အခွန်မဆောင်ထားသည့် ငွေဖြင့် အိမ်၊ခြံမြေ၊ကား ဝယ်ယူပါက ၃၀ ရာခိုင်နှုန်း အခွန်ဆောင်ရတော့မည်

အခွန်မဆောင်ထားသည့် ငွေဖြင့် အိမ်၊ခြံမြေ၊ကား ဝယ်ယူပါက ၃၀ ရာခိုင်နှုန်း အခွန်ဆောင်ရတော့မည် - Property News in Myanmar from iMyanmarHouse.com
16 Jul 2020 12:15 pm တွင် တင်ခဲ့သည်
25792 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိမ်၊ ခြံ၊ မြေ၊ ကား စသော ပစ္စည်းများဝယ်ယူရာတွင် ဝင်ငွေရလမ်းမဖော်ပြနိုင်ပါက ၂၀၂၀ အောက်တိုဘာမှ စတင်ပြီး အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်ပြည်ထောင်စုအခွန်အကောက် ဥပဒေကြမ်း ပုဒ် ၂၅ တွင်ဖော်ပြထားသည်။

ယခုဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀တွင် ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် ငွေများဖြင့် အိမ်၊ခြံမြေ၊ ကားစသည့် ပစ္စည်းများဝယ်ယူပါက အခွန်သက်သာခွင့်ပေးထားသော်လည်းလာမည့် ဘဏ္ဍာနှစ် ၂၀၂၀-၂၁ တွင် ပေးအပ်တော့မည်မဟုတ်ကြောင်း အထက်ပါဥပဒေကြမ်းတွင်ဖော်ပြထားသည်။

ယခုဘဏ္ဍာနှစ်သည် ၂၀၂၀ စက်တင်ဘာလကုန် ပြီးဆုံးမည်ဖြစ်သည်။ အကယ်၍ လွှတ်တော်က ထိုဥပဒေကြမ်းကို ထပ်မံမပြင်ဆင်ပါက ထိုအခွန်နှုန်းထားသည်၂၀၂၀အောက်တိုဘာ ၁ ရက်တွင်စတင် အသက်ဝင်မည်ဖြစ်သည်။

ဝင်ငွေရလမ်းမဖော်ပြထားသည့် ငွေကြေးဆိုသည်မှာ အခွန်မဆောင်ထားသည့် ငွေကြေးဖြစ်သည်။ ယခုဘဏ္ဍာနှစ်တွင် ဝင်ငွေရလမ်းမဖော်ပြထားသည် ငွေကြေးများဖြင့် ဝယ်ယူပါက သိန်းတစ်ထောင်အောက်ကို အခွန် ၃ ရာခိုင်နှုန်း၊ သိန်း သုံးထောင်ထိကို အခွန် ၅ ရာခိုင်နှုန်း၊ သိန်းတစ်သောင်းအထိကို ၁၀ ရာခိုင်နှုန်း၊ သိန်း သုံးသောင်းအထိကို အခွန် ၁၅ ရာခိုင်နှုန်းနှင့် ထိုအထက်ကို ၃၀ ရာခိုင်နှုန်း စသည့်ဖြင့် အလွှာလိုက် အခွန်ဆောင်ခိုင်းခြင်းဖြစ်သည်။

လာမည့် ဘဏ္ဍာနှစ်တွင် ဝင်ငွေရလမ်းမဖော်ပြသည့် ငွေကြေးများဖြင့် အိမ်၊ခြံမြေ၊ကားစသည့်တိုဝယ်ယူရာတွင် အခွန် ၃၀ ရာခိုင်နှုန်း တပြေးညီဆောင်ရမည်ဖြစ်သည်။

အခွန်နှုန်းထား ဖြေလျှော့ ပေးခြင်းသည် ငွေကြေးခဝါချမှုကို အားပေးသကဲ့သို့ဖြစ်နေပြီး အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန် အလှန် အကဲခတ်ရာတွင်လည်း ရလဒ်ပိုင်း ဆိုးရွားစေခဲ့သဖြင့် အခွန်သက်သာခွင့်ကို ပယ်ဖျက်ရခြင်းဟု စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဇူလိုင် ၁၃ ရက် ပြည်ထောင်စုလွှတ်တော် တွင် ပြောကြားသည်။

မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးစာရင်းတွင် ၂၀၁၆ ၌ မီးခိုးရောင်အဆင့်မှ လွတ်ခဲ့သော်လည်း ၂၀၁၉ တွင် ယင်းအဆင့်သို့ပြန်လည်ရောက်ရှိခဲ့သည်။

COVID-19 ကပ်ရောဂါ ဖြစ်နေချိန် အစိုးရက ခွင့်ပြုပေးထားသော ဝင်ငွေခွန်သက်သာခွင့်ကို လာမည့် ဘဏ္ဍာနှစ်တွင် ပယ်ဖျက်မည့် အစိုးရ၏အစီအစဉ်က ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအကြား ဝေဖန်မှုများ ထွက် ပေါ်လာကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးကပြောသည်။

‘‘စီးပွားရေးလောကမှာ တော့ တော်တော်ဂယက်ရိုက်နေတယ်’’ ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။

ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် ဝင်ငွေ ခွန်သက်သာခွင့်ကို ပယ်ဖျက်လိုက်သော်လည်း အစိုးရအနေ ဖြင့် အခါအားလျော်စွာ နှုန်းထားပြင်ဆင်ဖြေလျှော့မှုများ ခွင့်ပြု ပေးနိုင်မည့်အခြေအနေမျိုးကို စီးပွားရေးလုပ်ငန်းရှင်များက မျှော်လင့်နေသည်ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အခြန္မေဆာင္ထားသည့္ ေငြျဖင့္ အိမ္၊ၿခံေျမ၊ကား ဝယ္ယူပါက ၃၀ ရာခိုင္ႏႈန္း အခြန္ေဆာင္ရေတာ့မည္

အိမ္၊ ၿခံ၊ ေျမ၊ ကား စေသာ ပစၥည္းမ်ားဝယ္ယူရာတြင္ ဝင္ေငြရလမ္းမေဖာ္ျပႏိုင္ပါက ၂၀၂၀ ေအာက္တိုဘာမွ စတင္ၿပီး အခြန္ ၃၀ ရာခိုင္ႏႈန္း ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ၂၀၂၀ ျပည့္ႏွစ္ျပည္ေထာင္စုအခြန္အေကာက္ ဥပေဒၾကမ္း ပုဒ္ ၂၅ တြင္ေဖာ္ျပထားသည္။

ယခုဘ႑ာႏွစ္ ၂၀၁၉-၂၀၂၀တြင္ ဝင္ေငြရလမ္းမေဖာ္ျပႏိုင္သည့္ ေငြမ်ားျဖင့္ အိမ္၊ၿခံေျမ၊ ကားစသည့္ ပစၥည္းမ်ားဝယ္ယူပါက အခြန္သက္သာခြင့္ေပးထားေသာ္လည္းလာမည့္ ဘ႑ာႏွစ္ ၂၀၂၀-၂၁ တြင္ ေပးအပ္ေတာ့မည္မဟုတ္ေၾကာင္း အထက္ပါဥပေဒၾကမ္းတြင္ေဖာ္ျပထားသည္။

ယခုဘ႑ာႏွစ္သည္ ၂၀၂၀ စက္တင္ဘာလကုန္ ျပီးဆုံးမည္ျဖစ္သည္။ အကယ္၍ လႊတ္ေတာ္က ထိုဥပေဒၾကမ္းကို ထပ္မံမျပင္ဆင္ပါက ထိုအခြန္ႏႈန္းထားသည္၂၀၂၀ေအာက္တိုဘာ ၁ ရက္တြင္စတင္ အသက္ဝင္မည္ျဖစ္သည္။

