Covid-19 မှ ပြန်လည်ရုန်းထနိုင်ရန် ချမ်းသာသည့်သူဌေးကြီးများကို အခွန်များများကောက်ရန် သူဌေးကြီး ၈၃ ဦး လက်မှတ်ထိုး တောင်းဆို

Covid-19 မှ ပြန်လည်ရုန်းထနိုင်ရန် ချမ်းသာသည့်သူဌေးကြီးများကို အခွန်များများကောက်ရန် သူဌေးကြီး ၈၃ ဦး လက်မှတ်ထိုး တောင်းဆို - Property News in Myanmar from iMyanmarHouse.com
15 Jul 2020 12:18 pm တွင် တင်ခဲ့သည်
615 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် ပါဝင်သော သူဌေးကြီး ၈၃ ဦး ပါဝင်သည့်အုပ်စုတစ်ခုက ၎င်းတို့အပါအဝင်အခြားသော ချမ်းသာကြွယ်ဝသည့်အထက်တန်းလွှာများအား Covid-19 အကျပ်အတည်းမှ ပြန်လည်ရုန်းထကုစားနိုင်ရေးအတွက် ဝိုင်းဝန်းကူညီသည့် အနေဖြင့် အခွန်တိုးမြှင့်ကောက်ခံရန် တောင်းဆိုလိုက်သည်။

အဆိုပါအဖွဲ့တွင် အလွန်ချမ်းသာသည့်သူဌေးကြီးများ ပါဝင်ရာ Ben and Jerry’s အိုက်စ်ခရင်မ်ကို ပူးတွဲတည်ထောင်သူနှင့် ဒစ္စနေ အမွေဆက်ခံသူ Abigail Disney တို့ပါဝင်ပြီး “ကျွန်တော်တို့လိုမျိုးလူတွေအပေါ် အခွန်တိုးမြှင့်ကောက်ခံဖို့ ကျွန်တော်တို့အစိုးရအဖွဲ့တွေကို တောင်းဆိုပါတယ်။ အဆောတလျင်..များများပြားပြား….အမြဲတမ်းကောက်ခံဖို့ တိုက်တွန်းပါတယ်” ဟု ထုတ်ပြန်သည်။

“ကမ္ဘာကြီးကို covid -19 ထိုးနှက်လာတဲ့အခါ ကျွန်တော်တို့လို့ သန်းကြွယ်သူဌေးတွေဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို ကုစားပေးဖို့ အရေးပါတဲ့နေရာကနေ ပါဝင်ရမယ့်အခန်းကဏ္ဍမှာ ရှိပါတယ်” ဟု သန်းကြွယ်သူဌေးကြီးများက အင်္ဂလန်အခြေစိုက် The Guardian သို့လည်း ပေးပို့ခဲ့သော စာတစ်စောင်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ဟာ အရေးပေါ် ကုသဆောင်က လူနာတွေကို ဆေးကုပေးမယ့်သူတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ နာမကျန်းဖြစ်နေသူတွေကို ဆေးရုံပို့ပေးမယ့် လူနာတင်ကားတွေကို မောင်းပေးမှာလည်း မဟုတ်ပါဘူး။ စတိုးဆိုင်တွေက စင်တွေပေါ်မှာ ကုန်ပစ္စည်းတွေ ပြန်ဖြည့်ပေးမယ့်သူတွေလည်း မဟုတ်သလို အိမ်တိုင်ရာရောက် ပို့ဆောင်ဖြန့်ဝေရေးလုပ်မယ့်သူတွေလည်း မဟုတ်ပါဘူး။ ”

“ဒါပေမယ့် ကျွန်တော်တို့မှာ ငွေတွေ အများကြီးရှိပါတယ်။ လက်ရှိအချိန်မှာ ငွေကို အရေးတကြီးလိုအပ်နေသလို ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး ဒီအကျပ်အတည်းက လွတ်မြောက်တဲ့အခါ ရှေ့လာမယ့်နှစ်တွေမှာ ငွေကိုလိုအပ်နေဦးမှာပါ” ဟု အဆိုပါစာတွင် ဖော်ပြသည်။

