အမေရိကန်တွင် အစွန်းချွတ်ဆေးများကို covid-19 ကုသဆေးအဖြစ် ရောင်းချနေသော ဘုရားကျောင်းကို FBI ဝင်ရောက်စီးနင်း

အမေရိကန်တွင် အစွန်းချွတ်ဆေးများကို covid-19 ကုသဆေးအဖြစ် ရောင်းချနေသော ဘုရားကျောင်းကို FBI ဝင်ရောက်စီးနင်း - Property News in Myanmar from iMyanmarHouse.com
10 Jul 2020 1:07 pm တွင် တင်ခဲ့သည်
1232 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ဘရက်ဒန်တန်မြို့ (Bradenton) တွင် အစွန်းချွတ်ဆေးများအတိုင်း ဖော်စပ်ထားသည့် ဓာတုဆေးများကို “အံ့ဖွယ်သဘာဝတွင်းထွက် ဆေးတော်ရည်” ဟု အမည်ပေးကာ COVID-19 ကုသဆေးအဖြစ် ရောင်းချနေသော Genesis II Church of Health and Healing အမည်ရှိ ဘုရားကျောင်းကို FBI အဖွဲ့ဝင်များက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြသည်။

အသက် ၆၂ နှစ်အရွယ်ရှိ မာ့ခ် ဂရီနွန်(Mark Grenon) နှင့် ၎င်း၏ သား ၃ ဦးဖြစ်သော ဂျိုနသန် ဂရီနွန် (၃၄ နှစ်)၊ ဂျိုးဆက်ဖ် ဂရီနွန် (၃၂ နှစ်) နှင့် ဂျော်ဒန် ဂရီနွန် (၂၆ နှစ်) တို့ကို အမေရိကန်ပြည်ထောင်စုအား လိမ်လည်ရန် ကြံစည်မှု၊ ပြည်ထောင်စု အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်အက်ဥပဒေကို ချိုးဖောက်ရန် ကြံစည်မှုတို့ဖြင့် တရားစွဲခံလိုက်ရသည်။

ဂရီနွန်သားအဖတို့သည် အစိုးရ၏ ဥပဒေလုပ်ထုံးလုပ်နည်းများကို ရှောင်လွှဲနိုင်ရန်အတွက် Genesis II ကျန်းမာရေးနှင့် ကုသမှု ဘုရားကျောင်းဟူသောအမည်အောက်တွင် ယခုကဲ့သို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

Genesis II Church အတွင်း ဟိုက်ဒရိုကလိုရစ်အက်ဆစ် ဂါလံ ၅၀၊ ဆိုဒီယံ ကလိုရိုက်ဒ် ပေါင်ချိန် ၈၃၀၀ နှင့် “အံ့ဖွယ်သဘာဝတွင်းထွက် ဆေးတော်ရည်” ဟု အမည်ပေးထုတ်လုပ်ပြီး ထုတ်ကုန်ဆေးရည် ၂၂ ဂါလံတို့ကို သိမ်းဆည်းရရှိခဲ့သည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး (FDA) က “အံ့ဖွယ်သဘာဝတွင်းထွက် ဆေးတော်ရည်” ကဲ့သို့ ဆိုဒီယံ ကလိုရိုဒ်ထုတ်ကုန်များ ကို သောက်သုံးခြင်းမပြုရန် ပြည်သူများကို လမ်းညွှန်သတိပေးထားသည်။

အဆိုပါထုတ်ကုန်များကို သောက်သုံးပါက ပြင်းထန်သည့် အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အသက်အန္တရာယ်ဆုံးရှုံးနိုင်သည်အထိ သွေးပေါင်ကျခြင်းများအပြင် အခြားသော လက္ခဏာများလည်း ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

“အံ့ဖွယ်သဘာဝတွင်းထွက် ဆေးတော်ရည်” ကို သောက်သုံးပြီးနောက် ဆေးရုံတင်ရသည့် အခြေအနေရင်ဆိုင်ရသူများ၊ အသက်အန္တရာယ်စိုးရိမ်ရသူများနှင့် သေဆုံးသူများရှိခဲ့ကြောင်း တိုင်တန်းချက်များကို FDA က လက်ခံရရှိထားသည်။