ဝင္ေငြရလမ္းမေဖာ္ျပထားသည့္ ေငြေၾကးဆိုသည္မွာ အခြန္မေဆာင္ထားသည့္ ေငြေၾကးျဖစ္သည္။ ယခုဘ႑ာႏွစ္တြင္ ဝင္ေငြရလမ္းမေဖာ္ျပထားသည္ ေငြေၾကးမ်ားျဖင့္ ဝယ္ယူပါက သိန္းတစ္ေထာင္ေအာက္ကို အခြန္ ၃ ရာခိုင္ႏႈန္း၊ သိန္း သုံးေထာင္ထိကို အခြန္ ၅ ရာခိုင္ႏႈန္း၊ သိန္းတစ္ေသာင္းအထိကို ၁၀ ရာခိုင္ႏႈန္း၊ သိန္း သုံးေသာင္းအထိကို အခြန္ ၁၅ ရာခိုင္ႏႈန္းႏွင့္ ထိုအထက္ကို ၃၀ ရာခိုင္ႏႈန္း စသည့္ျဖင့္ အလႊာလိုက္ အခြန္ေဆာင္ခိုင္းျခင္းျဖစ္သည္။

လာမည့္ ဘ႑ာႏွစ္တြင္ ဝင္ေငြရလမ္းမေဖာ္ျပသည့္ ေငြေၾကးမ်ားျဖင့္ အိမ္၊ၿခံေျမ၊ကားစသည့္တိုဝယ္ယူရာတြင္ အခြန္ ၃၀ ရာခိုင္ႏႈန္း တေျပးညီေဆာင္ရမည္ျဖစ္သည္။

အခြန္ႏႈန္းထား ေျဖေလွ်ာ့ ေပးျခင္းသည္ ေငြေၾကးခဝါခ်မႈကို အားေပးသကဲ့သို႔ျဖစ္ေနၿပီး အဖြဲ႕ဝင္ႏိုင္ငံအခ်င္းခ်င္း အျပန္ အလွန္ အကဲခတ္ရာတြင္လည္း ရလဒ္ပိုင္း ဆိုး႐ြားေစခဲ့သျဖင့္ အခြန္သက္သာခြင့္ကို ပယ္ဖ်က္ရျခင္းဟု စီမံကိန္း၊ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ဇူလိုင္ ၁၃ ရက္ ျပည္ေထာင္စုလႊတ္ေတာ္ တြင္ ေျပာၾကားသည္။

ျမန္မာႏိုင္ငံသည္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးစာရင္းတြင္ ၂၀၁၆ ၌ မီးခိုးေရာင္အဆင့္မွ လြတ္ခဲ့ေသာ္လည္း ၂၀၁၉ တြင္ ယင္းအဆင့္သို႔ျပန္လည္ေရာက္ရွိခဲ့သည္။

COVID-19 ကပ္ေရာဂါ ျဖစ္ေနခ်ိန္ အစိုးရက ခြင့္ျပဳေပးထားေသာ ဝင္ေငြခြန္သက္သာခြင့္ကို လာမည့္ ဘ႑ာႏွစ္တြင္ ပယ္ဖ်က္မည့္ အစိုးရ၏အစီအစဥ္က ျပည္တြင္းစီးပြားေရးလုပ္ငန္းရွင္မ်ားအၾကား ေဝဖန္မႈမ်ား ထြက္ေပၚလာေၾကာင္း ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဒုတိယဥကၠ႒ ေဒါက္တာ ေမာင္ေမာင္ေလးကေျပာသည္။

‘‘စီးပြားေရးေလာကမွာ ေတာ့ ေတာ္ေတာ္ဂယက္႐ိုက္ေနတယ္’’ ဟု ေဒါက္တာေမာင္ေမာင္ေလးက ေျပာသည္။

ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒၾကမ္းတြင္ ဝင္ေငြ ခြန္သက္သာခြင့္ကို ပယ္ဖ်က္လိုက္ေသာ္လည္း အစိုးရအေနျဖင့္ အခါအားေလ်ာ္စြာ ႏႈန္းထားျပင္ဆင္ေျဖေလွ်ာ့မႈမ်ား ခြင့္ျပဳ ေပးႏိုင္မည့္အေျခအေနမ်ိဳးကို စီးပြားေရးလုပ္ငန္းရွင္မ်ားက ေမွ်ာ္လင့္ေနသည္ဟု ေဒါက္တာေမာင္ေမာင္ေလးက ေျပာသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service