ကနေဒါစီးပွားရေးလုပ်ငန်းရှင်ကြီး ပြောပြသော ငွေကြေးနှင့်ပတ်သက်ပြီး လူအများစုလုပ်တတ်သည့် အကြီးမားဆုံးအမှား

ကနေဒါစီးပွားရေးလုပ်ငန်းရှင်ကြီး ပြောပြသော ငွေကြေးနှင့်ပတ်သက်ပြီး လူအများစုလုပ်တတ်သည့် အကြီးမားဆုံးအမှား - Property Knowledge in Myanmar from iMyanmarHouse.com
9 Jul 2020 1:08 pm တွင် တင်ခဲ့သည်
834 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

SoftKey Software Products ဆော့ဖ်ဝဲကုမ္ပဏီကို တည်ထောင်သူ ကနေဒါစီးပွားရေးလုပ်ငန်းရှင်၊ စီးပွားရေးဆိုင်ရာ ရုပ်သံအစီအစဉ် များတွင် ပါဝင်လေ့ရှိသူ ကေဗင် အို-လီရေ (Kevin O’Leary) ၏ ပြောကြားချက်အရ လူတို့သည် မိမိတို့မလိုအပ်သည့် အရာများအပေါ် ငွေအလွန်အမင်း သုံးစွဲတတ်ကြကြောင်းပြောကြားသည်။ ကေဗင် အို-လီရေ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၄၀၀ ဖြစ်ကြောင်း ခန့်မှန်းထားသည်။

ဥပမာအားဖြင့် ကော်ဖီတခွက်ကို ၂ ဒသမ ၅ ဒေါ်လာခန့်ပေးနေခြင်းမှာ ငွေဖြုန်းတီးခြင်းသာဖြစ်ကြောင်း ကီဗင်က ဆိုသည်။

ငွေကြေးနှင့် ပတ်သက်ပြီး အကောင်းဆုံး လုပ်ဆောင်ရမည့်အရာမှာ ရင်းနှီးမြှုပ်နှံရန် ဖြစ်ကြောင်း Kevin O’Leary က ပြော၏။

“ယနေ့ကာလမှာ ငွေကြေးနဲ့ ပတ်သက်ပြီး လူတွေလုပ်နေတဲ့ အကြီးဆုံးအမှားက အိုစာမင်းစာအတွက် လစဉ်ငွေစုမထားကြတာပဲ ဖြစ်ပါတယ်။

ခင်ဗျားမှာ အလုပ်တစ်ခုရှိပြီး လစာတွေ ဘယ်လောက်ရရ ကိုယ့်အတွက် မလိုအပ်တဲ့အရာတွေအပေါ် ငွေမသုံးစွဲပါနဲ့။ အဲဒီအစား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါ။ ကိုယ့်အတွက် မလိုအပ်တဲ့ ပေါက်ကရဟာတွေ အများကြီးရှိပါတယ်” ဟု O’Leary က ပြောကြားသည်။

“ကျွန်တော့်ရဲ့ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုအပေါ် အထောက်အကူပြုခဲ့တဲ့အချက်ကတော့ တစ်ခုခုကို ဝယ်ဖို့ ကောက်ကိုင်လိုက်ပြီဆိုတာနဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မေးပါတယ်။…ဒါက ငါတကယ်လိုအပ်တဲ့ဟာလား..လို့ မေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်သာ အဲဒါကို မဝယ်လိုက်ရင် ဒီငွေတွေက ရင်းနှီးမြှုပ်နှံတဲ့ဆီ ရောက်မှာဖြစ်ပြီး ကျွန်တော်အိပ်နေချိန်မှာတောင် ငွေရှာပေးနေမှာ ဖြစ်တာကြောင့် ပါပဲ”

“ရင်းနှီးမြှုပ်နှံဖို့ နည်းလမ်းကတော့ လစဉ်လတိုင်း ဒေါ်လာ ၁၀၀ လောက်ကို ရင်းနှီးမြှုပ်နှံပါ။ အလုပ်ထဲထည့်ပါ” ဟု O’Leary ကဆိုသည်။ (မှတ်ချက်။ O’Leary က ပြောကြားသည်မှာ တစ်ပတ်လျှင် ဒေါ်လာ ၁၀၀ စုရန် ပြောခြင်းဖြစ်ပါသည်။ မိမိဝင်ငွေ အတိုင်းအတာကို အခြေခံကာ အမျိုးမျိုးကွဲပြားနိုင်သည်) စတင်လုပ်ဆောင်မည့်သူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ app တစ်ခုကို အသုံးပြုရန် O’Leary က အကြံပြုသည်။

