ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
ခြင်ပေါတဲ့ကျွန်တော်တို့ နိုင်ငံက ပြည်သူပြည်သားတွေအနေနဲ့ ကတော့ ခြင်ဆေးခွေဆိုတာ မွေးစကတည်းက ရင်းနှီးကျွမ်းဝင်နေတဲ့ အရာတခုပါပဲ။
အထူးသဖြင့် 90 born(၁၉၉၀)ပြည့်နှစ်ဖွားတွေနဲ့ဆိုရင် ပိုပြီးတော့ တရင်းတနှီးရှိတဲ့ ပစ္စည်းပါ။
ဘာလို့လဲဆိုတော့အဲ့ခေတ်တုန်းက ယနေ့ခေတ်လိုခြင်ရိုက်တံ၊ခြင်ဖမ်းစက်၊ခြင်ဆေးငွေ့စက်၊ခြင်မလာစတေကာ၊ခြင်ပြေးလက်ပတ်၊ခြင်မကိုက်တဲ့လိမ်းဆေး
စသဖြင့်မပေါ်သေးဘဲ ခြင်ကိုက်ခံရတာကနေကာကွယ်ဖို့ ခြင်ဆေးခွေတခုပဲရှိပြီး အဲ့ခြင်ဆေးခွေကိုပဲ နေ့စဉ်နီးပါးသုံးခဲ့ရပါတယ်။
ခုခေတ်မှာ ခြင်ရိုက်တံ၊ခြင်လိမ်းဆေးရည်စသဖြင့်အများကြီးပေါ်နေသော်လည်း လူအတော်များများဟာ ခြင်ဆေးခွေကို သုံးနေကြဆဲပါပဲ။
ခြင်ဆေးခွေကို ၁၈၉၅ခုနှစ်မှာ ဂျပန်နိုင်ငံမှ Eiichiro Ueyama ဆိုသူက စတင်တီထွင်ခဲ့ပါတယ်။
သူမထွင်ခင်အချိန်တုန်းက ဂျပန်နိုင်ငံမှာ ခြင်ပြေးဖို့ဆိုရင် pyrethrum ပိုးသတ်ဆေးမှုန့်ကို လွှစာမှုန့်နဲ့ရောပြီးမီးရှို့ကာ သုံးနေကြပါတယ်။
သူ စစထွင်တုန်းမှာ ခြင်ဆေးခွေကိုအခုခေတ်မြင်ရသလို ခရုပတ်ခွေပုံစံမလုပ်နိုင်သေးပါဘူး။
တုတ်ချောင်းပုံပဲလုပ်နိုင်သေးပါတယ်။ခြင်ဆေးတိုင်အနေနဲ့ပဲထုတ်နိုင်ပါသေးတယ်။ ခြင်ပြေးဖို့အတွက် Pyrethrum ပိုးသတ်ဆေးမှုန့်၊အနံ့မဆိုးဖို့အတွက် လိမ္မော်သီးအခွံကိုအခြောက်လှမ်းကာလုပ်ထားတဲ့အမှုန့်၊မီးစွဲဖို့အတွက် စပါးခွံအမှုန့် သို့မဟုတ် လွှစာမှုန့် ဒီ၃မျိုး ကိုပဲ အချိုးကျရောစပ်ပြီး အတိုင်ဖြစ်အောင်လုပ်ထားတာပါ။
တုတ်ချောင်းပုံအတိုင် ဆိုတော့ မိနစ်လေးဆယ်လောက်ပဲအထွန်းခံတဲ့အတွက် နာရီပိုကြာကြာခံအောင်တဖြည်းဖြည်းကြိုးစားလာရာကနေ ၁၉၀၂ခုနှစ်လောက်မှာ အခုခေတ်တွေ့ရတဲ့ ခရုပတ်ခွေ အဝိုင်းပုံ ဖြစ်လာတာပါ။
ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ စက်ပစ္စည်းတွေခေတ်မှီလာတဲ့အတွက် သူက ကုမ္ပဏီထောင်ပြီး အများအပြားထုတ်လုပ်ကာ ထိုင်း၊တရုတ်စတဲ့ အာရှနိုင်ငံတွေကို တင်သွင်းပါတယ်။ဒီလိုနဲ့ပဲ ခြင်ဆေးခွေဟာ ကျွန်တော်တို့မြန်မာနိုင်ငံကိုရောက်ရှိလာပါတယ်။
ဓါတုဗေဒနည်းပညာတွေဖွံ့ဖြိုးလာပြီးတဲ့နောက်မှာ ခြင်ဆေးခွေမှာပါတဲ့ပါဝင်ပစ္စည်းတွေကလည်း စစပေါ်ချင်းတုန်းကလို သုံးလေးမျိုးလောက်မကတော့ဘဲ ဓါတုပစ္စည်းတွေ အများကြီးပါဝင်လာပါတယ်။
ထုတ်လုပ်တဲ့ကုမ္ပဏီတွေကလည်း များလာတော့ ကိုယ့်ပစ္စည်းရောင်းရအောင်ဆိုပြီး ခြင်ပြေးဖို့အတွက် သူ့ထက်ငါ အပြိုင်အဆိုင် ဓါတုပစ္စည်းအပြင်းတွေလည်းထည့်ဖော်စပ်လာကြပါတယ်။
ခုခေတ် သုတေသနတွေအရ ခြင်ဆေးခွေအချို့မှာ အပြင်းထန်ဆုံး ဓါတုပစ္စည်းတွေဖြစ်တဲ့ ပိုးသတ်ဆေး S-2၊ဖော်မယ်ဒီဟိုက်၊ဘန်ဇင်း၊မီဖာလူသရင်းစတဲ့ဓါတုပစ္စည်းတွေပါဝင်နေတယ်လို့ ပြောထားပါတယ်။
ဘန်ဇင်းဓါတုပစ္စည်းဟာ ကာစီနိုဂျင်(ကင်ဆာဖြစ်စေမှုကိုအားပေးတဲ့ပစ္စည်း)ဖြစ်ပြီး အာရုံကြောမှစကာ ရိုးတွင်းချဉ်ဆီထိပါ အဆိပ်သင့်နိုင်တယ်လို့ သုတေသနတခုကဆိုထားပါတယ်။
ခြင်ဆေးခွေတခွေမှထွက်လာတဲ့အဆိပ်ငွေ့ဟာ ဆေးလိပ်အလိပ်၁၀၀ကျော်မှထွက်တဲ့အဆိပ်ငွေ့နဲ့ညီတယ်လို့လည်း တချို့သုတေသနပညာရှင်တွေကပြောကြပါတယ်။
အဆုံးသတ်အနေနဲ့ အကြံပေးရရင်
ခြင်ဆေးခွေကို
ကလေးငယ်လေးတွေ၊မွေးကင်းစကလေးတွေရှိရင်၊နာတာရှည်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါသည်တွေရှိရင် အိမ်မှာ လုံးဝမသုံးသင့်ပါဘူး။
အလုံပိတ်ခန်း၊လေဝင်လေထွက်မရှိတဲ့နည်းတဲ့နေရာတွေမှာဆိုရင်လည်း ခြင်ဆေးခွေမထွန်းသင့်ပါ။
ဒါ့အပြင် ခြင်ဆေးခွေသုံးတာဟာ မီးဘေးအန္တရာယ်လည်းစိုးရိမ်ရပါတယ်။ခြင်ဆေးခွေထွန်းရာကနေဖြစ်တဲ့မီးလောင်မှုတွေဆိုတာလည်း အများကြီးရှိပါတယ်။
ဒါကြောင့် ကျန်းမာရေးအတွက်ရော မီးဘေးအန္တရာယ်အတွက်ရော စိုးရိမ်ရတဲ့ခြင်ဆေးခွေကို တတ်နိုင်သလောက်ရှောင်ပြီး တခြားရွေးစရာတွေဖြစ်တဲ့ ခြင်မကိုက်လက်ပတ်၊စတေကာ၊ဆေးရည်တွေကို ရွေးချယ်သုံးကြပါလို့ အကြံပြုချင်ပါတယ်။
