လင်မယားနှစ်ယောက် တစ်ပြိုင်တည်း သေဆုံးသော် အမွေဆက်ခံခွင့်

လင်မယားနှစ်ယောက် တစ်ပြိုင်တည်း သေဆုံးသော် အမွေဆက်ခံခွင့် - Property Knowledge in Myanmar from iMyanmarHouse.com
7 Jul 2020 3:35 pm တွင် တင်ခဲ့သည်
1040 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

လင်နှင့်မယားတစ်ပြိုင်တည်း သေဆုံးချိန်တွင် အမွေဆက်ခံမည့် သားသမီးများရှိလျှင် အကြောင်းမဟုတ်သော်လည်း သားသမီးများမရှိသဖြင့် နှစ်ဖက်ဆွေမျိုးများသာ ကျန်ရှိလျှင် အမွေ ခွဲဝေရန် အငြင်းပွားနိုင်ပါသည်။ ထို့အပြင် လင်ဖြစ်စေ ၊ မယားဖြစ်စေ အရင်ကွယ်လွန်ပြီး နောက်များမကြာမီတွင် ကျန်ရှိသူ လင် သို့မဟုတ် မယားသည်လည်း ထပ်မံသေဆုံးခဲ့ပြီးသားသမီးမကျန်ရစ်လျှင်လည်းနှစ်ဖက်ဆွေမျိုးများ အမွေခွဲဝေမှု အငြင်းပွားတတ်ပါသည်။ ထို့ကြောင့် အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါသည်။

(၁) လင်နှင့် မယားတစ်ပြိုင်တည်းသေဆုံးပြီး သားသမီးမကျန်ရစ်လျှင် လင်နှင့် မယားတို့၏ နှစ်ဖက်မိဘဆွေမျိုးများက ကျန်ရစ်သော ပစ္စည်းများကို အညီအမျှခွဲဝေယူကြရသည်။

(၂) လင် (သို့) မယားတစ်ဦးတည်း အရင်သေဆုံးပြီးများမကြာမီ ကျန် လင် (သို့) မယားသေဆုံးကာ သားသမီးမကျန်ရစ်လျှင် လင်နှင့်မယားတို့၏ နှစ်ဖက်မိဘဆွေမျိုးများက ကျန်ရစ်သော ပစ္စည်းများကို အညီအမျှ ခွဲဝေယူကြရသည်။

(၃) လင် (သို့) မယားတစ်ဦးတည်း အရင်သေဆုံးပြီး ကြာရှည်စွာ နေပြီးမှ ကျန် လင် (သို့ ) မယားသေဆုံးကာ သားသမီးမကျန်ရစ်လျှင် နောက်မှ သေဆုံးသော လင် (သို့) မယား၏ မိဘဆွေမျိုးများကသာ ကျန်ရစ်သော ပစ္စည်းများကို ခွဲဝေယူကြရသည်။

မမြင့်နှင့် မတုပ် အမှု၌ လင်နှင့် မယားတို့တွင် သားသမီးမရှိ ၊ လင်ဖြစ်သူက ရှေ့ဦး သေဆုံးပြီးနောက် (၁)လနှင့် ရက်(၂၀)အကြာ မယားဖြစ်သူ သေဆုံးသည်။ ပစ္စည်းများမှာ မယား၏ မိခင်လက်၌ ကျန်ရစ်ခဲ့သည် ။ ထိုအခါ လင်၏ မိခင်ဖြစ်သူ က သားနှင့် ချွေးမတို့၏ ကျန်ရစ်သည့် ပစ္စည်းများမှ အမွေတစ်ဝက်ကိုရလိုကြောင်း မယား၏ မိခင်အား တရားစွဲသည်။ ထိုစီရင်ထုံး၌ အကြောင်းထူးမရှိဘဲ (၁)လကျော်လွန်ခဲ့သဖြင့် များမကြားမီ ဟု မယူဆနိုင်ကြောင်း ဆုံးဖြတ်၍ လင်ဖြစ်သူ၏ မိခင်ကို အရှုံးပေး လိုက်သည်။ မဖွားအိုနှင့် မလေး စီရင်ထုံး၌လည်း လင်သည် မယားကွယ်လွန်ပြီးနောက် (၂)လ နှင့် (၁၄)ရက်အတွင် သေဆုံးရာ ထိုအချိန်ကာလသည် နှစ်ဖက်ဆွေမျိုးများ ပြိုင်တူ အမွေဆက်ခံနိုင်ရန် အတွက် များမကြာမီ ဟု မဆိုနိုင်ကြောင်း စီရင်ထုံးဖွဲ့ထားသည်။

ထို့ကြောင့် များမကြာမီ ဆိုသည်မှာ အကြောင်းထူးမရှိလျှင် (၁)လထက်မပိုသော အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး လင် (သို့) မယား သေဆုံးပြီးနောက်ကျန် လင် (သို့) မယားသည် (၁)လ အတွင်းသေဆုံးခဲ့လျှင် နှစ်ဖက်ဆွေမျိုးများ အညီအမျှ ခွဲဝေယူကြရပြီး လင် (သို့) မယားသည် (၁)လထက်ကျော် လွန်မှ သေဆုံးခဲ့လျှင် ထိုနောက်မှသေဆုံးသော လင် (သို့) မယား၏ ဆွေမျိုးများကသာ အမွေဆက်ခံခွင့်ရှိကြောင်း တင်ပြလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ဥပဒေအကျိုးဆောင် (LL.B Group Myanmar)

 

[Zawgyi]












နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
Aung Theikdi Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service