ကိုယ်စားလှယ်လွှဲစာ မယူခဲ့မိလို့နောင်တရ ဝန်ခံချက်ပါထိုးလိုက်ရ

ကိုယ်စားလှယ်လွှဲစာ မယူခဲ့မိလို့နောင်တရ ဝန်ခံချက်ပါထိုးလိုက်ရ - Property Knowledge in Myanmar from iMyanmarHouse.com
16 Jul 2020 2:53 pm တွင် တင်ခဲ့သည်
8037 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ယခုနှစ်မှာ အိမ်ခြံမြေ အရောင်းအဝယ်နဲ့ တိုက်ခန်းအရောင်းအဝယ်တွေ တော်တော် လေး အေးသွားကြတဲ့အတွက် အိမ်ခြံမြေ ပြန်ရောင်းချင်တဲ့တွေ၊ ငွေကြေး အမြန် လိုအပ်နေတဲ့သူတွေကတော့ အိမ်ခြံမြေ အရောင်းအဝယ်တွေ၊ တိုက်ခန်း အရောင်း အဝယ်တွေ ဈေးကောင်းလာမယ့်အချိန် ကို မစောင့်နိုင်ကြတော့ဘူး။

မေတ္တာဖြင့် အတိုးမဲ့ငွေချေးမယ့် နေရာ ရှိရင်လက်တို့ပါ။

လိုအပ်နေတဲ့ငွေကြေးတွေကို အမြန်ရဖို့ “မြွေအစာရှာသလို”အပူတပြင်း ရှာဖွေကြရတော့တယ်။ ဒီအချိန်မျိုးမှာ အသည်းအသန်လိုအပ်နေတဲ့ သိန်း (၅၀)၊ သိန်း(၁၀၀)ကို ဘယ်ဆွေမျိုး၊ ဘယ်မိတ်ဆွေ ကများ အတိုးမဲ့ ထုတ်ပေးမလဲလို့ မေးကြည့် လိုက်တဲ့အခါ မေတ္တာနဲ့ အတိုးမဲ့ငွေချေး မယ့်သူမရှိတာကို ထင်ထင်ရှားရှားတွေ့ရ ပါတယ်။

ဆရာတပည့်ဆိုပြီး အတိုးမဲ့ငွေချေးတာ မရှိတော့ပါ။

ဒီငွေတွေကိုရဖို့ ရှာကြံကြတဲ့ အခါ ရပ်ကွက်အတွင်းနေသူဆိုရင် ရပ်ကွက် ထဲမှာ အတိုးပေးစားသူထံ ချဉ်းကပ်ရတာ ပေါ့။ ကုမ္ပဏီဝန်ထမ်းဖြစ်ရင် ကုမ္ပဏီပိုင်ရှင် ထံချဉ်းကပ်ပြီး ငွေချေးရင် ရနိုင်တာပေါ့။ ရပ်ကွက်ထဲက အတိုးပေးစားသူကလည်း အတိုးမရရင် ငွေချေးတော့မှာမဟုတ်ပါဘူး။ထို့အတူပဲ ကုမ္ပဏီပိုင်ရှင်ဆိုသူကလည်း သူ့ဝန်ထမ်းဖြစ်လို့ဆိုပြီး အတိုးမဲ့ငွေချေး မှာတော့ မဟုတ်ပါဘူး။ အတိုးရမှပဲ ငွေချေး ကြတာပါပဲ။

မြေကွက်ဝယ်၊ ဂရန်ပေါင် တိုက်ဆောက် မိတဲ့ ဇနီးမောင်နှံ။

ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်တဲ့ မဌေးဌေးတို့ဇနီးမောင်နှံဟာ မိမိတို့ကြိုးစားရှာဖွေထားတဲ့ အရင်းအနှီးငွေများနဲ့ မြောက်ဒဂုံ (၄၈)ရပ်ကွက်မှာ ပေ ၄၀၊ ပေ ၆၀မြေကွက် တစ်ကွက် ဝယ်ယူခဲ့ကြ တယ်။