“ဖုန်းထဲကနေပဲ ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်တဲ့ app အမျိုးမျိုး ရှိပါတယ်။ ကျွန်တော် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုလုပ်နေတာကတော့ Beanstox လို့ခေါ်တဲ့ App ပါ” ဟု O’Leary က ပြောသည်။

Beanstox သည် အသုံးပြုသူများကို ငွေပမာဏအလွန်နည်းပါးစွာဖြင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ရန် စီစဉ်ပေးထားပြီး ဒေါ်လာ အနည်းငယ်မျှဖြင့် စတော့ရှယ်ယာများ ဝယ်ယူနိုင်မည် ဖြစ်သည်။

(အသုံးပြုခမှာမူ လစဉ် ၅ ဒေါ်လာ ပေးဆောင်ရသည်)

ထိုသို့သော အလားတူ Apps များရှိပြီး နာမည်ကြီးသော အခြား app တစ်ခုမှာ Robinhood ဖြစ်သည်။

အလိုအလျောက်စနစ်သုံး ဘဏ္ဍာရေးအကြံပေးသည့် app များလည်းရှိပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အချက်တို့ကို အလိုအလျောက် အကြံပေးမည်ဖြစ်ရာ Betterment, Fidelity Go နှင့် Vanguard တို့ ရှိပြီး အသုံးပြုခ ပေးဆောင်ရသည်။ O’Leary က ETF ရှယ်ယာများကို လစဉ်ဝယ်ယူရန် အကြံပြုသည်။

O’Leary သည် လစဉ်ငွေကြေးရင်းနှီးမြှုပ်နှံရေးအတွက်စတော့ဈေးကွက်တွင် ရောင်းဝယ်မှုပြုလုပ်နေသော (ETF ) ကုမ္ပဏီတစ်ခုခုတွင် ရင်းနှီးမြှုပ်နှံရန် အကြံပြုသည်။

O’Leary ကိုယ်တိုင်တွင်လည်း O’Shares ETF Investment အမည်ရှိ စတော့ဈေးကွက်ဝင် ကုမ္ပဏီတစ်ခု ရှိသည်။

ETF ဟူသည် S&P 500 ဟု ခေါ်သော အမေရိကန်၏ ထိပ်သီးကုမ္ပဏီ ၅၀၀ ၏ စတော့ဈေးကွက်ညွှန်းကိန်းကဲ့သို့ စာရင်းတွင် ပါဝင်သော ကုမ္ပဏီမျိုးကို ဆိုလိုသည်။

အဆိုပါကုမ္ပဏီများသည် ရှယ်ယာများစွာကို ကိုင်ထားသည့်အပြင် အခြားသော ပိုင်ဆိုင်မှုများစွာရှိသည့်အတွက် အန္တရာယ်နည်းပါးသော ရင်းနှီးမြှုပ်နှံမှုများဟု သုံးသပ်ကြသည်။

O’Leary က တွက်ချက်ပြရာတွင် တစ်ပတ်လျှင် ဒေါ်လာ ၁၀၀ ရင်းနှီးမြှုပ်နှံပါက လုပ်ငန်းများမှ အနားယူချိန် အသက် ၆၀ ခန့်တွင် ဒေါ်လာ ၁ ဒသမ ၂ သန်းခန့် ပိုင်ဆိုင်နေမည်ဖြစ်ကြောင်း တွက်ပြသည်။

အသက် ၆၀ အရွယ်တွင် မည်မျှ ပိုင်ဆိုင်နေမည်ဟူသည်မှာ သင်မည်သည့်အရွယ်တွင် စတင်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည်ဟူသည့်အချက် အပေါ်တွင် မူတည်သည်။

သင်၏ ရှယ်ယာသည် အမြတ်ငွေ ၉ ရာခိုင်နှုန်းရသည်ဆိုပါက (S&P 500 စာရင်းဝင်ကုမ္ပဏီများ၏ လွန်ခဲ့သော နှစ်ပေါင်း ၉၀ အတွင်း ပျှမ်းမျှ အမြတ်ရာခိုင်နှုန်းဖြစ်သည်) ဒေါ်လာ ၁ ဒသမ ၁၇ သန်းရရှိရန် ၃၅ နှစ်ကြာမြင့်မည် ဖြစ်သည်။