တရားရုံးမှတ်တမ်းများအရ ဂရီနွန်သားအဖတို့သည် ကိုရိုနာဗိုင်းရပ်စ် အံ့ဖွယ်ကုသဆေးအဖြစ် “အံ့ဖွယ်သဘာဝတွင်းထွက် ဆေးတော်ရည်” ဘူး ထောင်သောင်းချီပြီး တစ်နိုင်ငံလုံး ရောင်းချခဲ့ကြောင်း ဖော်ပြထားသည်။

မီယာမီရှိ ပြည်ထောင်စုတရားသူကြီးတစ်ဦးက ၎င်းတို့ကို အဆိုပါဆေးရည်များ ရောင်းချနေခြင်း ရပ်ဆိုင်းရန် အမိန့်ထုတ်ခဲ့သော်လည်း ၎င်းတို့သားအဖများက လိုက်နာခဲ့ခြင်း မရှိဟုဆိုသည်။

ဂရီနွန် သားအဖတို့သည် အဆိုပါဆေးရည်များကို ကိုရိုနာဗိုင်းရပ်စ် ကုသရန်အတွက်သာမက ကင်ဆာ၊ အော်တစ်ဇင်၊ Multiple sclerosis ရောဂါ (ဤရောဂါသည် နာဗ်ကြောများ၏ အဖုံးဖြစ်သော myelin sheath ယိုယွင်းပျက်စီးသွားခြင်း ဖြစ်သည်။ နာဗ်ကြောတွေအချင်းချင်း သတင်းပေးပို့ရာမှာ ပြတ်တောက်ပျက်စီးသွားခြင်းကြောင့် ရောဂါလက္ခဏာ မျိုးစုံသည် ကိုယ်ကာယမှာ သော်လည်းကောင်း ၊ စိတ်ကျန်းမာရေးတွင် သော်လည်းကောင်း psychiatric အမျိုးမျိုးအဖုံဖုံ ပေါ်ပေါက်လာတတ်သည်။ အများအားဖြင့် နှစ်ထပ်မြင်နေတတ် ခြင်း၊ မျက်စေ့တစ်ဖက် မမြင်တော့ ခြင်း၊ ကြွက်သားများ အားအင်ယုတ်လျော့လာခြင်း၊ ထုံကျင်နေတတ် ခြင်း၊ ကြွက်သားများ ချိတ်ဆက်ညှိနှိုင်း ခြင်းပျက်ပြား ခြင်း တို့ဖြစ်ပြီး တဖြေးဖြေး ဆိုးလာတတ်သည်။) ၊ Alzheimer’s ရောဂါနှင့် အေအိုင်ဒီအက်စ် ရောဂါများ ကုသရေးအတွက် အသုံးပြုနိုင်ကြောင်း ဖော်ပြကာ ရောင်းချခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The COVID-19 ‘cure’ sold by a Florida father and his three sons is toxic bleach, federal prosecutors in Miami say (Sun-Sentinel, snntv.com, wfla.com)

[Zawgyi]

အေမရိကန္တြင္ အစြန္းခၽြတ္ေဆးမ်ားကို covid-19 ကုသေဆးအျဖစ္ ေရာင္းခ်ေနေသာ ဘုရားေက်ာင္းကို FBI ဝင္ေရာက္စီးနင္း

အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ ဘရက္ဒန္တန္ျမိဳ႕ (Bradenton) တြင္ အစြန္းခၽြတ္ေဆးမ်ားအတိုင္း ေဖာ္စပ္ထားသည့္ ဓာတုေဆးမ်ားကို “အံ့ဖြယ္သဘာဝတြင္းထြက္ ေဆးေတာ္ရည္” ဟု အမည္ေပးကာ COVID-19 ကုသေဆးအျဖစ္ ေရာင္းခ်ေနေသာ Genesis II Church of Health and Healing အမည္ရွိ ဘုရားေက်ာင္းကုိ FBI အဖြဲ႔ဝင္မ်ားက ဝင္ေရာက္စီးနင္းဖမ္းဆီးခဲ့ၾကသည္။

