တရုတ်နိုင်ငံတွင် ပြည်ပမှ တင်ပို့လာသော ပုဇွန်များ၌ ကိုရိုနာဗိုင်းရပ်စ်များ ပါဝင်နေသည်ကို တွေ့ရှိ

တရုတ်နိုင်ငံတွင် ပြည်ပမှ တင်ပို့လာသော ပုဇွန်များ၌ ကိုရိုနာဗိုင်းရပ်စ်များ ပါဝင်နေသည်ကို တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
11 Jul 2020 11:31 am တွင် တင်ခဲ့သည်
1473 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အီကွေဒေါနိုင်ငံရှိ ကုမ္ပဏီ ၃ ခုက တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သော ရေခဲရိုက် ပုဇွန်များတွင် ကိုရိုနာဗိုင်းရပ်စ်များ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိပြီးနောက် တရုတ်အာဏာပိုင်တို့က အီကွေဒေါနိုင်ငံကို အစားအစာလုံခြုံမှုစံချိန်စံနှုန်းများ မြှင့်တင်ရန် တိုက်တွန်းလိုက်သည်။

သို့သော် တရုတ်အစားအစာဘေးကင်းလုံခြုံရေးအကြီးအကဲက ပြောကြားရာတွင် ယခုကဲ့သို့ ရှာဖွေတွေ့ရှိသော်လည်း အစားအစာမှတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်းလည်း ပြောကြားသည်။

တရုတ်အထွေထွေအကောက်ခွန်အုပ်ချုပ်ရေးဌာနလက်အောက်ရှိ သွင်းကုန်၊ ပို့ကုန်အစားအစာ ဘေးကင်းလုံခြုံရေးဗျူရို၏ ညွှန်ကြားရေးမှူးချုပ် ပိုင်ကီရှင်းက ပေကျင်းမြို့တွင် ပြောကြားခဲ့ရာ၌ ပြည်ပမှတင်သွင်းလာသော ရေခဲရိုက်အစားအစာ၊ ထုပ်ပိုးထားသည့် အတွင်းအပြင်ဘက်နှင့် အခြားနေရာတို့ရှိ နမူနာပေါင်း ၂၂၃၀၀၀ ထံမှ covid-19 ဗိုင်းရပ်စ်ပိုး တွေ့သည့် နမူနာ ၆ ခုရှိကြောင်း ပြောကြားသည်။

ဇွန်လလယ်ပိုင်းက ပေကျင်းမြို့ရှိ အစားအသောက်ဈေးတစ်ခုမှတဆင့် covid-19 ရောဂါကူးစက်မှုများ ပြန်လည်ခေါင်းထောင်လာခဲ့ရာ တရုတ်အာဏာပိုင်တို့က သွင်းကုန်အစားအစာများအပေါ် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများ ပိုမိုကြပ်မတ် စစ်ဆေးလာသည်။ ပေကျင်းဈေးတွင် ဖြစ်ပေါ်ခဲ့သည်မှာ ဆယ်လ်မွန်ငါးများ ခုတ်ပိုင်းသည့် ခုံတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကျွမ်းကျင်ပညာရှင်တို့က ပြောကြားရာတွင် ဆယ်လ်မွန်ငါးက ကိုရိုနာဗိုင်းရပ်စ်ကို သယ်ဆောင်လာခြင်း မဖြစ်နိုင်ကြောင်း ပြောကြားကြသည်။

ယခုတွေ့ရှိသည်မှာ အီကွေဒေါ ကုမ္ပဏီ ၃ ခုက တင်သွင်းရောင်းချသော ပုဇွန်ဖြူထည့်သည့် ကွန်တိန်နာ၏ အတွင်းပိုင်းနှင့် ထုပ်ပိုးထားသည့် အထုပ်များ၏ အပြင်ဘက်တွင် ကိုရိုနာဗိုင်းရပ်စ် ပေါ့စတစ်နမူနာများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ပုဇွန်များနှင့် ထုပ်ပိုးထားသည့် အထုပ်များ၏အတွင်းပိုင်းတွင်မူ negative စမ်းသပ်ရရှိကြောင်း ပိုင်ကီရှင်းက ပြောကြားသည်။

“စစ်ဆေးမှု ရလဒ်တွေအရ ကွန်တိန်နာနဲ့ ပါကင်ထုပ်ပိုးတဲ့ ကုမ္ပဏီတွေဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပါဝင်မှုကို ဖြစ်ပေါ်စေတယ်ဆိုတာ တွေ့ရပါတယ်။ အစားအစာလုံခြုံမှု စီမံခန့်ခွဲတာ စံမမှီဘူးဆိုတာကို ပြသနေပါတယ်” ဟု ပိုင်ကီရှင်းက ဆက်လက်ပြောကြားသည်။