သို့သော် အမြတ်ငွေ အလယ်လတ်တန်းစား ၆ ရာခိုင်နှုန်းသာရမည်ဆိုပါက တစ်ပတ်လျှင် ဒေါ်လာ ၁၀၀ ရင်းနှီးမြှုပ်နှံသွားသူသည် ကန်ဒေါ်လာ ၁ ဒသမ ၂၁ သန်းရရန် ၄၆ နှစ် ကြာမြင့်မည် ဖြစ်သည်။

သို့သော် ထင်မှတ်မထားသည့် ကမ္ဘာ့အခြေအနေများကြောင့် ကြီးမားသည့် ပြောင်းလဲမှုများလည်း ဖြစ်ပေါ်နိုင်သည်။

O’Leary က ပြောကြားရာတွင် စာသင်ကျောင်းများတွင် ကလေးငယ်များကို အကြောင်းရပ်မျိုးစုံ သင်ကြားပေးနေသော်လည်း ရင်းနှီးမြှုပ်နှံမှု မည်သို့ ပြုလုပ်ရမည်ကို သင်ကြားပေးခြင်းမရှိကြောင်း ပြောကြားသည်။

“ဒါဟာ လူတွေရဲ့ အကြီးမားဆုံးအမှားပါပဲ။ သူတို့ဟာ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ကြဘူး”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This is the biggest money mistake people make (and what to do instead) (cnbc)

 

[Zawgyi]

ကေနဒါစီးပြားေရးလုပ္ငန္းရွင္ၾကီး ေျပာျပေသာ ေငြေၾကးႏွင့္ပတ္သက္ျပီး လူအမ်ားစုလုပ္တတ္သည့္ အၾကီးမားဆံုးအမွား

SoftKey Software Products ေဆာ့ဖ္ဝဲကုမၸဏီကို တည္ေထာင္သူ ကေနဒါစီးပြားေရးလုပ္ငန္းရွင္၊ စီးပြားေရးဆိုင္ရာ ရုပ္သံအစီအစဥ္ မ်ားတြင္ ပါဝင္ေလ့ရွိသူ ေကဗင္ အို-လီေရ (Kevin O’Leary) ၏ ေျပာၾကားခ်က္အရ လူတို႔သည္ မိမိတို႔မလိုအပ္သည့္ အရာမ်ားအေပၚ ေငြအလြန္အမင္း သံုးစြဲတတ္ၾကေၾကာင္းေျပာၾကားသည္။ ေကဗင္ အို-လီေရ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ သန္း ၄၀၀ ျဖစ္ေၾကာင္း ခန္႔မွန္းထားသည္။

ဥပမာအားျဖင့္ ေကာ္ဖီတခြက္ကို ၂ ဒသမ ၅ ေဒၚလာခန္႔ေပးေနျခင္းမွာ ေငြျဖဳန္းတီးျခင္းသာျဖစ္ေၾကာင္း ကီဗင္က ဆိုသည္။

ေငြေၾကးႏွင့္ ပတ္သက္ျပီး အေကာင္းဆံုး လုပ္ေဆာင္ရမည့္အရာမွာ ရင္းႏွီးျမွဳပ္ႏွံရန္ ျဖစ္ေၾကာင္း Kevin O’Leary က ေျပာ၏။

“ယေန႔ကာလမွာ ေငြေၾကးနဲ႔ ပတ္သက္ျပီး လူေတြလုပ္ေနတဲ့ အၾကီးဆံုးအမွားက အိုစာမင္းစာအတြက္ လစဥ္ေငြစုမထားၾကတာပဲ ျဖစ္ပါတယ္။

ခင္ဗ်ားမွာ အလုပ္တစ္ခုရွိျပီး လစာေတြ ဘယ္ေလာက္ရရ ကိုယ့္အတြက္ မလိုအပ္တဲ့အရာေတြအေပၚ ေငြမသံုးစြဲပါနဲ႔။ အဲဒီအစား ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ပါ။ ကုိယ့္အတြက္ မလိုအပ္တဲ့ ေပါက္ကရဟာေတြ အမ်ားၾကီးရွိပါတယ္” ဟု O’Leary က ေျပာၾကားသည္။

