ခရမ်းရောင်ကျွန်း - အင်စတာဂရမ်ပေါ်မှ တောင်ကိုရီးယားရှိ ခရီးသွားဆွဲဆောင်မှုသစ်
ခရမ်းရောင်ကျွန်း - အင်စတာဂရမ်ပေါ်မှ တောင်ကိုရီးယားရှိ ခရီးသွားဆွဲဆောင်မှုသစ် - Property News in Myanmar from iMyanmarHouse.com
14 Jul 2020 11:39 am တွင် တင်ခဲ့သည်
3125 ကြိမ် ကြည့်ရှု့ပြီး
[Unicode] တောင်ကိုရီးယားမှာ လည်ပတ်ဖို့ စိတ်ဝင်စားဖွယ်နေရာအများအပြားရှိပါတယ်။ ဒါပေမဲ့လည်း သင်က အင်စတာဂရမ်မှာရေပန်စားနေတဲ့ နေရာသစ်ကို သွားကြည့်ချင်တာဆိုရင်တော့ ဒီသတင်းမှာဖော်ပြပေးမယ့် ခရမ်းရောင်ကျွန်းကို သင့်ခရီးစဉ်စာရင်းထဲ ထည့်ရပါလိမ့်မယ်။
တောင်ကိုရီးယားအပါအဝင် ကမ္ဘာတစ်ဝန်းကို COVID-19 က အကြီးအကျယ်ထိခိုက်ပျက်စီးစေမှုမှာ နိုင်ငံတကာခရီးစဉ်တွေကလည်း ပြီးခဲ့တဲ့လအနည်းငယ်ကနဲ့မတူတော့ပါဘူး။
နိုင်ငံတကာလေကြောင်းခရီးစဉ်တော်တော်များများရပ်ဆိုင်းထားရတဲ့ ဒီအခြေအနေကို သင့်ရဲ့နောက်ခရီးစဉ်အတွက် ပြင်ဆင်ဖို့ရာ အချိန်ပိုရစေတဲ့အခွင့်အရေးလို့ပဲ မှတ်ယူရတော့မှာပါ။
ပြီးတော့လည်း သင်က အင်စတာဂရမ်မှာ ရေပန်းစားနေတဲ့နေရာတွေကို မျက်စိကျတယ်ဆိုရင် တောင်ကိုရီးယားရဲ့ “ခရမ်းရောင်ကျွန်း” သစ်က မဖြစ်မနေသွားရောက်လည်ပတ်ရမယ့်နေရာတစ်ခုဆို မမှားပါဘူး။
နာမည်နဲ့လိုက်ဖက်စွာပဲ ဒီကျွန်းဟာ မျက်စိတဆုံးကျယ်ပြောတဲ့ ခရမ်းရောင်လာဗင်ဒါပန်းခင်းကြီးတွေ၊ ခရမ်းရောင်ခေါင်းလောင်ပုံပန်းပွင့်တဲ့ empress tree သစ်ပင်တွေ၊ ခရမ်း‌ရောင်ခေါင်မိုးနဲ့အိမ်တွေ၊ တံတားတွေနဲ့ ခရမ်းရောင်လမ်းတွေ စတာတွေနဲ့ ခရမ်းရောင်အတိပြီးနေတဲ့ ခရမ်းရောင်သုခဘုံတစ်ခုပဲဖြစ်ပါတယ်။
Banwol ကျွန်းနဲ့ Parkji ကျွန်းတို့ကို ခရမ်းရောင်သစ်သားတံတားတစ်စင်းနဲ့ဆက်သွယ်ပြီး ခရမ်းရောင်ကျွန်းအဖြစ် ဘယ်ကဘယ်လိုဖန်တီးလိုက်ကြတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရပါဘူး။
သို့ပေမဲ့ South Jeolla စီရင်စု Sinan ကောင်တီရှိ အာဏာပိုင်တွေက ထူးထူးခြားခြားခရီးသွားဆွဲဆောင်မှုတစ်ခု အဖြစ် ခရမ်းရောင်ကျွန်းအစီအစဉ်ကို ပြီးခဲ့တဲ့နွေတုန်းက ကြေညာခဲ့ကြပါတယ်။
သူတို့ရဲ့အစီအစဉ်မှာ လာဗင်ဒါပန်းပင် ၄ သောင်းစိုက်ပျိုးခြင်း၊ empress tree နဲ့ အခြားခရမ်းရောင်သစ်ပင်ထောင်နှင့်ချီ စိုက်ပျိုးခြင်း၊ လူနေအိမ်အဆောက်အအုံ‌၊ လမ်းဘေးနေရာ၊ လမ်းတွေကို ခရမ်းရောင်ဆေးသုတ်ခြင်းတို့ ပါဝင်ခဲ့ပါတယ်။
Banwol ကျွန်းနဲ့ Parkji ကျွန်းတို့ကို ဆက်သွယ်ထားတဲ့ ခရမ်းရောင် Cheonsa တံတား (အဓိပ္ပာယ် - နတ်သားတံတား) ဟာ အထူးသဖြင့် ညအချိန်မှာ သွားရောက်ဖို့အသင့်ဆုံးပါပဲ။
ဟိုတယ်ခန်း၊ စားသောက်ဆိုင်တွေနဲ့ သန့်စင်ခန်းတွေကိုလည်း ခရမ်းရောင်ဆေးသုတ်ထားတဲ့ ခရမ်းရောင်ကျွန်းမှာ ဒေသတွင်းကားတချို့ဟာလည်း ခရမ်းရောင်ပဲဖြစ်ပါတယ်။
ခရမ်းရောင်ဟိုတယ်ခန်းတွေဟာ တစ်ညတည်းခိုခ ကိုရီးယားဝမ် ၅ သောင်း (၄၁ ဒေါ်လာ) ကနေစတယ်လို့လည်း သိရပါတယ်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Purple Island – South Korea’s Newest Instagram-Worthy Tourist Attraction (OC)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Maha Mini Condo
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service