စတော့အိတ်ချိန်းမှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေပါဝင်လာနိုင်ရန် တင်ပြမယ်

စတော့အိတ်ချိန်းမှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေပါဝင်လာနိုင်ရန် တင်ပြမယ် - Property News in Myanmar from iMyanmarHouse.com
15 Jul 2020 1:29 pm တွင် တင်ခဲ့သည်
825 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရန်ကုန် စတော့အိတ်ချိန်းတွင်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်နိုင်ရေး အဆိုပါလုပ်ငန်းများနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ချေးငွေသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဈေးကွက်ဖွံ့ဖြိုးလာစေရေး ဂျပန်နိုင်ငံ နှင့် ဆွေးနွေးပြီးနောက် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ စတော့ ဈေးကွက် ဝင်လာစေရန် စဉ်းစား ခြင်းဖြစ်ကြောင်း ဦးဌေးချွန်က ပြောသည်။

‘‘ဒီလုပ်ငန်းစဉ်အတိုင်းသွားမယ်ဆိုရင် သူတို့ (နိုင်ငံပိုင် စီးပွား ရေးလုပ်ငန်း)နဲ့ ဆွေးနွေးသွားရမယ်။ အရင်ဆုံး အစိုးရကို တင်ပြရဦးမယ်။ ဘယ်လိုပုံစံသွားမလဲဆိုတာလည်း စဉ်းစားရဦးမယ်’’ ဟု ၎င်းက ပြောသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်ပါက အများပိုင်ကုမ္ပဏီအဖြစ် ပထမဦးဆုံးပြောင်းလဲရမည်ဖြစ်သည်။ ထို့နောက်မှသာ စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ဦးဌေးချွန်က ပြောသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအနက် အကျိုးအမြတ်ရနေသည့် လုပ်ငန်းများကို ရန်ကုန် စတော့အိတ်ချိန်းသို့ ဝင်ရောက်စေပြီး အများပြည်သူကို ရှယ်ယာများ ဖိတ်ခေါ်ရန် စီစဉ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ကသိရပါတယ်။

ရှယ်ယာဈေးကျဆင်းပြီး အရောင်းအဝယ်အေးနေသည့် ရန်ကုန်စတော့အိတ်ချိန်း ပိုမိုအသက်ဝင်ရန် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို အများပိုင်ပြုလုပ်ပြီး စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီအဖြစ် အစိုးရက ဆောင်ရွက်သင့်ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၌ မြန်မာအစိုးရနှင့် အကျိုးတူ ဆောင်ရွက်နေသည့် ဂျပန် Daiwa Securities ကုမ္ပဏီက ၂၀၁၇ မေလအတွင်း အကြံ ပြုခဲ့သည်။

လက်ရှိမှာ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဂယက်ကြောင့် ရန်ကုန် စတော့အိတ်ချိန်းရှိ ရှယ်ယာဈေးများ ကျဆင်းလာကြောင်း စာရင်းများတွင် ဖော်ပြထားသည်။

‘‘ကျတော့ ကျတယ်။ အတင်းကြီး ဇောက်ထိုးဆင်းသွားတာ မဟုတ်ဘူး။ နယူးယောက် စတော့အိတ်ချိန်းလို ဇောက်ထိုးဆင်းသွားတာ မရှိဘူး’’ဟု ချေးငွေသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင်ဦးဌေးချွန်က ပြောသည်။

စတော့အိတ်ချိန်းသည် ကပ်ရောဂါကြောင့် တိုက်ရိုက် မထိခိုက်သော်လည်း သွယ်ဝိုက်ထိခိုက်နေကြောင်း ၊ စီးပွားရေးအားလုံး ကောင်းမွန်မှသာ ပြန်လည် ကောင်းမွန်လာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် အများပိုင်ကုမ္ပဏီ ငါးခုစလုံး မတ်လအတွင်း အနည်းဆုံးရှယ်ယာ ၁ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိ ကျဆင်းသည်

လက်ရှိတွင် ရန်ကုန်စတော့ အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီ ငါးခုရှိပြီး ၎င်းတို့မှာ FMI, MTSH, MCB, FPB နှင့် THMတို့ ဖြစ်သည်။

ရန်ကုန်စတော့ အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ ငါးခုတွင် ရှယ်ယာရှင် သုံးသိန်းကျော်ရှိပြီး Trading Account (ရှယ်ယာဝယ် ရောင်းလုပ်သည့် ဘဏ်စာရင်း) ဖွင့်ထားသူ ၃၃,၀၀၀ ကျော် ရှိသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

စေတာ့အိတ္ခ်ိန္းမွာ ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းေတြပါဝင္လာႏိုင္ရန္ တင္ျပမယ္

ရန္ကုန္ စေတာ့အိတ္ခ်ိန္းတြင္ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းမ်ား စာရင္းဝင္ကုမၸဏီအျဖစ္ ဝင္ေရာက္ႏိုင္ေရး အဆိုပါလုပ္ငန္းမ်ားႏွင့္ ေဆြးေႏြးမည္ျဖစ္ေၾကာင္း ေခ်းေငြသက္ေသခံလက္မွတ္လုပ္ငန္းႀကီးၾကပ္ေရးလုပ္ငန္းေကာ္မရွင္အဖြဲ႕ဝင္ ဦးေဌးခြၽန္က ေျပာသည္။

