ဗုဒ္ဓဘာသာနိုင်ငံတွေ covid 19 ဘာကြောင့် သိပ်မကူးစက်သလဲ

ဗုဒ္ဓဘာသာနိုင်ငံတွေ covid 19 ဘာကြောင့် သိပ်မကူးစက်သလဲ - Property News in Myanmar from iMyanmarHouse.com
20 Jul 2020 11:19 am တွင် တင်ခဲ့သည်
1911 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာလုံးဆိုင်ရာ ရောဂန္တရကပ်ဘေးကြီးဖြစ်သော ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးတွင် အရှေ့တောင်အာရှနှင့် စပ်လျဉ်းပြီး ကြီးမားသည့် ပဟေဠိတစ်ခု ရှိနေသည်။

Covid 19 စတင်ပေါ်ပေါက်ရာ တရုတ်နိုင်ငံ၊ လက်ရှိအချိန်တွင် ကူးစက်မှုအပြင်းအထန်ဖြစ်ပွားနေသော အိန္ဒိယနိုင်ငံတို့နှင့် နီးစပ်စွာတည်ရှိသည့် ဗုဒ္ဓဘာသာနိုင်ငံများဖြစ်ကြသော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အလွန်နည်းပါးလှသည်ကို တွေ့ရသည်။

အဆိုပါ ပဟေဠိဖြစ်စဉ်ကြီးတွင် ဗီယက်နမ်မှာ အသိသာဆုံးဖြစ်ပြီး လူဦးရေ ၉၇ သန်းရှိသည့် နိုင်ငံတွင် covid-19 ဖြင့် သေဆုံးသူ ၁ ဦးပင် မရှိခဲ့။

လူဦးရေ သန်း ၇၀ ရှိသည့် ထိုင်းနိုင်ငံတွင် သေဆုံးသူ ၅၈ ဦးသာရှိကာ ရက်ပေါင်း ၄၀ ကျော် ပြည်တွင်းကူးစက်မှုမရှိခဲ့။

ဆင်းရဲလှသော မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ ၃၄၁ ဦးသာရှိကာ သေဆုံးသူ ၆ ဦးသာရှိသည်။

ကမ္ဘောဒီးယားတွင် အတည်ပြုလူနာ ၁၇၁ ဦးနှင့် လာအိုတွင် အတည်ပြုလူနာ ၁၉ ဦးမျှသာ ရှိ၏။

ကမ္ဘောဒီးယားနှင့် လာအို ၂ နိုင်ငံလုံးတွင်လည်း သေဆုံးသူမရှိသည့်နည်းတူ ဧပြီလကတည်းက ပြည်တွင်းကူးစက်မှု မရှိခဲ့။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အနီးရှိ ကျွန်းစုနိုင်ငံဖြစ်သော အင်ဒိုနီးရှားတွင်ဆိုလျှင် ကူးစက်ခံရသူ ၈၆၅၂၁ ဦးရှိပြီး သေဆုံးသူ ၄၁၄၃ ဦး ရှိနေပြီ ဖြစ်သည်။ ဖိလစ်ပိုင်တွင် ကူးစက်ခံရသူ ၆၇၄၅၆ ဦးနှင့် သေဆုံးသူ ၁၈၃၁ ဦးရှိနေပြီဖြစ်ပြီး ကူးစက်မှုများ ကြီးမားစွာ ဆက်လက်ပေါ်ပေါက်နေသည်။

ကံကောင်းသောကြောင့်၊ ဘုရားဂုဏ်တော်ကြောင့်ဟူသည့် ပြောကြားချက်များကိုမူ ထည့်သွင်းစဉ်းစားရန် မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုလျှင် ဗီယက်နမ်ကွန်မြူနစ်အာဏာရှင်တို့မှာ ဘာသာမဲ့များဖြစ်ကြသောကြောင့်ပင်။

စင်စစ်ကား ဗီယက်နမ်၏ ကိုရိုနာဗိုုင်းရပ်စ်အောင်ပွဲသည် ရှင်းပြရန် အလွယ်ကူဆုံးဖြစ်ရပ်ဖြစ်၏။

