ကိတ္တိမ မွေးစားသားသမီးအဖြစ် မောင်နှမအချင်းချင်းပြုလုပ်နိုင်ပါသလား
ကိတ္တိမ မွေးစားသားသမီးအဖြစ် မောင်နှမအချင်းချင်းပြုလုပ်နိုင်ပါသလား - Property Knowledge in Myanmar from iMyanmarHouse.com
9 Jul 2020 3:46 pm တွင် တင်ခဲ့သည်
1476 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
“မောင်နှမအချင်းချင်း ကိတ္တိမသမီးအဖြစ် မွေးစားလို့ရသလားဆရာ ဟု အိမ်နီးချင်းမိတ်ဆွေတစ်ဦးက စာရေးသူထံလာရောက် တိုင်ပင် ဆွေးနွေးပါသည် ”
“ဥပဒေအရတော့ ၊ မောင်နှမအချင်းချင်းလည်း မွေးစားလို့ရပါတယ် ။ ကန့်သတ်ချက်မရှိပါဘူး ။ ဒါပေမယ့် အသက်ချင်းသိပ်နီးနေရင်တော့ ဘယ်လိုရည်ရွယ်ချက်နဲ့ မွေးစားတယ်ဆိုတဲ့၊ နောက်ဆက်တွဲပြဿနာတွေ ရှိလာနိုင်ပါတယ် ။ ဘာကိစ္စဖြစ်နေလို.လဲ”
“မြေနဲ့ အိမ်ဝယ်ဖို့ဆိုပြီး သွားစုံစမ်းတော့ သားနှစ်ယောက်အပြင် မွေးစားသမီးလည်းရှိတယ်လို့နောက်ပိုင်း သိရတယ်”
“မွေးစားသမီးက ၊ ပိုင်ရှင်ရဲ့ညီမဖြစ်နေလို့လား”
“ဟုတ်တယ်ဆရာ”
“မွေးစား မိဘတွေက ကွယ်လွန်သွားကြပြီလား ၊ အခုရောင်းမယ်ပြောတာက သားအရင်း တွေက ပြောတာပေါ့”
ဟုတ်ပါတယ်
“မြေအမည်ပေါက်ကို မေးမြန်ခဲ့သေးလာ”း
“မြေအမည်ပေါက်ကတော့ ၊ မိဘတွေအမည်ပေါက်လိုပြောပါတယ်”
“သားနှစ်ယောက်အမည်ပြောင်းမထားရသေးဘူးဆိုရင် ပြဿနာတစ်ခု သက်သာသွားတာပေါ့ဗျာ”
“အဲဒီလို ကိစ္စရပ်တွေရှိသလား”
“ရှိတက်တယ် ။ ကိတ္တိမမွေးစားသားသမီးက အိမ်ထောင်ကျလို့ အိမ်ခွဲဆင်းသွားမယ် ။စာရွက်စာတမ်းက သားသမီးအရင်းမှာ ရှိနေတာ့ အမည်ပြောင်းတာကို မသိလိုက်တဲ့ ကိစ္စရပ်တွေလည်းရှိတက်တယ် “
“အဲဒီတော့ မွေးစား သားသမီးက တရားစွဲဆိုတာ တွေရှိလာနိုင်တာပေါ့”
“ဟုတ်ပါတယ် ဒီလို အခြေအနေ မျိုးဆိုရင်တော့ အစကတည့်က မဝယ်တာကောင်းတယ် ။ ဒါမှမဟုတ်ရင် စရန်ငွေပေးပြီး ၊ ကိုယ်ပါအမှုထဲပါဝင်သွားနိုင်တယ်”
“အစကတော့ ကျွန်တော်လည်းမသိဘူး ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ကုန့်ကွက်တားစာ တင်ထားလို့ နောက်မှသိရတယ်”
“ဒီတော့၊ ကိတ္တိမ မွေးစားသမးီထံသွားမတွေ့ဘူးလား ရောင်းမယ်ဆိုတဲ့ အိမ်မှာပဲနေတာလား”
“ရောင်းမယ်ဆိုတဲ့ အိမ်မှာတော့ မနေဘူး အဲဒီအိမ်မှာ သားအငယ်မိသားစုပဲနေတယ် ။ ကျန်နှစ်ယောက်က အိမ်ထောင်ခွဲတွေဆိုတော့ အတူမနေဘူ”း
“သူထုတ်ပြတာကတော့ ၊ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ပြုလုပ်ထားပါတယ် “
“သူ့ကို မွေးစားစဉ်က ၊ အသက်ဘယ်လောက်လဲမှတ်မိလား ၊ ကြည့်မိလား “
“မွေးစားစာချုပ်မှာတော့ အသက် ၂၈ နှစ်လိုဖော်ပြထားတယ် ။ မွေးစားတဲ့ အကိုနဲ့ ( ၁၀ ) နှစ်လောက်ကွာတယ် ပြောပါတယ် “
