ကုမ္ပဏီပိုင် မြေနှင့်အိမ် ကိုဝယ်မည်ဆိုလျှင်

ကုမ္ပဏီပိုင် မြေနှင့်အိမ် ကိုဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
22 Jul 2020 3:19 pm တွင် တင်ခဲ့သည်
710 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

''ကုမ္ပဏီအမည်ပေါက် မြေကွက်ဝယ်မယ်စိတ်ကူးလို့ ဆရာ။ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ သိချင်ပါတယ်''ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ ရောက်လာပြီး ဆွေးနွေး ပါသည်။

''မြေကွက်ဆိုတော့ အဆောက်အအုံမပါဘူးပေါ့''

''အဆောက်အအုံသဘောမျိုး တော့ပါတယ်။ ဒါပေမယ့် လူနေ အ ဆောက်အအုံ မဟုတ်ဘူးဆရာ။ ဂို ဒေါင်လို အခန်းကျယ်ဖွဲ့ထားတာ''

''ကုမ္ပဏီအမည်ပေါက်ဆိုတော့ မြေအမျိုးအစားက ဘာလဲ သိပါသလား''

''ဘိုးဘွားပိုင်မြေ ဆရာ''

''ဒါဆိုရင် ခွဲစိတ်ထားတဲ့မြေဖြစ် မှာပေါ့''

''ဟုတ်ကဲ့၊ မြေပုံမှာတော့ ပေ ၆ဝ ပတ်လည်လို့ ဖော်ပြထားပါတယ်''

''မြေကွက်ခွဲပြီး အမည်ပေါက်ဆို တော့ အရောင်းအဝယ် မခက်ခဲပါ ဘူး''

''ကုမ္ပဏီရဲ့ ရှယ်ယာအများဆုံး ကတော့ ရောင်းမယ်ဆိုတဲ့ သူပဲ ဆရာ''

''မြေအမည်ပေါက်က ကုမ္ပဏီ ဖြစ်နေတဲ့အတွက် ကုမ္ပဏီပိုင်မြေ အဖြစ် ရပ်တည်ပြီးဖြစ်နေတယ်''

''ဒါဆိုရင် ကုမ္ပဏီအမည်နဲ့ပဲ အ ရောင်းအဝယ်စာချုပ် ချုပ်ဆိုရမှာပေါ့''

''မှန်ပါတယ်။ ရောင်းသူသည် ကုမ္ပဏီဖြစ်ရပါမယ်။ ရှယ်ယာပိုင်ရှင် အများဆုံးဖြစ်လို့ မိမိတစ်ဦးတည်း သဘောနဲ့ ရောင်းပိုင်ခွင့်မရှိပါဘူး''

''အခု ဒါရိုက်တာအဖွဲ့ဝင်တွေ မှာ မြေဝယ်စဉ်က ဒါရိုက်တာတွေ မဟုတ်တော့ဘူး ဆရာ။ အပြောင်းအ လဲတွေ ဖြစ်ကုန်ပြီ''

''ဒါကတော့ ကျမ်းကျိန်လွှာနဲ့ တကွ ဒါရိုက်တာစာရင်းကိုတင်ပြရ မှာပေါ့''

''ဒါရိုက်တာ အစည်းအဝေးမှတ် တမ်းတင်ပြရမှာပေါ်နော်''

''မှန်ပါတယ်။ စာရွက်စာတမ်း ပြည့်ပြည့်စုံစုံတင်ပြဖို့တော့ လိုမယ်။ ကုမ္ပဏီအမည်နဲ့ ဝယ်စဉ်က ကုမ္ပဏီ ကိုယ်စား ဘယ်သူက လက်မှတ်ရေး ထိုးပါသလဲ''

''ကုမ္ပဏီမှာ အတွင်းရေးမှူး အဖြစ် တာဝန်ယူတဲ့ ဒါရိုက်တာ အဖွဲ့ ဝင်တစ်ဦးက လက်မှတ်ရေးထိုးထား ပါတယ်''

''အခုလည်း ကုမ္ပဏီမှာအတွင်း ရေးမှူးအဖြစ် တာဝန်ယူဆဲလား''

''သူက ထွက်သွားပြီဆရာ၊ ဒါ ကြောင့် လက်မှတ်ရေးထိုးဖို့လည်း ခက်ခဲနေလို့ ဆရာ''