ျမန္မာႏိုင္ငံ၏ ေငြေၾကးေဈးကြက္ဖြံ႕ၿဖိဳးလာေစေရး ဂ်ပန္ႏိုင္ငံ ႏွင့္ ေဆြးေႏြးၿပီးေနာက္ ႏိုင္ငံပိုင္ စီးပြားေရးလုပ္ငန္းမ်ား စေတာ့ ေဈးကြက္ ဝင္လာေစရန္ စဥ္းစား ျခင္းျဖစ္ေၾကာင္း ဦးေဌးခြၽန္က ေျပာသည္။

‘‘ဒီလုပ္ငန္းစဥ္အတိုင္းသြားမယ္ဆိုရင္ သူတို႔ (ႏိုင္ငံပိုင္ စီးပြား ေရးလုပ္ငန္း)နဲ႔ ေဆြးေႏြးသြားရမယ္။ အရင္ဆုံး အစိုးရကို တင္ျပရဦးမယ္။ ဘယ္လိုပုံစံသြားမလဲဆိုတာလည္း စဥ္းစားရဦးမယ္’’ ဟု ၎က ေျပာသည္။

ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းမ်ားသည္ ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ စာရင္းဝင္ကုမၸဏီအျဖစ္ ဝင္ေရာက္ပါက အမ်ားပိုင္ကုမၸဏီအျဖစ္ ပထမဦးဆုံးေျပာင္းလဲရမည္ျဖစ္သည္။ ထို႔ေနာက္မွသာ စာရင္းဝင္ကုမၸဏီအျဖစ္ ဝင္ေရာက္ႏိုင္မည္ျဖစ္ေၾကာင္း ဦးေဌးခြၽန္က ေျပာသည္။

ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းမ်ားအနက္ အက်ိဳးအျမတ္ရေနသည့္ လုပ္ငန္းမ်ားကို ရန္ကုန္ စေတာ့အိတ္ခ်ိန္းသို႔ ဝင္ေရာက္ေစၿပီး အမ်ားျပည္သူကို ရွယ္ယာမ်ား ဖိတ္ေခၚရန္ စီစဥ္ေနေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဌာန ကသိရပါတယ္။

ရွယ္ယာေဈးက်ဆင္းၿပီး အေရာင္းအဝယ္ေအးေနသည့္ ရန္ကုန္စေတာ့အိတ္ခ်ိန္း ပိုမိုအသက္ဝင္ရန္ ႏိုင္ငံပိုင္စီးပြားေရးလုပ္ငန္းမ်ားကို အမ်ားပိုင္ျပဳလုပ္ၿပီး စေတာ့အိတ္ခ်ိန္း၌ စာရင္းဝင္ကုမၸဏီအျဖစ္ အစိုးရက ေဆာင္႐ြက္သင့္ေၾကာင္း ရန္ကုန္စေတာ့အိတ္ခ်ိန္း၌ ျမန္မာအစိုးရႏွင့္ အက်ိဳးတူ ေဆာင္႐ြက္ေနသည့္ ဂ်ပန္ Daiwa Securities ကုမၸဏီက ၂၀၁၇ ေမလအတြင္း အႀကံ ျပဳခဲ့သည္။

လက္႐ွိမွာ ကမာၻ႔ကပ္ေရာဂါ COVID-19 ဂယက္ေၾကာင့္ ရန္ကုန္ စေတာ့အိတ္ခ်ိန္းရွိ ရွယ္ယာေဈးမ်ား က်ဆင္းလာေၾကာင္း စာရင္းမ်ားတြင္ ေဖာ္ျပထားသည္။

‘‘က်ေတာ့ က်တယ္။ အတင္းႀကီး ေဇာက္ထိုးဆင္းသြားတာ မဟုတ္ဘူး။ နယူးေယာက္ စေတာ့အိတ္ခ်ိန္းလို ေဇာက္ထိုးဆင္းသြားတာ မရွိဘူး’’ဟု ေခ်းေငြသက္ေသခံလက္မွတ္လုပ္ငန္း ႀကီးၾကပ္ေရးေကာ္မရွင္ အဖြဲ႕ဝင္ဦးေဌးခြၽန္က ေျပာသည္။

စေတာ့အိတ္ခ်ိန္းသည္ ကပ္ေရာဂါေၾကာင့္ တိုက္႐ိုက္ မထိခိုက္ေသာ္လည္း သြယ္ဝိုက္ထိခိုက္ေနေၾကာင္း ၊ စီးပြားေရးအားလုံး ေကာင္းမြန္မွသာ ျပန္လည္ ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္း စာရင္းဝင္ အမ်ားပိုင္ကုမၸဏီ ငါးခုစလုံး မတ္လအတြင္း အနည္းဆုံးရွယ္ယာ ၁ ရာခိုင္ႏႈန္းမွ ၉ ရာခိုင္ႏႈန္းအထိ က်ဆင္းသည္

လက္ရွိတြင္ ရန္ကုန္စေတာ့ အိတ္ခ်ိန္းစာရင္းဝင္ အမ်ားပိုင္ကုမၸဏီ ငါးခုရွိၿပီး ၎တို႔မွာ FMI, MTSH, MCB, FPB ႏွင့္ THMတို႔ ျဖစ္သည္။

ရန္ကုန္စေတာ့ အိတ္ခ်ိန္း စာရင္းဝင္ကုမၸဏီ ငါးခုတြင္ ရွယ္ယာရွင္ သုံးသိန္းေက်ာ္ရွိၿပီး Trading Account (ရွယ္ယာဝယ္ ေရာင္းလုပ္သည့္ ဘဏ္စာရင္း) ဖြင့္ထားသူ ၃၃,၀၀၀ ေက်ာ္ ရွိသည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
Shwe Wutt Hmone
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service