၎င်းတို့အုပ်စုက သတိပေးထားရာတွင် ကိုရိုနာဗိုင်းရပ်အကျပ်အတည်းကြောင့် စီးပွားရေးထိခိုက်မှုမှာ ဆယ်စုနှစ်နှင့်ချီ၍ တည်ရှိနေမည်ဖြစ်ပြီး လူပေါင်း ဘီလီယံဝက်ခန့်ကို ဆင်းရဲတွင်းထဲ ကျရောက်သွားစေနိုင်ကြောင်း သတိပေးထားသည်။

သန်းကြွယ်သူဌေး ၈၃ ဦးအုပ်စုတွင် ပါဝင်လက်မှတ်ရေးထိုးသူများအနက် နယူးဇီလန်နိုင်ငံ၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ Warehouse Group ကို တည်ထောင်သူ ဆာ စတီဖန် တင်ဒဲလ် (Sir Stephen Tindall) ၊ ဗြိတိသျှလူမျိုး ဇာတ်ညွှန်းဆရာ၊ ဒါရိုက်တာ ရစ်ချတ် ကားတစ် (Richard Curtis) နှင့် ဆီလီကွန်တောင်ကြားရှိ နည်းပညာကုမ္ပဏီများတွင် ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသော အိုင်ယာလန်သူဌေးကြီး ဂျွန် အို ဖာရဲလ် (John O’Farrell) တို့လည်း ပါဝင်သည်။

“covid -19 ကြောင့်ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ဘယ်လောက်ရက်ရောသည်ဖြစ်စေ အလှူဒါနလောက်နဲ့ မဖြေရှင်းနိုင်ပါဘူး။ အစိုးရခေါင်းဆောင်တွေအနေနဲ့ လိုအပ်နေတဲ့ ရန်ပုံငွေရှာဖွေဖို့ ၊ ရရှိလာတဲ့ငွေကို မှန်ကန်စွာအသုံးပြုဖို့ တာဝန်ယူရမှာ ဖြစ်ပါတယ်”

“ဒီလို ကမ္ဘာလုံးဆိုင်ရာ တိုက်ပွဲကြီးမှာ ရှေ့တန်းကနေ တာဝန်ထမ်းဆောင်နေရတဲ့သူတွေအပေါ် ကျွန်တော်တို့အကြွေးများစွာ တင်နေပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ ဒီလိုဝန်ထမ်းအများစုဟာ သူတို့သယ်ဆောင်ထမ်းပိုးထားရတဲ့ ဝန်ထုပ်အတွက် လစာနည်းပါးစွာသာ ရရှိနေကြပါတယ်” ဟု အဆိုပါစာတွင် ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းနှင့် ကမ္ဘာလုံးဆိုင်ရာ Lockdown ချမှတ်မှုများကြောင့် စီးပွားရေးထိခိုက်ခဲ့ရမှုများရှိသော်လည်း သန်းကြွယ်သူဌေးစာရင်းမှာ ဆက်လက်တိုးပွားလာဖွယ်ရာသာရှိနေသည်။

Amazon တည်ထောင်သူ၊ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Jeff Bezos ဆိုလျှင် ကန်ဒေါ်လာ ၇၅ ဘီလီယံမှ ယခုနှစ်တွင် ကန်ဒေါ်လာ ၁၈၉ ဘီလီယံအထိ စံချိန်တင် ကြွယ်ဝလာခဲ့သည်။

(ပါဝင်လက်မှတ်ရေးထိုးသည့် သူဌေးကြီးများ)