ဗီယက်နမ်သည် သမိုင်းနှင့်ချီသည့် ဆက်နွှယ်မှုအကြောင်းတရားများကို အခြေခံပြီး မြောက်ဘက်မှ အိမ်နီးချင်း တရုတ်အပေါ် အယုံအကြည်မရှိချေ။ သို့အတွက် ယခုနှစ်စပိုင်း ကိုရိုနာဗိုင်းရပ်စ်ပေါ်ပေါက်စဉ် တရုတ်က ဆိုးရွားပြင်းထန်သည့် ရောဂါမဟုတ်ကြောင်း ပြောကြားသော်လည်း ဗီယက်နမ်က မယုံချေ။ သို့အတွက် ရောဂါဖြစ်ပွားနေပုံအခြေအနေများကို သိနိုင်ရန် ဗီယက်နမ်က တရုတ်အပေါ် ဆိုက်ဘာတိုက်ခိုက်မှုများပင် ပြုလုပ်ကာ အချက်အလက်ရယူနိုင်ရန် ကြိုးစားခဲ့သည်။

ဗိုင်းရပ်စ်တစ်မျိုးပေါ်ပေါက်နေသည်ဟူသည့် သတင်းကြားလိုက်သည်နှင့် ဗီယက်နမ်က တရုတ်နှင့်နယ်စပ်ကို ပိတ်လိုက်၏။ ယင်းနောက် အကြွင်းမဲ့အာဏာကို အသုံးပြုပြီး lockdown ချခြင်း၊ ရောဂါခြေရာခံခြင်းနှင့် ရောဂါဖြစ်ပွားသူများကို သီးခြားထားခြင်းများ ပြုလုပ်ခဲ့သည်။

စင်စစ်ကား တရုတ်အာဏာပိုင်တို့သည်လည်း ထိုအတိုင်းပင် လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။

တရုတ်နှင့် ဗီယက်နမ်တို့ကို အတုယူ၍ လုပ်ဆောင်ရန်မှာမူ အခြားသောနိုင်ငံများစွာ၏ အစိုးရတို့သည် တရုတ်၊ ဗီယက်နမ်တို့လောက် အကြွင်းမဲ့အာဏာနှင့် ထိရောက်သော ကျန်းမာရေးစနစ်များ ပိုင်ဆိုင်မထား။ သို့သော် စစ်ဗိုလ်ချုပ်ကြီးများ၏ စောင့်ကြည့်ခြင်းခံထားရသည့် ဟန်ဆောင်ဒီမိုကရေစီဖြစ်သော ထိုင်းနိုင်ငံသည်မူ တရုတ်၊ ဗီယက်နမ်တို့၏ အခြေအနေကို လိုက်နိုင်ရန် အနီးစပ်ဆုံးရှိသည်။

ထိုင်း၏ ကျန်းမာရေးစနစ်မှာ ကောင်းမွန်ပြီး ထိုင်းနိုင်ငံသို့ ဆေးကုထွက်သည့် ခရီးသွားလုပ်ငန်းပင် ခေတ်စားနေသည့် အခြေအနေမျိုးရှိသည်။

ထိုင်းအစိုးရသည်လည်း လိုအပ်သည့်ကိုင်တွယ်မှုများပြုလုပ်ရန် အားကောင်းသည့်အဖွဲ့တစ်ခုကို အဆောတလျင်ဖွဲ့စည်းနိုင်စွမ်းရှိသည်။

သို့အတွက်ပင် တရုတ်နှင့်အိမ်နီးချင်းဖြစ်နေသော်လည်း ကိုရိုနာဗိုင်းရပ်စ်အပေါ် အောင်ပွဲခံနိုင်ခဲ့ခြင်း ဖြစ်သည်။

ရောဂါကူးစက်မှုများ ဖြစ်ပေါ်ရခြင်းမှာ ပြည်သူများအပြန်အလှန် သွားလာလည်ပတ် လေ့လာခြင်းများကြောင့် ဖြစ်တန်ရာချေရှိသည်ဟု ခန့်မှန်းလျှင် ရနိုင်သည်။

သို့သော် တရုတ်၏ ပေးကမ်းမှုများကို ငြင်းပယ်ရန် ခွန်အားမရှိသည့် လာအိုကဲ့သို့ နိုင်ငံမျိုးတွင် ထိုသို့သော ကူးစက်မှုများ မပေါ်ပေါက်ခဲ့။

