''တိုက်ခန်းပွဲစားက မရိုးသား'' ''ဝယ်တဲ့သူမှာ သောကများ''

''တိုက်ခန်းပွဲစားက မရိုးသား'' ''ဝယ်တဲ့သူမှာ သောကများ'' - Property Knowledge in Myanmar from iMyanmarHouse.com
22 Jul 2020 1:10 pm တွင် တင်ခဲ့သည်
1524 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ညစာသုံးဆောင်ပြီးလို့ ည (၈)နာရီ သတင်းကို TV ရှေ့မှာ နားထောင်နေစဉ်မှာ မမြင်ဖူးသော ဖုန်းနံပါတ်တစ်ခု ဆက်သွယ်လာမှုကြောင့် အရေးကြီးသော ဖုန်းဖြစ်ရမယ်လို့ တွေးမိပြီး ဖုန်းဖွင့်ကာ နားထောင်ကြည့်လိုက်ပါတယ်။

'' ဆရာကောင်းဖေ ဟုတ်ပါသလား ခင်ဗျာ'' လို့ မေးလာပါတယ်။ ဟုတ်ပါတယ်လို့ ပြောလိုက်တာနဲ့ ကျွန်တော်နာမည် ''အေးဇော်'' ပါ၊ ဆရာနဲ့ Facebook မှာ Friend ဖြစ်နေတာကြာပါပြီ ''ဆရာရဲ့ စာဖတ်ပရိသတ်တစ်ဦးပါ'' လို့ မိတ်ဆက်လာပါတယ်။

''ဟုတ်ကဲ့ ဒါဆိုရင် မိတ်ဆွေရင်းတွေဘဲ'' ဘာကူညီပေးရမလဲ ပြောပါ'' လို့ နှုတ်ခွန်းဆက်စကားပြောလိုက်တာနဲ့ ဆရာအနားယူချိန်မှာ နှောက်ယှက်သလိုဖြစ်ရင်လည်း ခွင့်လွတ်ပါ။ အရေးတကြီး ဖုန်းဆက်ရတဲ့ အကြောင်းအရင်းကတော့ ''ကျွန်တော့ရဲ့အကိုကြီးက သာကေတမြို့နယ် ထူပါရုံလမ်းမပေါ်မှာရှိတဲ့ (၃)လွှာတိုက်ခနး် တစ်ခန်းကို သိန်း (၃၀၀)နဲ့ ဝယ်ဖို့အတွက် စရံငွေ သိန်း (၅၀) ပေးထားပြီးပါပြီ။ ကျန်ငွေ သိန်း (၂၅၀)ကို မနက်ဖြန်မနက် (၁၀)နာရီမှာ အပြီးငွေချေဖို့အထွက် သူနဲ့ပွဲစားတွေကိုလည်း ဖုန်းဆက်အကြောင်းကြားထားပါတယ်။

''ခက်တာက အပြီးစာချုပ်တဲ့နေ့မှာ စာချုပ်စာတမ်း မှန်မမှန်စစ်ဆေးပေးဖို့ရယ်၊ အပြီးအပိုင်တိုက်ခန်း အရောင်းအဝယ် စာချုပ်မှာ ဘယ်လိုအချက်အလက်တွေ ပါရမယ်ဆိုတာ မသိဘူးလို့ အစ်ကိုကြီးက ကျွန်တော့ကို ပြောပါတယ်။ ဒီတော့ ချက်ခြင်းဘဲ ''ဦးကောင်းဖေ'' ကို သတိရပြီး စာချုပ်ပေးဖို့ ဖုန်းဆက်လိုက်ရတာပါလို့ ရှင်းပြပါတယ်။