Frank Arthur (အမေရိကန်), Richard Boberg (အမေရိကန်), Dr. Mariana Bozesan (ဂျာမနီ), Bob Burnett (အမေရိကန်), Ronald Carter (အမေရိကန်) , Barbara Clayton (ကနေဒါ), Xandra Coe (အမေရိကန်), James Colen (အမေရိကန်), Cynda Collins Arsenault (အမေရိကန်), Richard Curtis (ဗြိတိန်), Barb Dank (အမေရိကန်), Alan S. Davis (အမေရိကန်), Pierce Delahunt (အမေရိကန်), Abigail Disney (အမေရိကန်) ,Tim Disney (အမေရိကန်) , John Driscoll (အမေရိကန်), Karen Edwards (အမေရိကန်), Stephen R. English (အမေရိကန်), Andrew M. Faulk, M.D. (အမေရိကန်), Rick Feldman (အမေရိကန်) , Thomas Ferguson (ဗြိတိန်), Mary Ford (အမေရိကန်), Patricia G. Foschi (အမေရိကန်), Blaine Garst (အမေရိကန်) , Molly Gochman (အမေရိကန်), Jerry Greenfield (အမေရိကန်), Karen Grove (အမေရိကန်), Ron Guillot (အမေရိကန်), Catherine Gund (အမေရိကန်), Christina Hansen (ဂျာမနီ), James Harford (အမေရိကန်), John Michael Hemmer (အမေရိကန်), Graham Hobson (ဗြိတိန်), Wei-Hwa Huang (အမေရိကန်), Diane Isenberg (အမေရိကန်), Ross Jackson (ဒိန်းမတ်), William H. Janeway (အမေရိကန်), Frank H. Jernigan (အမေရိကန်), Kr istina Johansson (ဗြိတိန်), Richard (Ted) LaRoche (အမေရိကန်), David Lee (အမေရိကန်), Babs Lima II (အမေရိကန်), Kristin Luck (အမေရိကန်), Amy Mandel (အမေရိကန်), Ané Maro (ဒိန်းမတ်), Patricia Martone (အမေရိကန်), Thomas McDougal (အမေရိကန်), Gemma McGough (ဗြိတိန်), Marie T. McKellar (အမေရိကန်), Judy L. Meath (အမေရိကန်), Terence Meehan (အမေရိကန်), Frans Meijer (နယ်သာလန်), Barbara Simons (အမေရိကန်), Diane Meyer Simon (အမေရိကန်), Peter Torr Smith (နယူးဇီလန်), John O'Farrell (အမေရိကန်), Gary Passon (အမေရိကန်), Morris Pearl (အမေရိကန်), Geoff Phillips (ဗြိတိန်), Judy Pigott (အမေရိကန်), Stephen Prince (အမေရိကန်), Liesel Pritzker Simmons (အမေရိကန်), Sophie Robinson Saltonstall (အမေရိကန်),Michael Rothman (အမေရိကန်), Bonnie Rothman (အမေရိကန်) , Guy Saperstein (အမေရိကန်), Cédric Schmidtke (ဂျာမနီ) ,Eric Schoenberg (အမေရိကန်), Robert Schram (နယ်သာလန်) , Antonis Schwarz (ဂျာမနီ), Stephen Segal (အမေရိကန်), Djaffar Shalchi (ဒိန်းမတ်) , Charlie Simmons (အမေရိကန်) , Ian Simmons (အမေရိကန်), Gary Stevenson (ဗြိတိန်), Karen Stewart, P

hD (အမေရိကန်), Julia Stone (အမေရိကန်), Sandor Straus (အမေရိကန်) ,Arthur Strauss, MD (အမေရိကန်), Ralph Suikat (ဂျာမနီ), Alexandra Theriault, MD (အမေရိကန်), Sir. Stephen Tindall (နယူးဇီလန်), Sidney Topol (အမေရိကန်), Claire Trottier (ကနေဒါ), Sylvie Trottier (ကနေဒါ) , Dale Walker (အမေရိကန်), Scott Wallace (အမေရိကန်), Diana Wege (အမေရိကန်), Terry Winograd (အမေရိကန်), Carol Winograd (အမေရိကန်), Bennet Yee (အမေရိကန်), Amy Ziering (အမေရိကန်)

အဆိုပါ တောင်းဆိုချက်တွင် ပါဝင်လက်မှတ်ရေးထိုးလိုသည့် သူဌေးကြီးများအနေဖြင့် https://www.millionairesforhumanity.com/sign-up/ အင်တာနက်လင့်ခ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ကြောင်း သိရသည်။

 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Super-rich call for higher taxes on wealthy to pay for Covid-19 recovery (The Guardian)

 

[Zawgyi]

Covid-19 မွ ျပန္လည္ရုန္းထႏိုင္ရန္ ခ်မ္းသာသည့္သူေဌးၾကီးမ်ားကို အခြန္မ်ားမ်ားေကာက္ရန္ သူေဌးၾကီး ၈၃ ဦး လက္မွတ္ထုိး ေတာင္းဆို

ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္မ်ားစာရင္းတြင္ ပါဝင္ေသာ သူေဌးၾကီး ၈၃ ဦး ပါဝင္သည့္အုပ္စုတစ္ခုက ၎တို႔အပါအဝင္အျခားေသာ ခ်မ္းသာၾကြယ္ဝသည့္အထက္တန္းလႊာမ်ားအား Covid-19 အက်ပ္အတည္းမွ ျပန္လည္ရုန္းထကုစားႏိုင္ေရးအတြက္ ဝိုင္းဝန္းကူညီသည့္ အေနျဖင့္ အခြန္တိုးျမွင့္ေကာက္ခံရန္ ေတာင္းဆိုလိုက္သည္။

အဆိုပါအဖြဲ႔တြင္ အလြန္ခ်မ္းသာသည့္သူေဌးၾကီးမ်ား ပါဝင္ရာ Ben and Jerry’s အိုက္စ္ခရင္မ္ကို ပူးတြဲတည္ေထာင္သူႏွင့္ ဒစၥေန အေမြဆက္ခံသူ Abigail Disney တို႔ပါဝင္ျပီး “ကၽြန္ေတာ္တို႔လိုမ်ဳိးလူေတြအေပၚ အခြန္တိုးျမွင့္ေကာက္ခံဖုိ႔ ကၽြန္ေတာ္တို႔အစိုးရအဖြဲ႔ေတြကို ေတာင္းဆိုပါတယ္။ အေဆာတလ်င္..မ်ားမ်ားျပားျပား….အျမဲတမ္းေကာက္ခံဖို႔ တိုက္တြန္းပါတယ္” ဟု ထုတ္ျပန္သည္။

“ကမၻာၾကီးကို covid -19 ထုိးႏွက္လာတဲ့အခါ ကၽြန္ေတာ္တို႔လို႔ သန္းၾကြယ္သူေဌးေတြဟာ ကၽြန္ေတာ္တို႔ရဲ႕ ကမၻာၾကီးကို ကုစားေပးဖို႔ အေရးပါတဲ့ေနရာကေန ပါဝင္ရမယ့္အခန္းက႑မွာ ရွိပါတယ္” ဟု သန္းၾကြယ္သူေဌးၾကီးမ်ားက အဂၤလန္အေျခစိုက္ The Guardian သို႔လည္း ေပးပို႔ခဲ့ေသာ စာတစ္ေစာင္တြင္ ေဖာ္ျပထားသည္။

“ကၽြန္ေတာ္တို႔ဟာ အေရးေပၚ ကုသေဆာင္က လူနာေတြကုိ ေဆးကုေပးမယ့္သူေတြ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ဟာ နာမက်န္းျဖစ္ေနသူေတြကို ေဆးရံုပို႔ေပးမယ့္ လူနာတင္ကားေတြကို ေမာင္းေပးမွာလည္း မဟုတ္ပါဘူး။ စတိုးဆိုင္ေတြက စင္ေတြေပၚမွာ ကုန္ပစၥည္းေတြ ျပန္ျဖည့္ေပးမယ့္သူေတြလည္း မဟုတ္သလို အိမ္တိုင္ရာေရာက္ ပို႔ေဆာင္ျဖန္႔ေဝေရးလုပ္မယ့္သူေတြလည္း မဟုတ္ပါဘူး။ ”

“ဒါေပမယ့္ ကၽြန္ေတာ္တို႔မွာ ေငြေတြ အမ်ားၾကီးရွိပါတယ္။ လက္ရွိအခ်ိန္မွာ ေငြကို အေရးတၾကီးလိုအပ္ေနသလို ကၽြန္ေတာ္တို႔ရဲ႕ ကမၻာၾကီး ဒီအက်ပ္အတည္းက လြတ္ေျမာက္တဲ့အခါ ေရွ႕လာမယ့္ႏွစ္ေတြမွာ ေငြကိုလိုအပ္ေနဦးမွာပါ” ဟု အဆိုပါစာတြင္ ေဖာ္ျပသည္။

၎တို႔အုပ္စုက သတိေပးထားရာတြင္ ကိုရိုနာဗိုင္းရပ္အက်ပ္အတည္းေၾကာင့္ စီးပြားေရးထိခုိက္မႈမွာ ဆယ္စုႏွစ္ႏွင့္ခ်ီ၍ တည္ရွိေနမည္ျဖစ္ျပီး လူေပါင္း ဘီလီယံဝက္ခန္႔ကို ဆင္းရဲတြင္းထဲ က်ေရာက္သြားေစႏိုင္ေၾကာင္း သတိေပးထားသည္။