''စာရွက်စာတမ်းပြည့်စုံဖို့တော့ လိုပါမယ်။ ပထမဦးဆုံးကုမ္ပဏီမှတ်ပုံ တင် လက်မှတ်တင်ပြရမယ်။ အဲဒီ မှာ ဒါရိုက်တာအဖွဲ့အမည်စာရင်းပါ မယ်။ အပြောင်းအလဲရှိခဲ့ရင်လည်း ကုမ္ပဏီဒါရိုက်တာ အဖွဲ့ရဲ့ အစည်းအ ဝေး မှတ်တမ်းဆုံးဖြတ်ချက်၊ အခု အရောင်းအဝယ်လုပ်ရာမှာ ကုမ္ပဏီ ကိုယ်စား မည်သူ့ကို ခန့်ထားကြောင်း ဒါရိုက်တာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်၊ ကုမ္ပဏီပိုင်မြေကွက်ကို ကုမ္ပဏီ ဒါရိုက်တာအဖွဲ့အပါအဝင် ရှယ်ယာ ရှင်တို့က ရောင်းချရန် သဘောတူ ကြောင်း ဆုံးဖြတ်ချက်စတဲ့ စာရွက်စာတမ်းတွေ ပြည့်စုံအောင်ဆောင်ရွက်ထား ဖို့ လိုပါတယ်''

''အရောင်းအဝယ်စာချုပ်ချုပ် ရင်အဲဒီစာရွက်စာတမ်းတွေ တင်ပြရမှာပေါ့နော်''

''မှန်ပါတယ်။ ရောင်းချရန် မြေပုံမြေရာဇဝင်ကူးယူဖို့ လျှောက် ထားရာမှာကစပြီး အစောကပြောတဲ့ အထောက်အထားဆက်စပ်စာရွက် စာတမ်းတွေ လိုအပ်မှာဖြစ်ပါတယ်''

''မြေအရောင်းစာချုပ်ချုပ်တဲ့ အခါမှာ မူလဝယ်စဉ်က ကုမ္ပဏီ ကိုယ်စားလက်မှတ်ရေးထိုးသူမဟုတ် ဘဲ အခြားတစ်ယောက်က ကုမ္ပဏီ ကိုယ်စား လက်မှတ်ရေးထိုးရင် တရားဝင်တယ်ပေါ့''

''မြေကွက်ဝယ်စဉ်က ကုမ္ပဏီ ကိုယ်စား လက်မှတ်ရေးထိုးသူက ပြောင်းရွှေ့သွားကြောင်း၊ ဒါမှမဟုတ် ကုမ္ပဏီ ဒါရိုက်တာမှ နုတ်ထွက် ကြောင်း အထောက်အထား တင်ပြပြီး အခြားသူကို ကုမ္ပဏီကိုယ်စား ခန့် အပ်ကြောင်း ဒါရိုက်တာအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက် တင်ပြ ဆောင်ရွက်နိုင်ပါတယ်''

''မြေကွက်ဝယ်စဉ်က အခု ရောင်းမယ်ပြောတဲ့သူရဲ့ တစ်ဦးတည်း ပိုင်ငွေကြေးနဲ့ ဝယ်ထားတယ်ဆိုတော့ သူပိုင်မြေကွက် မဖြစ်နိုင်ဘူးလား။ သူ တစ်ဦးတည်း အရောင်းစာချုပ် ချုပ် လို့ မရဘူးလား''

''တစ်ဦးတည်းပိုင် ငွေကြေးနဲ့ ဝယ်ထားတဲ့ မြေကွက်ဖြစ်သည့်တိုင် ကုမ္ပဏီအမည်နဲ့ဝယ်ပြီး အမည်ပေါက် ဖြစ်နေမှ ကုမ္ပဏီအမည်နဲ့ပဲ အရောင်း စာချုပ်ကို ချုပ်ဆိုရပါမယ်''

''ဒါဆိုရင် ကုမ္ပဏီရှယ်ယာရှင် အပါအဝင် ဒါရိုက်တာအဖွဲ့ဝင်အား လုံးက မြေကွက်ကို ရောင်းချလိုကြောင်း သဘောတူညီချက်ရှိမရှိ မေးမြန်းစုံ စမ်းမှ ဖြစ်မယ်ပေါ့''