''ကိုအေးဇော်'' ရေ မနက်ဖြန်ကစပြီး စာချုပ်ပေးလို့ ရပါတယ်။ ဒီတော့ မနက်ဖြန် (၁၀)နာရီလောက်မှာ စာချုပ်လို့ရအောင် ကျွန်တော့ထံကို Viber ကတစ်ဆင့် စရံပေးစဉ်က ယူထားတဲ့ စာချုပ်စာတမ်းတွေအားလုံး အရင်ပို့ပေးလိုက်ပါဦး၊ ဒါမှ ရှေ့နေက ကြိုတင်ပြင်ဆင်ချိန် ရတာပေါ့။

''ကျေးဇူးတင်လိုက်တာ ဆရာရယ် စာချုပ်စာတမ်းတွေကို အစ်ကိုကြီးက ကျွန်တော်ထံ Viber ကနေ ပို့ပေးမယ်၊ ပြီးမှ ဆရာ့ထံကို Viber က တစ်ဆင့် ပြန်ပို့လိုက်ပါမယ်ဟု အားရဝမ်းသာပြောပြီး ဖုန်းချသွားပါတယ်''။ (၁၅)မိနစ်ခန့် အကြာမှာတော့ ကျွန်ုပ်ထံသို့ တိုက်ခန်း အရောင်းအဝယ် စရံစာချုပ်ပေးစာချုပ်နဲ့အတူ ဆက်စပ်စာရွက်စာတမ်းတွေ ရောက်လာပါတယ်။ ဆက်စပ် စာရွက်စာတမ်းတွေကို အသေအချာကြည့်လိုက်တဲ့အခါ မြေအမည်ပေါက်သူရဲ့ နှစ်(၆၀)ဂရန်မိတ္တူ မြေရှင်နဲ့ ကန်ထရိုက် အခန်းပေး အခန်းယူ ချုပ်ဆိုထားတဲ့စာချုပ်၊ အဆောက်အဦးဆောက်လုပ်ပြီးစီးကြောင်း လူနေထိုင်ခွင့်လက်မှတ်၊ မြေရှင်ထံကတစ်ဆင့် ဝယ်ယူထားသူရဲ့ အရောင်းအဝယ် စာချုပ်တွေကို တွေ့ရပါတယ်။

''ဒါဆိုရင်တော့ အတော်ပြည့်စုံတာဘဲ'' လို့ စိတ်ထဲမှာ တွေးမိပြီး ညတွင်းချင်းဘဲ တိုက်ခန်း အပြီးအပိုင်စာချုပ်ကို ပြင်ဆင်လိုက်ပါတယ်။ မနက်မိုးလင်းတာနဲ့ ကွန်ပျူတာဆိုင်မှာ အကြမ်းထုတ် အချောပြင်ဆင်ပြီး စာချုပ် အဆင်သင့်လုပ်ကာ နံနက် (၁၀)နာရီမှာ ချိန်းထားတဲ့ ထူပါရုံလမ်းကို Taxi နဲ့ အမြန်သွားခဲ့ရပါတယ်။ စာရေးသူရောက်သွားတဲ့အချိန်မှာ ''ကိုအေးဇော်''က လမ်းထိပ်ကက အဆင်သင့် စောင့်နေပါတယ်။

သာကေတ၊ ထူပါရုံလမ်းမပေါ်မှာ တိုက်ခန်းဝယ်ဖြစ်တဲ့ အကြောင်းတရား

ဒါပေမဲ့ အစ်ကိုကြီး ရောက်မလာသေးလို့ ''ကိုအေးဇော်'' တိုက်ခန်းမှာ ဝင်နားရသေးတယ်။ အစ်ကိုကြီးက မင်္ဂလာဒုံမှာ နေတယ်လို့ ပြောပါတယ်။ အရာခံ ဗိုလ်အဆင့်နဲ့ ပင်စင်ယူမှာပါ။ ပင်စင်ယူပြီးရင် မိဘ ညီအစ်ကိုတွေနဲ့ နီးတဲ့နေရာမှာ နေချင်တာနဲ့ အခုလို ဒီတိုက်ခန်းကို ဝယ်ဖြစ်တာလို့ ''ကိုအေးဇော်'' က ရှင်းပြပါတယ်။

