ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အမေရိကန် တရားဝင်နုတ်ထွက်ပြီ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အမေရိကန် တရားဝင်နုတ်ထွက်ပြီ - Property News in Myanmar from iMyanmarHouse.com
8 Jul 2020 11:53 am တွင် တင်ခဲ့သည်
901 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်နိုင်ငံတစ်ဝန်း ပြည်နယ်အများအပြားတွင် ကူးစက်မှုများမြင့်တက်နေစဉ် ထရန့်အစိုးရအဖွဲ့သည် အမေရိကန်အား ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်နုတ်ပစ်ရန် အကြောင်းကြားစာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ တင်ပြလိုက်ပြီဖြစ်ကြောင်း အစိုးရအဖွဲ့မှအကြီးတန်းတာဝန်ရှိသူတစ်ဦးက စီအင်န်ဘီစီသတင်းဌာနသို့ အတည်ပြုပေးခဲ့သည်။

ကုလသမဂ္ဂသို့အကြောင်းကြားစာသည် လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင် သမ္မတထရန့်ပြန်လည်ရွေးကောက်ခံရမှုရှိ/မရှိနှင့် လွှတ်တော်မှ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် ထရန့်၏ထိန်းချုပ်မှုပြင်ပ အကြောင်းအချက်များစွာပေါ်တည်မှီမည့် နှစ်လုံးပေါက်လုပ်ငန်းစဉ်တစ်ခု၏ ပထမအဆင့်ဖြစ်သည်။

WHO နှင့် အမေရိကန်ဆက်ဆံရေးကို အဆုံးသတ်လိုကြောင်း သမ္မတဒေါ်နယ်ထရန့်မှ ကြေညာခဲ့ပြီးနောက် တစ်လ‌ကျော်အကြာတွင် ယခုကဲ့သို့နုတ်ထွက်ရန်စတင်ခဲ့ခြင်းဖြစ်သည်။ မေ ၂၉ တုန်းက သမ္မတထရန့်သည် WHO နှင့် ဆက်ဆံရေးအား အဆုံးသတ်ပစ်ပြီး အခြားအဖွဲ့အစည်းများသို့ ပြောင်းလဲထောက်ပံ့သွားမည့် အစီအစဉ်များကို သတင်းထောက်များသို့ ပြောကြားခဲ့ဖူးသည်။

(ဧပြီတွင် ထရန့်က WHO သည် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့်ပတ်သက်၍ ဖုံးကွယ်ခဲ့ပြီး ဗိုင်းရပ်စ်ထိန်းချုပ်မှုအရေးစီမံခန့်ခွဲမှုညံ့ဖျင်းသည်ဟု စွပ်စွဲကာ WHO သို့ အမေရိကန်၏ရန်ပုံငွေထောက်ပံ့မှုကို ခေတ္တရပ်ဆိုင်းခဲ့ပြီး WHO အပေါ် တရုတ်၏ လွှမ်းမိုးမှုအလွန်များသည်ဟုလည်း ထရန့်က စောဒကတက်ခဲ့သေးသည်။ ထို့နောက် မေ ၁၈ တွင် ထရန့်က WHO အား မည်မည်ရရအပြောင်းအလဲများကို ပြုလုပ်ရန် သို့မဟုတ် အမေရိကန်၏ရန်ပုံငွေထောက်ပံ့မှုထာဝရရပ်ဆိုင်းမှု ထာဝရဖြစ်လာခြင်းကို ရင်ဆိုင်းရန် ရက် ၃၀ အချိန်ပေးခဲ့သေးသည်။ သီတင်းပတ်နှစ်ပတ်နီးပါးအကြား မေ ၂၉ တွင် WHO နှင့် ဆက်ဆံရေးအဆုံးသတ်လိုကြောင်း ပြောကြားခဲ့ပြီးနောက် တစ်လကျော်အကြာတွင် ယခုကဲ့သို့နုတ်ထွက်ရန်စတင်ခဲ့ခြင်းဖြစ်သည်။)

WHO မှ နုတ်ထွက်မှုသည် ၂၀၂၁ ခုနှစ် ဇူလိုင် ၆ တွင် အကျိုးသက်ရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့သည်။

ကပ်ရောဂါဆက်လက်ဖြစ်ပွားနေပြီး အကျပ်အတည်းကို ရင်ဆိုင်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုက အလွန့်အလွန်အရေးကြီနေချိန်၌ ထိုသို့ပြုလုပ်ခြင်းသည် သေချာစဉ်းစားဆင်ခြင်မှုမရှိဘဲ တာဝန်မဲ့၊ မသိတတ်ရာရောက်သည်ဟု ဒီမိုကရက်တစ်ပါတီဝင်များက ဝေဖန်ခဲ့သည်။