Credit: Ondoctor
[Zawgyi]
ျခင္ေဆးေခြရဲ႕ ဆိုးက်ိဳးမ်ား
ျခင္ေပါတဲ့ကြၽန္ေတာ္တို႔ ႏိုင္ငံက ျပည္သူျပည္သားေတြအေနနဲ႔ ကေတာ့ ျခင္ေဆးေခြဆိုတာ ေမြးစကတည္းက ရင္းႏွီးကြၽမ္းဝင္ေနတဲ့ အရာတခုပါပဲ။
အထူးသျဖင့္ 90 born(၁၉၉၀)ျပည့္ႏွစ္ဖြားေတြနဲ႔ဆိုရင္ ပိုၿပီးေတာ့ တရင္းတႏွီးရွိတဲ့ ပစၥည္းပါ။
ဘာလို႔လဲဆိုေတာ့အဲ့ေခတ္တုန္းက ယေန႔ေခတ္လိုျခင္႐ိုက္တံ၊ျခင္ဖမ္းစက္၊ျခင္ေဆးေငြ႕စက္၊ျခင္မလာစေတကာ၊ျခင္ေျပးလက္ပတ္၊ျခင္မကိုက္တဲ့လိမ္းေဆး
စသျဖင့္မေပၚေသးဘဲ ျခင္ကိုက္ခံရတာကေနကာကြယ္ဖို႔ ျခင္ေဆးေခြတခုပဲရွိၿပီး အဲ့ျခင္ေဆးေခြကိုပဲ ေန႔စဥ္နီးပါးသုံးခဲ့ရပါတယ္။
ခုေခတ္မွာ ျခင္႐ိုက္တံ၊ျခင္လိမ္းေဆးရည္စသျဖင့္အမ်ားႀကီးေပၚေနေသာ္လည္း လူအေတာ္မ်ားမ်ားဟာ ျခင္ေဆးေခြကို သုံးေနၾကဆဲပါပဲ။
ျခင္ေဆးေခြကို ၁၈၉၅ခုႏွစ္မွာ ဂ်ပန္ႏိုင္ငံမွ Eiichiro Ueyama ဆိုသူက စတင္တီထြင္ခဲ့ပါတယ္။
သူမထြင္ခင္အခ်ိန္တုန္းက ဂ်ပန္ႏိုင္ငံမွာ ျခင္ေျပးဖို႔ဆိုရင္ pyrethrum ပိုးသတ္ေဆးမႈန႔္ကို လႊစာမႈန႔္နဲ႔ေရာၿပီးမီးရႈိ႕ကာ သုံးေနၾကပါတယ္။
သူ စစထြင္တုန္းမွာ ျခင္ေဆးေခြကိုအခုေခတ္ျမင္ရသလို ခ႐ုပတ္ေခြပုံစံမလုပ္ႏိုင္ေသးပါဘူး။
တုတ္ေခ်ာင္းပုံပဲလုပ္ႏိုင္ေသးပါတယ္။ျခင္ေဆးတိုင္အေနနဲ႔ပဲထုတ္ႏိုင္ပါေသးတယ္။ ျခင္ေျပးဖို႔အတြက္ Pyrethrum ပိုးသတ္ေဆးမႈန႔္၊အနံ႔မဆိုးဖို႔အတြက္ လိေမၼာ္သီးအခြံကိုအေျခာက္လွမ္းကာလုပ္ထားတဲ့အမႈန႔္၊မီးစြဲဖို႔အတြက္ စပါးခြံအမႈန႔္ သို႔မဟုတ္ လႊစာမႈန႔္ ဒီ၃မ်ိဳး ကိုပဲ အခ်ိဳးက်ေရာစပ္ၿပီး အတိုင္ျဖစ္ေအာင္လုပ္ထားတာပါ။
တုတ္ေခ်ာင္းပုံအတိုင္ ဆိုေတာ့ မိနစ္ေလးဆယ္ေလာက္ပဲအထြန္းခံတဲ့အတြက္ နာရီပိုၾကာၾကာခံေအာင္တျဖည္းျဖည္းႀကိဳးစားလာရာကေန ၁၉၀၂ခုႏွစ္ေလာက္မွာ အခုေခတ္ေတြ႕ရတဲ့ ခ႐ုပတ္ေခြ အဝိုင္းပုံ ျဖစ္လာတာပါ။