အရေးထဲ မိုးကလဲ သဲသဲမဲမဲရွာနေလို့ အချိန်နောက်ကျသွားတာလည်း ပါတာပေါ့လေ။ အဲဒါကိုဘဲ အချိန်နောက်ကျရမလားဆိုပြီး ပွဲစားအမျိုးသမီးတစ်ဦးက နောက်တစ်ပွဲလွတ်တော့မယ်၊ ရောင်းသူက ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြနေရတယ် စသဖြင့် ဗျစ်တောက် ဗျစ်တောက် ပြောပြီး ဖုန်းဆက်နေတာကို ကြားနေရပါတယ်။

မကြာခင်မှာ အစ်ကိုကြီးမိသားစု ဝယ်မယ့်တိုက်ခန်းကို ရောက်နေပြီလို့ ဖုန်းဆက်တာနဲ့ ကိုအေးဇော်နဲ့အတူ စာရေးသူတို့လည်း ရောင်းမယ့်တိုက်ခန်းဆီ အရောက်သွားကြပါတယ်။ ဟိုရောက်တော့ မြေညီထပ်မှာရှိတဲ့ မြေရှင်အိမ်မှာဘဲ စာချုပ်ချုပ်ဖြစ်ကြပါတယ်။ စာရေးသူ စားပွဲမှာ ထိုင်လိုက်တာနဲ့ ပိုင်ဆိုင်မှု စာချုပ်စာတမ်းတွေကို ပွဲစား အမျိုးသမီးတစ်ဦးက ''မူရင်း'' တွေ လာပြပါတယ်။ စစ်ဆေးကြည့်တဲ့အခါ ညက ကိုအေးဇော် Viber မှာ ပို့ထားတဲ့ စာချုပ်အဆက်စပ်တွေအားလုံး ပြည့်စုံတာမို့ OK ဒါဆို ပြည့်စုံတယ်။ ဝယ်လို့ရတယ်ဆိုပြီး ကျွန်ုပ်ထံ ယူလာတဲ့ တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ်ပေါ်မှာ လက်မှတ်ထိုးကြဖို့ ခေါ်လိုက်ပါတယ်။

ဒီတော့ ပွဲစားအမျိုးသမီးက ''ကျွန်မလက်မှတ်အရင်ထိုးနှင့်မယ်ဆိုပြီး စာချုပ်မှာ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးပါတယ်။ သက်သေထိုးပြီးတော့ ရောင်းသူအမျိုးသမီးလက်မှတ်ထိုးပါလို့ ပြောတဲ့အခါ ရောင်းသူက နေမကောင်းလို့ ဆေးခန်းပြနေပါတယ်။ ကျွန်မကိုယ်တိုင် ယူလာတဲ့ တိုက်ခန်း အရောင်းအဝယ်စာချုပ်ပေါ်မှာ ရောင်းသူက တစ်ခြမ်းထိုးထားပြီးဖြစ်လို့ အဲ့ဒီစာချုပ်ပေါ်မှာ ဝယ်သူက လက်မှတ်ထိုးယူလိုက်ရင်လည်း ရတာဘဲ'' ဟု ဆိုကာ ဝယ်သူကို အတင်းလက်မှတ်ထိုးခိုင်း ပါတယ်။