ထို့နည်းတူ တရုတ်ကုန်သည်များ၊ မှောင်ခိုသမားများ ခြေချင်းလိမ်နေသော မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံအပေါ် ဒေသတွင်းတွင် ထောက်ခံမှု အပေးဆုံး အာဏာထက်လှသည့် ဟွန်ဆန်အုပ်စိုးသည့် ကမ္ဘောဒီးယားတို့တွင် တရုတ်ခရီးသွားများထံမှ ကူးစက်မှုဖြစ်ရပ်များ မရှိခဲ့။

အဆိုပါနိုင်ငံများအားလုံးသည် ကိုရိုနာဗိုင်းရပ်စ် ပေါ်ပေါက်လာစဉ်ကာလအတွင်းမှာပင် တရုတ်နှင့်ထိစပ်နေသော နယ်စပ်ကို မပိတ်ပင်ရန် ဖိအားပေးခြင်း ခံကြရသည်။

ဟွန်ဆန်ဆိုလျှင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အထွတ်အထိပ်သို့ ရောက်နေချိန် ဖေဖော်ဝါရီလအတွင်း တရုတ်ပြည်၊ ပေကျင်းမြို့တော် သို့ပင် သွားလိုက်သေးသည်။

ထိုင်းနိုင်ငံဆိုလျှင်လည်း တရုတ်ခရီးသွားများကို မတ်လကုန်ပိုင်းအထိ ဝင်ရောက်ခွင့်ပြုထားခဲ့သည်။

မြန်မာနိုင်ငံ၏ တရုတ်နယ်စပ်ဆိုလျှင် အဝင်အထွက်အလွန်ကြီးမားသော နေရာတစ်ခု ဖြစ်သည်။

အဆိုပါအခြေအနေများအရ မေးခွန်းပေါ်ပေါက်သည်မှာ တရုတ်နိုင်ငံမှ ခရီးသွားများသည် အရှေ့တောင်အာရှနိုင်ငံများတွင် အဘယ်ကြောင့် ရောဂါကူးစက်စေမှု မရှိခဲ့ပါသနည်းဟူသော မေးခွန်းဖြစ်သည်။

သံသယရှိကြသည့်အချက်တစ်ခုမှာ တရုတ်ခရီးသွားများထံမှ ကူးစက်မှုများရှိသော်လည်း သတင်းထွက်ပေါ်မလာခြင်းဖြစ်သည်ဟု သံသယရှိကြသည်။

ကမ္ဘာဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့သည် ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်စစ်ဆေးမှု အကန့်အသတ်ဖြင့်သာ လုပ်ဆောင်နိုင်စွမ်းရှိကြသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် ဆေးခန်းပေါင်းများစွာဖွင့်လှစ်ထားသည့် ပရဟိတအဖွဲ့တစ်ခုဖြစ်သော Medical Action Myanmar မှ Frank Smithuis က ပြောကြားရာတွင်မူ မြန်မာနိုင်ငံအတွင်း ကြီးမားသည့်ကူးစက်ပျံ့ပွားမှုကြီးဖြစ်ပေါ်နေသည်ဆိုပါက မိမိ၏ အဖွဲ့မှ သတိပြုမိမည်သာဖြစ်ကြောင်း ပြောကြားသည်။

ကမ္ဘာပေါ်တွင် အတင်းအပြောဆုံးနိုင်ငံ (number one country of gossip in the World) ဟု နာမည်ကြီးသည့် မြန်မာနိုင်ငံတွင် covid 19 အကြီးအကျယ် ပျံ့နှံ့မှုကြီးဖြစ်နေသည်ဆိုပါက ဖုံးကွယ်ထားရန် မဖြစ်နိုင်ကြောင်း Frank Smithuis က ပြောကြားသည်။ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်တို့ရှိ ကျွမ်းကျင်ပညာရှင်များကလည်း အဆိုပါနိုင်ငံများအတွင်း ကြီးမားသည့်ကူးစက်မှုများ၊ ဆေးရုံသို့ လာရောက်ပြသကုသခံယူမှုများ မတွေ့ရကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ် (Chulalongkorn University) မှ သီတီနန် ပေါင်ဆုဒီရက်က ပြောကြားရာတွင် ထိုင်းနိုင်ငံမှ ပြန်သွားသည့် အလုပ်သမားများသည် မြန်မာနိုင်ငံရှိ ၎င်းတို့၏ ကျေးရွာများသို့ ပြန်ရောက်လျှင် ရွာပြင်ရှိ တဲတစ်လုံးတွင် ၁၄ ရက် နေထိုင်ရကြောင်း ပြောကြားသည်။

