အမေရိကန် ဆရာများသမဂ္ဂက ကျောင်းများပြန်ဖွင့်ရန် ညွှန်ကြားသည့်ပြည်နယ်အစိုးရကို တရားစွဲ
အမေရိကန် ဆရာများသမဂ္ဂက ကျောင်းများပြန်ဖွင့်ရန် ညွှန်ကြားသည့်ပြည်နယ်အစိုးရကို တရားစွဲ - Property News in Myanmar from iMyanmarHouse.com
23 Jul 2020 11:47 am တွင် တင်ခဲ့သည်
730 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန် ဆရာများသမဂ္ဂက ကျောင်းများပြန်ဖွင့်ရန် ညွှန်ကြားသည့်ပြည်နယ်အစိုးရကို တရားစွဲ
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှ ဆရာများသမဂ္ဂသည် လာမည့်လတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားချက်ကို ရပ်ဆိုင်းစေရန် ကြိုးပမ်းသည့်အနေဖြင့် ပြည်နယ်အစိုးရကို တရားစွဲလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ကျောင်းပြန်ဖွင့်ရန် ညွှန်ကြားချက်သည် ပြည်သူ့ကျန်းမာရေး၊ ဆရာများ- ကျောင်းသားများနှင့် မိဘများ၏ ဘေးကင်းမှုနှင့် လူမှုဘဝတို့ အတွက် ကျရောက်လာတော့မည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း ဆရာများသမဂ္ဂက ထုတ်ပြန်သည်။
ဖလော်ရီဒါ ပညာရေး အစည်းအရုံး (FEA) က တရားစွဲဆိုချက်တွင် တင်ပြထားရာ၌ ဖလော်ရီဒါသည် အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဗဟိုချက်ဖြစ်နေကြောင်း၊ ကျောင်းများပြန်ဖွင့်ရန် လမ်းညွှန်ချက်သည် ပြည်နယ်ဖွဲ့စည်းပုံဥပဒေ၏ အာမခံချက်ဖြစ်သော ကလေးငယ်များကို ဘေးကင်းလုံခြုံသည့်ပညာရေးရရန် အာမခံသည်ဟူသည့်အချက်ကို ချိုးဖောက်နေကြောင်း ကန့်ကွက်တင်ပြ ထားသည်။
ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis နှင့် အခြားအကြီးအကဲများကို ဆန့်ကျင်သည့် ဆရာများသမဂ္ဂက ဖလော်ရီဒါပြည်နယ်၊ Dade ခရိုင်ရှိ တရားရုံးကို တင်ပြတောင်းဆိုရာတွင် ပြန်လည်ပြင်ဆင်၍ မရနိုင်သော ဘေးအန္တရာယ်ကြီးကို ရှောင်ရှားနိုင်ရေးအတွက် ကျောင်းများပြန်ဖွင့်ရန် ညွှန်ကြားချက်ကို ရပ်ဆိုင်းစေသည့် အရေးပေါ်အမိန့်ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့သည်။
ဘေးကင်းလုံခြုံမှုမရှိသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မှုကြောင့် covid-19 ပြန့်ပွားမှုများဖြစ်လာလျှင် ကျောင်းသားများ၊ ဆရာများ၊ ကျောင်းအုပ်ချုပ်သူများ၊ ကျောင်းဝန်ထမ်းများသာ ကူးစက်ခံရမည်မဟုတ်ဘဲ ၎င်းတို့၏ မိသားစုဝင်များနှင့် လူ့အသိုက်ဝန်းတစ်ခုလုံး ကူးစက်ခံရမည်ဖြစ်ကြောင်း တင်ပြထားသည်။
ရက်သတ္တပတ်ခန့်အတွင်း တစ်ရက်လျှင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၀၀၀ ကျော်ရှိနေသည့် ဖလော်ရီဒါသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အမေရိကန်၏ ဗိုင်းရပ်စ်ဗဟိုချက်ဖြစ်လာနေသည်။
“အုပ်ချုပ်ရေးမှူးသည် ဖလော်ရီဒါတွင် ဖြစ်ပေါ်နေသည့် အခြေအနေမှန်၊ အရှိတရားကို လက်ခံရန်လိုအပ်ကြောင်း၊ ဖလော်ရီဒါတွင် ဗိုင်းရပ်စ် ပျံ့နှံ့မှုမှာ မထိန်းချုပ်နိုင်သည့် အခြေအနေဖြစ်ပေါ်နေကြောင်း” ဆရာများသမဂ္ဂဥက္ကဌ ဖီးဒရစ်ခ် အင်ဂရမ်က ပြောကြားသည်။
FEA တွင် အဖွဲ့ဝင်ဆရာပေါင်း ၁၄၀၀၀၀ ခန့်ရှိပြီး အမျိုးသားအဆင့် ဆရာများသမဂ္ဂ ၂ ခုဖြစ်သော အမေရိကန် ဆရာများ အဖွဲ့ချုပ် (American Federation of Teachers) နှင့် အမျိုးသား ပညာရေးအစည်းအရုံး (National Education Association) ၂ ခုလုံး၏ အဖွဲ့ဝင်များလည်း ဖြစ်ကြသည်။
AFT နှင့် NEA ၂ ဖွဲ့လုံးက ယခုတရားစွဲဆိုမှုကို ထောက်ခံထားကြသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Teachers union sues to halt Florida classroom restart during pandemic (Reuters)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
The Crest
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service