''ဟုတ်ပါတယ်။ သက်ဆိုင်သူ အားလုံးက သဘောတူမှ တရားဝင် အရောင်းအဝယ်ပြုလုပ်ဆောင်ရွက် နိုင်မှာ ဖြစ်တယ်''

''အချို့ကပြောတော့ ကုမ္ပဏီ သက်တမ်းလည်း အရေးကြီးတယ်လို့ ပြောတယ်။ အဲဒါက ဘယ်လိုကိစ္စပါ လဲ''

''မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ ကုမ္ပဏီမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ ကုမ္ပဏီမှတ်ပုံ တင်လက်မှတ်ကို သက်ဆိုင်ရာက ထုတ်ပေးမှာဖြစ်ပြီး သက်တမ်းကုန်ဆုံး ပါက သက်တမ်းတိုးလျှောက်ထားရ မှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အစိုးရ ရုံးအပါအဝင် တရားရုံးတို့မှာ တင်ပြဖို့ လိုအပ်ရင် သက်တမ်းကျော်လွန်သွား တဲ့ ကုမ္ပဏီများအနေနဲ့ လုပ်ငန်း ဆောင်ရွက်လို့ရမှာ မဟုတ်ပါဘူး''

''ဒါဆိုရင် အခုလို အိမ်မြေ အရောင်းအဝယ်ကိစ္စမှာလည်း ကုမ္ပဏီ က မှတ်ပုံတင် သက်တမ်းမကုန်သေးတဲ့ ကုမ္ပဏီဖြစ်ဖို့လိုတာပေါ့နော် ဆရာ''

''ဟုတ်ပါတယ်။ ဒါလည်း အ ရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါ တယ်။ အမှုအခင်းဖြစ်နေတဲ့ ကုမ္ပဏီ ဟုတ်မဟုတ်လည်း စုံစမ်းဖို့လိုပါ တယ်။ တစ်ခါတစ်ရံမှာ စာရင်းဖျက် သိမ်းဖို့ တရားရုံးမှာ လျှောက်ထားနေ ဆဲကိစ္စရပ်တွေရှိတတ်တယ်''

''ဟုတ်ကဲ့၊ ကျွန်တော်လည်း ကြားဖူးတယ် ဆရာ။ တချို့ ကြွေးမြီ ကိစ္စတွေနဲ့ ဝရမ်းကပ်ထားတဲ့ ပစ္စည်း ဖြစ်နေတာမျိုးလည်း ရှိတတ်တယ် ပြောတယ်''

''အကောင်းဆုံးကတော့ လွယ် လွယ်ကူကူငွေမချေဖို့ပါပဲ။ သက်ဆိုင် ရာ သတင်းစာထဲကနေ ကန့်ကွက်နိုင် ကြောင်း ကြေညာမယ်။ ကန့်ကွက် သူပေါ်လာရင် ညှိနှိုင်းဆောင်ရွက် မယ်၊ စရန်ငွေပေးရင် တာဝန်ပိုင်းကို သေချာစွာ ကတိစာချုပ် ချုပ်ဆိုဖို့လို အပ်ပါတယ်''

''တကယ်လို့ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဦးက သဘောမတူဘူးဆိုရင် ဘယ်လိုဖြစ်နိုင်သလဲ''

''ကုမ္ပဏီဆိုတာ စုပေါင်းပါဝင် တာဖြစ်တဲ့အတွက် အစုရှယ်ယာဝင် တွေရဲ့ သဘောတူညီချက်မရှိရင် တော့ အရောင်းအဝယ်မလုပ်တာ အကောင်းဆုံးပါပဲ''

''ကုမ္ပဏီပိုင် မြေကွက်ကပိုပြီး ရှုပ်ထွေးနေသလား ဆရာ''

