အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာ အန္တရာယ်ရှိနိုင်သော တိုက်ခန်းကို ဝယ်မည်ဆိုလျှင်
အိမ်ခြံမြေဝယ်ယူလိုသူများ သတိပြုစရာ အန္တရာယ်ရှိနိုင်သော တိုက်ခန်းကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
21 Jul 2020 3:46 pm တွင် တင်ခဲ့သည်
3990 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
'ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်မ ပေးတော့ဘူးဆိုတာ ဟုတ်ပါသလား ဆရာ''ဟု မိတ်ဆွေတစ်ဦးက စာရေး သူထံ လာရောက်ဆွေးနွေးမေးမြန်းပါ သည်။
''ဇွန်လက ပြဋ္ဌာန်းခဲ့တဲ့ ၂ဝ၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးဥပဒေမှာ အန္တရာယ်ရှိ အ ဆောက်အအုံအဖြစ် မသတ်မှတ်ရလို့ တော့ ပိတ်ပင်ပြဋ္ဌာန်းထားတာ မရှိ ပါဘူး။ ဘာဖြစ်လို့လဲ၊ ဆွေးနေတဲ့ အိမ် ကို ဝယ်ဖို့စိတ်ကူးထားလို့လား''
''ဒီလိုဆရာ၊ သူငယ်ချင်းတစ် ယောက်က ငွေလိုနေလို့ သူ့တိုက်ခန်း ကို ရောင်းချင်တယ်ပြောတာနဲ့ စဉ်းစား ကြည့်တာပါ''
''အဆောက်အအုံက အတော် ဆိုးနေလို့လား''
''ဘေးနံရံတွေက ရေတွေစိမ့် တယ်ဆရာ။ မိုးတွင်းဆိုတော့ ပိုဆိုး တာပေါ့။ မီးဖိုဘက်ကဆိုရင်အပေါ် ကြမ်းခင်းက ဘိလပ်မြေအချို့ ကွာကျ တယ်ပြောတယ်''
''အခုရောင်းမယ်ဆိုတဲ့ တိုက် ခန်းက ဘယ်နှလွှာလဲ။ မိမိအထက် မှာ တိုက်ခန်းရှိသေးလား''
''ခြောက်ထပ်ဆိုတော့ သူက လေးလွှာမှာ သူ့အပေါ်က နှစ်ထပ်ရှိ မယ်ထင်တယ်''
''သူငယ်ချင်းက ပေါချောင် ကောင်းဆိုပြီး ဝယ်ထားမယ် စိတ်ကူး လို့လား''
''ပြန်ဆောက်မယ်ဆိုရင်တော့ တိုက်ခန်းတစ်ခန်းတော့ရမှာမဟုတ် လား။ ကိုယ့်အနေနဲ့ မဆုံးရှုံးနိုင်ဘူးလို့ ယူဆတာပဲ''
''မှန်ပါတယ်။ ဒါပေမယ့် ယခင် ကလို အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် လွယ်လွယ်သတ်မှတ်ပေးတာ မျိုးတော့ မရှိတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အဓိကအချက်ကတော့ မိမိ ဝယ်လိုက်တဲ့ တိုက်ခန်းအပါအဝင် အဆောက်အအုံတစ်ခုလုံးရဲ့ မြေရှင် ရှိ မရှိ။ ဂရန်မြေလား။ ဘယ်လိုမြေ အမျိုးအစားလဲ။ အဆောက်အအုံ ဆောက်လုပ်စဉ်က အမှန်တကယ် ခွင့်ပြုချက်နဲ့ ဆောက်လုပ်ခဲ့ခြင်းရှိ မရှိဆိုတဲ့ အချက်ကိုတော့ စုံစမ်းဖို့လို တယ်''
''ပြန်ပြီးအသစ်ဆောက်ရမယ် ဆိုရင် မြေပိုင်ရှင် သဘောတူညီချက် လိုမှာပေါ့နော်''