တရုတ်အကောက်ခွန်ဌာနက အဆိုပါ ကုမ္ပဏီ ၃ ခုမှ အစားအစာတင်သွင်းမှုကို ရပ်ဆိုင်းလိုက်ပြီး ယခုပေးပို့လိုက်သည့် ပုဇွန်များကို ပြန်လည်ပေးပို့ခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

စီကျန်း၊ ယူနန်၊ ဟီနန်၊ ရှန်တုန်ပြည်နယ်များနှင့် နင်ရှားဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဇူလိုင်လ ၇ ရက်နေ့ အခြေအနေများအရ အစားအစာ နမူနာပေါင်း ၆၀၀၀၀ ခန့် စစ်ဆေးခဲ့ပြီး အားလုံးမှာ negative သာ စစ်ဆေးတွေ့ရှိကြောင်း အမျိုးသား အစားအစာ လုံခြုံမှုအန္တရာယ်စစ်ဆေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး လီနင်က ပြောကြားသည်။

“ခြုံပြောရရင်တော့ အစားအသောက်တွေမှာ ဗိုင်းရပ်စ်ပါဝင်လာနိုင်ချေဟာ နည်းပါးသေးပါတယ်” ဟု သူမက ပြောကြားသည်။

အစားအစာလုပ်ငန်းတွင် လုပ်ကိုင်သည့် ဝန်ထမ်းများသည် ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်းလက္ခဏာများရှိနေပါက အလုပ်မသွားသင့်ကြောင်း လီနင်က ပြောကြားသည်။

စားသုံးသူများအနေဖြင့် မချက်ပြုတ်မီ သေချာစွာဆေးကြောသင့်ပြီး ကိုရိုနာဗိုင်းရပ်စ်သေစေနိုင်ရန်အတွက် ကောင်းစွာကျက်သည်အထိ ချက်ပြုတ်သင့်ကြောင်း သူမက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Coronavirus found on frozen shrimp packaging but risk from food low, China says (SCMP)

[Zawgyi]

တ႐ုတ္ႏိုင္ငံတြင္ ျပည္ပမွ တင္ပို႔လာေသာ ပုဇြန္မ်ား၌ ကို႐ိုနာဗိုင္းရပ္စ္မ်ား ပါဝင္ေနသည္ကို ေတြ႕ရွိ

အီေကြေဒါႏိုင္ငံရွိ ကုမၸဏီ ၃ ခုက တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ခဲ့ေသာ ေရခဲ႐ိုက္ ပုဇြန္မ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္မ်ား ပါဝင္ေနသည္ကို စစ္ေဆးေတြ႕ရွိၿပီးေနာက္ တ႐ုတ္အာဏာပိုင္တို႔က အီေကြေဒါႏိုင္ငံကို အစားအစာလုံၿခဳံမႈစံခ်ိန္စံႏႈန္းမ်ား ျမႇင့္တင္ရန္ တိုက္တြန္းလိုက္သည္။

သို႔ေသာ္ တ႐ုတ္အစားအစာေဘးကင္းလုံၿခဳံေရးအႀကီးအကဲက ေျပာၾကားရာတြင္ ယခုကဲ့သို႔ ရွာေဖြေတြ႕ရွိေသာ္လည္း အစားအစာမွတဆင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ႏိုင္သည္ဟု ဆိုလိုျခင္းမဟုတ္ေၾကာင္းလည္း ေျပာၾကားသည္။

တ႐ုတ္အေထြေထြအေကာက္ခြန္အုပ္ခ်ဳပ္ေရးဌာနလက္ေအာက္ရွိ သြင္းကုန္၊ ပို႔ကုန္အစားအစာ ေဘးကင္းလုံၿခဳံေရးဗ်ဴ႐ို၏ ၫႊန္ၾကားေရးမႉးခ်ဳပ္ ပိုင္ကီရွင္းက ေပက်င္းၿမိဳ႕တြင္ ေျပာၾကားခဲ့ရာ၌ ျပည္ပမွတင္သြင္းလာေသာ ေရခဲ႐ိုက္အစားအစာ၊ ထုပ္ပိုးထားသည့္ အတြင္းအျပင္ဘက္ႏွင့္ အျခားေနရာတို႔ရွိ နမူနာေပါင္း ၂၂၃၀၀၀ ထံမွ covid-19 ဗိုင္းရပ္စ္ပိုး ေတြ႕သည့္ နမူနာ ၆ ခုရွိေၾကာင္း ေျပာၾကားသည္။

