အချိန်ကြာကြာသစ်လွင်နေစေဖို့ ဒါလေးတွေကို သတိပြုစို့

အချိန်ကြာကြာသစ်လွင်နေစေဖို့ ဒါလေးတွေကို သတိပြုစို့ - Property Knowledge in Myanmar from iMyanmarHouse.com
23 Jul 2020 12:13 pm တွင် တင်ခဲ့သည်
783 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ကျွန်တော်တို့ကြိုက်လို့ ဝယ်ထားသည့် အဝတ်အစားများ အချိန်ကြာလာသည်နှင့်အမျှ သစ်လွင်မှုလျော့နည်းပြီး အရောင်များမှိန် မှိန်လာသဖြင့် မဝတ်ဖြစ်ဘဲ သိမ်းထားရင်းနှင့် ပိုဟောင်းလာသည့် အဖြစ်ရောက်တတ်သည်။

တမြတ်တနိုးဖြစ်၍ ဝယ်ထားသည့် အဝတ်အစားလေးများ အရောင်မလွင့်ဘဲ ကြာရှည်သစ်လွင်နေစေဖို့ လုပ်နိုင်သည့်နည်းလမ်းကောင်း လေးများကို ရှာဖွေ့ကြည့်မိရာ တွေ့ရှိတာလေး လက်တို့ပေးပါရစေ။

တစ်ခါတစ်ရံ ကျွန်တော်တို့အနေနှင့် အဝတ်လျှော်သည့်အခါ အတိုင်းအဆမရှိ ထည့်မိတတ်သည် ဆပ်ပြာမှုန့်နှင့်ဆပ်ပြာဆီတို့ဖြစ်သည်။ ထိုအချက်သည် မိမိတို့အဝတ်အစားများကို ကြာရှည်သစ်လွင်နေခြင်းမှ လျော့နည်းလာသည့် အကြောင်းတွင် အချက်တစ်ချက်ဖြစ် ကြောင်း ဆိုသည်တော့သိရပါလိမ့်မည်။

ချွေးလောက်သာပေသော အဝတ်အစားလေးများကို ဆပ်ပြာရည်ကျဲကျဲလေးဖြင့် ခဏတစ်ဖြုတ်ရေစိမ်ပြီး လျှော်ဖွပ်လိုက်ပါ။ ဆပ်ပြာဖြင့် ကြာရှည်စွာစိမ်ထားပြီးမှလျှော်ဖွပ်ပါက သစ်လွင်တောက်ပမှုကို လျော့နည်းစေပါလိမ့်မည်။

နိုင်ငံခြားမှတင်သွင်းလာသော အဝတ်အထည်တို့တွင် လမ်းညွှန် တံဆိပ်လေးများ အဝတ်အစား၏ အတွင်ပိုင်းတွင်ပါလာပါလိမ့်မည်။ အဝတ်လျှော်နည်းလေးများပါ ပါသည်။ ရေညှစ်ရာတွင် ဘယ်လိုရေညှစ်ရမည်ဆိုသည့် အမှတ်အသားလေးများ၊မလိုအပ်ဘဲ အဝတ်အစား များကို ရေစင်အောင် တရားလွန် ညှစ်သည့်အခါ ကျယ်သွားခြင်း၊ချည်ယိုင်သွားခြင်း၊ကြေသွားခြင်းများဖြစ်တတ်သည်။ အချို့သော အဝတ် အစားများမှာ ရေပင်မညှစ်ခိုင်းဘဲ ခါပြီးမှလှန်းခိုင်းသည်။ဒါကြောင့်မို့ မိမိဝတ်ဆင်မည့် အဝတ်အစားများ အချိန် ခဏအတွင်းချို့ယွင်ခြင်း မဖြစ်စေဖို့ အဝတ်အစားအတွင်းပိုင်းက လမ်းညွှန်လေးများကို ဂရုပြုလုပ်ဆောင်ဖို့လည်း တိုက်တွန်းပါရစေ။

တစ်ခါတစ်ရံ ပေရေမှုကို ပျောက်စေချင်စိတ်ကြောင့် ကွန်တော်တို့အနေဖြင့် အဝတ်အစားများကို ရေနွေးပူပူ ဆပ်ပြာများများဖြင့်ပင် စိမ်ပြီးမလည်းကောင်း၊ မီးဖိုတွင် ပြုတ်လျှော်မိသည့်အခါများလည်းရှိတတ်သည်။ထိုအခြေအနေသည် အဝတ်အစားများကို မြန်မြန်ပင် အရောင်လွင်ပါးစေသည်ကို သတိချပ်သင့်ပေသည်။ ထိုအပြင် အချို့သော အဝတ်အစားများကို မီးပူတိုက်ပြီးပြန့်အောင်လုပ်မရသည့် အနေအထားသို့ရောက်သွားစေလေသည်။ ထို့ကြောင့် ရေအေးဖြင့် လျှော်ဖွပ်ခြင်းပြုလုပ်ပါ။