ဒီတော့ ကျွန်ုပ်လည်း မနေနိုင်တော့ဘဲ ''ဒီလို ရောင်းသူမမြင်ရဘဲနဲ့က ဘယ်လိုလုပ်ပြီး ဝယ်ရဲမှာလဲ။ ပိုင်ရှင်ခေါ်ပေးပါ။ ပိုင်ရှင်ခေါ် လက်မှတ်ထိုးမှ ကျန်ငွေ ချေနိုင်မယ်'' လို့ ပြောလိုက်တဲ့အခါ ''အစ်ကိုတို့ကလည်း ဒီလိုရှေ့နေတွေ ဘာတွေ ခေါ်လာစရာမလိုပါဘူး၊ အဆင်သင့် ဝယ်လာတဲ့ စာချုပ်ပေါ်မှာ လက်မှတ်ထိုးလိုက်ရင် ရပါတယ်ပြောထားရက်နဲ့ အခုတော့ နောက်တစ်ပွဲအတွက် အချိန်တွေ နောက်ကျကုန်ပြီ'' ဟု နှုတ်မှ ခရားရေလွှတ်တတွတ်တွတ်ပြောကာ စိတ်မရှည်တဲ့ ဟန်အမူအရာနဲ့ ရောင်းသူကို ဖုန်းဆက်ခေါ်လိုက်ရာ ခဏအကြာမှာ ရောက်လာတာကို တွေ့ရပါတယ်။ နေမကောင်းတဲ့ပုံတော့ မပေါ်ပါဘူး။ အဲ့ဒီတော့မှ ရောင်းသူရဲ့ မှတ်ပုံတင်နဲ့ လူကိုတိုက်စစ်ပြီး လက်မှတ်ထိုး လက်ဗွေနှိပ်ခိုင်း လိုက်ရပါတယ်။ ရောင်းသူ အမှန် ဟုတ်မဟုတ် မြေရှင်ကို မေးကြည့်တဲ့အခါ ဟုတ်မှန်ကြောင်း သိရတဲ့အတွက် ဝယ်သူတွေလည်း စိတ်အေးသွားပါတော့တယ်။ စာချုပ်ချုပ်ပြီးတဲ့နောက် ဘဏ်မှာ လိုက်၍ ငွေပေးချေပြီးနောက်မှ သိရတဲ့အချက်ကတော့ ရောင်းသူတိုက်ခန်း ပိုင်ရှင်က ငွေကြေးအခက်အခဲ ရှိတာနဲ့ ယခုပွဲစားထံမှာ ပြန်ပေါင်တော့တာလို့ သိရပါတယ်။ ''ဒါကြောင့် စာချုပ်မူရင်းတွေ ပွဲစားက ထုတ်ပြောတာကိုး''

အဲဒီ ပွဲစား ''မရိုးသားမသား'' လုပ်နေတာကတော့ ရောင်းဈေးနည်းသွားလို့တဲ့လေ။ နောက်ဝယ်သူက သိန်း (၃၅၀) လာပေးတယ်။ ဒါကြောင့် ပွဲဖျက်ချင်တယ်၊ ဝယ်သူစိတ်ပျက်သွားရင် ဝယ်သူပေးတဲ့ စရံငွေ သိန်း (၅၀) ပြန်ပေးလိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ''အကွက်ဆင်'' လုပ်နေတာလို့ သိရပါတယ်။ သူခများ သိန်း (၅၀)လည်း ပိုရချင်တယ်။ တကယ်လို့ ရောင်းသူပျက်ကွက်ရင် စရံငွေ (၂)ဆ သိန်း (၁၅၀) ပြန်ပေးရမယ်ဆိုရင်လည်း မကိုက်ပြန်ဘူး။ ဒါကြောင့် အခုလို အကွက်ဆင်တာဖြစ်ကြောင်း ကောင်းကောင်းကြီး သိလိုက်ရပါတော့တယ်။

''အော် တိုက်ခန်းအရောင်းအဝယ်လောက မှတ်သားလောက်ပါတယ်ဗျ''

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက်  ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

''တိုက္ခန္းပြဲစားက မ႐ိုးသား'' ''ဝယ္တဲ့သူမွာ ေသာကမ်ား''

ညစာသံုးေဆာင္ၿပီးလို႔ ည (၈)နာရီ သတင္းကို TV ေရွ႕မွာ နားေထာင္ေနစဥ္မွာ မျမင္ဖူးေသာ ဖုန္းနံပါတ္တစ္ခု ဆက္သြယ္လာမႈေၾကာင့္ အေရးႀကီးေသာ ဖုန္းျဖစ္ရမယ္လို႔ ေတြးမိၿပီး ဖုန္းဖြင့္ကာ နားေထာင္ၾကည့္လိုက္ပါတယ္။

