ဂျက်ဘီဇော့၏ ကြွယ်ဝမှု တစ်နေ့တည်းဖြင့် ၁၃ ဘီလီယံ ထပ်တိုး

ဂျက်ဘီဇော့၏ ကြွယ်ဝမှု တစ်နေ့တည်းဖြင့် ၁၃ ဘီလီယံ ထပ်တိုး - Property News in Myanmar from iMyanmarHouse.com
24 Jul 2020 12:41 pm တွင် တင်ခဲ့သည်
1219 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့၏ ကြွယ်ဝမှုမှာ ပြီးခဲ့သော တနင်္လာနေ့က တစ်နေ့တည်းဖြင့် ကန်ဒေါ်လာ ၁၃ ဘီလီယံပိုမိုချမ်းသာသွားခဲ့သည်ဟု ဆိုသည်။

Amazon ၏ ရှယ်ယာဈေးများ ၇ ဒသမ ၉ ရာခိုင်နှုန်းသို့ မြင့်တက်သွားမှုကြောင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်သည် တစ်ရက်တည်းဖြင့် ၁၃ ဘီလီယံ ထပ်မံချမ်းသာသွားခြင်းဖြစ်သည်။

အဆိုပါပမာဏမှာ ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးပုဂ္ဂိုလ်တို့၏ ကြွယ်ဝမှုကို ခြေရာခံနေသော Bloomberg ၏ ဘီလျံနာညွှန်းကိန်း (Billionaires Index) သမိုင်းတွင် တစ်ရက်တည်းဖြင့် အကြီးမားဆုံး ကြွယ်ဝမှုတိုးတက်ခြင်းအဖြစ် စံချိန်တင်သွားသည်။

ယခုအခါ အသက် ၅၆ နှစ်ရှိပြီဖြစ်သော ဂျက်ဘီဇော့၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၈၉ ဒသမ ၃ ဘီလီယံအထိ ရောက်ရှိသွားပြီဖြစ်ရာ မက်ဒေါ်နယ်၊ Exxon Mobile နှင့် Nike တို့ကဲ့သို့ ထိပ်တန်းကော်ပိုရေးရှင်းကြီးများ၏ တန်ဖိုးထက်ပင် ပိုမိုများပြားသည့် ပမာဏဖြစ်ကြောင်း Bloomberg က ဖော်ပြသည်။

ယခုနှစ်အတွင်း Amazon ၏ ရှယ်ယာဈေးသည် ၇၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့မှုကြောင့် ယခုနှစ်အတွင်း ဂျက်ဘီဇော့သည် ကန်ဒေါ်လာ ၇၄ ဒသမ ၄ ဘီလီယံအထိ ထပ်မံချမ်းသာလာခဲ့သည်။

COVID-19 ကပ်ဘေးကြီးကြောင့် ရောဂါထိန်းချုပ်နိုင်ရန် lockdown ချမှတ်မှုများ ပြုလုပ်ကြရာ အွန်လိုင်းဈေးဝယ်မှုများ ကြီးမားစွာ မြင့်တက်လာခြင်းသည် ဂျက်ဘီဇော့ကို အကျိုးဖြစ်ထွန်းစေခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော တနင်္လာနေ့ ရှယ်ယာဈေးဖြစ်တည်မှုမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလနောက်ပိုင်း အကောင်းဆုံးနေ့စဉ် မြတ်စွန်းမှုတစ်ခုဖြစ်ခဲ့ သည်။

သုတေသီများက ခန့်မှန်းရာတွင် ဆီယက်တဲလ်အခြေစိုက် Amazon ၏ ဘဏ္ဍာငွေမှာ ၂၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၈၀ ဒသမ ၇ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း၊ အကျိုးအမြတ်မှာမူ စရိတ်စကမြင့်တက်မှုများကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ကျဆင်းသွားကြောင်း Bloomberg က ဖော်ပြသည်။