သန္းၾကြယ္သူေဌး ၈၃ ဦးအုပ္စုတြင္ ပါဝင္လက္မွတ္ေရးထိုးသူမ်ားအနက္ နယူးဇီလန္ႏိုင္ငံ၏ ဒုတိယအခ်မ္းသာဆံုးပုဂၢိဳလ္၊ Warehouse Group ကို တည္ေထာင္သူ ဆာ စတီဖန္ တင္ဒဲလ္ (Sir Stephen Tindall) ၊ ျဗိတိသွ်လူမ်ဳိး ဇာတ္ညႊန္းဆရာ၊ ဒါရိုက္တာ ရစ္ခ်တ္ ကားတစ္ (Richard Curtis) ႏွင့္ ဆီလီကြန္ေတာင္ၾကားရွိ နည္းပညာကုမၸဏီမ်ားတြင္ ေဒၚလာ သန္းေပါင္းမ်ားစြာ ရင္းႏွီးျမွဳပ္ႏွံထားေသာ အိုင္ယာလန္သူေဌးၾကီး ဂၽြန္ အို ဖာရဲလ္ (John O’Farrell) တို႔လည္း ပါဝင္သည္။

“covid -19 ေၾကာင့္ေပၚေပါက္လာတဲ့ ျပႆနာေတြကို ဘယ္ေလာက္ရက္ေရာသည္ျဖစ္ေစ အလွဴဒါနေလာက္နဲ႔ မေျဖရွင္းႏိုင္ပါဘူး။ အစိုးရေခါင္းေဆာင္ေတြအေနနဲ႔ လိုအပ္ေနတဲ့ ရန္ပံုေငြရွာေဖြဖို႔ ၊ ရရွိလာတဲ့ေငြကို မွန္ကန္စြာအသံုးျပဳဖို႔ တာဝန္ယူရမွာ ျဖစ္ပါတယ္”

“ဒီလို ကမၻာလံုးဆိုင္ရာ တိုက္ပြဲၾကီးမွာ ေရွ႕တန္းကေန တာဝန္ထမ္းေဆာင္ေနရတဲ့သူေတြအေပၚ ကၽြန္ေတာ္တို႔အေၾကြးမ်ားစြာ တင္ေနပါတယ္။ မရွိမျဖစ္လိုအပ္တဲ့ ဒီလိုဝန္ထမ္းအမ်ားစုဟာ သူတို႔သယ္ေဆာင္ထမ္းပိုးထားရတဲ့ ဝန္ထုပ္အတြက္ လစာနည္းပါးစြာသာ ရရွိေနၾကပါတယ္” ဟု အဆိုပါစာတြင္ ေဖာ္ျပသည္။

ကိုရိုနာဗိုင္းရပ္စ္အက်ပ္အတည္းႏွင့္ ကမၻာလံုးဆိုင္ရာ Lockdown ခ်မွတ္မႈမ်ားေၾကာင့္ စီးပြားေရးထိခိုက္ခဲ့ရမႈမ်ားရွိေသာ္လည္း သန္းၾကြယ္သူေဌးစာရင္းမွာ ဆက္လက္တိုးပြားလာဖြယ္ရာသာရွိေနသည္။

Amazon တည္ေထာင္သူ၊ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ Jeff Bezos ဆိုလွ်င္ ကန္ေဒၚလာ ၇၅ ဘီလီယံမွ ယခုႏွစ္တြင္ ကန္ေဒၚလာ ၁၈၉ ဘီလီယံအထိ စံခ်ိန္တင္ ၾကြယ္ဝလာခဲ့သည္။

(ပါဝင္လက္မွတ္ေရးထိုးသည့္ သူေဌးၾကီးမ်ား)