“ကၽြန္ေတာ့္ရဲ႕ ကိုယ္ပိုင္ရင္းႏွီးျမွဳပ္ႏွံမႈအေပၚ အေထာက္အကူျပဳခဲ့တဲ့အခ်က္ကေတာ့ တစ္ခုခုကို ဝယ္ဖို႔ ေကာက္ကိုင္လိုက္ျပီဆိုတာနဲ႔ ကၽြန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ ေမးပါတယ္။…ဒါက ငါတကယ္လိုအပ္တဲ့ဟာလား..လို႔ ေမးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္သာ အဲဒါကို မဝယ္လိုက္ရင္ ဒီေငြေတြက ရင္းႏွီးျမွဳပ္ႏွံတဲ့ဆီ ေရာက္မွာျဖစ္ျပီး ကၽြန္ေတာ္အိပ္ေနခ်ိန္မွာေတာင္ ေငြရွာေပးေနမွာ ျဖစ္တာေၾကာင့္ ပါပဲ”

“ရင္းႏွီးျမွဳပ္ႏွံဖို႔ နည္းလမ္းကေတာ့ လစဥ္လတိုင္း ေဒၚလာ ၁၀၀ ေလာက္ကို ရင္းႏွီးျမွဳပ္ႏွံပါ။ အလုပ္ထဲထည့္ပါ” ဟု O’Leary ကဆိုသည္။ (မွတ္ခ်က္။ O’Leary က ေျပာၾကားသည္မွာ တစ္ပတ္လွ်င္ ေဒၚလာ ၁၀၀ စုရန္ ေျပာျခင္းျဖစ္ပါသည္။ မိမိဝင္ေငြ အတိုင္းအတာကို အေျခခံကာ အမ်ဳိးမ်ဳိးကြဲျပားႏိုင္သည္) စတင္လုပ္ေဆာင္မည့္သူမ်ားအတြက္ ရင္းႏွီးျမွဳပ္ႏွံမႈဆိုင္ရာ app တစ္ခုကို အသံုးျပဳရန္ O’Leary က အၾကံျပဳသည္။

“ဖုန္းထဲကေနပဲ ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ႏိုင္တဲ့ app အမ်ိဳးမ်ဳိး ရွိပါတယ္။ ကၽြန္ေတာ္ အၾကီးမားဆံုး ရင္းႏွီးျမွဳပ္ႏွံမႈလုပ္ေနတာကေတာ့ Beanstox လို႔ေခၚတဲ့ App ပါ” ဟု O’Leary က ေျပာသည္။

Beanstox သည္ အသံုးျပဳသူမ်ားကို ေငြပမာဏအလြန္နည္းပါးစြာျဖင့္ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ႏိုင္ရန္ စီစဥ္ေပးထားျပီး ေဒၚလာ အနည္းငယ္မွ်ျဖင့္ စေတာ့ရွယ္ယာမ်ား ဝယ္ယူႏိုင္မည္ ျဖစ္သည္။

(အသံုးျပဳခမွာမူ လစဥ္ ၅ ေဒၚလာ ေပးေဆာင္ရသည္)

ထိုသို႔ေသာ အလားတူ Apps မ်ားရွိျပီး နာမည္ၾကီးေသာ အျခား app တစ္ခုမွာ Robinhood ျဖစ္သည္။

အလိုအေလ်ာက္စနစ္သံုး ဘ႑ာေရးအၾကံေပးသည့္ app မ်ားလည္းရွိျပီး ရင္းႏွီးျမွဳပ္ႏွံမႈျပဳလုပ္ရန္ အခ်က္တို႔ကို အလိုအေလ်ာက္ အၾကံေပးမည္ျဖစ္ရာ Betterment, Fidelity Go ႏွင့္ Vanguard တို႔ ရွိျပီး အသံုးျပဳခ ေပးေဆာင္ရသည္။ O’Leary က ETF ရွယ္ယာမ်ားကို လစဥ္ဝယ္ယူရန္ အၾကံျပဳသည္။

O’Leary သည္ လစဥ္ေငြေၾကးရင္းႏွီးျမွဳပ္ႏွံေရးအတြက္စေတာ့ေစ်းကြက္တြင္ ေရာင္းဝယ္မႈျပဳလုပ္ေနေသာ (ETF ) ကုမၸဏီတစ္ခုခုတြင္ ရင္းႏွီးျမွဳပ္ႏွံရန္ အၾကံျပဳသည္။