၂၀၁၀ ခုနှစ်လောက်က ဝယ်ယူ ခဲ့ ကြတာဆိုတော့ မြေတစ်ကွက်မှ သိန်း(၅၀)ပဲပေးခဲ့ရတယ်။ လောလောဆယ် အိမ်မဆောက်နိုင်သေးခင် မိဘအိမ်မှာပဲ ကပ် နေရတာပေါ့။ ဇနီးမောင်နှံ ရှာဖွေရတဲ့ ငွေကြေးလေးတွေကို ခြစ်ခြုတ်စုကာ လစာ ထုတ်ရင် အိမ်ဆောက်ဖို့ သံပြေးဝယ်လိုက်၊ သွပ်ပြေးဝယ်လိုက်နဲ့ စုဆောင်းရင်း အိမ် ဆောက်လိုက်ကြတာ ငွေလိုလာတော့ သူဌေးဆီမှာ ဂရန်ပေါင်ငွေချေးပြီး အိမ် ဆောက်ကြတာ အခုတော့ တစ်ထပ်တိုက် ကလေးအကြမ်းထည်တောင် ပြီးသွားပြီ။အဝီစိတွင်းလည်း တူးပြီးပြီ။ ရေမီးအစုံ၊ ခြံစည်းရိုးအကာအရံအပြည့်နဲ့ နေချင်စဖွယ် ဖြစ်လာတဲ့အချိန်ရောက်မှယောကျ်ားဖြစ် သူက အလုပ်အကိုင်မကောင်းတော့ အိမ်ကအပြီးမသတ်တော့ဘူးဖြစ်နေတယ်။

ငွေချေးပြီး တိုက်ဆောက်မိတဲ့အမှား၊ အကြွေးနဲ့ အသိမ်းခံရတော့မှာလား။

အိမ်ဆောက်ပြီဆိုကတည်းက လင်မယားနှစ်ယောက်ပေါင်းလစာနဲ့ မလောက်တော့ အိမ်ဆောက်တဲ့အချိန်မှာ အိမ်ဆောက်ပစ်္စည်းတွေဝယ်ဖို့မရှိတာနဲ့ ကုမ္ပဏီပိုင်ရှင်ထံမှာ မြေကွက်ဂရန်ကို အပေါင်အဖြစ်ပေးထားပြီး ငွေချေးခဲ့ရတာ ကာလကြာသွားပြီ။ အိမ်ကလည်း လိုအပ်တဲ့ ပစ်္စည်းတွေဝယ်ထည့်ပြီး ဆောက်ခဲ့တာအခုဆိုရင် သိန်း(၁၅၀)လောက်ကုန်သွား ပြီ၊ ရှေ့ဆက်မတိုးနိုင်ဖြစ်နေပြီ။ ဒီအတိုင်း ဆိုရင် ကုမ္ပဏီသူဌေးထံမှာ အပ်ထားတဲ့ “ဂရန်”ကိုလည်းပြန်ရွေးနိုင်ဖို့က လမ်းမမြင်၊ ဒါအပြင် အိမ်ဆောက်ကတည်းက ငွေချေး ခဲ့တာကြောင့် အတိုးတွေကိုလည်း အကုန် မဆပ်နိုင်သေး၊ အကြွေးထူတာ လူမသိပေမယ့် သူဌေးကတော့ အတိုးနဲ့အရင်း ပေါင်းပြီး ဂရန်ကိုပြန်ရွေးခိုင်းနေပြီ။ လက်ရှိအခြေအနေအရ ပြန်ရွေးနိုင်ဖို့ လမ်းမမြင်ရ။ ဒီတော့လည်း မြေနဲ့အိမ်ကို သူဌေး လက် “ဝကွက်” အပ်လိုက်ရတာပေါ့။

ပါဝါမယူခဲ့မိလို့ ဂရန်အမည်ပေါက်ထံ အကူအညီတောင်းရပြန်။

လက်ရှိမြောက်ဒဂုံလိုနေရာမျိုး မှာ မြေနဲ့အိမ်ဝယ်ရင် အနည်းဆုံးသိန်း (၈၀၀)လောက်တော့ ပေးရပါတယ်။အခု တော့ဘယ်တတ်နိုင်မှာလည်း မြေနဲ့အိမ် တန်ဖိုးသိန်း(၆၀၀)လောက် ထားပေးပါ လို့ တောင်းပန်ရတော့တာပေါ့။ သူဌေးက လည်း အတိုးနဲ့အရင်းပေါင်းရင် သိန်း(၃၀၀)လောက်ပ ဲပြန်အမ်းရမှာဆိုတော့ ယူလိုက် ပါတယ်။ အဲ...ဝယ်ယူလိုက်တာတော့ ဟုတ်ပါပြီ၊ ပိုင်ဆိုင်မှုခိုင်မာဖို့ဂရန်အမည် ပေါက်သူက ကုမ္ပဏီဝန်ထမ်း “မဋ္ဌေး”အမည်မဟုတ်ဘဲ “စောကလျာ” အမည် ပေါက်ဂရန်ဖြစ်နေတယ်။

