ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရန် ရိုလာကိုစတာစီးသူများကို စူးစူးဝါးဝါးမအော်ရဟု ပိတ်ပင်တားမြစ်

ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရန် ရိုလာကိုစတာစီးသူများကို စူးစူးဝါးဝါးမအော်ရဟု ပိတ်ပင်တားမြစ် - Property News in Myanmar from iMyanmarHouse.com
13 Jul 2020 1:09 pm တွင် တင်ခဲ့သည်
1324 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျပန်နိုင်ငံရှိ ကစားကွင်းများ (Amusement parks) တွင် ရိုလာကိုစတာစီးသူများကို စူးစူးဝါးဝါးမအော်ကြရန် ပိတ်ပင်တားမြစ်လိုက်ပြီး ထိုသို့အော်ဟစ်ခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ပါဝင်သည့်အမှုန်များ ပျံ့နှံ့စေနိုင်သည်ဟု ရတက်မအေးဖြစ်ကာ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

တိုကျိုမြို့အနီးရှိ Fuji-Q Highland ကစားကွင်းတွင် ရိုလာကိုစတာစီးသူများကို ထိုသို့ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

“ကျေးဇူးပြု၍ သင်၏အသဲနှလုံးထဲတွင်သာ အော်ဟစ်ပါ။ ကျယ်လောင်စွာမအော်ပါနှင့်” ဟု ကစားကွင်းက သတိပေးထားသည်။]

သမားရိုးကျမဟုတ်သော အဆိုပါပိတ်ပင်ချက်သည် ကိုရိုနာဗိုင်းရပ်စ်မပျံ့ပွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရိုလာကိုစတာကို မအော်မဟစ်ဘဲ တိတ်တိတ်ဆိတ်ဆိတ် စီးနိုင်ရန် ဖြစ်နိုင်မည်လောဟု အချို့က သံသယရှိကြသော်လည်း Fuji-Q က ထုတ်ပြန်သည့် ဗွီဒီယိုဖိုင်တွင်မူ တိတ်ဆိတ်စွာစီးနိုင်ကြပုံကို ပြသထားသည်။

ဗွီဒီယိုအတွင်းတွင် အမှုဆောင်အမျိုးသား ၂ ဦးသည် mask များတပ်ဆင်ကာ ရိုလာကိုစတာကို တိတ်ဆိတ်စွာ စီးနင်းကြပုံကို ပြသထားသည်။

မအော်ဟစ်ရေးလမ်းညွှန်ချက်သည် ဂျပန်ရှိ ကစားကွင်းများတွင် မေလနှောင်းပိုင်းကတည်းက ထုတ်ပြန်ခဲ့သည့် လမ်းညွှန်ချက်များတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြသည်။

ဝေါစထရိဂျာနယ်တွင် ဖော်ပြချက်တစ်ရပ်အရ မအော်ဟစ်ရန် လမ်းညွှန်ချက်မှာ လက်တွေ့မဆန် သဘာဝမကျကြောင်း ကစားကွင်းများသို့ လည်ပတ်သူများစွာက ကန့်ကွက်ခဲ့ကြသည်ဟု ဆိုသည်။

Tokyo Disneyland သို့ လည်ပတ်ခဲ့သူတစ်ဦးက ဝေါစထရိဂျာနယ်သို့ ပြောကြားရာတွင် ထိုသို့ ပိတ်ပင်ခြင်းမှာ စည်းမျဉ်းတင်းကြပ်လှကြောင်း ပြောကြားသည်။

ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားနှုန်းသည် အခြားနိုင်ငံများစွာနှင့် နှိုင်းယှဉ်လျှင် များစွာနှေးကွေးသည်။

ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀၀၀၀ ကျော်သာရှိပြီး သေဆုံးသူ ၉၈၂ ဦးရှိသည်။

အမေရိကန်ပြည်ထောင်စုသည် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာဗဟိုချက်ဖြစ်နေပြီး ကူးစက်ခံရသူ ၃ သန်းကျော်ရှိကာ သေဆုံးသူ ၁၃၇၇၈၂ ဦးရှိနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Japan’s Theme Parks Ban Screaming on Roller Coasters to Combat Coronavirus (dailybeast, npr.org)

[Zawgyi]

ဂ်ပန္တြင္ ကိုရိုနာဗိုင္းရပ္စ္ မကူးစက္ရန္ ရိုလာကိုစတာစီးသူမ်ားကို စူးစူးဝါးဝါးမေအာ္ရဟု ပိတ္ပင္တားျမစ္