အသက္ ၆၂ ႏွစ္အရြယ္ရွိ မာ့ခ္ ဂရီႏြန္(Mark Grenon) ႏွင့္ ၎၏ သား ၃ ဦးျဖစ္ေသာ ဂ်ဳိနသန္ ဂရီႏြန္ (၃၄ ႏွစ္)၊ ဂ်ဳိးဆက္ဖ္ ဂရီႏြန္ (၃၂ ႏွစ္) ႏွင့္ ေဂ်ာ္ဒန္ ဂရီႏြန္ (၂၆ ႏွစ္) တို႔ကို အေမရိကန္ျပည္ေထာင္စုအား လိမ္လည္ရန္ ၾကံစည္မႈ၊ ျပည္ေထာင္စု အစားအေသာက္၊ ေဆးဝါးႏွင့္ အလွကုန္အက္ဥပေဒကို ခ်ဳိးေဖာက္ရန္ ၾကံစည္မႈတို႔ျဖင့္ တရားစြဲခံလိုက္ရသည္။

ဂရီႏြန္သားအဖတို႔သည္ အစိုးရ၏ ဥပေဒလုပ္ထံုးလုပ္နည္းမ်ားကို ေရွာင္လႊဲႏိုင္ရန္အတြက္ Genesis II က်န္းမာေရးႏွင့္ ကုသမႈ ဘုရားေက်ာင္းဟူေသာအမည္ေအာက္တြင္ ယခုကဲ့သို႔လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။

Genesis II Church အတြင္း ဟိုက္ဒရိုကလိုရစ္အက္ဆစ္ ဂါလံ ၅၀၊ ဆိုဒီယံ ကလိုရိုက္ဒ္ ေပါင္ခ်ိန္ ၈၃၀၀ ႏွင့္ “အံ့ဖြယ္သဘာဝတြင္းထြက္ ေဆးေတာ္ရည္” ဟု အမည္ေပးထုတ္လုပ္ျပီး ထုတ္ကုန္ေဆးရည္ ၂၂ ဂါလံတို႔ကို သိမ္းဆည္းရရွိခဲ့သည္။

အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး (FDA) က “အံ့ဖြယ္သဘာဝတြင္းထြက္ ေဆးေတာ္ရည္” ကဲ့သို႔ ဆိုဒီယံ ကလိုရိုဒ္ထုတ္ကုန္မ်ား ကို ေသာက္သံုးျခင္းမျပဳရန္ ျပည္သူမ်ားကို လမ္းညႊန္သတိေပးထားသည္။

အဆိုပါထုတ္ကုန္မ်ားကို ေသာက္သံုးပါက ျပင္းထန္သည့္ ေအာ့အန္ျခင္း၊ ဝမ္းေလွ်ာျခင္းႏွင့္ အသက္အႏၱရာယ္ဆံုးရံႈးႏိုင္သည္အထိ ေသြးေပါင္က်ျခင္းမ်ားအျပင္ အျခားေသာ လကၡဏာမ်ားလည္း ျဖစ္ေပၚႏိုင္ေၾကာင္း သတိေပးထားသည္။

“အံ့ဖြယ္သဘာဝတြင္းထြက္ ေဆးေတာ္ရည္” ကို ေသာက္သံုးျပီးေနာက္ ေဆးရံုတင္ရသည့္ အေျခအေနရင္ဆိုင္ရသူမ်ား၊ အသက္အႏၱရာယ္စိုးရိမ္ရသူမ်ားႏွင့္ ေသဆံုးသူမ်ားရွိခဲ့ေၾကာင္း တိုင္တန္းခ်က္မ်ားကို FDA က လက္ခံရရွိထားသည္။

တရားရံုးမွတ္တမ္းမ်ားအရ ဂရီႏြန္သားအဖတို႔သည္ ကိုရိုနာဗိုင္းရပ္စ္ အံ့ဖြယ္ကုသေဆးအျဖစ္ “အံ့ဖြယ္သဘာဝတြင္းထြက္ ေဆးေတာ္ရည္” ဘူး ေထာင္ေသာင္းခ်ီျပီး တစ္ႏိုင္ငံလံုး ေရာင္းခ်ခဲ့ေၾကာင္း ေဖာ္ျပထားသည္။