“စောကလျာ”ထံက မြေကွက် ဝယ်စဉ်က အရပ်ကတိအရောင်းအဝယ် စာချုပ်ခဲ့တာ အခုသူဌေးကဝယ်ပြီး နာမည် ပြောင်းချင်တယ်ပြောနေတယ်။ ဒီတော့ အမည်ပေါက်ကို ပြန်ရှာရတော့တာပေါ့။အမည်ပေါက် “ကလျာ”က တောင်ဥက္ကလာ မှာ ပြောင်းသွားတာသိရတော့ လိုက်သွား ပြီး ဝယ်သူကို Special Power (အထူး ကိုယ်စားလှယ်လွှဲစာ) လွှဲပေးဖို့ သွားပြီး အကူအညီတောင်းပါသေးတယ်။

အားနာပါးနာ ကိုယ်စားလှယ်လွှဲခလေး (၁၀)သိန်းလောက်ပေးပါ။

အကူအညီတောင်းတယ်သာ ပြောတာပါ။ လက်ချည်းဗလာသွားလို့ ကတော့ ှသမမပ ပဲ ပြောလွှတ်လိုက်မှာ... ဒီတော့ “လက်ဆောင်ပါတဲ့ဧည့်သည်မျိုး၊ အိမ်ရှင်စိတ်မဆိုး”ဆိုတဲ့ ဆိုရိုးစကားအတိုင်း မုန့်လက်ဆောင်ယူသွားပြီး အကူအညီ တောင်းရတာပေါ့။ စာချုပ်ရုံးမှာ ပါဝါလိုက်လုပ်ပေးပါဆိုကတည်းက ဂရန်အမည်ပေါက် သူကလည်း သိနေတယ်လေ။ အားနာပါးနာ လိုက်လုပ်ပေးပါမယ်။ ဒါပေမယ့် ပါဝါလွှဲခ (၁၀)သိန်းလောက်ပေးမှ လိုက်လုပ်ပေးနိုင် မယ်လို့ တောင်းဆိုပါလေရော။

ကိုယ်စားလှယ်လွှဲစာမယူခဲ့မိလို့ နောင်တရ၊ ဝန်ခံချက်ပါထိုးလိုက်ရ။

ဒီတော့လည်း ကုမ္ပဏီဝန်ထမ်း “မဌေး”မှာ အနူးအညွတ် တောင်းပန်ရတော့ တာပေါ့။ ကျွန်မတို့မှာလစာနည်း ဝန်ထမ်း ဖြစ်လို့ (၅)သိန်းပဲ ထားပေးပါပြောတော့ အင်တင်တင်လုပ်ပြီးမှ လိုက်လျောပါတယ်။စာချုပ်ရုံးမှာ ပါဝါလိုက်လုပ်ပေးလို့ တော် သေးတာပေါ့။ ဒါတောင် “မဌေး”ကို ကတိ ဝန်ခံချက်တွေ လုပ်ခိုင်းသေးတယ်။တကယ် လို့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်တဲ့အခါ ရန်ကုန်တိုင်း အခွန်ဦးစီးရုံးက အခွန်လိုက်လာရင် ဂရန်အမည်ပေါက်သူ က ရောင်းခွန်ပေးဆောင်ရန်မလိုဘဲ ရောင်း သူ “မဌေး”ကသာ ကျသင့်ငွေအားလုံးပေးဆောင်ပါမယ်လို့ စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးပေးလိုက်ရပါသေးတယ်။