'' ဆရာေကာင္းေဖ ဟုတ္ပါသလား ခင္ဗ်ာ'' လို႔ ေမးလာပါတယ္။ ဟုတ္ပါတယ္လို႔ ေျပာလိုက္တာနဲ႔ ကၽြန္ေတာ္နာမည္ ''ေအးေဇာ္'' ပါ၊ ဆရာနဲ႔ Facebook မွာ Friend ျဖစ္ေနတာၾကာပါၿပီ ''ဆရာရဲ႕ စာဖတ္ပရိသတ္တစ္ဦးပါ'' လို႔ မိတ္ဆက္လာပါတယ္။

''ဟုတ္ကဲ့ ဒါဆိုရင္ မိတ္ေဆြရင္းေတြဘဲ'' ဘာကူညီေပးရမလဲ ေျပာပါ'' လို႔ ႏႈတ္ခြန္းဆက္စကားေျပာလိုက္တာနဲ႔ ဆရာအနားယူခ်ိန္မွာ ေႏွာက္ယွက္သလိုျဖစ္ရင္လည္း ခြင့္လြတ္ပါ။ အေရးတႀကီး ဖုန္းဆက္ရတဲ့ အေၾကာင္းအရင္းကေတာ့ ''ကၽြန္ေတာ့ရဲ႕အကိုႀကီးက သာေကတၿမိဳ႕နယ္ ထူပါ႐ံုလမ္းမေပၚမွာရွိတဲ့ (၃)လႊာတုိက္ခနး္ တစ္ခန္းကို သိန္း (၃၀၀)နဲ႔ ဝယ္ဖုိ႔အတြက္ စရံေငြ သိန္း (၅၀) ေပးထားၿပီးပါၿပီ။ က်န္ေငြ သိန္း (၂၅၀)ကို မနက္ျဖန္မနက္ (၁၀)နာရီမွာ အၿပီးေငြေခ်ဖုိ႔အထြက္ သူနဲ႔ပြဲစားေတြကိုလည္း ဖုန္းဆက္အေၾကာင္းၾကားထားပါတယ္။

''ခက္တာက အၿပီးစာခ်ဳပ္တဲ့ေန႔မွာ စာခ်ဳပ္စာတမ္း မွန္မမွန္စစ္ေဆးေပးဖုိ႔ရယ္၊ အၿပီးအပိုင္တိုက္ခန္း အေရာင္းအဝယ္ စာခ်ဳပ္မွာ ဘယ္လိုအခ်က္အလက္ေတြ ပါရမယ္ဆိုတာ မသိဘူးလို႔ အစ္ကိုႀကီးက ကၽြန္ေတာ့ကို ေျပာပါတယ္။ ဒီေတာ့ ခ်က္ျခင္းဘဲ ''ဦးေကာင္းေဖ'' ကို သတိရၿပီး စာခ်ဳပ္ေပးဖုိ႔ ဖုန္းဆက္လိုက္ရတာပါလို႔ ရွင္းျပပါတယ္။

''ကိုေအးေဇာ္'' ေရ မနက္ျဖန္ကစၿပီး စာခ်ဳပ္ေပးလို႔ ရပါတယ္။ ဒီေတာ့ မနက္ျဖန္ (၁၀)နာရီေလာက္မွာ စာခ်ဳပ္လို႔ရေအာင္ ကၽြန္ေတာ့ထံကို Viber ကတစ္ဆင့္ စရံေပးစဥ္က ယူထားတဲ့ စာခ်ဳပ္စာတမ္းေတြအားလံုး အရင္ပို႔ေပးလိုက္ပါဦး၊ ဒါမွ ေရွ႕ေနက ႀကိဳတင္ျပင္ဆင္ခ်ိန္ ရတာေပါ့။

