ကမ်းခြေတွေကိုပြန်ဖွင့်ပေးဖို့ ဟိုတယ်နဲ့တည်းခိုခန်းတွေကို စစ်ဆေးမယ်

ကမ်းခြေတွေကိုပြန်ဖွင့်ပေးဖို့ ဟိုတယ်နဲ့တည်းခိုခန်းတွေကို စစ်ဆေးမယ် - Property News in Myanmar from iMyanmarHouse.com
22 Jul 2020 11:06 am တွင် တင်ခဲ့သည်
2072 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေကိုပြန်ဖွင့်ပေးသွားဖို့အတွက် ကမ်းခြေ က ဟိုတယ်နဲ့ တည်းခိုခန်းတွေ ကိုဗစ်ကာကွယ်ရေးပြင်ဆင်ထားမှု ရှိ မရှိ တိုင်းအစိုးရအဖွဲ့ က မကြာမီရက်ပိုင်းအတွင်း စစ်ဆေး သွားမယ်လို့ သိရပါတယ်။

စစ်ဆေးရေးအဖွဲ့ နဲ့ စစ်ဆေးသွားမှာဖြစ်ပြီး ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်ပြင်ဆင်ထားမှုပြည့်စုံမှ ကမ်းခြေကို ဖွင့်ခွင့်ပေးမှာလို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

ဒီလို စစ်ဆေးရေးအဖွဲ့ နဲ့ ဟိုတယ်တွေနဲ့ တည်းခိုခန်းတွေကိုစစ်ဆေးတာဟာ တပတ်ကနေ ဆယ်ရက်အတွင်း ကြာမြင့်နိုင်တယ်လို့ ဝန်ကြီးက ပြောပါတယ်။ ကမ်းခြေတွေဟာ ပြည်တွင်းမှာ အတည်ပြု လူနာတွေ့ရှိပြီးတဲ့နောက် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယာယီပိတ်ထားရတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာတော့ နာမည်ကျော်ကြားပြီး ခရီးသွားလာရောက်မှု များပြားတဲ့ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရန်ဂျီ၊ ရွှေသောင်ယံ စတဲ့ကမ်းခြေ တွေတည်ရှိကြတာပါ။

ဧရာဝတီတိုင်းကမ်းခြေ များရှိ ဟိုတယ်နှင့် တည်းခိုခန်းများ ပြန်လည်ဖွင့်လှစ်ခွင့် မပြုသေးသော်လည်း ခရီးသွားများရောက် ရှိလာသဖြင့် တားမြစ်ခဲ့ရကြောင်း ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောသည်။

ကိုဗစ်ရောဂါ ဖြစ်ပွားနေသ ဖြင့် ပိတ်ထားသော ကမ်းခြေဟို တယ်နှင့် တည်းခိုခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဌာနဆိုင်ရာများနှင့် အဖွဲ့ပေါင်းစုံပါဝင်သော ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ က သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း ဇူလိုင် ၁၆ ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

ထိုဆုံးဖြတ်ချက်ကို အချို့သော သတင်းဌာနများနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ကမ်းခြေများ ပြန်လည်ဖွင့်လှစ်ကြောင်း ရေးသားဖော်ပြမှုများရှိ သည်ဟု ဦးကျော်သူက ပြောသည်။

ယင်းကြောင့် အာဇာနည်နေ့နှင့် တိုက်ဆိုင်သည့် အစိုးရရုံးပိတ်ရက် သုံးရက်တွင် ကမ်းခြေများသို့ ဧည့်သည်များ အပန်းဖြေအနားယူရန် ရောက်ရှိလာသည် ဟု ၎င်းကပြောသည်။

‘‘လာမယ့် တစ်ပတ်ကစပြီးတော့ ကမ်းခြေဟိုတယ်တွေ၊ တည်းခိုခန်းတွေကို စစ်ဆေးမှု တွေ ဆောင်ရွက်မှာပါ၊ စစ်ဆေးမှု တွေပြီးလို့ သတ်မှတ်စည်းကမ်းနဲ့ ညီတဲ့ ဟိုတယ်တွေကိုအစိုးရအဖွဲ့ ကိုတင်ပြရမှာပါ။ အစိုးရအဖွဲ့အစည်းအဝေးကနေ ခွင့်ပြုကြောင်း ဆုံးဖြတ်မှ ဟိုတယ်၊ တည်းခိုခန်း တစ်ခုချင်းစီကို ဖွင့်လှစ်ခွင့်ပြုမှာ ပါ’’ဟု ဦးကျော်သူကပြောသည်။