အဆိုပါနိုင်ငံများတွင် covid 19 ကူးစက်မှုနည်းပါးရခြင်းတွင် အခြားသော အကြောင်းရပ်များလည်း ရှိနေသည်။ ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များက ပြောကြားရာတွင် အဆိုပါနိုင်ငံများတွင် ပြည်သူအများစုသည် လူသူထူထပ်လှသော မြို့ကြီးပြကြီးများထက် ကျေးလက်ဒေသများတွင်သာ နေထိုင်ကြခြင်းဖြစ်ကြောင်း ၊ ပြည်သူတို့သည် လေအေးပေးစက်ခန်းများထက် ပန်ကာများ၊ ပြတင်းပေါက်များ ဖွင့်၍သာ နေထိုင်သည်ကများကြောင်း၊ အချို့ဆိုလျှင် H1N1 ပြန့်နှံ့စဉ်ကာလများကတည်းက mask တပ်သည့် အလေ့အထ ရှိခဲ့ကြကြောင်း ထောက်ပြသည်။

ထို့အပြင် ရိုးရာဓလေ့တစ်ခုကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနည်းပါးစေသည့်အချက်များတွင် ပါဝင်သည်ဟုဆိုသည်။ ထိုင်းနိုင်ငံတွင်ဆိုလျှင် တစ်ဦးနှင့်တစ်ဦးတွေ့ပါက အနောက်နိုင်ငံများကဲ့သို့ ပွေ့ဖက်နှုတ်ဆက်ခြင်းမရှိဘဲ လက်အုပ်ချီကာ ခါးကိုင်းနှုတ်ဆက်သည့် wai ဟုခေါ်သော ဓလေ့က လူမှုအလှမ်းခွာခြင်း (social distancing) အလိုလိုဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ထောက်ပြသည်။

မေးဖွယ်ရှိသည်မှာ အရှေ့တောင်အာရှမှ ဗုဒ္ဓဘာသာနိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းနှင့် တတိယလှိုင်းတို့ကို ကြံ့ကြံ့ခံနိုင် နေဥိးမည်လောဟူသည့် မေးခွန်းဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

 (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Why has the pandemic spared the Buddhist parts of Southeast Asia? (The Economist, cambodiadaily)

 

[Zawgyi]

ဗုဒၶဘာသာႏိုင္ငံေတြ covid 19 ဘာေၾကာင့္ သိပ္မကူးစက္သလဲ

ကမၻာလံုးဆိုင္ရာ ေရာဂႏၱရကပ္ေဘးၾကီးျဖစ္ေသာ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးတြင္ အေရွ ႔ေတာင္အာရွႏွင့္ စပ္လ်ဥ္းျပီး ၾကီးမားသည့္ ပေဟဠိတစ္ခု ရွိေနသည္။

Covid 19 စတင္ေပၚေပါက္ရာ တရုတ္ႏိုင္ငံ၊ လက္ရွိအခ်ိန္တြင္ ကူးစက္မႈအျပင္းအထန္ျဖစ္ပြားေနေသာ အိႏိၵယႏိုင္ငံတို႔ႏွင့္ နီးစပ္စြာတည္ရွိသည့္ ဗုဒၶဘာသာႏိုင္ငံမ်ားျဖစ္ၾကေသာ ကေမၻာဒီးယား၊ လာအို၊ ျမန္မာ၊ ထိုင္းႏွင့္ ဗီယက္နမ္တို႔တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ အလြန္နည္းပါးလွသည္ကို ေတြ႔ရသည္။