“ဒါဟာ အမေရိကန်ပြည်သူတွေရော နိုင်ငံ့အကျိုးစီးပွားကိုပါ စောင့်ရှောက်ရာမကျဘဲ နိုင်ငံနဲ့ပြည်သူတွေကို အထီးကျန်ဆန်စေပါလိမ့်မယ်။” ဟု အထက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီမှ ထိပ်တန်းဒီမိုကရက်တစ်ပါတီဝင် အမတ် ဘော့ဘ်မန်နန်ဒက်ဇ်က အမိန့်ကြော်ငြာစာထွက်ရှိပြီးနောက် ပြောကြားခဲ့သည်။

လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဒီမိုကရက်တစ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒုသမ္မတဟောင်းဂျိုးဘိုင်ဒင်ကလည်း သူအနိုင်ရရှိပြီး သမ္မတဖြစ်လာသည့်နေ့တွင် အမေရိကန်ကို WHO သို့ ပြန်လည်ဝင်ရောက်စေမည်ဟု ဆိုသည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၃ သန်းနီးပါး ရှိလာပြီဖြစ်ကာ ထိုဗိုင်းရပ်စ်ကြောင့်သေဆုံးသူဦးရေသည်လည်း ၁၃၀,၀၀၀ ကျော်လာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များအရ သိရသည်။ ကမ္ဘာတစ်ဝန်းစုစုပေါင်းကိန်းဂဏန်းများမှာ ကူးစက်ခံရသူ ၁၁ ဒသမ ၇ သန်းခန့်နှင့် သေဆုံးသူ ၄၅၀,၀၀၀ ကျော်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: White House begins the process of withdrawing from the World Health Organization (cnbc, usatoday)

[Zawgyi]

ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) မွ အေမရိကန္ တရားဝင္ႏုတ္ထြက္ၿပီ

အေမရိကန္ႏိုင္ငံတစ္ဝန္း ျပည္နယ္အမ်ားအျပားတြင္ ကူးစက္မႈမ်ားျမင့္တက္ေနစဥ္ ထရန႔္အစိုးရအဖြဲ႕သည္ အေမရိကန္အား ကုလသမဂၢအဖြဲ႕အစည္းတစ္ခုျဖစ္ေသာ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) မွ ထုတ္ႏုတ္ပစ္ရန္ အေၾကာင္းၾကားစာကို ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ထံ တင္ျပလိုက္ၿပီျဖစ္ေၾကာင္း အစိုးရအဖြဲ႕မွအႀကီးတန္းတာဝန္ရွိသူတစ္ဦးက စီအင္န္ဘီစီသတင္းဌာနသို႔ အတည္ျပဳေပးခဲ့သည္။

ကုလသမဂၢသို႔အေၾကာင္းၾကားစာသည္ လာမည့္ႏိုဝင္ဘာေ႐ြးေကာက္ပြဲတြင္ သမၼတထရန႔္ျပန္လည္ေ႐ြးေကာက္ခံရမႈရွိ/မရွိႏွင့္ လႊတ္ေတာ္မွ ပူးေပါင္းေဆာင္႐ြက္မႈအပါအဝင္ ထရန႔္၏ထိန္းခ်ဳပ္မႈျပင္ပ အေၾကာင္းအခ်က္မ်ားစြာေပၚတည္မွီမည့္ ႏွစ္လုံးေပါက္လုပ္ငန္းစဥ္တစ္ခု၏ ပထမအဆင့္ျဖစ္သည္။

WHO ႏွင့္ အေမရိကန္ဆက္ဆံေရးကို အဆုံးသတ္လိုေၾကာင္း သမၼတေဒၚနယ္ထရန႔္မွ ေၾကညာခဲ့ၿပီးေနာက္ တစ္လ‌ေက်ာ္အၾကာတြင္ ယခုကဲ့သို႔ႏုတ္ထြက္ရန္စတင္ခဲ့ျခင္းျဖစ္သည္။ ေမ ၂၉ တုန္းက သမၼတထရန႔္သည္ WHO ႏွင့္ ဆက္ဆံေရးအား အဆုံးသတ္ပစ္ၿပီး အျခားအဖြဲ႕အစည္းမ်ားသို႔ ေျပာင္းလဲေထာက္ပံ့သြားမည့္ အစီအစဥ္မ်ားကို သတင္းေထာက္မ်ားသို႔ ေျပာၾကားခဲ့ဖူးသည္။