''ဒီလိုလည်း မဟုတ်ပါဘူး။ ကုမ္ပဏီထူထောင်ပြီးစီးပွားရေး လုပ် ကိုင်သူတွေဟာ များသောအားဖြင့် မိသားစုကုမ္ပဏီဖွဲ့ကြတာများပါ တယ်။ ကုမ္ပဏီအဖွဲ့ဝင် ဒါရိုက်တာ တွေဟာ သားသမီးတွေ၊ မိဘတွေဖြစ် တတ်ပါတယ်။ ဒီလိုကုမ္ပဏီပိုင် မြေ ကွက်၊ ပစ္စည်းတွေဆိုရင်တော့ အငြင်း ပွားစရာသိပ်မရှိပါဘူး''

''မိသားစုအတွင်း သဘောတူညီ ချက်ရဖို့ပဲ လိုတာပေါ့နော်''

''မှန်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးချင်း ပိုင်ဖြစ်ဖြစ်၊ ကုမ္ပဏီပိုင်မြေကွက် ဖြစ် ဖြစ်၊ ဥပဒေနဲ့အညီ ပိုင်ဆိုင်ခွင့်ရှိသူ ဖြစ်ဖို့လိုပါတယ်။ ဒါမှရောင်းပိုင်ခွင့်ရှိ ပြီး တရားဝင်မှတ်ပုံတင် အရောင်း အဝယ်စာချုပ် ချုပ်ဆိုနိုင်မှာဖြစ်ပါတယ်'' ဟု အကြံပြုဆွေး နွေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

ကုမၸဏီပိုင္ ေျမႏွင့္အိမ္ ကို၀ယ္မည္ဆုိလွ်င္

''ကုမၸဏီအမည္ေပါက္ ေျမကြက္ဝယ္မယ္စိတ္ကူးလုိ႔ ဆရာ။ ဘယ္လုိေဆာင္ရြက္ရမယ္ဆုိတာ သိခ်င္ပါတယ္''ဟု မိတ္ေဆြတစ္ဦးက စာေရးသူထံ ေရာက္လာၿပီး ေဆြးေႏြး ပါသည္။

''ေျမကြက္ဆုိေတာ့ အေဆာက္အအုံမပါဘူးေပါ့''

''အေဆာက္အအုံသေဘာမ်ဳိး ေတာ့ပါတယ္။ ဒါေပမယ့္ လူေန အ ေဆာက္အအုံ မဟုတ္ဘူးဆရာ။ ဂို ေဒါင္လုိ အခန္းက်ယ္ဖဲြ႔ထားတာ''

''ကုမၸဏီအမည္ေပါက္ဆုိေတာ့ ေျမအမ်ဳိးအစားက ဘာလဲ သိပါသလား''

''ဘုိးဘြားပိုင္ေျမ ဆရာ''

''ဒါဆုိရင္ ခဲြစိတ္ထားတဲ့ေျမျဖစ္ မွာေပါ့''

''ဟုတ္ကဲ့၊ ေျမပုံမွာေတာ့ ေပ ၆ဝ ပတ္လည္လုိ႔ ေဖာ္ျပထားပါတယ္''

''ေျမကြက္ခဲြၿပီး အမည္ေပါက္ဆုိ ေတာ့ အေရာင္းအဝယ္ မခက္ခဲပါ ဘူး''

''ကုမၸဏီရဲ႕ ရွယ္ယာအမ်ားဆုံး ကေတာ့ ေရာင္းမယ္ဆုိတဲ့ သူပဲ ဆရာ''

''ေျမအမည္ေပါက္က ကုမၸဏီ ျဖစ္ေနတဲ့အတြက္ ကုမၸဏီပုိင္ေျမ အျဖစ္ ရပ္တည္ၿပီးျဖစ္ေနတယ္''

''ဒါဆုိရင္ ကုမၸဏီအမည္နဲ႔ပဲ အ ေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆုိရမွာေပါ့''

''မွန္ပါတယ္။ ေရာင္းသူသည္ ကုမၸဏီျဖစ္ရပါမယ္။ ရွယ္ယာပုိင္ရွင္ အမ်ားဆုံးျဖစ္လုိ႔ မိမိတစ္ဦးတည္း သေဘာနဲ႔ ေရာင္းပုိင္ခြင့္မရွိပါဘူး''

''အခု ဒါ႐ုိက္တာအဖြဲ႔ဝင္ေတြ မွာ ေျမဝယ္စဥ္က ဒါ႐ုိက္တာေတြ မဟုတ္ေတာ့ဘူး ဆရာ။ အေျပာင္းအ လဲေတြ ျဖစ္ကုန္ၿပီ''