အဆိုပါ ပေဟဠိျဖစ္စဥ္ၾကီးတြင္ ဗီယက္နမ္မွာ အသိသာဆံုးျဖစ္ျပီး လူဦးေရ ၉၇ သန္းရွိသည့္ ႏိုင္ငံတြင္ covid-19 ျဖင့္ ေသဆံုးသူ ၁ ဦးပင္ မရွိခဲ့။

လူဦးေရ သန္း ၇၀ ရွိသည့္ ထိုင္းႏိုင္ငံတြင္ ေသဆံုးသူ ၅၈ ဦးသာရွိကာ ရက္ေပါင္း ၄၀ ေက်ာ္ ျပည္တြင္းကူးစက္မႈမရွိခဲ့။

ဆင္းရဲလွေသာ ျမန္မာႏိုင္ငံတြင္ ကူးစက္ခံရသူ ၃၄၁ ဦးသာရွိကာ ေသဆံုးသူ ၆ ဦးသာရွိသည္။

ကေမၻာဒီးယားတြင္ အတည္ျပဳလူနာ ၁၇၁ ဦးႏွင့္ လာအိုတြင္ အတည္ျပဳလူနာ ၁၉ ဦးမွ်သာ ရွိ၏။

ကေမၻာဒီးယားႏွင့္ လာအို ၂ ႏိုင္ငံလံုးတြင္လည္း ေသဆံုးသူမရွိသည့္နည္းတူ ဧျပီလကတည္းက ျပည္တြင္းကူးစက္မႈ မရွိခဲ့။

ႏႈိင္းယွဥ္ၾကည့္မည္ဆိုလွ်င္ အနီးရွိ ကၽြန္းစုႏိုင္ငံျဖစ္ေသာ အင္ဒိုနီးရွားတြင္ဆိုလွ်င္ ကူးစက္ခံရသူ ၈၆၅၂၁ ဦးရွိျပီး ေသဆံုးသူ ၄၁၄၃ ဦး ရွိေနျပီ ျဖစ္သည္။ ဖိလစ္ပိုင္တြင္ ကူးစက္ခံရသူ ၆၇၄၅၆ ဦးႏွင့္ ေသဆံုးသူ ၁၈၃၁ ဦးရွိေနျပီျဖစ္ျပီး ကူးစက္မႈမ်ား ၾကီးမားစြာ ဆက္လက္ေပၚေပါက္ေနသည္။

ကံေကာင္းေသာေၾကာင့္၊ ဘုရားဂုဏ္ေတာ္ေၾကာင့္ဟူသည့္ ေျပာၾကားခ်က္မ်ားကိုမူ ထည့္သြင္းစဥ္းစားရန္ မျဖစ္ႏိုင္ေခ်။ အဘယ္ေၾကာင့္ဆိုလွ်င္ ဗီယက္နမ္ကြန္ျမဴနစ္အာဏာရွင္တို႔မွာ ဘာသာမဲ့မ်ားျဖစ္ၾကေသာေၾကာင့္ပင္။

စင္စစ္ကား ဗီယက္နမ္၏ ကိုရိုနာဗုိုင္းရပ္စ္ေအာင္ပြဲသည္ ရွင္းျပရန္ အလြယ္ကူဆံုးျဖစ္ရပ္ျဖစ္၏။

ဗီယက္နမ္သည္ သမိုင္းႏွင့္ခ်ီသည့္ ဆက္ႏႊယ္မႈအေၾကာင္းတရားမ်ားကို အေျခခံျပီး ေျမာက္ဘက္မွ အိမ္နီးခ်င္း တရုတ္အေပၚ အယံုအၾကည္မရွိေခ်။ သို႔အတြက္ ယခုႏွစ္စပိုင္း ကိုရိုနာဗိုင္းရပ္စ္ေပၚေပါက္စဥ္ တရုတ္က ဆိုးရြားျပင္းထန္သည့္ ေရာဂါမဟုတ္ေၾကာင္း ေျပာၾကားေသာ္လည္း ဗီယက္နမ္က မယံုေခ်။ သို႔အတြက္ ေရာဂါျဖစ္ပြားေနပံုအေျခအေနမ်ားကို သိႏိုင္ရန္ ဗီယက္နမ္က တရုတ္အေပၚ ဆိုက္ဘာတိုက္ခိုက္မႈမ်ားပင္ ျပဳလုပ္ကာ အခ်က္အလက္ရယူႏိုင္ရန္ ၾကိဳးစားခဲ့သည္။