''ဟုတ်ပါတယ်။ တစ်ခါတစ်ရံမှာ မြေပိုင်ရှင်က ကွယ်လွန်သွားတာရှိနိုင် တယ်။ ဂရန်မြေအမည်ကို သားစဉ် မြေးဆက် အမွေဆက်ခံအမည်ပေါက် ပြောင်းထားခြင်း ရှိ မရှိ စုံစမ်းရပါ မယ်။ အချို့တိုက်ခန်းတွေဆိုရင် မြေ ရှင်က လခလုံးဝလာမကောက် လို့ မြေရှင်ဘယ်မှာနေမှန်းမသိတာတွေ လည်း ဖြစ်တတ်တယ်။ မြေရှင်က ဂရန်စာချုပ်ကို ပေါင်နှံထားတာတွေ လည်း ရှိတတ်တယ်။ ပြင်ဆင်ဆောက် ဖို့လိုတဲ့ တိုက်ခန်းဆိုရင်တော့ သေချာ စုံစမ်းပြီးမှ ဝယ်သင့်ပါတယ်''
''မြေပိုင်ရှင် အဘွားကြီးကတော့ သေဆုံးသွားပြီလို့ ပြောတယ်။ ဆရာ ပြောသလိုပဲ အိမ်လခတွေလည်း လာ ကောက်တာမရှိဘူးလို့ သိရတယ်။ အခြားတိုက်ခန်းတွေက အိမ်ငှားတွေ နေတယ်လို့ စုံစမ်းသိရပါတယ်''
''လူနေလို့ရသေးတယ်ဆိုရင် ပြို ကျပျက်စီးနိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးပေါ့''
''အဲဒီလိုတော့ ခန့်မှန်းဖို့ကတော့ ခက်နေတယ်။ အချို့တိုက်ခန်းတွေ မှာတော့ ရေချိုးခန်းဘက်မှာ အပေါ် ထပ်မှ ရေတွေစိမ့်ကျနေတာရှိတယ် လို့ သိရတယ်''
''စဉ်းစားရမှာက မိမိတိုက်ခန်း အတွင်းပြင်ဆင်လို့ရပါမလား။ စုပေါင်း ပြီး ပြင်ဆင်ရင် အဆင်ပြေမလားဆို တဲ့ အချက်ကိုလည်း စဉ်းစားဖို့လိုပါ တယ်''
''ဥပဒေက ဘယ်လိုပြဋ္ဌာန်းထား တာရှိသလဲ''
''၂ဝ၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၇၄ မှာ မြို့တော် နယ်နိမိတ်အတွင်း အဆောက်အအုံတစ်ခုခု သို့မဟုတ် အစိတ်အပိုင်း တစ်ရပ်ရပ်၏ ပျက်စီး မှု အခြေအနေသည် မြို့တော် အင်္ဂါ ရပ်ကို ထိခိုက်စေလျှင်ဖြစ်စေ၊ နောင် တွင် အန္တရာယ်ရှိနိုင်သည်အထိ အ ခြေအနေဆိုးရွားလာနိုင်လျှင်ဖြစ်စေ၊ ကော်မတီသည် ပိုင်ရှင် သို့မဟုတ် နေထိုင်သူအား မူလအတိုင်း ပြန် လည်ပြင်ဆင်ရန် ဆင့်ဆိုနိုင်သည်။ ယင်းအဆောက်အအုံပိုင်ရှင်က ငြင်း ဆန်ခြင်းမရှိစေရလို့ ပြဋ္ဌာန်းထားပါ တယ်''
''ဒါဆိုရင် ပထမအဆင့်အနေနဲ့ မြေပိုင်ရှင်အပါအဝင်တိုက်ခန်းနေ ထိုင်သူတို့ကိုခေါ်ပြီး ပြင်ဆင်ဆောက် ဖို့ ညွှန်ကြားတဲ့ သဘောပေါ့''
''မှန်ပါတယ်။ မြေပိုင်ရှင်ရှိရင် လည်း မြေပိုင်ရှင်ပါမယ်ပေါ့။ မြေပိုင် ရှင်နဲ့ အဆက်အသွယ်မရဖြစ်နေရင် တိုက်ခန်းနေသူအားလုံးရဲ့ သဘော တူညီချက်နဲ့ ပြင်ဆင်ခွင့်ရမှာဖြစ်ပါ တယ်''