ဒုတိယကမာၻစစ္ၿပီးေနာက္ပိုင္းမွာ စက္ပစၥည္းေတြေခတ္မွီလာတဲ့အတြက္ သူက ကုမၸဏီေထာင္ၿပီး အမ်ားအျပားထုတ္လုပ္ကာ ထိုင္း၊တ႐ုတ္စတဲ့ အာရွႏိုင္ငံေတြကို တင္သြင္းပါတယ္။ဒီလိုနဲ႔ပဲ ျခင္ေဆးေခြဟာ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံကိုေရာက္ရွိလာပါတယ္။
ဓါတုေဗဒနည္းပညာေတြဖြံ႕ၿဖိဳးလာၿပီးတဲ့ေနာက္မွာ ျခင္ေဆးေခြမွာပါတဲ့ပါဝင္ပစၥည္းေတြကလည္း စစေပၚခ်င္းတုန္းကလို သုံးေလးမ်ိဳးေလာက္မကေတာ့ဘဲ ဓါတုပစၥည္းေတြ အမ်ားႀကီးပါဝင္လာပါတယ္။
ထုတ္လုပ္တဲ့ကုမၸဏီေတြကလည္း မ်ားလာေတာ့ ကိုယ့္ပစၥည္းေရာင္းရေအာင္ဆိုၿပီး ျခင္ေျပးဖို႔အတြက္ သူ႔ထက္ငါ အၿပိဳင္အဆိုင္ ဓါတုပစၥည္းအျပင္းေတြလည္းထည့္ေဖာ္စပ္လာၾကပါတယ္။
ခုေခတ္ သုေတသနေတြအရ ျခင္ေဆးေခြအခ်ိဳ႕မွာ အျပင္းထန္ဆုံး ဓါတုပစၥည္းေတြျဖစ္တဲ့ ပိုးသတ္ေဆး S-2၊ေဖာ္မယ္ဒီဟိုက္၊ဘန္ဇင္း၊မီဖာလူသရင္းစတဲ့ဓါတုပစၥည္းေတြပါဝင္ေနတယ္လို႔ ေျပာထားပါတယ္။
ဘန္ဇင္းဓါတုပစၥည္းဟာ ကာစီႏိုဂ်င္(ကင္ဆာျဖစ္ေစမႈကိုအားေပးတဲ့ပစၥည္း)ျဖစ္ၿပီး အာ႐ုံေၾကာမွစကာ ႐ိုးတြင္းခ်ဥ္ဆီထိပါ အဆိပ္သင့္ႏိုင္တယ္လို႔ သုေတသနတခုကဆိုထားပါတယ္။
ျခင္ေဆးေခြတေခြမွထြက္လာတဲ့အဆိပ္ေငြ႕ဟာ ေဆးလိပ္အလိပ္၁၀၀ေက်ာ္မွထြက္တဲ့အဆိပ္ေငြ႕နဲ႔ညီတယ္လို႔လည္း တခ်ိဳ႕သုေတသနပညာရွင္ေတြကေျပာၾကပါတယ္။
အဆုံးသတ္အေနနဲ႔ အႀကံေပးရရင္
ျခင္ေဆးေခြကို
ကေလးငယ္ေလးေတြ၊ေမြးကင္းစကေလးေတြရွိရင္၊နာတာရွည္အသက္ရႈလမ္းေၾကာင္းဆိုင္ရာေရာဂါသည္ေတြရွိရင္ အိမ္မွာ လုံးဝမသုံးသင့္ပါဘူး။
အလုံပိတ္ခန္း၊ေလဝင္ေလထြက္မရွိတဲ့နည္းတဲ့ေနရာေတြမွာဆိုရင္လည္း ျခင္ေဆးေခြမထြန္းသင့္ပါ။
ဒါ့အျပင္ ျခင္ေဆးေခြသုံးတာဟာ မီးေဘးအႏၲရာယ္လည္းစိုးရိမ္ရပါတယ္။ျခင္ေဆးေခြထြန္းရာကေနျဖစ္တဲ့မီးေလာင္မႈေတြဆိုတာလည္း အမ်ားႀကီးရွိပါတယ္။
ဒါေၾကာင့္ က်န္းမာေရးအတြက္ေရာ မီးေဘးအႏၲရာယ္အတြက္ေရာ စိုးရိမ္ရတဲ့ျခင္ေဆးေခြကို တတ္ႏိုင္သေလာက္ေရွာင္ၿပီး တျခားေ႐ြးစရာေတြျဖစ္တဲ့ ျခင္မကိုက္လက္ပတ္၊စေတကာ၊ေဆးရည္ေတြကို ေ႐ြးခ်ယ္သုံးၾကပါလို႔ အႀကံျပဳခ်င္ပါတယ္။
Credit: Ondoctor