ဒီတော့ စာရေးသူစဉ်းစားကြည့် မိတယ်။ သူများအမည်ပေါက် ဂရန်မြေဝယ် ထားပြီး မိမိအမည်ပေါက်အဖြစ် ပြောင်း မထားခဲ့ရင်တော့ “မဌေး”လိုပဲ ကိုယ်စား လှယ်ပါဝါလိုချင်ရင် ပါဝါလွှဲပေးခ (၅)သိန်း(၁၀)သိန်း အပိုဆောင်ထားကြဖို့ လို နေပြီ။ တကယ်လို့ ဂရန်အမည်ပေါက်သူ က Sp/Gp ပါဝါမပေးရင် မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးစေလိုမှု ခေါင်းစဉ်တပ်ပြီး တရားစွဲယူရမှာလေ။

ဒါကြောင့် စာဖတ်သူများကိုပြော လိုတာက ဂရန်အမည်ပေါက် မြေကွက်ကို ဝယ်ယူတော့မယ်ဆိုရင်၊ ဂရန်အမည်ပေါက် အသက်ထင်ရှားရှိဆဲမှာ သူတို့ထံက အထွေထွေကိုယ်စားလှယ်လွှဲစာ (Gp)ဖြစ်စေ၊ အထူးကိုယ်စားလှယ်လွှဲစာ(Sp) ဖြစ်စေရယူထားတာ အကောင်းဆုံးပါပဲလို့ အကြံပေးလိုက်ရပါတယ်။

အိမ်ခြံမြေတိုက်ခန်းဝယ်သူများ အခက်အခဲမှန်သမျှကျော်လွှားနိုင်ပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကိုယ္စားလွယ္လႊဲစာ မယူခဲ့မိလို႔ေနာင္တရ ၀န္ခံခ်က္ပါထိုးလိုက္ရ

ယခုႏွစ္မွာ အိမ္ၿခံေျမ အေရာင္းအ၀ယ္နဲ႔ တိုက္ခန္းအေရာင္းအ၀ယ္ေတြ ေတာ္ေတာ္ ေလး ေအးသြားၾကတဲ့အတြက္ အိမ္ျခံေျမ ျပန္ေရာင္းခ်င္တဲ့ေတြ၊ ေငြေၾကး အျမန္ လိုအပ္ေနတဲ့သူေတြကေတာ့ အိမ္ျခံေျမ အေရာင္းအ၀ယ္ေတြ၊ တိုက္ခန္း အေရာင္း အ၀ယ္ေတြ ေစ်းေကာင္းလာမယ့္အခ်ိန္ ကို မေစာင့္နိုင္ၾကေတာ့ဘူး။

ေမတၱာျဖင့္ အတိုးမဲ့ေငြေခ်းမယ့္ ေနရာ ရွိရင္လက္တို႔ပါ။

လိုအပ္ေနတဲ့ေငြေၾကးေတြကို အျမန္ရဖို႔ “ေႁမြအစာရွာသလို”အပူတျပင္း ရွာေဖြၾကရေတာ့တယ္။ ဒီအခ်ိန္မ်ိဳးမွာ အသည္းအသန္လိုအပ္ေနတဲ့ သိန္း (၅၀)၊ သိန္း(၁၀၀)ကို ဘယ္ေဆြမ်ိဳး၊ ဘယ္မိတ္ေဆြ ကမ်ား အတိုးမဲ့ ထုတ္ေပးမလဲလို႔ ေမးၾကည့္ လိုက္တဲ့အခါ ေမတၱာနဲ႔ အတိုးမဲ့ေငြေခ်း မယ့္သူမရွိတာကို ထင္ထင္ရွားရွားေတြ႔ရ ပါတယ္။

ဆရာတပည့္ဆိုျပီး အတိုးမဲ့ေငြေခ်းတာ မရွိေတာ့ပါ။

ဒီေငြေတြကိုရဖို႔ ရွာၾကံၾကတဲ့ အခါ ရပ္ကြက္အတြင္းေနသူဆိုရင္ ရပ္ကြက္ ထဲမွာ အတိုးေပးစားသူထံ ခ်ဥ္းကပ္ရတာ ေပါ့။ ကုမၸဏီ၀န္ထမ္းျဖစ္ရင္ ကုမၸဏီပိုင္ရွင္ ထံခ်ဥ္းကပ္ၿပီး ေငြေခ်းရင္ ရႏိုင္တာေပါ့။ ရပ္ကြက္ထဲက အတိုးေပးစားသူကလည္း အတိုးမရရင္ ေငြေခ်းေတာ့မွာမဟုတ္ပါဘူး။ထို႔အတူပဲ ကုမၸဏီပိုင္ရွင္ဆိုသူကလည္း သူ႔၀န္ထမ္းျဖစ္လို႔ဆိုၿပီး အတိုးမဲ့ေငြေခ်း မွာေတာ့ မဟုတ္ပါဘူး။ အတိုးရမွပဲ ေငြေခ်း ၾကတာပါပဲ။