“သားအရင်းတွေက မွေးစားပြီးမှ မွေးတာလား”
“အစကတော့ မွေးစားမိခင်က၊ အသက် ( ၄၀ ) နားလည်းနှီးပြီး ၊ သားသမးီမရှိလို့ မွေးစား ခဲ့တာလို့ပြောတယ် ။ ဖြစ်ချင်တော့ သားနစ်ယောက်ကို အသက် ( ၄၀ ) ကျော်မှ အမွှာမွေးတာလို့ ပြောပါတယ်။’
“ထူးထူးဆန်ဆန်ပဲ မွေးတော့ အမွှာဖြစ်နေတယ် ။ သားနှစ်ယောက်မွေးလိုက်တော့ အမွေဆက်ခံခွင့်ကိစ္စပြောင်းလဲသွားနိုင်တာပေါ့ ။ ကိတ္တိမစာချုပ်ကို တော့ ပျက်မသွားဘူးမဟုတ်လား”
“အဲဒီလိုတော့ ပြောသံမကြားဘူး ။ ဒါပေမယ့် ကွန်တော်တို့ သိထားတာက ၊ အရွယ်မရောက်တဲ့ ကလေးကိုပဲ မွေးစားကြတယ်လို့ သိထားတာ ။ အသက်က ၂၈ နှစ်အရွယ်ကို မွေးစားလို့ရပါသလား”
“ဥပဒေအရတော့မေးွစားခံရသူကိုအသက်ကန့်သက်ချက်မထားပါဘူး။အရွယ်မရောက်သေးဘူးဆိုရင်တော့ မိရင်ဖရင်းကိုယ်တိုင်က မိမိသားသမီးကို မွေးစားခြင်း သဘောတူကြောင်း ၊ မွေးစားမှတ်ပုံတင်စာချုပ်မှာ လက်မှတ်ရေးထိုးရပါတယ် ။ ရှင်းအောင်ပြောရရင်တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မကြိုင် နှင့် မအုန်းကြည် ၁၉၆၃ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၈၄ အမှုမှာ ၊ မွေးစား သူ မိခင်မှာ မုဆိုးမဖြစ်ပြီး ၊ သားသမီးမရှိပေ ။ မွေးစားချိန်၌ မွေးစားခံရသူမှာ အသက် လေးဆယ်ကျော်ခန့် အရွယ်ဖြစ်သော်လည်း မှတ်ပုံတင် ကိတ္တိမ မွေးစားစာချုပ်ချုပ်ဆို မွေးစားသည့်အပြင် မွေးစားမိခင်နှင့် အတူနေ ပြုစုသူဖြစ် ၍ အမွေဆက်ခံခွင့်ရှိသည် လို့ ဆးုံဖြတ်ထားပါတယ် ။ ဒါကြောင့် မွေးစားခံရသူရဲ့ အသက်ကို ကန့်သက် မထားပါဘူး။
“ဒါဆိုရင် အခုကိစ္စမှာ၊ နှမဖြစ်သူကို မွေးစားတာတရားဝင်တယ်ပေါ့”
“မှန်ပါတယ်။ ကိတ္တိမ မှတ်ပုံတင်စာချုပ်စာတမ်းနဲ့ ချုပ်တာမို့ အမွေဆက်ခံခွင့်ရှိမှာဖြစ်ပါတယ်”
“မွေးစားသူက လင်နဲ့မယားနှစ်ဦးရှိမှ သားသမီးမွေးစားလို့ ရတာလား၊ အပျိုကြီး လူပျိုကြီးတွေက သားသမီးမွေးစားလို့ရပသလား”
‘လင်နဲ့မယားနှစ်ဦးရှိမှ သားသမီးမွေးစားလို.ရကြောင်း ဥပဒေမှာ တားမြစ်ထားတာမရှိပါဘူး။ အပျိုကြီး၊ လူပျိုကြီး၊ မုဆိုးဖို၊ မုဆိုးမ တို့လည်း ကိတ္တိမသားသမီးအဖြစ်မွေးစားခွင့်ရှိပါတယ်။”
“မွေးစားသားသမီးက မွေးစားမိဘနဲ့အတူ မနေရင်အမွေးဆုံးရှုံးတယ်ဆိုတာဟုတ်ပါသလား”
“မွေးစားမိဘနဲ့အတူမနေတာကိုအကြောင်းပြုပီး အမွေဆုံးရံှုးခြင်းမရှိ၊ ကိတ္တိမ မွေးစားခြင်းမပျက်ပြယ်လို့မမူနှင့် ဦးညွှန် - ၁၂ ရန်ကုန်တရားစီရင်ထုံး၊ စာမျက်နှာ ၆၃၄ အမှုမှာ တရားရုံးချုုပ်က ဆုံးဖြတ်ထားတာကိုတွေ.ရပါတယ်”