ဗိုင္းရပ္စ္တစ္မ်ဳိးေပၚေပါက္ေနသည္ဟူသည့္ သတင္းၾကားလိုက္သည္ႏွင့္ ဗီယက္နမ္က တရုတ္ႏွင့္နယ္စပ္ကို ပိတ္လိုက္၏။ ယင္းေနာက္ အၾကြင္းမဲ့အာဏာကို အသံုးျပဳျပီး lockdown ခ်ျခင္း၊ ေရာဂါေျခရာခံျခင္းႏွင့္ ေရာဂါျဖစ္ပြားသူမ်ားကို သီးျခားထားျခင္းမ်ား ျပဳလုပ္ခဲ့သည္။

စင္စစ္ကား တရုတ္အာဏာပိုင္တို႔သည္လည္း ထိုအတိုင္းပင္ လုပ္ေဆာင္ေနခဲ့ျခင္း ျဖစ္သည္။

တရုတ္ႏွင့္ ဗီယက္နမ္တို႔ကို အတုယူ၍ လုပ္ေဆာင္ရန္မွာမူ အျခားေသာႏိုင္ငံမ်ားစြာ၏ အစိုးရတို႔သည္ တရုတ္၊ ဗီယက္နမ္တို႔ေလာက္ အၾကြင္းမဲ့အာဏာႏွင့္ ထိေရာက္ေသာ က်န္းမာေရးစနစ္မ်ား ပိုင္ဆိုင္မထား။ သို႔ေသာ္ စစ္ဗိုလ္ခ်ဳပ္ၾကီးမ်ား၏ ေစာင့္ၾကည့္ျခင္းခံထားရသည့္ ဟန္ေဆာင္ဒီမိုကေရစီျဖစ္ေသာ ထိုင္းႏိုင္ငံသည္မူ တရုတ္၊ ဗီယက္နမ္တုိ႔၏ အေျခအေနကို လိုက္ႏိုင္ရန္ အနီးစပ္ဆံုးရွိသည္။

ထိုင္း၏ က်န္းမာေရးစနစ္မွာ ေကာင္းမြန္ျပီး ထိုင္းႏိုင္ငံသို႔ ေဆးကုထြက္သည့္ ခရီးသြားလုပ္ငန္းပင္ ေခတ္စားေနသည့္ အေျခအေနမ်ဳိးရွိသည္။

ထိုင္းအစိုးရသည္လည္း လိုအပ္သည့္ကိုင္တြယ္မႈမ်ားျပဳလုပ္ရန္ အားေကာင္းသည့္အဖြဲ႔တစ္ခုကို အေဆာတလ်င္ဖြဲ႔စည္းႏိုင္စြမ္းရွိသည္။

သို႔အတြက္ပင္ တရုတ္ႏွင့္အိမ္နီးခ်င္းျဖစ္ေနေသာ္လည္း ကိုရိုနာဗိုင္းရပ္စ္အေပၚ ေအာင္ပြဲခံႏိုင္ခဲ့ျခင္း ျဖစ္သည္။

ေရာဂါကူးစက္မႈမ်ား ျဖစ္ေပၚရျခင္းမွာ ျပည္သူမ်ားအျပန္အလွန္ သြားလာလည္ပတ္ ေလ့လာျခင္းမ်ားေၾကာင့္ ျဖစ္တန္ရာေခ်ရွိသည္ဟု ခန္႔မွန္းလွ်င္ ရႏိုင္သည္။

သို႔ေသာ္ တရုတ္၏ ေပးကမ္းမႈမ်ားကို ျငင္းပယ္ရန္ ခြန္အားမရွိသည့္ လာအိုကဲ့သို႔ ႏိုင္ငံမ်ဳိးတြင္ ထိုသို႔ေသာ ကူးစက္မႈမ်ား မေပၚေပါက္္ခဲ့။