Amazon တွင် ဂျက်ဘီဇော့ပိုင်ဆိုင်ထားသည့် ရှယ်ယာ ၁၁ ရာခိုင်နှုန်းမှာ သူ့ပိုင်ဆိုင်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ဖြစ်ပြီး ကျန်သည့်ပမာဏမှာ အာကာသစူးစမ်းလေ့လာရေးကုမ္ပဏီဖြစ်သော Blue Origin ၊ ဝါရှင်တန်ပို့စ် သတင်းစာ ၊ ငွေသား ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံနှင့် အခြားသော ပိုင်ဆိုင်မှုများဖြစ်ကြောင်း Bloomberg က ဖော်ပြသည်။

အခြားသော နည်းပညာကုမ္ပဏီ သူဌေးကြီးများသည်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြီးပေါ်ပေါက်ချိန်တွင် ပိုမိုချမ်းသာလာမှုများရှိသည်။

ဖေ့စ်ဘုတ်တည်ထောင်သူ မာ့ခ် ဇပ်ကာဘာ့ဂျ်သည် ယခုနှစ်အတွင်း ကန်ဒေါ်လာ ၁၄ ဒသမ ၈ ဘီလီယံ ပိုမိုချမ်းသာလာပြီး Tesla သူဌေး Elon Musk ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၄၆ ဒသမ ၉ ဘီလီယံအထိ ရောက်ရှိသွားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Amazon’s Jeff Bezos net worth increases by $13B in one day (nypost.com)

[Zawgyi]

ဂ်က္ဘီေဇာ့၏ ၾကြယ္ဝမႈ တစ္ေန႔တည္းျဖင့္ ၁၃ ဘီလီယံ ထပ္တိုး

ကမၻာ့အခ်မ္းသာဆံုးသူေဌးၾကီး Amazon တည္ေထာင္သူ ဂ်က္ဖ္ဘီေဇာ့၏ ၾကြယ္ဝမႈမွာ ျပီးခဲ့ေသာ တနလၤာေန႔က တစ္ေန႔တည္းျဖင့္ ကန္ေဒၚလာ ၁၃ ဘီလီယံပိုမိုခ်မ္းသာသြားခဲ့သည္ဟု ဆိုသည္။

Amazon ၏ ရွယ္ယာေစ်းမ်ား ၇ ဒသမ ၉ ရာခိုင္ႏႈန္းသို႔ ျမင့္တက္သြားမႈေၾကာင့္ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္သည္ တစ္ရက္တည္းျဖင့္ ၁၃ ဘီလီယံ ထပ္မံခ်မ္းသာသြားျခင္းျဖစ္သည္။

အဆိုပါပမာဏမွာ ကမၻာေပၚရွိ အခ်မ္းသာဆံုးပုဂၢိဳလ္တို႔၏ ၾကြယ္ဝမႈကို ေျခရာခံေနေသာ Bloomberg ၏ ဘီလ်ံနာညႊန္းကိန္း (Billionaires Index) သမိုင္းတြင္ တစ္ရက္တည္းျဖင့္ အၾကီးမားဆံုး ၾကြယ္ဝမႈတိုးတက္ျခင္းအျဖစ္ စံခ်ိန္တင္သြားသည္။

ယခုအခါ အသက္ ၅၆ ႏွစ္ရွိျပီျဖစ္ေသာ ဂ်က္ဘီေဇာ့၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၈၉ ဒသမ ၃ ဘီလီယံအထိ ေရာက္ရွိသြားျပီျဖစ္ရာ မက္ေဒၚနယ္၊ Exxon Mobile ႏွင့္ Nike တို႔ကဲ့သို႔ ထိပ္တန္းေကာ္ပိုေရးရွင္းၾကီးမ်ား၏ တန္ဖိုးထက္ပင္ ပိုမိုမ်ားျပားသည့္ ပမာဏျဖစ္ေၾကာင္း Bloomberg က ေဖာ္ျပသည္။