''ဒါကေတာ့ က်မ္းက်ိန္လႊာနဲ႔ တကြ ဒါ႐ုိက္တာစာရင္းကိုတင္ျပရ မွာေပါ့''

''ဒါ႐ုိက္တာ အစည္းအေဝးမွတ္ တမ္းတင္ျပရမွာေပၚေနာ္''

''မွန္ပါတယ္။ စာရြက္စာတမ္း ျပည့္ျပည့္စုံစုံတင္ျပဖုိ႔ေတာ့ လုိမယ္။ ကုမၸဏီအမည္နဲ႔ ဝယ္စဥ္က ကုမၸဏီ ကုိယ္စား ဘယ္သူက လက္မွတ္ေရး ထုိးပါသလဲ''

''ကုမၸဏီမွာ အတြင္းေရးမွဴး အျဖစ္ တာဝန္ယူတဲ့ ဒါ႐ုိက္တာ အဖြဲ႔ ဝင္တစ္ဦးက လက္မွတ္ေရးထုိးထား ပါတယ္''

''အခုလည္း ကုမၸဏီမွာအတြင္း ေရးမွဴးအျဖစ္ တာဝန္ယူဆဲလား''

''သူက ထြက္သြားၿပီဆရာ၊ ဒါ ေၾကာင့္ လက္မွတ္ေရးထုိးဖုိ႔လည္း ခက္ခဲေနလုိ႔ ဆရာ''

''စာရြက္စာတမ္းျပည့္စုံဖုိ႔ေတာ့ လုိပါမယ္။ ပထမဦးဆုံးကုမၸဏီမွတ္ပုံ တင္ လက္မွတ္တင္ျပရမယ္။ အဲဒီ မွာ ဒါ႐ုိက္တာအဖြဲ႔အမည္စာရင္းပါ မယ္။ အေျပာင္းအလဲရွိခဲ့ရင္လည္း ကုမၸဏီဒါ႐ုိက္တာ အဖဲြ႔ရဲ႕ အစည္းအ ေဝး မွတ္တမ္းဆုံးျဖတ္ခ်က္၊ အခု အေရာင္းအဝယ္လုပ္ရာမွာ ကုမၸဏီ ကုိယ္စား မည္သူ႔ကုိ ခန္႔ထားေၾကာင္း ဒါ႐ုိက္တာအဖြဲ႔ရဲ႕ ဆုံးျဖတ္ခ်က္၊ ကုမၸဏီပုိင္ေျမကြက္ကို ကုမၸဏီ ဒါ႐ုိက္တာအဖြဲ႔အပါအဝင္ ရွယ္ယာ ရွင္တုိ႔က ေရာင္းခ်ရန္ သေဘာတူ ေၾကာင္း ဆုံးျဖတ္ခ်က္စတဲ့ စာရြက္စာတမ္းေတြ ျပည့္စုံေအာင္ေဆာင္ရြက္ထား ဖုိ႔ လုိပါတယ္''

''အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ ရင္အဲဒီစာရြက္စာတမ္းေတြ တင္ျပရမွာေပါ့ေနာ္''

''မွန္ပါတယ္။ ေရာင္းခ်ရန္ ေျမပုံေျမရာဇဝင္ကူးယူဖုိ႔ ေလွ်ာက္ ထားရာမွာကစၿပီး အေစာကေျပာတဲ့ အေထာက္အထားဆက္စပ္စာရြက္ စာတမ္းေတြ လုိအပ္မွာျဖစ္ပါတယ္''

''ေျမအေရာင္းစာခ်ဳပ္ခ်ဳပ္တဲ့ အခါမွာ မူလဝယ္စဥ္က ကုမၸဏီ ကုိယ္စားလက္မွတ္ေရးထုိးသူမဟုတ္ ဘဲ အျခားတစ္ေယာက္က ကုမၸဏီ ကုိယ္စား လက္မွတ္ေရးထုိးရင္ တရားဝင္တယ္ေပါ့''