မီယာမီရွိ ျပည္ေထာင္စုတရားသူၾကီးတစ္ဦးက ၎တို႔ကို အဆိုပါေဆးရည္မ်ား ေရာင္းခ်ေနျခင္း ရပ္ဆိုင္းရန္ အမိန္႔ထုတ္ခဲ့ေသာ္လည္း ၎တို႔သားအဖမ်ားက လိုက္နာခဲ့ျခင္း မရွိဟုဆိုသည္။

ဂရီႏြန္ သားအဖတို႔သည္ အဆိုပါေဆးရည္မ်ားကို ကိုရိုနာဗိုင္းရပ္စ္ ကုသရန္အတြက္သာမက ကင္ဆာ၊ ေအာ္တစ္ဇင္၊ Multiple sclerosis ေရာဂါ (ဤေရာဂါသည္ နာဗ္ေၾကာမ်ား၏ အဖံုုးျဖစ္ေသာ myelin sheath ယိုုယြင္းပ်က္စီးသြားျခင္း ျဖစ္သည္။ နာဗ္ေၾကာေတြအခ်င္းခ်င္း သတင္းေပးပိုု႔ရာမွာ ျပတ္ေတာက္ပ်က္စီးသြားျခင္းေၾကာင့္ ေရာဂါလကၡဏာ မ်ိဳးစံုုသည္ ကိုုယ္ကာယမွာ ေသာ္လည္းေကာင္း ၊ စိတ္က်န္းမာေရးတြင္ ေသာ္လည္းေကာင္း psychiatric အမ်ိဳးမ်ိဳးအဖံုုဖံုု ေပၚေပါက္လာတတ္သည္။ အမ်ားအားျဖင့္ နွစ္ထပ္ျမင္ေနတတ္ ျခင္း၊ မ်က္ေစ့တစ္ဖက္ မျမင္ေတာ့ ျခင္း၊ ၾကြက္သားမ်ား အားအင္ယုုတ္ေလ်ာ့လာျခင္း၊ ထံုုက်င္ေနတတ္ ျခင္း၊ ၾကြက္သားမ်ား ခ်ိတ္ဆက္ညွိနွိဳင္း ျခင္းပ်က္ျပား ျခင္း တို႔ျဖစ္ျပီး တေျဖးေျဖး ဆိုုးလာတတ္သည္။) ၊ Alzheimer’s ေရာဂါႏွင့္ ေအအိုင္ဒီအက္စ္ ေရာဂါမ်ား ကုသေရးအတြက္ အသံုးျပဳႏိုင္ေၾကာင္း ေဖာ္ျပကာ ေရာင္းခ်ခဲ့ၾကျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The COVID-19 ‘cure’ sold by a Florida father and his three sons is toxic bleach, federal prosecutors in Miami say (Sun-Sentinel, snntv.com, wfla.com)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသော ကျေးလက်ဆေးရုံများတွင် အသုံးပြုရန် အလုံး ၂၀၀ စမ်းသပ်ထုတ်လုပ်မည်ဟုဆို...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သားဖြစ်သူက အသက် ၃၀ ကျော်အရွယ်မှာ လွတ်မြောက်ဖို့ ဘယ်လိုကြံစည်ခဲ့လဲ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမှိုက်အိတ်များ တောင်ပုံရာပုံဖြစ်နေပြီး ဇင်ယော်ငှက်ကြီးများနှင့် ဧရာမ ကြွက်ကြီးများ သောင်းကျန်းလျက်ရှိ...

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဂယက်ထလျက်ရှိ...
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့် ကား အရစ်ကျဝယ်ထားသည့်အကြွေးများ ပေးဆပ်ရန် တစ်ဦးတည်း အလုပ် ၃ ခုလုပ်နေရသည့်ဖြစ်ပုံ...

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
imyanmarmarket
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service