''ေက်းဇူးတင္လိုက္တာ ဆရာရယ္ စာခ်ဳပ္စာတမ္းေတြကို အစ္ကိုႀကီးက ကၽြန္ေတာ္ထံ Viber ကေန ပို႔ေပးမယ္၊ ၿပီးမွ ဆရာ့ထံကို Viber က တစ္ဆင့္ ျပန္ပို႔လိုက္ပါမယ္ဟု အားရဝမ္းသာေျပာၿပီး ဖုန္းခ်သြားပါတယ္''။ (၁၅)မိနစ္ခန္႔ အၾကာမွာေတာ့ ကၽြႏု္ပ္ထံသို႔ တိုက္ခန္း အေရာင္းအဝယ္ စရံစာခ်ဳပ္ေပးစာခ်ဳပ္နဲ႔အတူ ဆက္စပ္စာရြက္စာတမ္းေတြ ေရာက္လာပါတယ္။ ဆက္စပ္ စာရြက္စာတမ္းေတြကို အေသအခ်ာၾကည့္လိုက္တဲ့အခါ ေျမအမည္ေပါက္သူရဲ႕ ႏွစ္(၆၀)ဂရန္မိတၱဴ ေျမရွင္နဲ႔ ကန္ထ႐ိုက္ အခန္းေပး အခန္းယူ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္၊ အေဆာက္အဦးေဆာက္လုပ္ၿပီးစီးေၾကာင္း လူေနထိုင္ခြင့္လက္မွတ္၊ ေျမရွင္ထံကတစ္ဆင့္ ဝယ္ယူထားသူရဲ႕ အေရာင္းအဝယ္ စာခ်ဳပ္ေတြကို ေတြ႕ရပါတယ္။

''ဒါဆိုရင္ေတာ့ အေတာ္ျပည့္စံုတာဘဲ'' လို႔ စိတ္ထဲမွာ ေတြးမိၿပီး ညတြင္းခ်င္းဘဲ တိုက္ခန္း အၿပီးအပိုင္စာခ်ဳပ္ကို ျပင္ဆင္လိုက္ပါတယ္။ မနက္မိုးလင္းတာနဲ႔ ကြန္ပ်ဴတာဆိုင္မွာ အၾကမ္းထုတ္ အေခ်ာျပင္ဆင္ၿပီး စာခ်ဳပ္ အဆင္သင့္လုပ္ကာ နံနက္ (၁၀)နာရီမွာ ခ်ိန္းထားတဲ့ ထူပါ႐ံုလမ္းကို Taxi နဲ႔ အျမန္သြားခဲ့ရပါတယ္။ စာေရးသူေရာက္သြားတဲ့အခ်ိန္မွာ ''ကိုေအးေဇာ္''က လမ္းထိပ္ကက အဆင္သင့္ ေစာင့္ေနပါတယ္။

သာေကတ၊ ထူပါ႐ံုလမ္းမေပၚမွာ တုိက္ခန္းဝယ္ျဖစ္တဲ့ အေၾကာင္းတရား

ဒါေပမဲ့ အစ္ကိုႀကီး ေရာက္မလာေသးလို႔ ''ကိုေအးေဇာ္'' တိုက္ခန္းမွာ ဝင္နားရေသးတယ္။ အစ္ကိုႀကီးက မဂၤလာဒံုမွာ ေနတယ္လို႔ ေျပာပါတယ္။ အရာခံ ဗိုလ္အဆင့္နဲ႔ ပင္စင္ယူမွာပါ။ ပင္စင္ယူၿပီးရင္ မိဘ ညီအစ္ကိုေတြနဲ႔ နီးတဲ့ေနရာမွာ ေနခ်င္တာနဲ႔ အခုလို ဒီတုိက္ခန္းကို ဝယ္ျဖစ္တာလို႔ ''ကိုေအးေဇာ္'' က ရွင္းျပပါတယ္။

