မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအတွက် တမူးကုန်သွယ်ရေးဇုန်ထူထောင်ရန် ဗဟိုကော်မတီဖွဲ့

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအတွက် တမူးကုန်သွယ်ရေးဇုန်ထူထောင်ရန် ဗဟိုကော်မတီဖွဲ့ - Property News in Myanmar from iMyanmarHouse.com
13 Jul 2020 11:19 am တွင် တင်ခဲ့သည်
889 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်မှုအတွက် တမူးကုန်သွယ်ရေးဇုန်တည်ဆောက်ရေး ဗဟိုကော်မတီဖွဲ့စည်းလိုက် ကြောင်း ဇူလိုင် ၈ ရက်စွဲဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တို့ ပူး ပေါင်းဆောင်ရွက်ရန် ဖွဲ့စည်း လိုက်ခြင်းဖြစ်သည်။ ထိုကော်မတီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် စစ်ကိုင်းတိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးတို့က ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ထားသည်။

‘‘လောလောဆယ် အိန္ဒိယ အကူအညီနဲ့ဆောက်နေတဲ့ ယာ ကြီး-ကလေးဝလမ်းက ၂၀၂၁ မှ ပြီးမှာလေ။ ဒီလမ်းကြီး ပြီးသွားရင် ဖြစ်ပေါ်လာတဲ့ ကုန်သွယ်ရေးကို မှန်းပြီးတော့ လျာထားပြီးဆောင် ရွက်နေတာပါ။ ဒီလမ်းကြီးပေါက် သွားရင် မြဝတီတို့လို၊ မူဆယ် တို့လို နယ်စပ်ကုန်သွယ်ရေးဇုန် ကြီး ဖြစ်လာအောင် အခုကတည်းက ပြင်ဆင်နေတာ’’ ဟု စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးကပြောသည်။ ထိုကုန်သွယ်ရေးဇုန်သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား အဓိက ကုန်သွယ်ရေးဇုန်ဖြစ်လာမည်ဟု ၎င်းက ဆိုသည်။ ထိုကော်မတီတွင် တမူးနယ်စပ်ကုန်သွယ်ရေးအသင်း ဥက္ကဋ္ဌဦးလှမောင်ကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားသည်။

‘‘အခုမှ စဖွဲ့တာဆိုတော့ အစည်းအဝေးတောင် မလုပ်ရသေးဘူး။ အသေးစိတ်မသိရသေး ဘူး’’ဟု ဦးလှမောင်က ပြောသည်။

ထိုကော်မတီသည် ဇုန်တည်ဆောက်ရေးအတွက်လိုအပ်သော ပစ္စည်းကိရိယာများဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုများ ရယူခြင်းကို ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ရန်၊ ဇုန်တည်ဆောက်ရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် မူဝါဒများ ချမှတ်ပေးရန်နှင့် လုပ်ငန်းကော်မတီတစ်ခုဖွဲ့၍ မြေပြင်တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ရန် စသည်တို့ကိုဆောင်ရွက်ပေးရမည်ဖြစ်သည်။

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းသည် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးစခန်း သုံးခုအနက်အကြီးဆုံး နယ်စပ်ကုန်သွယ်ရေး စခန်းဖြစ်သည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ဒေါ် လာ ၉၆ သန်းကျော်ဖိုးရှိပြီး မြန်မာဘက်က ပို့ကုန်သည် ဒေါ်လာ ၉၅ သန်းဖိုးရှိသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ျမန္မာ-အိႏၵိယ နယ္စပ္ကုန္သြယ္​ေရးအတြက္ တမူးကုန္သြယ္​ေရးဇုန္ထူ​ေထာင္ရန္ ဗဟို​ေကာ္မတီဖြဲ႕