O’Leary ကိုယ္တိုင္တြင္လည္း O’Shares ETF Investment အမည္ရွိ စေတာ့ေစ်းကြက္ဝင္ ကုမၸဏီတစ္ခု ရွိသည္။

ETF ဟူသည္ S&P 500 ဟု ေခၚေသာ အေမရိကန္၏ ထိပ္သီးကုမၸဏီ ၅၀၀ ၏ စေတာ့ေစ်းကြက္ညႊန္းကိန္းကဲ့သို႔ စာရင္းတြင္ ပါဝင္ေသာ ကုမၸဏီမ်ဳိးကို ဆိုလိုသည္။

အဆိုပါကုမၸဏီမ်ားသည္ ရွယ္ယာမ်ားစြာကို ကိုင္ထားသည့္အျပင္ အျခားေသာ ပိုင္ဆိုင္မႈမ်ားစြာရွိသည့္အတြက္ အႏၱရာယ္နည္းပါးေသာ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားဟု သံုးသပ္ၾကသည္။

O’Leary က တြက္ခ်က္ျပရာတြင္ တစ္ပတ္လွ်င္ ေဒၚလာ ၁၀၀ ရင္းႏွီးျမွဳပ္ႏွံပါက လုပ္ငန္းမ်ားမွ အနားယူခ်ိန္ အသက္ ၆၀ ခန္႔တြင္ ေဒၚလာ ၁ ဒသမ ၂ သန္းခန္႔ ပိုင္ဆိုင္ေနမည္ျဖစ္ေၾကာင္း တြက္ျပသည္။

အသက္ ၆၀ အရြယ္တြင္ မည္မွ် ပိုင္ဆိုင္ေနမည္ဟူသည္မွာ သင္မည္သည့္အရြယ္တြင္ စတင္ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္သည္ဟူသည့္အခ်က္ အေပၚတြင္ မူတည္သည္။

သင္၏ ရွယ္ယာသည္ အျမတ္ေငြ ၉ ရာခိုင္ႏႈန္းရသည္ဆိုပါက (S&P 500 စာရင္းဝင္ကုမၸဏီမ်ား၏ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၉၀ အတြင္း ပွ်မ္းမွ် အျမတ္ရာခိုင္ႏႈန္းျဖစ္သည္) ေဒၚလာ ၁ ဒသမ ၁၇ သန္းရရွိရန္ ၃၅ ႏွစ္ၾကာျမင့္မည္ ျဖစ္သည္။

သို႔ေသာ္ အျမတ္ေငြ အလယ္လတ္တန္းစား ၆ ရာခိုင္ႏႈန္းသာရမည္ဆိုပါက တစ္ပတ္လွ်င္ ေဒၚလာ ၁၀၀ ရင္းႏွီးျမွဳပ္ႏွံသြားသူသည္ ကန္ေဒၚလာ ၁ ဒသမ ၂၁ သန္းရရန္ ၄၆ ႏွစ္ ၾကာျမင့္မည္ ျဖစ္သည္။

သုိ႔ေသာ္ ထင္မွတ္မထားသည့္ ကမၻာ့အေျခအေနမ်ားေၾကာင့္ ၾကီးမားသည့္ ေျပာင္းလဲမႈမ်ားလည္း ျဖစ္ေပၚႏိုင္သည္။

O’Leary က ေျပာၾကားရာတြင္ စာသင္ေက်ာင္းမ်ားတြင္ ကေလးငယ္မ်ားကို အေၾကာင္းရပ္မ်ဳိးစံု သင္ၾကားေပးေနေသာ္လည္း ရင္းႏွီးျမွဳပ္ႏွံမႈ မည္သို႔ ျပဳလုပ္ရမည္ကို သင္ၾကားေပးျခင္းမရွိေၾကာင္း ေျပာၾကားသည္။

“ဒါဟာ လူေတြရဲ႕ အၾကီးမားဆံုးအမွားပါပဲ။ သူတို႔ဟာ အနာဂတ္အတြက္ ရင္းႏွီးျမွဳပ္ႏွံမႈ မျပဳလုပ္ၾကဘူး”

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This is the biggest money mistake people make (and what to do instead) (cnbc)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service