အေရးထဲ မိုးကလဲ သဲသဲမဲမဲရြာေနလို႔ အခ်ိန္ေနာက္က်သြားတာလည္း ပါတာေပါ့ေလ။ အဲဒါကိုဘဲ အခ်ိန္ေနာက္က်ရမလားဆိုၿပီး ပြဲစားအမ်ိဳးသမီးတစ္ဦးက ေနာက္တစ္ပြဲလြတ္ေတာ့မယ္၊ ေရာင္းသူက က်န္းမာေရးမေကာင္းလို႔ ေဆးခန္းျပေနရတယ္ စသျဖင့္ ဗ်စ္ေတာက္ ဗ်စ္ေတာက္ ေျပာၿပီး ဖုန္းဆက္ေနတာကို ၾကားေနရပါတယ္။

မၾကာခင္မွာ အစ္ကိုႀကီးမိသားစု ဝယ္မယ့္တုိက္ခန္းကို ေရာက္ေနၿပီလို႔ ဖုန္းဆက္တာနဲ႔ ကိုေအးေဇာ္နဲ႔အတူ စာေရးသူတို႔လည္း ေရာင္းမယ့္တုိက္ခန္းဆီ အေရာက္သြားၾကပါတယ္။ ဟိုေရာက္ေတာ့ ေျမညီထပ္မွာရွိတဲ့ ေျမရွင္အိမ္မွာဘဲ စာခ်ုပ္ခ်ဳပ္ျဖစ္ၾကပါတယ္။ စာေရးသူ စားပြဲမွာ ထုိင္လိုက္တာနဲ႔ ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္းေတြကို ပြဲစား အမ်ိဳးသမီးတစ္ဦးက ''မူရင္း'' ေတြ လာျပပါတယ္။ စစ္ေဆးၾကည့္တဲ့အခါ ညက ကိုေအးေဇာ္ Viber မွာ ပို႔ထားတဲ့ စာခ်ဳပ္အဆက္စပ္ေတြအားလံုး ျပည့္စံုတာမို႔ OK ဒါဆို ျပည့္စံုတယ္။ ဝယ္လို႔ရတယ္ဆိုၿပီး ကၽြႏ္ုပ္ထံ ယူလာတဲ့ တုိက္ခန္း အေရာင္းအဝယ္ ကတိစာခ်ဳပ္ေပၚမွာ လက္မွတ္ထိုးၾကဖို႔ ေခၚလိုက္ပါတယ္။

ဒီေတာ့ ပြဲစားအမ်ိဳးသမီးက ''ကၽြန္မလက္မွတ္အရင္ထိုးႏွင့္မယ္ဆိုၿပီး စာခ်ဳပ္မွာ အသိသက္ေသအျဖစ္ လက္မွတ္ေရးထိုးပါတယ္။ သက္ေသထိုးၿပီးေတာ့ ေရာင္းသူအမ်ိဳးသမီးလက္မွတ္ထိုးပါလို႔ ေျပာတဲ့အခါ ေရာင္းသူက ေနမေကာင္းလို႔ ေဆးခန္းျပေနပါတယ္။ ကၽြန္မကိုယ္တိုင္ ယူလာတဲ့ တိုက္ခန္း အေရာင္းအဝယ္စာခ်ဳပ္ေပၚမွာ ေရာင္းသူက တစ္ျခမ္းထိုးထားၿပီးျဖစ္လို႔ အဲ့ဒီစာခ်ဳပ္ေပၚမွာ ဝယ္သူက လက္မွတ္ထိုးယူလိုက္ရင္လည္း ရတာဘဲ'' ဟု ဆိုကာ ဝယ္သူကို အတင္းလက္မွတ္ထိုးခိုင္း ပါတယ္။