ထို႔နည္းတူ တရုတ္ကုန္သည္မ်ား၊ ေမွာင္ခိုသမားမ်ား ေျခခ်င္းလိမ္ေနေသာ ျမန္မာႏိုင္ငံ၊ တရုတ္ႏိုင္ငံအေပၚ ေဒသတြင္းတြင္ ေထာက္ခံမႈ အေပးဆံုး အာဏာထက္လွသည့္ ဟြန္ဆန္အုပ္စိုးသည့္ ကေမၻာဒီးယားတို႔တြင္ တရုတ္ခရီးသြားမ်ားထံမွ ကူးစက္မႈျဖစ္ရပ္မ်ား မရွိခဲ့။

အဆိုပါႏိုင္ငံမ်ားအားလံုးသည္ ကိုရိုနာဗိုင္းရပ္စ္ ေပၚေပါက္လာစဥ္ကာလအတြင္းမွာပင္ တရုတ္ႏွင့္ထိစပ္ေနေသာ နယ္စပ္ကို မပိတ္ပင္ရန္ ဖိအားေပးျခင္း ခံၾကရသည္။

ဟြန္ဆန္ဆိုလွ်င္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ အထြတ္အထိပ္သို႔ ေရာက္ေနခ်ိန္ ေဖေဖာ္ဝါရီလအတြင္း တရုတ္ျပည္၊ ေပက်င္းျမိဳ ႔ေတာ္ သို႔ပင္ သြားလိုက္ေသးသည္။

ထိုင္းႏိုင္ငံဆိုလွ်င္လည္း တရုတ္ခရီးသြားမ်ားကို မတ္လကုန္ပိုင္းအထိ ဝင္ေရာက္ခြင့္ျပဳထားခဲ့သည္။

ျမန္မာႏိုင္ငံ၏ တရုတ္နယ္စပ္ဆိုလွ်င္ အဝင္အထြက္အလြန္ၾကီးမားေသာ ေနရာတစ္ခု ျဖစ္သည္။

အဆိုပါအေျခအေနမ်ားအရ ေမးခြန္းေပၚေပါက္သည္မွာ တရုတ္ႏိုင္ငံမွ ခရီးသြားမ်ားသည္ အေရွ ႔ေတာင္အာရွႏိုင္ငံမ်ားတြင္ အဘယ္ေၾကာင့္ ေရာဂါကူးစက္ေစမႈ မရွိခဲ့ပါသနည္းဟူေသာ ေမးခြန္းျဖစ္သည္။

သံသယရွိၾကသည့္အခ်က္တစ္ခုမွာ တရုတ္ခရီးသြားမ်ားထံမွ ကူးစက္မႈမ်ားရွိေသာ္လည္း သတင္းထြက္ေပၚမလာျခင္းျဖစ္သည္ဟု သံသယရွိၾကသည္။

ကမၻာဒီးယား၊ လာအိုႏွင့္ ျမန္မာႏိုင္ငံတို႔သည္ ကိုရိုနာဗိုင္းရပ္စ္စမ္းသပ္စစ္ေဆးမႈ အကန္႔အသတ္ျဖင့္သာ လုပ္ေဆာင္ႏိုင္စြမ္းရွိၾကသည္။

ျမန္မာႏိုင္ငံတစ္ဝန္းတြင္ ေဆးခန္းေပါင္းမ်ားစြာဖြင့္လွစ္ထားသည့္ ပရဟိတအဖြဲ႔တစ္ခုျဖစ္ေသာ Medical Action Myanmar မွ Frank Smithuis က ေျပာၾကားရာတြင္မူ ျမန္မာႏိုင္ငံအတြင္း ၾကီးမားသည့္ကူးစက္ပ်ံ ႔ပြားမႈၾကီးျဖစ္ေပၚေနသည္ဆိုပါက မိမိ၏ အဖြဲ႔မွ သတိျပဳမိမည္သာျဖစ္ေၾကာင္း ေျပာၾကားသည္။

