"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့ - Property Knowledge in Myanmar from iMyanmarHouse.com
23 Jul 2020 2:16 pm တွင် တင်ခဲ့သည်
4860 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ယနေ့ခေတ်တွင် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းများကို စီးပွားရေးလုပ် ငနး်ကြီး တစ်ခုသဖွယ် လူအများအပြားကဝင်ရောက်လုပ်ကိုင်းကာ ရင်းနှီးမြုပ်နှံလာကြသည်ကိုတွေ့ရသည်။

မြေအကြောင်း နားလည်သူများ ကောင်းစာနေသည့်ခေတ်

သို့သော် အခြေအနေအချိန်အခါမေး၍ အိမ်ခြံမြေ အကျိုုးဆောင်လုပ်ငန်းများ ကို စီးပွားဖြစ်လုပ်ကိုင်နေကြသော်လည်း "မသိသူကျော်သွား၊ သိသူဖော်စား" ဆိုသကဲ့သို့ အိမ်ခြံမြေတွင် မြေအမျိုးအစားအမျိုးမျိုးရှိသည်ကို သိသူများက တရားဝင်သာည့်မြေ၊ တရားမဝင်သည့်မြေ၊ အဖိုးတန်သည့်မြေ၊ အဖိုးနည်း သည့်မြေ စသည်ဖြင့် သိကျွမ်းနားလည်ကြသူများက အကျိုးအမြတ်များရရှိ ကာ ကောင်းစာနေကြသည်ကို တွေ့ရသည်။

မသိမဖြစ် အိမ်ခြံမြေ (၁၀) မျိုးရှိ

သို့သော် မြေအမျိုးမျိုးအကြောင်း သိကျွမ်းနားလည်မှုနည်းသူများကမူ သူများ နည်းတူ ရောင်းဝယ်ကြသော်လည်း အကျိုးအမြတ်ရရှိမှု နည်းပါးကာ "အရိုး အရင်းကိုက်" ရသည့်အခြေအနေဖြင့်သာ တင်းတိမ်နေရသည်။ ထိုသို့မဖြစ် ကြစေရန် လူတိုင်းလူတိုင်းမြေအမျိုးအစား တို့ကိုသိသင့်သိထိုက်ကြပေ သည်။ လေ့လာသင့်လေ့လာနိုင်ကြပေသည်။

ထို့ကြောင့်အိမ်ခြံမြေအကြောင်းလေ့လာနေသူများအနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုနှင့် စီမံကိန်းနှင့်မြေ စီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများတွင် ပါရှိသည့် မြေ (၁၀) မျိုးအကြောင်း ရှာဖွေတင်ပြလိုက်ပါသည်။

မြို့ပြအိုးအိမ်ဖွံ့ဖြိုးမှု စီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဆိုင်ရာ သိစရာများ

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည် ၂၀၁၃ ခုနှစ်၊ ရန် ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၈၅၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်း ထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အောက်ပါလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ဤလုပ်ထုံးလုပ်နည်းများတွင် ပါရှိသော စကားရပ်များသည် ၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာေ်ရး ဥပဒေ "မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှု စီမံ ကိန်းနှင့်မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများ" တွင် ပါရှိသည်ကို လေ့ လာတွေ့ရှိရသည်။

မြေပိုင်မြေ

မြေပိုင်မြေဆိုသည်မှာ မြိုကတော်နယ်နိမိတ်အတွင်း စနစ်တကျမြို့ကွက်ဖော် ထုတ်ကာရောင်းချခဲ့၍ ဝယ်ယူပိုင်ဆိုင်ခဲ့ပြီးမြေပိုင်ရှင်အခွင့်အရေး အဆင့်အ တန်းရှိသည့် မြေကိုဆိုင်သည်။

ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် "ဓါးမဦးချ" ပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိကာ "မစိုက်ပျိုးသည့်မြေ" ကိုဆိုလိုသည်။

ဂရန်ရှိမြေပိုင်မြေ

ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုလိုသည်။

လိုင်စင်မြေ

လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများ အပိုဒ် - ၃၀၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကိုဆိုလိုသည်။