“တကယ်လို. ဆရာရယ်။ မွေးစားသားသမီးက၊ မွေးစားပြီးနောက်ပိုင်း အိမ်ထောင်ပြုသွားမယ်။ မွေးစားမိဘတို့နဲ့လည်းအဆက်သွယ်မရှိ၊ လာရောက်ခြင်းလည်းမရှိ၊ ကွယ်လွန်မှ လာရောက်ပြီး မွေးစားသမီးပါလို့ အမွေတောင်းရင်ရပါ သလား”
“ဒါကတော့ တရားရူံးက ဆုံးဖြတ်မဲ့ ကိစ္စဖြစ်ပါတယ်။ မွေးစားခံရသူရဲ့ အပြုမူကို စစ်ဆေးဆုံးဖြတ်ပေးမှာဖြစ်တယ်။ အမှုတစ်ခုချင်းအလိုက် မတူနိုင်ဘူးပေါ့”
“ဟုတ်ပါပြီ ဆရာ။ အခု ကိစ္စမှာဆိုရင်၊ မွေးစားခံရသူ သမီးက အမွေဝေစုရနိုင်တာပေါ့နော်”
“မှန်ပါတယ်။ သာမန်ဆွေမျိူးတော်စပ်ရင်တော့ အဒေါ်နဲ. တူတွေအမွေခွဲရမဲ့ သဘောဘယ်။ ဒါပေမဲ့ အဒေါ်ဖြစ်သူက ကိတ္တိမ မွေးစားသမီးအဖြစ်ရှိနေတော့ ဥပဒေအရ မောင်နှမအဖြစ်ရောက်ရှိသွားတယ်။
ဒါကြောင့် မိဘကျန်ခဲ့တဲ့ ပစ္စည်းအပေါ်အညီအမျှ ရပိုင်ခွင့်ရှိလာမှာ ဖြစ်ပါတယ်”
“မြေနဲ.အိမ်ကို အရောင်းဝယ်လုပ်ရင် သုံးဦးလုံးက လက်မှတ်ရေးထိုးရ မှာပေါ့နော် “
“ဟုတ်ပါတယ်။ ဂရန်အမည်ပေါက်ဖြစ်တဲ့မိဘတွေထံက သားသမီးများအဖြစ် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း ကြော်ညာစာချူပ်ကို ဦးစွာမှတ်ပုံတင် စာချုပ်စာတမ်းအဖြစ် ချုပ်ဆိုရပါမယ်။ သားသမီးသုံးဦး ပိုင်ဆိုင်ကြောင်း ကြော်ညာစာချုပ်အရ အရောင်းဝယ် မှတ်ပုံတင်စာချုပ်ကို ချုပ်ဆိုရမှာဖြစ်တယ်”
“တစ်ယောက်ယောက်က သဘောမတူရင် အရောင်းဝယ်မဖြစ်ဘူးပေါ့”
“မှန်ပါတယ်။ ကိတ္တိမ စာချုပ်စာတမ်းမှတ်ပုံတင် မွေးစားစာချုပ်အတည်ဖြစ်နေတဲ့အတွက် သုံးဦးလုံး သဘောတူမှ ဖြစ်ပာလိမ့်မယ်” ဟု ဆွေးနွေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit : shwesathtagan
[Zawgyi]
“ဟုတ်တယ်ဆရာ”
ဟုတ်ပါတယ်
“ဒီတော့၊ ကိတ္တိမ မွေးစားသမီးထံသွားမတွေ့ဘူးလား ရောင်းမယ်ဆိုတဲ့ အိမ်မှာပဲနေတာလား”
“မွေးစားမိဘနဲ့အတူမနေတာကိုအကြောင်းပြုပီး အမွေဆုံးရှုံးခြင်းမရှိ၊ ကိတ္တိမ မွေးစားခြင်းမပျက်ပြယ်လို့မမူနှင့် ဦးညွှန် - ၁၂ ရန်ကုန်တရားစီရင်ထုံး၊ စာမျက်နှာ ၆၃၄ အမှုမှာ တရားရုံးချုပ်က ဆုံးဖြတ်ထားတာကိုတွေ.ရပါတယ်”
Credit : shwesathtagan
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည့်အချိန်က အိပ်ပျော်သွားသည်ကို မမှတ်မိကြသည့် ဆန်းကြယ်သော ဖြစ်ရပ်...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ ဒုသမ္မတ ခါမလာဟဲရစ်၏ နေအိမ်အနီး ညဘက် သွားလာသူ ၂ ဦး ဖမ်းဆီးခံရ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Maha Mini Condo
The Crest
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service