ဂ်ပန္ႏိုင္ငံရွိ ကစားကြင္းမ်ား (Amusement parks) တြင္ ရိုလာကိုစတာစီးသူမ်ားကို စူးစူးဝါးဝါးမေအာ္ၾကရန္ ပိတ္ပင္တားျမစ္လိုက္ျပီး ထိုသို႔ေအာ္ဟစ္ျခင္းသည္ ကိုရိုနာဗိုင္းရပ္စ္ပါဝင္သည့္အမႈန္မ်ား ပ်ံ ႔ႏွံ႔ေစႏိုင္သည္ဟု ရတက္မေအးျဖစ္ကာ ပိတ္ပင္လိုက္ျခင္း ျဖစ္သည္။

တိုက်ဳိျမိဳ႕အနီးရွိ Fuji-Q Highland ကစားကြင္းတြင္ ရိုလာကိုစတာစီးသူမ်ားကို ထိုသို႔ပိတ္ပင္လိုက္ျခင္းျဖစ္သည္။

“ေက်းဇူးျပဳ၍ သင္၏အသဲႏွလံုးထဲတြင္သာ ေအာ္ဟစ္ပါ။ က်ယ္ေလာင္စြာမေအာ္ပါႏွင့္” ဟု ကစားကြင္းက သတိေပးထားသည္။

သမားရိုးက်မဟုတ္ေသာ အဆိုပါပိတ္ပင္ခ်က္သည္ ကိုရိုနာဗိုင္းရပ္စ္မပ်ံ႕ပြားေစရန္ ရည္ရြယ္ျခင္းျဖစ္သည္ဟု ဆိုသည္။

ရိုလာကိုစတာကို မေအာ္မဟစ္ဘဲ တိတ္တိတ္ဆိတ္ဆိတ္ စီးႏိုင္ရန္ ျဖစ္ႏိုင္မည္ေလာဟု အခ်ဳိ႕က သံသယရွိၾကေသာ္လည္း Fuji-Q က ထုတ္ျပန္သည့္ ဗြီဒီယိုဖိုင္တြင္မူ တိတ္ဆိတ္စြာစီးႏိုင္ၾကပံုကို ျပသထားသည္။

ဗြီဒီယိုအတြင္းတြင္ အမႈေဆာင္အမ်ဳိးသား ၂ ဦးသည္ mask မ်ားတပ္ဆင္ကာ ရိုလာကိုစတာကို တိတ္ဆိတ္စြာ စီးနင္းၾကပံုကို ျပသထားသည္။

မေအာ္ဟစ္ေရးလမ္းညႊန္ခ်က္သည္ ဂ်ပန္ရွိ ကစားကြင္းမ်ားတြင္ ေမလေႏွာင္းပိုင္းကတည္းက ထုတ္ျပန္ခဲ့သည့္ လမ္းညႊန္ခ်က္မ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေၾကာင္း ေအအက္ဖ္ပီသတင္းဌာနက ေဖာ္ျပသည္။

ေဝါစထရိဂ်ာနယ္တြင္ ေဖာ္ျပခ်က္တစ္ရပ္အရ မေအာ္ဟစ္ရန္ လမ္းညႊန္ခ်က္မွာ လက္ေတြ႔မဆန္ သဘာဝမက်ေၾကာင္း ကစားကြင္းမ်ားသို႔ လည္ပတ္သူမ်ားစြာက ကန္႔ကြက္ခဲ့ၾကသည္ဟု ဆိုသည္။

Tokyo Disneyland သို႔ လည္ပတ္ခဲ့သူတစ္ဦးက ေဝါစထရိဂ်ာနယ္သို႔ ေျပာၾကားရာတြင္ ထိုသုိ႔ ပိတ္ပင္ျခင္းမွာ စည္းမ်ဥ္းတင္းၾကပ္လွေၾကာင္း ေျပာၾကားသည္။

ဂ်ပန္တြင္ ကိုရိုနာဗိုင္းရပ္စ္ပ်ံ ႔ပြားႏႈန္းသည္ အျခားႏိုင္ငံမ်ားစြာႏွင့္ ႏႈိင္းယွဥ္လွ်င္ မ်ားစြာေႏွးေကြးသည္။

ဂ်ပန္တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၀၀၀၀ ေက်ာ္သာရွိျပီး ေသဆံုးသူ ၉၈၂ ဦးရွိသည္။

အေမရိကန္ျပည္ေထာင္စုသည္ ကိုရိုနာဗိုင္းရပ္စ္ ကမၻာဗဟိုခ်က္ျဖစ္ေနျပီး ကူးစက္ခံရသူ ၃ သန္းေက်ာ္ရွိကာ ေသဆံုးသူ ၁၃၇၇၈၂ ဦးရွိေနျပီ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Japan’s Theme Parks Ban Screaming on Roller Coasters to Combat Coronavirus (dailybeast, npr.org)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service