ေျမကြက္၀ယ္၊ ဂရန္ေပါင္ တိုက္ေဆာက္ မိတဲ့ ဇနီးေမာင္ႏွံ

ကုမၸဏီ၀န္ထမ္းတစ္ဦးျဖစ္တဲ့ မေဌးေဌးတို႔ဇနီးေမာင္ႏွံဟာ မိမိတို႔ႀကိဳးစားရွာေဖြထားတဲ့ အရင္းအႏွီးေငြမ်ားနဲ႔ ေျမာက္ဒဂံု (၄၈)ရပ္ကြက္မွာ ေပ ၄၀၊ ေပ ၆၀ေျမကြက္ တစ္ကြက္ ၀ယ္ယူခဲ့ၾက တယ္။

၂၀၁၀ ခုႏွစ္ေလာက္က ၀ယ္ယူ ခဲ့ ၾကတာဆိုေတာ့ ေျမတစ္ကြက္မွ သိန္း(၅၀)ပဲေပးခဲ့ရတယ္။ ေလာေလာဆယ္ အိမ္မေဆာက္ႏိုင္ေသးခင္ မိဘအိမ္မွာပဲ ကပ္ ေနရတာေပါ့။ ဇနီးေမာင္ႏွံ ရွာေဖြရတဲ့ ေငြေၾကးေလးေတြကို ျခစ္ျခဳတ္စုကာ လစာ ထုတ္ရင္ အိမ္ေဆာက္ဖို႔ သံေျပး၀ယ္လိုက္၊ သြပ္ေျပး၀ယ္လိုက္နဲ႔ စုေဆာင္းရင္း အိမ္ ေဆာက္လိုက္ၾကတာ ေငြလိုလာေတာ့ သူေဌးဆီမွာ ဂရန္ေပါင္ေငြေခ်းၿပီး အိမ္ ေဆာက္ၾကတာ အခုေတာ့ တစ္ထပ္တိုက္ ကေလးအၾကမ္းထည္ေတာင္ ၿပီးသြားၿပီ။အ၀ီစိတြင္းလည္း တူးၿပီးၿပီ။ ေရမီးအစုံ၊ ျခံစည္း႐ိုးအကာအရံအျပည့္နဲ႔ ေနခ်င္စဖြယ္ ျဖစ္လာတဲ့အခ်ိန္ေရာက္မွေယာက်္ားျဖစ္ သူက အလုပ္အကိုင္မေကာင္းေတာ့ အိမ္ကအၿပီးမသတ္ေတာ့ဘူးျဖစ္ေနတယ္။