ပါမစ်မြေ

ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အ ညီ "လူနေအိမ်" သိုမဟုတ် "အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်" ပြုထားသော မြေကိုဆိုလိုသည်။

မြေငှားဂရန်မြေ

မြေငှားဂရန်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်း ချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြားသတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားသည့်မြေကိုဆိုလိုသည်။

စကွာတာမြေ

"စကွာတာမြေ" ဆိုသည်မှာ မြေငှားစာချုပ်မရယူခဲ့၍ လည်းကောင်း၊ မြေငှား စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍ လည်းကောင်း မြေငှားစာချုပ်ပါစည်းကမ်းချက်တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း "မြေအဆင့်အတန်းနိမ့်ချသတ်မှတ်သောမြေကို" ဆိုလိုသည်။

ကျူးလွန်ခြင်းမြေ

"ကျူးလွန်ခြင်းမြေ" ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း "ပြေစာဖြင့်ကောက်ခံသည့်မြေ" မျိုးကိုဆိုလို သည်။

ကျူးကျော်မြေ

ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင် လျှက်ရှိသော မြေကိုဆိုလိုသည်။

မြို့ကွက်မြေပုံ

မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံအင်ဂျင်နီယာပိုင်းဆိုင်ရာများဖြင့် စနစ်တ ကျရေးဆွဲပြီး မြို့ပြစီမံကိနး်နှင့်အညီ မြို့ကွက်ရိုက်ဖော်ထုတ်ထားသည့် အခြေခံမြေပုံကိုဆိုလိုသည်။

မြို့မြေစာရင်း

မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများအက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ - အခန်း (၂) အပိုဒ် ၇ အရမြို့ကွက်မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့်စာရင်းကိုဆိုလိုသည်။

ယခုဖော်ပြခဲ့သော မြေများမှာ အိမ်ခြံမြေနှင့် ပတ်သက်သော မြေများဖြစ်ပါ သည်။

ယင်းသို့မြေအမျိုးမျိုးအကြောင်းတင်ပြပြီးနောက် သာသနာမြေ (၄) မျိုးအကြောင်းလည်း ရှင်းပြလိုပါသေးသည်။

အခွန်လွတ်သာသနာ့မြေ

အခွန်လွတ်သာသနာ့မြေဆိုသည်မှာ မူလကနဦး မြေပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီရရှိသော ပုဂ္ဂိုလ်က ဘာသာ သာသနာအကျိုး သုံးစွဲနိုင်ရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြု ထုတ်ပေးသောမြေကိုဆိုသည်။

အခွန်လွတ်သာသနာ့မြေဂရန်

အခွန်လွတ်သာသနာ့မြေဂရန်ဆိုသည်မှာ သာသနာရေး၊ သာသနာမူအလိုငှာ တည်ဆဲဥပဒေနှင့်အညီ "မြေယာပိုင်ပတ္တာစာချုပ်" ဖြင့် သတ်မှတ်ထုတ်ပေး သည့် လက်မှတ်ကိုဆိုသည်။ (၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်တော်နည်းဥပဒေများ နည်းဥပဒေ ၃၂၊ ၃၃၊ ၃၆ နှင့် ၁၈၉၈ ခုနှစ်) အောက်မြန်မာနိုင်ငံမြို့နှင့် ရွာမြေနည်းဥပဒေများ၊ နည်းဥပဒေ ၅၀၊ ၅၁ နှင့် ၅၄)

အခွန်လွတ်ဗဒ္ဓသိမ်မြေ

" အခွန်လွတ်ဗဒ္ဓသိမ်မြေ " ဆိုသည်မှာ သာသနာမြေအတွင်း ဘာသာ၊ သာသနာမြေကိစ္စအတွက် အသုံးပြုရန်အလိုငှာ လူပုဂ္ဂိုလ်ကသာလျှောက် ထားခွင့်ရှိသည့် မြေကိုဆိုသည်။

အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်

" အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်" ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ "ဝိသုံ ဂါမသိမ်" အဖြစ်အသုံးပြုရန် အသီးအခြားမြေပေးအမိန့်ဖြင့် သတ်မှတ် ထုတ်ပေးလိုက်သည့် လက်မှတ်ကိုဆိုသည်။ (အောက်မြန်မာနိုင်ငံမြေခွန်ကောက်နည်းဥပဒေများ၊ နည်းဥပဒေ ၃၄ နှင့် အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေ နည်းဥပဒေများ နည်းဥပဒေ-၅၂)

ဤသို့ဆိုလျှင် သာသနာ့မြေ (၄) မျိုးတွင် ဘာသာ၊ သာသနာအကျိုးအတွက် သုံးစွဲနိုင်သောမြေ၊ မြေယာအပိုင်ပတ္တာ စာချုပ်ဖြင့် ထုတ်ပေးသည့်လက်မှတ်၊ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့်ရှိသောမြေနှင့် "ဝိသုံဂါမသိမ်" အသုံးပြုရန် အတွက် မြေပေးအမိန့် ဖြင့် ထုတ်ပေးလိုက်သည့် လက်မှတ်တို့လည်း ပါဝင် သည်ကို သိရှိကြပြီဟုဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


ယနေ့ခေတ်တွင် အိမ်ခြံမြေအရောင်းအ၀ယ်လုပ်ငန်းများကို စီးပွားရေးလုပ် ငန်းကြီး တစ်ခုသဖွယ် လူအများအပြားက၀င်ရောက်လုပ်ကိုင်းကာ ရင်းနှီြး မှုပ်နှံလာကြသည်ကိုတွေ့ရသည်။


သို့သော် အခြေအနေအချိန်အခါမေး၍ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများ ကို စီးပွားဖြစ်လုပ်ကိုင်နေကြသော်လည်း "မသိသူကျော်သွား၊ သိသူဖော်စား" ဆိုသကဲ့သို့ အိမ်ခြံမြေတွင် မြေအမျိုးအစားအမျိုးမျိုးရှိသည်ကို သိသူများက တရားဝင်သာည့်မြေ၊ တရားမ၀င်သည့်မြေ၊ အဖိုးတန်သည့်မြေ၊ အဖိုးနည်း သည့်မြေ စသည်ဖြင့် သိကျွမ်းနားလည်ကြသူများက အကျိုးအမြတ်များရရှိ ကာ ကောင်းစာနေကြသည်ကို တွေ့ရသည်။







မြေပိုင်မြေ


ဘိုးဘွားပိုင်မြေ


ဂရန်ရှိမြေပိုင်မြေ


လိုင်စင်မြေ


ပါမစ်မြေ


မြေငှားဂရန်မြေ


စကွာတာမြေ

"စကွာတာမြေ" ဆိုသည်မှာ မြေငှားစာချုပ်မရယူခဲ့၍ လည်းကောင်း၊ မြေငှား စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍ လည်းေ ကာင်း မြေငှားစာချုပ်ပါစည်းကမ်းချက်တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း "မြေအဆင့်အတန်းနိမ့်ချသတ်မှတ်သောမြေကို" ဆိုလိုသည်။

ကျူးလွန်ခြင်းမြေ


ကျူးကျော်မြေ


မြို့ကွက်မြေပုံ

မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံအင်ဂျင်နီယာပိုင်းဆိုင်ရာများဖြင့် စနစ်တ ကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက်ဖော်ထုတ်ထားသည့် အခြေခံမြေပုံကိုဆိုလိုသည်။

မြို့မြေစာရင်း

မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများအက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ - အခန်း (၂) အပိုဒ် ၇ အရမြို့ကွက်ြေ မပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့်စာရင်းကိုဆိုလိုသည်။


ယင်းသို့မြေအမျိုးမျိုးအကြောင်းတင်ပြပြီးနောက် သာသနာမြေ (၄) မျိုးအြေ ကာင်းလည်း ရှင်းပြလိုပါသေးသည်။

အခွန်လွတ်သာသနာ့မြေ














နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service