Frank Arthur (အေမရိကန္), Richard Boberg (အေမရိကန္), Dr. Mariana Bozesan (ဂ်ာမနီ), Bob Burnett (အေမရိကန္), Ronald Carter (အေမရိကန္) , Barbara Clayton (ကေနဒါ), Xandra Coe (အေမရိကန္), James Colen (အေမရိကန္), Cynda Collins Arsenault (အေမရိကန္), Richard Curtis (ျဗိတိန္), Barb Dank (အေမရိကန္), Alan S. Davis (အေမရိကန္), Pierce Delahunt (အေမရိကန္), Abigail Disney (အေမရိကန္) ,Tim Disney (အေမရိကန္) , John Driscoll (အေမရိကန္), Karen Edwards (အေမရိကန္), Stephen R. English (အေမရိကန္), Andrew M. Faulk, M.D. (အေမရိကန္), Rick Feldman (အေမရိကန္) , Thomas Ferguson (ျဗိတိန္), Mary Ford (အေမရိကန္), Patricia G. Foschi (အေမရိကန္), Blaine Garst (အေမရိကန္) , Molly Gochman (အေမရိကန္), Jerry Greenfield (အေမရိကန္), Karen Grove (အေမရိကန္), Ron Guillot (အေမရိကန္), Catherine Gund (အေမရိကန္), Christina Hansen (ဂ်ာမနီ), James Harford (အေမရိကန္), John Michael Hemmer (အေမရိကန္), Graham Hobson (ျဗိတိန္), Wei-Hwa Huang (အေမရိကန္), Diane Isenberg (အေမရိကန္), Ross Jackson (ဒိန္းမတ္), William H. Janeway (အေမရိကန္), Frank H. Jernigan (အေမရိကန္), Kr istina Johansson (ျဗိတိန္), Richard (Ted) LaRoche (အေမရိကန္), David Lee (အေမရိကန္), Babs Lima II (အေမရိကန္), Kristin Luck (အေမရိကန္), Amy Mandel (အေမရိကန္), Ané Maro (ဒိန္းမတ္), Patricia Martone (အေမရိကန္), Thomas McDougal (အေမရိကန္), Gemma McGough (ျဗိတိန္), Marie T. McKellar (အေမရိကန္), Judy L. Meath (အေမရိကန္), Terence Meehan (အေမရိကန္), Frans Meijer (နယ္သာလန္), Barbara Simons (အေမရိကန္), Diane Meyer Simon (အေမရိကန္), Peter Torr Smith (နယူးဇီလန္), John O'Farrell (အေမရိကန္), Gary Passon (အေမရိကန္), Morris Pearl (အေမရိကန္), Geoff Phillips (ျဗိတိန္), Judy Pigott (အေမရိကန္), Stephen Prince (အေမရိကန္), Liesel Pritzker Simmons (အေမရိကန္), Sophie Robinson Saltonstall (အေမရိကန္),Michael Rothman (အေမရိကန္), Bonnie Rothman (အေမရိကန္) , Guy Saperstein (အေမရိကန္), Cédric Schmidtke (ဂ်ာမနီ) ,Eric Schoenberg (အေမရိကန္), Robert Schram (နယ္သာလန္) , Antonis Schwarz (ဂ်ာမနီ), Stephen Segal (အေမရိကန္), Djaffar Shalchi (ဒိန္းမတ္) , Charlie Simmons (အေမရိကန္) , Ian Simmons (အေမရိကန္), Gary Stevenson (ျဗိတိန္), Karen Stewart, P hD (အေမရိကန္), Julia Stone (အေမရိကန္), Sandor Straus (အေမရိကန္) ,Arthur Strauss, MD (အေမရိကန္), Ralph Suikat (ဂ်ာမနီ), Alexandra Theriault, MD (အေမရိကန္), Sir. Stephen Tindall (နယူးဇီလန္), Sidney Topol (အေမရိကန္), Claire Trottier (ကေနဒါ), Sylvie Trottier (ကေနဒါ) , Dale Walker (အေမရိကန္), Scott Wallace (အေမရိကန္), Diana Wege (အေမရိကန္), Terry Winograd (အေမရိကန္), Carol Winograd (အေမရိကန္), Bennet Yee (အေမရိကန္), Amy Ziering (အေမရိကန္)

အဆိုပါ ေတာင္းဆိုခ်က္တြင္ ပါဝင္လက္မွတ္ေရးထိုးလိုသည့္ သူေဌးၾကီးမ်ားအေနျဖင့္ https://www.millionairesforhumanity.com/sign-up/ အင္တာနက္လင့္ခ္တြင္ ပါဝင္လက္မွတ္ေရးထိုးႏိုင္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Super-rich call for higher taxes on wealthy to pay for Covid-19 recovery (The Guardian)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

The Crest
Maha Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service