ေငြေခ်းၿပီး တိုက္ေဆာက္မိတဲ့အမွား၊ အေႂကြးနဲ႔ အသိမ္းခံရေတာ့မွာလား။

အိမ္ေဆာက္ၿပီဆိုကတည္းက လင္မယားႏွစ္ေယာက္ေပါင္းလစာနဲ႔ မေလာက္ေတာ့ အိမ္ေဆာက္တဲ့အခ်ိန္မွာ အိမ္ေဆာက္ပစ္ၥည္းေတြ၀ယ္ဖို႔မရွိတာနဲ႔ ကုမၸဏီပိုင္ရွင္ထံမွာ ေျမကြက္ဂရန္ကို အေပါင္အျဖစ္ေပးထားၿပီး ေငြေခ်းခဲ့ရတာ ကာလၾကာသြားၿပီ။ အိမ္ကလည္း လိုအပ္တဲ့ ပစ္ၥည္းေတြ၀ယ္ထည့္ၿပီး ေဆာက္ခဲ့တာအခုဆိုရင္ သိန္း(၁၅၀)ေလာက္ကုန္သြား ၿပီ၊ ေရွ႔ဆက္မတိုးႏိုင္ျဖစ္ေနၿပီ။ ဒီအတိုင္း ဆိုရင္ ကုမၸဏီသူေဌးထံမွာ အပ္ထားတဲ့ “ဂရန္”ကိုလည္းျပန္ေရြးႏိုင္ဖို႔က လမ္းမျမင္၊ ဒါအျပင္ အိမ္ေဆာက္ကတည္းက ေငြေခ်း ခဲ့တာေၾကာင့္ အတိုးေတြကိုလည္း အကုန္ မဆပ္ႏိုင္ေသး၊ အေႂကြးထူတာ လူမသိေပမယ့္ သူေဌးကေတာ့ အတိုးနဲ႔အရင္း ေပါင္းၿပီး ဂရန္ကိုျပန္ေရြးခိုင္းေနၿပီ။ လက္ရွိအေျခအေနအရ ျပန္ေရြးနိုင္ဖို႔ လမ္းမျမင္ရ။ ဒီေတာ့လည္း ေျမနဲ႔အိမ္ကို သူေဌး လက္ “၀ကြက္” အပ္လိုက္ရတာေပါ့။

ပါ၀ါမယူခဲ့မိလို႔ ဂရန္အမည္ေပါက္ထံ အကူအညီေတာင္းရျပန္။

လက္ရွိေျမာက္ဒဂုံလိုေနရာမ်ိဳး မွာ ေျမနဲ႔အိမ္၀ယ္ရင္ အနည္းဆုံးသိန္း (၈၀၀)ေလာက္ေတာ့ ေပးရပါတယ္။အခု ေတာ့ဘယ္တတ္နိုင္မွာလည္း ေျမနဲ႔အိမ္္ တန္ဖိုးသိန္း(၆၀၀)ေလာက္ ထားေပးပါ လို႔ ေတာင္းပန္ရေတာ့တာေပါ့။ သူေဌးက လည္း အတိုးနဲ႔အရင္းေပါင္းရင္ သိန္း(၃၀၀)ေလာက္ပ ဲျပန္အမ္းရမွာဆိုေတာ့ ယူလိုက္ ပါတယ္။ အဲ...၀ယ္ယူလိုက္တာေတာ့ ဟုတ္ပါၿပီ၊ ပိုင္ဆိုင္မႈခိုင္မာဖို႔ဂရန္အမည္ ေပါက္သူက ကုမၸဏီ၀န္ထမ္း “မေ႒း”အမည္မဟုတ္ဘဲ “ေစာကလ်ာ” အမည္ ေပါက္ဂရန္ျဖစ္ေနတယ္။

“ေစာကလ်ာ”ထံက ေျမကြက္ ၀ယ္စဥ္က အရပ္ကတိအေရာင္းအ၀ယ္ စာခ်ဳပ္ခဲ့တာ အခုသူေဌးက၀ယ္ၿပီး နာမည္ ေျပာင္းခ်င္တယ္ေျပာေနတယ္။ ဒီေတာ့ အမည္ေပါက္ကို ျပန္ရွာရေတာ့တာေပါ့။အမည္ေပါက္ “ကလ်ာ”က ေတာင္ဥကၠလာ မွာ ေျပာင္းသြားတာသိရေတာ့ လိုက္သြား ၿပီး ၀ယ္သူကို Special Power (အထူး ကိုယ္စားလွယ္လႊဲစာ) လႊဲေပးဖို႔ သြားျပီး အကူအညီေတာင္းပါေသးတယ္။

အားနာပါးနာ ကိုယ္စားလွယ္လႊဲခေလး (၁၀)သိန္းေလာက္ေပးပါ။

အကူအညီေတာင္းတယ္သာ ေျပာတာပါ။ လက္ခ်ည္းဗလာသြားလို႔ ကေတာ့ ွသမမပ ပဲ ေျပာလႊတ္လိုက္မွာ... ဒီေတာ့ “လက္ေဆာင္ပါတဲ့ဧည့္သည္မ်ိဳး၊ အိမ္ရွင္စိတ္မဆိုး”ဆိုတဲ့ ဆို႐ိုးစကားအတိုင္း မုန္႔လက္ေဆာင္ယူသြားၿပီး အကူအညီ ေတာင္းရတာေပါ့။ စာခ်ဳပ္ရုံးမွာ ပါ၀ါလိုက္လုပ္ေပးပါဆိုကတည္းက ဂရန္အမည္ေပါက္ သူကလည္း သိေနတယ္ေလ။ အားနာပါးနာ လိုက္လုပ္ေပးပါမယ္။ ဒါေပမယ့္ ပါ၀ါလႊဲခ (၁၀)သိန္းေလာက္ေပးမွ လိုက္လုပ္ေပးႏိုင္ မယ္လို႔ ေတာင္းဆိုပါေလေရာ။