ဇြန္လလယ္ပိုင္းက ေပက်င္းၿမိဳ႕ရွိ အစားအေသာက္ေဈးတစ္ခုမွတဆင့္ covid-19 ေရာဂါကူးစက္မႈမ်ား ျပန္လည္ေခါင္းေထာင္လာခဲ့ရာ တ႐ုတ္အာဏာပိုင္တို႔က သြင္းကုန္အစားအစာမ်ားအေပၚ ကို႐ိုနာဗိုင္းရပ္စ္စစ္ေဆးမႈမ်ား ပိုမိုၾကပ္မတ္ စစ္ေဆးလာသည္။ ေပက်င္းေဈးတြင္ ျဖစ္ေပၚခဲ့သည္မွာ ဆယ္လ္မြန္ငါးမ်ား ခုတ္ပိုင္းသည့္ ခုံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။ ကြၽမ္းက်င္ပညာရွင္တို႔က ေျပာၾကားရာတြင္ ဆယ္လ္မြန္ငါးက ကို႐ိုနာဗိုင္းရပ္စ္ကို သယ္ေဆာင္လာျခင္း မျဖစ္ႏိုင္ေၾကာင္း ေျပာၾကားၾကသည္။

ယခုေတြ႕ရွိသည္မွာ အီေကြေဒါ ကုမၸဏီ ၃ ခုက တင္သြင္းေရာင္းခ်ေသာ ပုဇြန္ျဖဴထည့္သည့္ ကြန္တိန္နာ၏ အတြင္းပိုင္းႏွင့္ ထုပ္ပိုးထားသည့္ အထုပ္မ်ား၏ အျပင္ဘက္တြင္ ကို႐ိုနာဗိုင္းရပ္စ္ ေပါ့စတစ္နမူနာမ်ား ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

ပုဇြန္မ်ားႏွင့္ ထုပ္ပိုးထားသည့္ အထုပ္မ်ား၏အတြင္းပိုင္းတြင္မူ negative စမ္းသပ္ရရွိေၾကာင္း ပိုင္ကီရွင္းက ေျပာၾကားသည္။

“စစ္ေဆးမႈ ရလဒ္ေတြအရ ကြန္တိန္နာနဲ႔ ပါကင္ထုပ္ပိုးတဲ့ ကုမၸဏီေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ပါဝင္မႈကို ျဖစ္ေပၚေစတယ္ဆိုတာ ေတြ႕ရပါတယ္။ အစားအစာလုံၿခဳံမႈ စီမံခန႔္ခြဲတာ စံမမွီဘူးဆိုတာကို ျပသေနပါတယ္” ဟု ပိုင္ကီရွင္းက ဆက္လက္ေျပာၾကားသည္။

တ႐ုတ္အေကာက္ခြန္ဌာနက အဆိုပါ ကုမၸဏီ ၃ ခုမွ အစားအစာတင္သြင္းမႈကို ရပ္ဆိုင္းလိုက္ၿပီး ယခုေပးပို႔လိုက္သည့္ ပုဇြန္မ်ားကို ျပန္လည္ေပးပို႔ျခင္း (သို႔မဟုတ္) ဖ်က္ဆီးျခင္းမ်ား ျပဳလုပ္သြားမည္ ျဖစ္သည္။

စီက်န္း၊ ယူနန္၊ ဟီနန္၊ ရွန္တုန္ျပည္နယ္မ်ားႏွင့္ နင္ရွားေဟြ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတို႔တြင္ ဇူလိုင္လ ၇ ရက္ေန႔ အေျခအေနမ်ားအရ အစားအစာ နမူနာေပါင္း ၆၀၀၀၀ ခန႔္ စစ္ေဆးခဲ့ၿပီး အားလုံးမွာ negative သာ စစ္ေဆးေတြ႕ရွိေၾကာင္း အမ်ိဳးသား အစားအစာ လုံၿခဳံမႈအႏၲရာယ္စစ္ေဆးေရးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉး လီနင္က ေျပာၾကားသည္။

“ၿခဳံေျပာရရင္ေတာ့ အစားအေသာက္ေတြမွာ ဗိုင္းရပ္စ္ပါဝင္လာႏိုင္ေခ်ဟာ နည္းပါးေသးပါတယ္” ဟု သူမက ေျပာၾကားသည္။

အစားအစာလုပ္ငန္းတြင္ လုပ္ကိုင္သည့္ ဝန္ထမ္းမ်ားသည္ ဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္းႏွင့္ ေမာပန္းျခင္းလကၡဏာမ်ားရွိေနပါက အလုပ္မသြားသင့္ေၾကာင္း လီနင္က ေျပာၾကားသည္။

စားသုံးသူမ်ားအေနျဖင့္ မခ်က္ျပဳတ္မီ ေသခ်ာစြာေဆးေၾကာသင့္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ေသေစႏိုင္ရန္အတြက္ ေကာင္းစြာက်က္သည္အထိ ခ်က္ျပဳတ္သင့္ေၾကာင္း သူမက ျဖည့္စြက္ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Coronavirus found on frozen shrimp packaging but risk from food low, China says (SCMP)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
Shwe Wutt Hmone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service