ဒီေတာ့ ကၽြႏု္ပ္လည္း မေနႏိုင္ေတာ့ဘဲ ''ဒီလို ေရာင္းသူမျမင္ရဘဲနဲ႔က ဘယ္လိုလုပ္ၿပီး ဝယ္ရဲမွာလဲ။ ပိုင္ရွင္ေခၚေပးပါ။ ပိုင္ရွင္ေခၚ လက္မွတ္ထိုးမွ က်န္ေငြ ေခ်ႏိုင္မယ္'' လို႔ ေျပာလိုက္တဲ့အခါ ''အစ္ကိုတို႔ကလည္း ဒီလိုေရွ႕ေနေတြ ဘာေတြ ေခၚလာစရာမလိုပါဘူး၊ အဆင္သင့္ ဝယ္လာတဲ့ စာခ်ဳပ္ေပၚမွာ လက္မွတ္ထိုးလိုက္ရင္ ရပါတယ္ေျပာထားရက္နဲ႔ အခုေတာ့ ေနာက္တစ္ပြဲအတြက္ အခ်ိန္ေတြ ေနာက္က်ကုန္ၿပီ'' ဟု ႏႈတ္မွ ခရားေရလႊတ္တတြတ္တြတ္ေျပာကာ စိတ္မရွည္တဲ့ ဟန္အမူအရာနဲ႔ ေရာင္းသူကို ဖုန္းဆက္ေခၚလိုက္ရာ ခဏအၾကာမွာ ေရာက္လာတာကို ေတြ႔ရပါတယ္။ ေနမေကာင္းတဲ့ပံုေတာ့ မေပၚပါဘူး။ အဲ့ဒီေတာ့မွ ေရာင္းသူရဲ႕ မွတ္ပံုတင္နဲ႔ လူကိုတိုက္စစ္ၿပီး လက္မွတ္ထိုး လက္ေဗြႏွိပ္ခိုင္း လိုက္ရပါတယ္။ ေရာင္းသူ အမွန္ ဟုတ္မဟုတ္ ေျမရွင္ကို ေမးၾကည့္တဲ့အခါ ဟုတ္မွန္ေၾကာင္း သိရတဲ့အတြက္ ဝယ္သူေတြလည္း စိတ္ေအးသြားပါေတာ့တယ္။ စာခ်ဳပ္ခ်ဳပ္ၿပီးတဲ့ေနာက္ ဘဏ္မွာ လိုက္၍ ေငြေပးေခ်ၿပီးေနာက္မွ သိရတဲ့အခ်က္ကေတာ့ ေရာင္းသူတိုက္ခန္း ပိုင္ရွင္က ေငြေၾကးအခက္အခဲ ရွိတာနဲ႔ ယခုပြဲစားထံမွာ ျပန္ေပါင္ေတာ့တာလို႔ သိရပါတယ္။ ''ဒါေၾကာင့္ စာခ်ဳပ္မူရင္းေတြ ပြဲစားက ထုတ္ေျပာတာကိုး''

အဲဒီ ပြဲစား ''မ႐ိုးသားမသား'' လုပ္ေနတာကေတာ့ ေရာင္းေစ်းနည္းသြားလို႔တဲ့ေလ။ ေနာက္ဝယ္သူက သိန္း (၃၅၀) လာေပးတယ္။ ဒါေၾကာင့္ ပြဲဖ်က္ခ်င္တယ္၊ ဝယ္သူစိတ္ပ်က္သြားရင္ ဝယ္သူေပးတဲ့ စရံေငြ သိန္း (၅၀) ျပန္ေပးလိုက္မယ္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ''အကြက္ဆင္'' လုပ္ေနတာလို႔ သိရပါတယ္။ သူခမ်ား သိန္း (၅၀)လည္း ပိုရခ်င္တယ္။ တကယ္လို႔ ေရာင္းသူပ်က္ကြက္ရင္ စရံေငြ (၂)ဆ သိန္း (၁၅၀) ျပန္ေပးရမယ္ဆိုရင္လည္း မကိုက္ျပန္ဘူး။ ဒါေၾကာင့္ အခုလို အကြက္ဆင္တာျဖစ္ေၾကာင္း ေကာင္းေကာင္းႀကီး သိလိုက္ရပါေတာ့တယ္။

''ေအာ္ တုိက္ခန္းအေရာင္းအဝယ္ေလာက မွတ္သားေလာက္ပါတယ္ဗ်''

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္  ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service