''ေျမကြက္ဝယ္စဥ္က ကုမၸဏီ ကုိယ္စား လက္မွတ္ေရးထုိးသူက ေျပာင္းေရႊ႕သြားေၾကာင္း၊ ဒါမွမဟုတ္ ကုမၸဏီ ဒါ႐ုိက္တာမွ ႏုတ္ထြက္ ေၾကာင္း အေထာက္အထား တင္ျပၿပီး အျခားသူကို ကုမၸဏီကုိယ္စား ခန္႔ အပ္ေၾကာင္း ဒါ႐ုိက္တာအဖြဲ႔ရဲ႕ အစည္းအေဝးဆုံးျဖတ္ခ်က္ တင္ျပ ေဆာင္ရြက္ႏုိင္ပါတယ္''

''ေျမကြက္ဝယ္စဥ္က အခု ေရာင္းမယ္ေျပာတဲ့သူရဲ႕ တစ္ဦးတည္း ပုိင္ေငြေၾကးနဲ႔ ဝယ္ထားတယ္ဆုိေတာ့ သူပုိင္ေျမကြက္ မျဖစ္ႏုိင္ဘူးလား။ သူ တစ္ဦးတည္း အေရာင္းစာခ်ဳပ္ ခ်ဳပ္ လုိ႔ မရဘူးလား''

''တစ္ဦးတည္းပုိင္ ေငြေၾကးနဲ႔ ဝယ္ထားတဲ့ ေျမကြက္ျဖစ္သည့္တုိင္ ကုမၸဏီအမည္နဲ႔ဝယ္ၿပီး အမည္ေပါက္ ျဖစ္ေနမွ ကုမၸဏီအမည္နဲ႔ပဲ အေရာင္း စာခ်ဳပ္ကုိ ခ်ဳပ္ဆုိရပါမယ္''

''ဒါဆုိရင္ ကုမၸဏီရွယ္ယာရွင္ အပါအဝင္ ဒါ႐ုိက္တာအဖြဲ႔ဝင္အား လုံးက ေျမကြက္ကို ေရာင္းခ်လုိေၾကာင္း သေဘာတူညီခ်က္ရွိမရွိ ေမးျမန္းစုံ စမ္းမွ ျဖစ္မယ္ေပါ့''

''ဟုတ္ပါတယ္။ သက္ဆုိင္သူ အားလုံးက သေဘာတူမွ တရားဝင္ အေရာင္းအဝယ္ျပဳလုပ္ေဆာင္ရြက္ ႏုိင္မွာ ျဖစ္တယ္''

''အခ်ဳိ႕ကေျပာေတာ့ ကုမၸဏီ သက္တမ္းလည္း အေရးႀကီးတယ္လုိ႔ ေျပာတယ္။ အဲဒါက ဘယ္လုိကိစၥပါ လဲ''

''ျမန္မာႏုိင္ငံ ကုမၸဏီမ်ားဥပေဒအရ ကုမၸဏီမွတ္ပုံတင္႐ုံးမွာ မွတ္ပုံတင္ရမွာျဖစ္ပါတယ္။ ကုမၸဏီမွတ္ပုံ တင္လက္မွတ္ကို သက္ဆုိင္ရာက ထုတ္ေပးမွာျဖစ္ၿပီး သက္တမ္းကုန္ဆုံး ပါက သက္တမ္းတုိးေလွ်ာက္ထားရ မွာ ျဖစ္ပါတယ္။ သက္ဆုိင္ရာ အစုိးရ ႐ုံးအပါအဝင္ တရား႐ုံးတုိ႔မွာ တင္ျပဖုိ႔ လုိအပ္ရင္ သက္တမ္းေက်ာ္လြန္သြား တဲ့ ကုမၸဏီမ်ားအေနနဲ႔ လုပ္ငန္း ေဆာင္ရြက္လုိ႔ရမွာ မဟုတ္ပါဘူး''

''ဒါဆုိရင္ အခုလုိ အိမ္ေျမ အေရာင္းအဝယ္ကိစၥမွာလည္း ကုမၸဏီ က မွတ္ပုံတင္ သက္တမ္းမကုန္ေသးတဲ့ ကုမၸဏီျဖစ္ဖုိ႔လုိတာေပါ့ေနာ္ ဆရာ''