ယခုႏွစ္အတြင္း Amazon ၏ ရွယ္ယာေစ်းသည္ ၇၃ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့မႈေၾကာင့္ ယခုႏွစ္အတြင္း ဂ်က္ဘီေဇာ့သည္ ကန္ေဒၚလာ ၇၄ ဒသမ ၄ ဘီလီယံအထိ ထပ္မံခ်မ္းသာလာခဲ့သည္။

COVID-19 ကပ္ေဘးၾကီးေၾကာင့္ ေရာဂါထိန္းခ်ဳပ္ႏိုင္ရန္ lockdown ခ်မွတ္မႈမ်ား ျပဳလုပ္ၾကရာ အြန္လိုင္းေစ်းဝယ္မႈမ်ား ၾကီးမားစြာ ျမင့္တက္လာျခင္းသည္ ဂ်က္ဘီေဇာ့ကို အက်ဳိးျဖစ္ထြန္းေစခဲ့ျခင္း ျဖစ္သည္။

ျပီးခဲ့ေသာ တနလၤာေန႔ ရွယ္ယာေစ်းျဖစ္တည္မႈမွာ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလေနာက္ပိုင္း အေကာင္းဆံုးေန႔စဥ္ ျမတ္စြန္းမႈတစ္ခုျဖစ္ခဲ့ သည္။

သုေတသီမ်ားက ခန္႔မွန္းရာတြင္ ဆီယက္တဲလ္အေျခစိုက္ Amazon ၏ ဘ႑ာေငြမွာ ၂၇ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ျပီး ကန္ေဒၚလာ ၈၀ ဒသမ ၇ ဘီလီယံသို႔ ေရာက္ရွိခဲ့ေၾကာင္း၊ အက်ိဳးအျမတ္မွာမူ စရိတ္စကျမင့္တက္မႈမ်ားေၾကာင့္ ယခင္ႏွစ္ႏွင့္ ႏႈိင္းယွဥ္လွ်င္ က်ဆင္းသြားေၾကာင္း Bloomberg က ေဖာ္ျပသည္။

Amazon တြင္ ဂ်က္ဘီေဇာ့ပိုင္ဆိုင္ထားသည့္ ရွယ္ယာ ၁၁ ရာခိုင္ႏႈန္းမွာ သူ႔ပိုင္ဆိုင္မႈ၏ ၉၀ ရာခိုင္ႏႈန္းေက်ာ္ျဖစ္ျပီး က်န္သည့္ပမာဏမွာ အာကာသစူးစမ္းေလ့လာေရးကုမၸဏီျဖစ္ေသာ Blue Origin ၊ ဝါရွင္တန္ပို႔စ္ သတင္းစာ ၊ ေငြသား ကန္ေဒၚလာ ၄ ဒသမ ၅ ဘီလီယံႏွင့္ အျခားေသာ ပိုင္ဆိုင္မႈမ်ားျဖစ္ေၾကာင္း Bloomberg က ေဖာ္ျပသည္။

အျခားေသာ နည္းပညာကုမၸဏီ သူေဌးၾကီးမ်ားသည္လည္း ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးၾကီးေပၚေပါက္ခ်ိန္တြင္ ပိုမိုခ်မ္းသာလာမႈမ်ားရွိသည္။

ေဖ့စ္ဘုတ္တည္ေထာင္သူ မာ့ခ္ ဇပ္ကာဘာ့ဂ်္သည္ ယခုႏွစ္အတြင္း ကန္ေဒၚလာ ၁၄ ဒသမ ၈ ဘီလီယံ ပိုမိုခ်မ္းသာလာျပီး Tesla သူေဌး Elon Musk ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၄၆ ဒသမ ၉ ဘီလီယံအထိ ေရာက္ရွိသြားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Amazon’s Jeff Bezos net worth increases by $13B in one day (nypost.com)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service