ကမၻာေပၚတြင္ အတင္းအေျပာဆံုးႏိုင္ငံ (number one country of gossip in the World) ဟု နာမည္ၾကီးသည့္ ျမန္မာႏိုင္ငံတြင္ covid 19 အၾကီးအက်ယ္ ပ်ံ ႔ႏံွ႔မႈၾကီးျဖစ္ေနသည္ဆိုပါက ဖံုးကြယ္ထားရန္ မျဖစ္ႏိုင္ေၾကာင္း Frank Smithuis က ေျပာၾကားသည္။ ကေမၻာဒီးယား၊ ထိုင္းႏွင့္ ဗီယက္နမ္တို႔ရွိ ကၽြမ္းက်င္ပညာရွင္မ်ားကလည္း အဆိုပါႏိုင္ငံမ်ားအတြင္း ၾကီးမားသည့္ကူးစက္မႈမ်ား၊ ေဆးရံုသို႔ လာေရာက္ျပသကုသခံယူမႈမ်ား မေတြ႔ရေၾကာင္း ေျပာၾကားသည္။

ထိုင္းႏိုင္ငံ၊ ခ်ဴလာေလာင္ကြန္းတကၠသိုလ္ (Chulalongkorn University) မွ သီတီနန္ ေပါင္ဆုဒီရက္က ေျပာၾကားရာတြင္ ထိုင္းႏိုင္ငံမွ ျပန္သြားသည့္ အလုပ္သမားမ်ားသည္ ျမန္မာႏိုင္ငံရွိ ၎တို႔၏ ေက်းရြာမ်ားသို႔ ျပန္ေရာက္လွ်င္ ရြာျပင္ရွိ တဲတစ္လံုးတြင္ ၁၄ ရက္ ေနထိုင္ရေၾကာင္း ေျပာၾကားသည္။

အဆိုပါႏိုင္ငံမ်ားတြင္ covid 19 ကူးစက္မႈနည္းပါးရျခင္းတြင္ အျခားေသာ အေၾကာင္းရပ္မ်ားလည္း ရွိေနသည္။ က်န္းမာေရး ကၽြမ္းက်င္ပညာရွင္မ်ားက ေျပာၾကားရာတြင္ အဆိုပါႏိုင္ငံမ်ားတြင္ ျပည္သူအမ်ားစုသည္ လူသူထူထပ္လွေသာ ျမိဳ ႔ၾကီးျပၾကီးမ်ားထက္ ေက်းလက္ေဒသမ်ားတြင္သာ ေနထုိင္ၾကျခင္းျဖစ္ေၾကာင္း ၊ ျပည္သူတို႔သည္ ေလေအးေပးစက္ခန္းမ်ားထက္ ပန္ကာမ်ား၊ ျပတင္းေပါက္မ်ား ဖြင့္၍သာ ေနထုိင္သည္ကမ်ားေၾကာင္း၊ အခ်ဳိ ႔ဆိုလွ်င္ H1N1 ျပန္႔ႏွ႔ံစဥ္ကာလမ်ားကတည္းက mask တပ္သည့္ အေလ့အထ ရွိခဲ့ၾကေၾကာင္း ေထာက္ျပသည္။

ထို႔အျပင္ ရိုးရာဓေလ့တစ္ခုကလည္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈနည္းပါးေစသည့္အခ်က္မ်ားတြင္ ပါဝင္သည္ဟုဆိုသည္။ ထိုင္းႏိုင္ငံတြင္ဆိုလွ်င္ တစ္ဦးႏွင့္တစ္ဦးေတြ႔ပါက အေနာက္ႏိုင္ငံမ်ားကဲ့သို႔ ေပြ႔ဖက္ႏႈတ္ဆက္ျခင္းမရွိဘဲ လက္အုပ္ခ်ီကာ ခါးကိုင္းႏႈတ္ဆက္သည့္ wai ဟုေခၚေသာ ဓေလ့က လူမႈအလွမ္းခြာျခင္း (social distancing) အလိုလိုျဖစ္ေပၚေနျခင္းျဖစ္ေၾကာင္း ေထာက္ျပသည္။

ေမးဖြယ္ရွိသည္မွာ အေရွ ႔ေတာင္အာရွမွ ဗုဒၶဘာသာႏိုင္ငံမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ ဒုတိယလႈိင္းႏွင့္ တတိယလိႈင္းတို႔ကို ၾကံ ႔ၾကံ ႔ခံႏိုင္ ေနဥိးမည္ေလာဟူသည့္ ေမးခြန္းျဖစ္သည္။

 

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

 (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Why has the pandemic spared the Buddhist parts of Southeast Asia? (The Economist, cambodiadaily)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service