မ်ား၊ ဟိုတယ္ဇုန္ေျမကြက္မ်ား၊ ေက်ာက္မ်က္ ရတနာအေခ်ာ ထည္ေဈး ေျမကြက္မ်ား၊ အေသးစားႏွင့္ အလတ္စားစက္မႈဇုန္ေျမကြက္မ်ား၊ အဆင့္ျမႇင့္ေျမကြက္မ်ား စသည္ျဖင့္ ေဖာ္ထုတ္အသုံးျပဳခြင့္ျပဳၿပီး ေငြေပးသြင္းေစကာ ေျမကြက္မ်ားခ်ထားေပးခဲ့သည္ဟု ေနျပည္ေတာ္ေကာင္စီ ၊ေကာင္စီဝင္ ဦးေအာင္ျမင့္ထြန္းက ၂၀၁၇တြင္ေျပာၾကားခဲ့သည္။

ေဖာ္ထုတ္ျခင္းမရွိေသးသည့္ ေျမကြက္မ်ားကိုလည္း အနာဂတ္ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးစီမံကိန္းမ်ား ဆက္ လက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ရန္အတြက္ ေနျပည္ေတာ္စည္ပင္သာယာေရး ဥပေဒႏွင့္အညီ အရန္ေျမမ်ားအျဖစ္သတ္မွတ္ထားရွိၿပီး ဝန္ထမ္းအိမ္ရာမ်ား လိုအပ္ခ်က္မ်ား ျဖည့္ဆည္းေပးရန္တို႔အတြက္ ဌာနဆိုင္ရာမ်ား၊ ေျမေနရာလိုအပ္ခ်က္မ်ားေတာင္းခံလာပါက စိစစ္ခ်ထားေပးခဲ့သည္ ၎ကဆိုခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Maha Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service