ကိုယ္စားလွယ္လႊဲစာမယူခဲ့မိလို႔ ေနာင္တရ၊ ၀န္ခံခ်က္ပါထိုးလိုက္ရ။

ဒီေတာ့လည္း ကုမၸဏီ၀န္ထမ္း “မေဌး”မွာ အႏူးအၫြတ္ ေတာင္းပန္ရေတာ့ တာေပါ့။ ကၽြန္မတို႔မွာလစာနည္း ၀န္ထမ္း ျဖစ္လို႔ (၅)သိန္းပဲ ထားေပးပါေျပာေတာ့ အင္တင္တင္လုပ္ၿပီးမွ လိုက္ေလ်ာပါတယ္။စာခ်ဳပ္႐ံုးမွာ ပါ၀ါလိုက္လုပ္ေပးလို႔ ေတာ္ ေသးတာေပါ့။ ဒါေတာင္ “မေဌး”ကို ကတိ ၀န္ခံခ်က္ေတြ လုပ္ခိုင္းေသးတယ္။တကယ္ လို႔ မွတ္ပုံတင္အေရာင္းအ၀ယ္စာခ်ဳပ္ ခ်ဳပ္တဲ့အခါ ရန္ကုန္တိုင္း အခြန္ဦးစီး႐ံုးက အခြန္လိုက္လာရင္ ဂရန္အမည္ေပါက္သူ က ေရာင္းခြန္ေပးေဆာင္ရန္မလိုဘဲ ေရာင္း သူ “မေဌး”ကသာ က်သင့္ေငြအားလံုးေပးေဆာင္ပါမယ္လို႔ စာခ်ဳပ္ေပၚမွာ လက္မွတ္ေရးထိုးေပးလိုက္ရပါေသးတယ္။

ဒီေတာ့ စာေရးသူစဥ္းစားၾကည့္ မိတယ္။ သူမ်ားအမည္ေပါက္ ဂရန္ေျမ၀ယ္ ထားၿပီး မိမိအမည္ေပါက္အျဖစ္ ေျပာင္း မထားခဲ့ရင္ေတာ့ “မေဌး”လိုပဲ ကိုယ္စား လွယ္ပါ၀ါလိုခ်င္ရင္ ပါ၀ါလႊဲေပးခ (၅)သိန္း(၁၀)သိန္း အပိုေဆာင္ထားၾကဖို႔ လို ေနၿပီ။ တကယ္လို႔ ဂရန္အမည္ေပါက္သူ က Sp/Gp ပါ၀ါမေပးရင္ မွတ္ပုံတင္ အေရာင္းအ၀ယ္စာခ်ဳပ္ခ်ဳပ္ဆိုေပးေစလိုမႈ ေခါင္းစဥ္တပ္ၿပီး တရားစြဲယူရမွာေလ။

ဒါေၾကာင့္ စာဖတ္သူမ်ားကိုေျပာ လိုတာက ဂရန္အမည္ေပါက္ ေျမကြက္ကို ၀ယ္ယူေတာ့မယ္ဆိုရင္၊ ဂရန္အမည္ေပါက္ အသက္ထင္ရွားရွိဆဲမွာ သူတို႔ထံက အေထြေထြကိုယ္စားလွယ္လႊဲစာ (Gp)ျဖစ္ေစ၊ အထူးကိုယ္စားလွယ္လႊဲစာ(Sp) ျဖစ္ေစရယူထားတာ အေကာင္းဆုံးပါပဲလို႔ အၾကံေပးလိုက္ရပါတယ္။

အိမ္ျခံေျမတိုက္ခန္း၀ယ္သူမ်ား အခက္အခဲမွန္သမွ်ေက်ာ္လႊားႏိုင္ပါေစ။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service