လက်ရှိတွင် ထိုသို့ဧည့်သည်များ လာရောက်ခဲ့သဖြင့် အချို့ ဟိုတယ်နှင့်တည်းခိုခန်းများသည် ဧည့်သည် လက်ခံမှုများ ရှိခဲ့သည်။ ယင်းကြောင့် ဟိုတယ်နှင့် တည်းခိုခန်း လုပ်ငန်းရှင်များအကြား တိုင်ကြားမှုများရှိခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ရောက်ရှိနေသည့် ဧည့်သည်များအား ပြန်လည်စေလွှတ်ခဲ့ပြီး လာရောက်ဆဲ ဧည့်သည်များကိုလည်း မြို့အဝင် ဂိတ်များတွင် စိစစ်၍ ပြန်လွှတ် လျက်ရှိကြောင်း ဦးကျော်သူက ပြောသည်။

‘‘ခရီးသွားထောက်ခံစာ ပါတယ်။ အလုပ်ကိစ္စနဲ့ လာတဲ့သူတွေကိုတော့ လက်ခံပါတယ်။ အပန်းဖြေဖို့ လာတဲ့သူတွေကိုတော့ လက်ခံတာမျိုး မရှိပါဘူး။ အကယ်၍ မလိုက်နာရင်တော့ ဥပဒေအရပဲ အရေးယူရမှာပါ’’ ဟု ဦးကျော်သူက ပြောသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ကမ္းေျခေတြကိုျပန္ဖြင့္ေပးဖို႔  ဟိုတယ္နဲ႔တည္းခိုခန္းေတြကို စစ္ေဆးမယ္ 

ဧရာဝတီတိုင္းအတြင္းက ကမ္းေျခေတြကိုျပန္ဖြင့္ေပးသြားဖို႔အတြက္ ကမ္းေျခ က ဟိုတယ္နဲ႔ တည္းခိုခန္းေတြ ကိုဗစ္ကာကြယ္ေရးျပင္ဆင္ထားမႈ ႐ွိ မ႐ွိ တိုင္းအစိုးရအဖြဲ႕ က မၾကာမီရက္ပိုင္းအတြင္း စစ္ေဆး သြားမယ္လို႔ သိရပါတယ္။

စစ္ေဆးေရးအဖြဲ႕ နဲ႔ စစ္ေဆးသြားမွာျဖစ္ၿပီး ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ျပင္ဆင္ထားမႈျပည့္စုံမွ ကမ္းေျခကို ဖြင့္ခြင့္ေပးမွာလို႔ ဧရာဝတီတိုင္းအစိုးရအဖြဲ႕ဝင္ စည္ပင္ဝန္ႀကီး ဦးေက်ာ္ျမင့္က ေျပာပါတယ္။

ဒီလို စစ္ေဆးေရးအဖြဲ႕ နဲ႔ ဟိုတယ္ေတြနဲ႔ တည္းခိုခန္းေတြကိုစစ္ေဆးတာဟာ တပတ္ကေန ဆယ္ရက္အတြင္း ၾကာျမင့္ႏိုင္တယ္လို႔ ဝန္ႀကီးက ေျပာပါတယ္။ ကမ္းေျခေတြဟာ ျပည္တြင္းမွာ အတည္ျပဳ လူနာေတြ႕႐ွိၿပီးတဲ့ေနာက္ ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ယာယီပိတ္ထားရတာ ျဖစ္ပါတယ္။

ဧရာဝတီတိုင္းမွာေတာ့ နာမည္ေက်ာ္ၾကားၿပီး ခရီးသြားလာေရာက္မႈ မ်ားျပားတဲ့ ေခ်ာင္းသာ၊ ေငြေဆာင္၊ ေဂၚရန္ဂ်ီ၊ ေ႐ႊေသာင္ယံ စတဲ့ကမ္းေျခ ေတြတည္႐ွိၾကတာပါ။

ဧရာဝတီတိုင္းကမ္းေျခ မ်ား႐ွိ ဟိုတယ္ႏွင့္ တည္းခိုခန္းမ်ား ျပန္လည္ဖြင့္လွစ္ခြင့္ မျပဳေသးေသာ္လည္း ခရီးသြားမ်ားေရာက္ ႐ွိလာသျဖင့္ တားျမစ္ခဲ့ရေၾကာင္း ေခ်ာင္းသာၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သူက ေျပာသည္။