''ဟုတ္ပါတယ္။ ဒါလည္း အ ေရးႀကီးတဲ့ အခ်က္တစ္ခ်က္ျဖစ္ပါ တယ္။ အမႈအခင္းျဖစ္ေနတဲ့ ကုမၸဏီ ဟုတ္မဟုတ္လည္း စုံစမ္းဖုိ႔လုိပါ တယ္။ တစ္ခါတစ္ရံမွာ စာရင္းဖ်က္ သိမ္းဖုိ႔ တရား႐ုံးမွာ ေလွ်ာက္ထားေန ဆဲကိစၥရပ္ေတြရွိတတ္တယ္''

''ဟုတ္ကဲ့၊ ကြၽန္ေတာ္လည္း ၾကားဖူးတယ္ ဆရာ။ တခ်ဳိ႕ ေၾကြးၿမီ ကိစၥေတြနဲ႔ ဝရမ္းကပ္ထားတဲ့ ပစၥည္း ျဖစ္ေနတာမ်ဳိးလည္း ရွိတတ္တယ္ ေျပာတယ္''

''အေကာင္းဆုံးကေတာ့ လြယ္ လြယ္ကူကူေငြမေခ်ဖုိ႔ပါပဲ။ သက္ဆိုင္ ရာ သတင္းစာထဲကေန ကန႔္ကြက္ႏုိင္ ေၾကာင္း ေၾကညာမယ္။ ကန္႔ကြက္ သူေပၚလာရင္ ညိႇႏႈိင္းေဆာင္ရြက္ မယ္၊ စရန္ေငြေပးရင္ တာဝန္ပုိင္းကို ေသခ်ာစြာ ကတိစာခ်ဳပ္ ခ်ဳပ္ဆုိဖုိ႔လုိ အပ္ပါတယ္''

''တကယ္လုိ႔ ဒါ႐ုိက္တာအဖြဲ႔ဝင္ တစ္ဦးဦးက သေဘာမတူဘူးဆုိရင္ ဘယ္လုိျဖစ္ႏုိင္သလဲ''

''ကုမၸဏီဆုိတာ စုေပါင္းပါဝင္ တာျဖစ္တဲ့အတြက္ အစုရွယ္ယာဝင္ ေတြရဲ႕ သေဘာတူညီခ်က္မရွိရင္ ေတာ့ အေရာင္းအဝယ္မလုပ္တာ အေကာင္းဆုံးပါပဲ''

''ကုမၸဏီပိုင္ ေျမကြက္ကပိုၿပီး ႐ႈပ္ေထြးေနသလား ဆရာ''

''ဒီလုိလည္း မဟုတ္ပါဘူး။ ကုမၸဏီထူေထာင္ၿပီးစီးပြားေရး လုပ္ ကုိင္သူေတြဟာ မ်ားေသာအားျဖင့္ မိသားစုကုမၸဏီဖြဲ႔ၾကတာမ်ားပါ တယ္။ ကုမၸဏီအဖြဲ႔ဝင္ ဒါ႐ုိက္တာ ေတြဟာ သားသမီးေတြ၊ မိဘေတြျဖစ္ တတ္ပါတယ္။ ဒီလုိကုမၸဏီပုိင္ ေျမ ကြက္၊ ပစၥည္းေတြဆုိရင္ေတာ့ အျငင္း ပြားစရာသိပ္မရွိပါဘူး''

''မိသားစုအတြင္း သေဘာတူညီ ခ်က္ရဖုိ႔ပဲ လုိတာေပါ့ေနာ္''

''မွန္ပါတယ္။ ပုဂၢိဳလ္တစ္ဦးခ်င္း ပုိင္ျဖစ္ျဖစ္၊ ကုမၸဏီပုိင္ေျမကြက္ ျဖစ္ ျဖစ္၊ ဥပေဒနဲ႔အညီ ပိုင္ဆုိင္ခြင့္ရွိသူ ျဖစ္ဖုိ႔လုိပါတယ္။ ဒါမွေရာင္းပုိင္ခြင့္ရွိ ၿပီး တရားဝင္မွတ္ပုံတင္ အေရာင္း အဝယ္စာခ်ဳပ္ ခ်ဳပ္ဆုိႏုိင္မွာျဖစ္ပါတယ္'' ဟု အႀကံျပဳေဆြး ေႏြးလုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service