(ဧၿပီတြင္ ထရန႔္က WHO သည္ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈႏွင့္ပတ္သက္၍ ဖုံးကြယ္ခဲ့ၿပီး ဗိုင္းရပ္စ္ထိန္းခ်ဳပ္မႈအေရးစီမံခန႔္ခြဲမႈညံ့ဖ်င္းသည္ဟု စြပ္စြဲကာ WHO သို႔ အေမရိကန္၏ရန္ပုံေငြေထာက္ပံ့မႈကို ေခတၱရပ္ဆိုင္းခဲ့ၿပီး WHO အေပၚ တ႐ုတ္၏ လႊမ္းမိုးမႈအလြန္မ်ားသည္ဟုလည္း ထရန႔္က ေစာဒကတက္ခဲ့ေသးသည္။ ထို႔ေနာက္ ေမ ၁၈ တြင္ ထရန႔္က WHO အား မည္မည္ရရအေျပာင္းအလဲမ်ားကို ျပဳလုပ္ရန္ သို႔မဟုတ္ အေမရိကန္၏ရန္ပုံေငြေထာက္ပံ့မႈထာဝရရပ္ဆိုင္းမႈ ထာဝရျဖစ္လာျခင္းကို ရင္ဆိုင္းရန္ ရက္ ၃၀ အခ်ိန္ေပးခဲ့ေသးသည္။ သီတင္းပတ္ႏွစ္ပတ္နီးပါးအၾကား ေမ ၂၉ တြင္ WHO ႏွင့္ ဆက္ဆံေရးအဆုံးသတ္လိုေၾကာင္း ေျပာၾကားခဲ့ၿပီးေနာက္ တစ္လေက်ာ္အၾကာတြင္ ယခုကဲ့သို႔ႏုတ္ထြက္ရန္စတင္ခဲ့ျခင္းျဖစ္သည္။)

WHO မွ ႏုတ္ထြက္မႈသည္ ၂၀၂၁ ခုႏွစ္ ဇူလိုင္ ၆ တြင္ အက်ိဳးသက္ေရာက္မည္ျဖစ္ေၾကာင္း အိမ္ျဖဴေတာ္က ေၾကညာခဲ့သည္။

ကပ္ေရာဂါဆက္လက္ျဖစ္ပြားေနၿပီး အက်ပ္အတည္းကို ရင္ဆိုင္ရန္ ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္မႈက အလြန႔္အလြန္အေရးႀကီေနခ်ိန္၌ ထိုသို႔ျပဳလုပ္ျခင္းသည္ ေသခ်ာစဥ္းစားဆင္ျခင္မႈမရွိဘဲ တာဝန္မဲ့၊ မသိတတ္ရာေရာက္သည္ဟု ဒီမိုကရက္တစ္ပါတီဝင္မ်ားက ေဝဖန္ခဲ့သည္။

“ဒါဟာ အေမရိကန္ျပည္သူေတြေရာ ႏိုင္ငံ့အက်ိဳးစီးပြားကိုပါ ေစာင့္ေရွာက္ရာမက်ဘဲ ႏိုင္ငံနဲ႔ျပည္သူေတြကို အထီးက်န္ဆန္ေစပါလိမ့္မယ္။” ဟု အထက္လႊတ္ေတာ္ႏိုင္ငံျခားေရးရာေကာ္မတီမွ ထိပ္တန္းဒီမိုကရက္တစ္ပါတီဝင္ အမတ္ ေဘာ့ဘ္မန္နန္ဒက္ဇ္က အမိန႔္ေၾကာ္ျငာစာထြက္ရွိၿပီးေနာက္ ေျပာၾကားခဲ့သည္။

လာမည့္ႏိုဝင္ဘာေ႐ြးေကာက္ပြဲတြင္ သမၼတေနရာအတြက္ ဒီမိုကရက္တစ္ပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ဒုသမၼတေဟာင္းဂ်ိဳးဘိုင္ဒင္ကလည္း သူအႏိုင္ရရွိၿပီး သမၼတျဖစ္လာသည့္ေန႔တြင္ အေမရိကန္ကို WHO သို႔ ျပန္လည္ဝင္ေရာက္ေစမည္ဟု ဆိုသည္။

အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရ ၃ သန္းနီးပါး ရွိလာၿပီျဖစ္ကာ ထိုဗိုင္းရပ္စ္ေၾကာင့္ေသဆုံးသူဦးေရသည္လည္း ၁၃၀,၀၀၀ ေက်ာ္လာၿပီျဖစ္ေၾကာင္း ဂြၽန္ေဟာ့ကင္းတကၠသိုလ္၏ အခ်က္အလက္မ်ားအရ သိရသည္။ ကမာၻတစ္ဝန္းစုစုေပါင္းကိန္းဂဏန္းမ်ားမွာ ကူးစက္ခံရသူ ၁၁ ဒသမ ၇ သန္းခန႔္ႏွင့္ ေသဆုံးသူ ၄၅၀,၀၀၀ ေက်ာ္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: White House begins the process of withdrawing from the World Health Organization (cnbc, usatoday)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ...
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် နေအိမ် ဝယ်ယူ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service