သတိမေ့လျော့ပြီး အဝတ်အစားများကို အရောင်နု၊ အရောင်ရင့် ရောထွေးလျှော်ဖွပ်မိသည့် အခြေအနေမျိုး လူအတော်များများ ကြုံဖူး ကြပါလိမ့်မည်။ အရောင်မကူးသည့် အဝတ်အစားခြင်းဆိုလျှင် ဘာမှမဖြစ်သော်လည်း၊ အခြားအရောင်ကူစက်မှုကို လက်ခံသောအဝတ် အစားပါလာလျှင် စုတ်တသပ်သပ်နှင့် နှမြောမိမဆုံးဖြစ်ကြရသည်။ အဖြူဆွတ်ဆွတ်ကို အဖြူခြင်းသာလျှော်ပါ။ အဖြူကို အခြားအရောင် များဖြင့် ရောနှောလျှော်ဖွပ်ပါက အနည်းနှင့်အများ ထိခိုက်စေပါသည်။ အရောင်ရင့်ကို အရောင်ရင့်ခြင်း ထားလျှော်ပါ။ အနီနှင့်အပြာရောင်တို့ အခြားအရောင်များကို ကူးစက်စေသဖြင့် သစ်လွင်မှုကို မထိပါးဘဲ ကိုယ်ပိုင်အရောင်လေးများအတိုင်း တောက်ပနေစေဖို့ ဖြစ်နိုင်လျှင် ခွဲခြားပြီး လျှော်ဖွပ်ခြင်းသာ လုပ်ဆောင်ပါ။

ရိုက်လျှော်လျှော်၊ စက်ဖြင့်လျှော်လျှော် အခြားစွန်းထင်းပေရေခြင်မရှိပါက အလွန်အမင်း လျှော်ဖွပ်ခြင်းမလုပ်တာက အဝတ်အစားများ တာရှည်ခံမှာဖြစ်သလို အရောင်လည်းရေရှည်သစ်လွင်နေစေမှာဖြစ်သည်။

လေဖြင့်သွေ့ခြောက်အောင် လုပ်ခြင်းက အရောင်လွင့်ပါးမှုကို လျော့နည်စေပါလိမ့်မည်။ အပူပေးအခြောက်ခံစက်များက တစ်ခဏအတွင်း ခြောက်နိုင်စေရန်အတွက်ပြုလုပ်ထားရာ ရေရှည်တွင် အဝတ်အစားတို့၏အရောင်အဆင်းကိုပါ လွင့်ပါးစေလေသည်။ နေပူပြင်းပြင်းတွင် ကြာရှည်လှန်းထားခြင်းများကလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ အချိန်အထိုက်အလျောက်သာ နေပူခံ၍ လေရသောအရိပ် အတွင်း ပြောင်းရွေ့လှန်းခြင်းက အဝတ်အစားများ အရောင်လွင့်ခြင်းမှ သက်သာပါလိမ့်မည်။

အချို့အဝတ်အစားများကို ချွေးပင်မပေလျှင် မလျှော်ဘဲ လေသလပ်ခံပြီးထားလိုက်ဖို့လိုသည်။ အချို့မှာအထိုင်များသည့်နေရာနှင့် ဘောင်ဘီအောက်အနားတို့ကို လျှော်ဖွပ်ပြီး အကြိမ်ကြိမ်ပြန်လည် ဝတ်ဆင်နိုင်သဖြင့် အရောင်သစ်လွင်ခြင်းကို ထိန်းထားနိုင်ပါလိမ့်မည်။ အရောင်ကျွတ် အရောင်လွင့်နိုင်သည့် အဝတ်အစားများကို ကျောက်ချဉ်(သို့မဟုတ်) ရှာလကာရည်၊ဆားတို့ကို အသုံးပြုလျှော်ဖွပ်ပါက အရောင်ကို တာရှည်စွဲမြဲစေပါကြောင်း နည်းလမ်းကောင်းလေး မျှဝေလိုက်ရ ပါပေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service