ျမန္မာ-အိႏၵိယနယ္စပ္ ကုန္သြယ္မႈအတြက္ တမူးကုန္သြယ္ေရးဇုန္တည္ေဆာက္ေရး ဗဟိုေကာ္မတီဖြဲ႕စည္းလိုက္ ေၾကာင္း ဇူလိုင္ ၈ ရက္စြဲျဖင့္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္သည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနႏွင့္စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕တို႔ ပူး ေပါင္းေဆာင္႐ြက္ရန္ ဖြဲ႕စည္း လိုက္ျခင္းျဖစ္သည္။ ထိုေကာ္မတီတြင္ စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္က ဥကၠ႒၊ ဒုတိယဝန္ႀကီးႏွင့္ စစ္ကိုင္းတိုင္းစီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဦးစိုးဦးတို႔က ဒုတိယဥကၠ႒အျဖစ္ ေဆာင္႐ြက္ထားသည္။

‘‘ေလာေလာဆယ္ အိႏၵိယ အကူအညီနဲ႔ေဆာက္ေနတဲ့ ယာ ႀကီး-ကေလးဝလမ္းက ၂၀၂၁ မွ ၿပီးမွာေလ။ ဒီလမ္းႀကီး ၿပီးသြားရင္ ျဖစ္ေပၚလာတဲ့ ကုန္သြယ္ေရးကို မွန္းၿပီးေတာ့ လ်ာထားၿပီးေဆာင္ ႐ြက္ေနတာပါ။ ဒီလမ္းႀကီးေပါက္ သြားရင္ ျမဝတီတို႔လို၊ မူဆယ္ တို႔လို နယ္စပ္ကုန္သြယ္ေရးဇုန္ ႀကီး ျဖစ္လာေအာင္ အခုကတည္းက ျပင္ဆင္ေနတာ’’ ဟု စစ္ကိုင္းတိုင္းေဒသႀကီး စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဦးစိုးဦးကေျပာသည္။ ထိုကုန္သြယ္ေရးဇုန္သည္ ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံၾကား အဓိက ကုန္သြယ္ေရးဇုန္ျဖစ္လာမည္ဟု ၎က ဆိုသည္။ ထိုေကာ္မတီတြင္ တမူးနယ္စပ္ကုန္သြယ္ေရးအသင္း ဥကၠ႒ဦးလွေမာင္ကို အဖြဲ႕ဝင္အျဖစ္ ထည့္သြင္းထားသည္။

‘‘အခုမွ စဖြဲ႕တာဆိုေတာ့ အစည္းအေဝးေတာင္ မလုပ္ရေသးဘူး။ အေသးစိတ္မသိရေသး ဘူး’’ဟု ဦးလွေမာင္က ေျပာသည္။

ထိုေကာ္မတီသည္ ဇုန္တည္ေဆာက္ေရးအတြက္လိုအပ္ေသာ ပစၥည္းကိရိယာမ်ားဝယ္ယူျခင္းႏွင့္ ဝန္ေဆာင္မႈမ်ား ရယူျခင္းကို ၫႊန္ၾကားခ်က္မ်ားႏွင့္အညီေဆာင္႐ြက္ရန္၊ ဇုန္တည္ေဆာက္ေရးႏွင့္ ကုန္သြယ္မႈဖြံ႕ၿဖိဳးေရးအတြက္ မူဝါဒမ်ား ခ်မွတ္ေပးရန္ႏွင့္ လုပ္ငန္းေကာ္မတီတစ္ခုဖြဲ႕၍ ေျမျပင္တည္ေဆာက္ေရးလုပ္ငန္းမ်ား အေကာင္အထည္ ေဖာ္ရန္ စသည္တို႔ကိုေဆာင္႐ြက္ေပးရမည္ျဖစ္သည္။

တမူးနယ္စပ္ကုန္သြယ္ေရးစခန္းသည္ ျမန္မာ-အိႏၵိယ ကုန္သြယ္ေရးစခန္း သုံးခုအနက္အၾကီးဆုံး နယ္စပ္ကုန္သြယ္ေရး စခန္းျဖစ္သည္။ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ ကုန္သြယ္မႈ ေဒၚ လာ ၉၆ သန္းေက်ာ္ဖိုးရွိၿပီး ျမန္မာဘက္က ပို႔ကုန္သည္ ေဒၚလာ ၉၅ သန္းဖိုးရွိသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Aung Theikdi Villa
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service