ကိုဗစ္ေရာဂါ ျဖစ္ပြားေနသ ျဖင့္ ပိတ္ထားေသာ ကမ္းေျခဟို တယ္ႏွင့္ တည္းခိုခန္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ဌာနဆိုင္ရာမ်ားႏွင့္ အဖြဲ႕ေပါင္းစုံပါဝင္ေသာ ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီ က သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္ ညီၫြတ္မႈ ႐ွိ၊ မ႐ွိ စစ္ေဆးမႈမ်ား ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ဇူလိုင္ ၁၆ ရက္တြင္ က်င္းပသည့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ အစည္းအေဝးတြင္ ဆုံးျဖတ္ခဲ့သည္။

ထိုဆုံးျဖတ္ခ်က္ကို အခ်ိဳ႕ေသာ သတင္းဌာနမ်ားႏွင့္ လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္ ကမ္းေျခမ်ား ျပန္လည္ဖြင့္လွစ္ေၾကာင္း ေရးသားေဖာ္ျပမႈမ်ား႐ွိ သည္ဟု ဦးေက်ာ္သူက ေျပာသည္။

ယင္းေၾကာင့္ အာဇာနည္ေန႔ႏွင့္ တိုက္ဆိုင္သည့္ အစိုးရ႐ုံးပိတ္ရက္ သုံးရက္တြင္ ကမ္းေျခမ်ားသို႔ ဧည့္သည္မ်ား အပန္းေျဖအနားယူရန္ ေရာက္႐ွိလာသည္ ဟု ၎ကေျပာသည္။

‘‘လာမယ့္ တစ္ပတ္ကစၿပီးေတာ့ ကမ္းေျခဟိုတယ္ေတြ၊ တည္းခိုခန္းေတြကို စစ္ေဆးမႈ ေတြ ေဆာင္႐ြက္မွာပါ၊ စစ္ေဆးမႈ ေတြၿပီးလို႔ သတ္မွတ္စည္းကမ္းနဲ႔ ညီတဲ့ ဟိုတယ္ေတြကိုအစိုးရအဖြဲ႕ ကိုတင္ျပရမွာပါ။ အစိုးရအဖြဲ႕အစည္းအေဝးကေန ခြင့္ျပဳေၾကာင္း ဆုံးျဖတ္မွ ဟိုတယ္၊ တည္းခိုခန္း တစ္ခုခ်င္းစီကို ဖြင့္လွစ္ခြင့္ျပဳမွာ ပါ’’ဟု ဦးေက်ာ္သူကေျပာသည္။

လက္႐ွိတြင္ ထိုသို႔ဧည့္သည္မ်ား လာေရာက္ခဲ့သျဖင့္ အခ်ိဳ႕ ဟိုတယ္ႏွင့္တည္းခိုခန္းမ်ားသည္ ဧည့္သည္ လက္ခံမႈမ်ား ႐ွိခဲ့သည္။ ယင္းေၾကာင့္ ဟိုတယ္ႏွင့္ တည္းခိုခန္း လုပ္ငန္း႐ွင္မ်ားအၾကား တိုင္ၾကားမႈမ်ား႐ွိခဲ့သည္ဟု ဆိုသည္။

လက္႐ွိတြင္ ေရာက္႐ွိေနသည့္ ဧည့္သည္မ်ားအား ျပန္လည္ေစလႊတ္ခဲ့ၿပီး လာေရာက္ဆဲ ဧည့္သည္မ်ားကိုလည္း ၿမိဳ႕အဝင္ ဂိတ္မ်ားတြင္ စိစစ္၍ ျပန္လႊတ္ လ်က္႐ွိေၾကာင္း ဦးေက်ာ္သူက ေျပာသည္။

‘‘ခရီးသြားေထာက္ခံစာ ပါတယ္။ အလုပ္ကိစၥနဲ႔ လာတဲ့သူေတြကိုေတာ့ လက္ခံပါတယ္။ အပန္းေျဖဖို႔ လာတဲ့သူေတြကိုေတာ့ လက္ခံတာမ်ိဳး မ႐ွိပါဘူး။ အကယ္၍ မလိုက္နာရင္ေတာ့ ဥပေဒအရပဲ အေရးယူရမွာပါ’’ ဟု ဦးေက်ာ္သူက ေျပာသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
Aung Theikdi Villa
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service