''အကြီးစားပြင်ဆင်မှုလုပ်ရမှာ ပေါ့နော်။ တကယ်လို့ တိုက်ခန်းပိုင် ရှင်တွေက အချိုးကျ ထည့်ဝင်ငွေ မထည့်နိုင်ရင် ဘယ်လိုဖြစ်နိုင်သလဲ''
''တစ်ခါတစ်ရံ ဒီလိုကိစ္စမျိုး လည်း ရှိနိုင်ပါတယ်။ ကုန်ကျစရိတ် မထည့်နိုင်ဘူးဆိုပြီး ငြင်းဆန်ကတ် သတ်နေတဲ့ သူတွေလည်းရှိတတ်တယ်။ သူငယ်ချင်းပြောသလို ပြင်ဆင်မ ဆောက်ဖြစ်ပဲ ဆက်နေကြပြီး အန္တရာယ် ပိုရှိလာရင် ဆောင်ရွက်နိုင်တဲ့ ပြဋ္ဌာန်း ချက်လည်း ရှိပါတယ်''
''ပြောပါဦး ဆရာရယ်''
''စည်ပင်သာယာရေး ဥပဒေ ပုဒ်မ-၈၁ (က) မှာ မြို့တော်နယ် နိမိတ်အတွင်းရှိ အဆောက်အအုံ တစ်ခုသို့မဟုတ် ယင်း၏ အစိတ်အ ပိုင်းတစ်ခုခုသည် ကျန်းမာရေး နှင့် ညီညွတ်ခြင်းမရှိကြောင်း ဘေး အန္တရာယ်ကျရောက်နိုင်ကြောင်း သို့ မဟုတ် လူနေထိုင် အသုံးပြုရန် သင့် လျော်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိ လျှင် အဆောက်အအုံ၌ နေထိုင်သူ သို့မဟုတ် ပိုင်ရှင်အား ဆက်လက် နေထိုင်ခြင်းမပြုရန် တားမြစ်ခြင်း၊ တားမြစ်ခြင်းကို လိုက်နာခြင်းမရှိပါ က ယင်းအဆောက်အအုံမှ ဖယ်ရှား ခြင်း၊ ပြန်လည်ပြင်ဆင်တည်ဆောက် ခွင့်ပြုခြင်း သို့မဟုတ် ဖြိုဖျက်စေခြင်း ကို ဆောင်ရွက်နိုင်တယ်လို့ ပြဋ္ဌာန်း ထားပါတယ်''
''ဒီဥပဒေပုဒ်မအရဆိုရင်တော့ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ပေးတဲ့ သဘောပေါ့''
''မှန်ပါတယ်။ တားမြစ်ချက်အရ ဖောက်ဖျက်ရင် အပြစ်ဒဏ် သတ် မှတ်ချက်လည်း ရှိပါတယ်။ စည်ပင် သာယာရေးဥပဒေ ပုဒ်မ-၃၁၂ ပိုဒ်ခွဲ (ဈ) မှာ မည်သူမျှ ကော်မတီက လူ နေထိုင်ခြင်းမပြုရန် တားမြစ်သင်္ကေ တအမှတ်အသားရေးမှတ်ထားသည့် အဆောက် အအုံ သို့မဟုတ် အ ဆောက်အအုံ၏ တစ်စိတ်တစ်ဒေသ အတွင်း ဝင်ရောက်နေထိုင်ခြင်းမပြု ရ။ မလိုက်နာပါက ပထမအကြိမ် ကျူးလွန်ခြင်းဖြစ်က ငွေဒဏ်ကျပ်တစ် သိန်းချမှတ်ခံရမည်ဖြစ်ပြီး ထပ်မံကျူး လွန်ပါက ထောင်ဒဏ် ခြောက်လ အထိ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထား ပါတယ်''
''ဟုတ်ကဲ့ ဆရာ နားလည်ပါပြီ''
''ဒါကြောင့် စဉ်းစားပြီးဝယ်ပါလို့ ပဲ တိုက်တွန်းပါရစေ''
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)
[Zawgyi]
''ပြောပါဦး ဆရာရယ်''
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
CarsDB
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service